Fb တခါဖွင့်တိုင်း သင့်မှာ အချိန်နဲ့ ငွေ ပေးဆပ်လိုက်ရတယ်ဆိုတာ မမေ့နဲ့… တန်ရာတန်ကြေးကို ရအောင်ပြန်ယူပါ ဘာအတွက် အသုံးပြုပါသလဲ ?

Fb တခါဖွင့်တိုင်း သင့်မှာ အချိန်နဲ့ ငွေ ပေးဆပ်လိုက်ရတယ်ဆိုတာ မမေ့နဲ့... တန်ရာတန်ကြေးကို ရအောင်ပြန်ယူပါ ဘာအတွက် အသုံးပြုပါသလဲ ?
Fb တခါဖွင့်တိုင်း သင့်မှာ အချိန်နဲ့ ငွေ ပေးဆပ်လိုက်ရတယ်ဆိုတာ မမေ့နဲ့... တန်ရာတန်ကြေးကို ရအောင်ပြန်ယူပါ ဘာအတွက် အသုံးပြုပါသလဲ ?

Fb တခါဖွင့်တိုင်း သင့်မှာ အချိန်နဲ့ ငွေ ပေးဆပ်လိုက်ရတယ်ဆိုတာ မမေ့နဲ့… တန်ရာတန်ကြေးကို ရအောင်ပြန်ယူပါ

ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးထဲမှာ လူဦးရေ 70 % က ဖုန်းကိုင်နိုင်ကြပါတယ်။ ဖုန်းကိုင်နိုင်သူ 80 % ဟာလည်း facebook ကိုအသုံးပြုနေကြပါတယ်။ အသုံးပြုသူ 90% က အကျိုးမဲ့စွာ အသုံးချနေကြပါတယ်။ ဒါကို မိတ်ဆွေသတိထားမိပါလိမ့်မည်။

သင် ဖိနပ်စီးပါလိမ့်မည်… ဘာအတွက် စီးပါသလဲ…? လှချင်လို့လား ဆူးညှောင့်ခလုတ်ကို ကြောက်လို့လား ဒီလိုလေးတွေ မိမိကိုယ်ကို မေးဖူးပါသလား ?

အခု facebook သုံးနေတယ်/ ဘာအတွက် အသုံးပြုတာလဲ…? ပုံတင်ပြီး လှကြောင်းကြွားဖို့လား အီစီကလီ လုပ်ဖို့လား… ရည်းစားနဲ့ကဲနေတာတွေ ကြေငြာဖို့လား… ချမ်းသာတာကို အများသိစေချင်လို့လား… ဘာအတွက် အသုံးပြုနေတာလဲ ? အကောင်း အဆိုး ကွဲဖို့လိုပါလိမ့်မည်/

facebook ကိုဘယ်လိုအကျိုးရှိအောင် သုံးကြမလဲ ?

မိတ်ဆွေကောင်း ရှာပါ၊ေ န့စဉ် ဖြစ်ပျက်နေတဲ့ သတင်းတွေ ဖတ်ပါ၊ မိတ်ဆွေများကို ပြန် share ပေးပါ၊ အသိပညာတိုးပွားစေမယ့် ပို့စ်တွေရှာဖွေဖတ်ပါ။ လေ့လာထားသမျှလေးတွေ ကျင့်သုံးပါ။

ကျန်းမာရေးအသိပေးစာတွေ ရှာဖတ်ပါ၊ ဟာသလေးတွေ အပျင်းပြေဖတ်ကာ ရယ်မောပါ၊ သင်သိသမျှ ကုသိုလ်အချို့ ဗဟုသုတအချို့ကို အားလုံးသိရန် ! ပို့စ်တင်ခြင်း share ခြင်းဖြင့်မျှဝေပါ၊ ဘဝအတွက် အကျိုးရှိစေမည့်ပို့စ်များကို ရှာဖွေပြီး အစဉ်လေ့လာပါ။

မိတ်ဆွေကောင်း / ပညာရှိများနဲ့ အချိန်ရလျှင် စကား စမြည်ဟြေဆိုပါ၊ မှတ်သားထိုက်သော စကားများကို မှတ်သားပါ၊ ဒီလိုလေးတွေအတွက် အသုံးပြုတယ်ဆိုရင် သင်နှင့်သင့်မိတ်ဆွေအားလုံး အကျိုးရှိပါလိမ့်မည်။

ဘယ်အရာမဆို သုံးတက်လျှင်ဆေးကောင်းပါ၊ မသုံးတက်လျှင် ဘေးဖြစ်စေပါလိမ့်မည်။ ( ဥပမာ ) ပုံလှလှတွေတင်ဖို့ facebook သုံးသူ တစ်ချို့ဟာ sexy page လုပ်ခံရသလိုပေါ့။ ဒါဟာ မသုံးတက်တော့ အရှက်ကွဲစေတာပေါ့။ တိုင်လို့ရပါတယ် ဒါပေမယ့် နာမည်ကပျက်ခဲ့ပြီ။

နာမည်ပျက်ပြီဆို ဆုံးရှုံးမှုတွေအရမ်းများပါမည်။ ဒီလို အဖြစ်မျိုးတွေ နေ့စဉ်ဒုနဲ့ဒေးပဲ။ ကျွန်တော်ဆိုလိုသည်က အကျိုးရှိစွာအသုံးချစေဖို့ပါ။

အသုံးပြုပုံ မှန်ကန်စေချင်ပါသည်။ မိမိကိုယ်ကိုယ် ဆန်းစစ်ပါ ငါဘာအတွက်အသုံးပြုနေတာလဲ… ? ငါ့အတွက် ဘာအကျိုးရှိစေလဲ ? အကျိုးရှိစွာဖြင့် အသုံးချတက်ပါစေ … မေတ္တာဖြင့် ရေးသားတင်ပြခြင်း ဖြစ်ပါ၏။

လူငယ်များသို့

လူငယ်ဆိုတာ တက်တက်ကြွကြွရှိတဲ့သူ လိုချင်တာကို ရအောင်ယူတတ်သူ စဉ်းစားတွေးခေါ်မှု ကောင်းမွန်သူ တို့ဖြစ်ကြပါတယ် ။

လူတိုင်းဟာ တိုးတက် အောင်မြင်ချင်ကြတယ်၊ အေးချမ်းသော ဘဝကို လိုချင်ကြတယ်။ ချမ်းသာကြွယ်ဝမှုကို လိုချင်ကြတယ် စသည်ဖြင့် ကောင်းမွန်သော ဘဝတို့ကိုလိုချင်တောင့်တကြ၏ ။

သို့သော် အဲလိုမျိုး ကောင်းမွန်သော ဘဝကို ပိုင်ဆိုင်နိုင်ဖို့ / ရရှိနိုင်ဖို့ အတွက်တော့ ” ကြိုးစားအားထုတ်မှု ” ဆိုတဲ့ အရာတစ်ခုကို မေ့လျောနေကြတယ် ။

အခြားသော နိုင်ငံတွေမှာေ ခတ်စနစ် / နည်းပညာတွေ တိုးတက် ပြောင်းလဲလာလေလေ လူမှုဘဝ အဆင့်အတန်းတွေလည်း တိုးတက်ပြောင်းလဲ လာလေလေ။

ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံမှာက ခေတ်စနစ်တွေ နည်းပညာတွေ အသစ်အဆန်းပေါ်ထွက်လာလေလေ လူမှုဘဝ အဆင့်အတန်းတွေ နိမ့်ကျ လာလေလေသာဖြစ်၏ ။

မျှော်လင့်ချက်တွေ ကြီးမား စိတ်ကူးယဉ်တွေ မြင့်မား ကြိုးစားမှုတွေက အားတက်သရော ဖုန်းတွေကိုယ်စီပေါ့ ။ ဒီနည်းပညာခေတ် (IT)မှာ ဒီ အပြားလေး( ဖုန်း) ကြောင့် ဒီလူငယ်တွေ ဒီ နေ့ / ည
ဒီလိုပဲ ဒအပြားလေးကို အကျိုးမဲ့ ဒီအတိုင်း အသုံးပြုပြီး ဒီအချိန်တွေကို ဖြုန်းနေရင် ဒီဘဝမှာ ဘယ်တော့မှ အောင်မြင်တိုးတက်မည် မဟုတ်ပါ ။

ဒီအပြားလေး( ဖုန်း )ကို လူကြီးထက် ကျွန်တော်တို့ လူငယ်အများစုက ကိုင်တွယ်အသုံးပြုနေကြပါတယ် ။ ထို့နောက်ပြောင်းလဲမှုတွေလည်း ရှိကြတယ်။ ဒါပေမဲ့ အဲဒီ ပြောင်းလဲမှုဟာ မိမိဘဝ တိုးတက် အောင်မြင်ရေးအတွက်ပြောင်းလဲနေတာတော့ မဟုတ်ပါ ။

မျက်စိမှုန် ခေါင်း မူး / ကိုက် ခန္ဓာကိုယ် အင်အားတွေ လျော့နည်းလာ လူမှု ဆက်ဆံရေး နယ်ပယ်မှာ အားနည်းလာ စသည်ဖြင့်ပေါ့ အမျိုးမျိုး ဆုတ်ယုတ်မှုတွေ ပြောင်းလဲနေကြတာပါ ။

ကလေးလူငယ် အများစုက ဂိမ်းဆော့မှုတွေနဲ့ ဖြစ်ပျက်နေကြတာပါ ။ ဂိမ်းဆိုတာ ယှဉ်ပြိုင်ပွဲတစ်ခုလိုပေါ့ ။ အမြဲတမ်း မိမိပဲ အနိုင်ရယူချင်တာ ။ ဒီအပြားလေးမှာ မ်းအမျိုးပေါင်း ဆော့ကစား နိုင်တာကြောင့် အချို့က ဖုန်းအား ရှိနေသ၍ ဆော့ကစားနေကြပါပဲ ။

အဲလို အကြာကြီး ဂိမ်းဆော့မှုတွေ များလာတော့ မျက်လုံးတွေ မှုန်ဝါးလာတော့ပဲ ။ မျက်လုံးမှုန်ဝါးမှုမှေ ခါင်းတွေ မူး/ကိုက်လာတော့တာပဲ ။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ်ခံအားတွေ ကျဆင်း ခန္ဓာကိုယ် မကျန်းမာမှုတွေ ဖြစ်ပွားလာကြတာပဲ ။

ထို့ကြောင့် အဲဒီအပြားလေးထဲ၌ မိမိရဲ့ အာရုံကို အကြာကြီး ထည့်မထားတာ အကောင်းဆုံးပါ ။ ဖြစ်နိုင်လျှင် ဒီ အပြားလေး ( ဖုန်း ) ကို လျော့သုံးပါ ။

အစဦးဆုံးမှာ “လူငယ်ဆိုတာ တက်တက်ကြွကြွရှိတဲ့ သူ လိုချင်တာကို ရအောင်ယူတတ်သူ စဉ်းစားတွေးခေါ်မှု ကောင်းမွန်သူ ” ဟု ပြောသွားပါတယ်။

ဂိမ်းကစားတာကိုပဲ စဉ်းစားလိုက်ပါ… ဂိမ်းတစ်ခု ကစားလျှင် စိတ်ဝင်တစား ကစားကြတယ် အနိုင်ကို ရအောင် ယူတယ် ဘယ်လို ဆော့ရင် ဘယ်လိုရလဒ်တွေ ရမယ် ဆိုတာကို စဉ်းစားတွေးခေါ်ဉာဏ် ကောင်းမွန်သူတို့ပဲ ဖြစ်ကြပါတယ် ။

ထိုနည်းအတူ မိမိဘဝ အတွက် လူ့ပတ်ဝန်းကျင်အတွက် အကျိုးရှိမည့် လုပ်ငန်းကို လုပ်ကိုင်နိုင်မည့် အတွက် တက်တက်ကြွကြွနဲ့ ပညာ ဗဟုသုတတွေကို သင်ယူ လေ့လာ မှတ်သားလိုက်လျှင် ပိုမို ကောင်းမွန်မည်သာ ဖြစ်ပါတယ် ။

ရည်းမှန်းချက်တွေ မိုးပေါ်မှာ လုပ်ရပ်တွေကတော့မြေကြီးအောက်မှာ ဖြစ်နေလို့ မဖြစ်ပါ ။ ရည်းမှန်းချက်ြ မင့်မားလေလေကြိုးစားမှုကို အားပေးလေလေသာ ဖြစ်သင့်ပါတယ် ။ အခုတော့ ကျွန်တော်တို့ လူငယ်တွေရဲ့ ကြိုးစားမှုက 0 % သာ ဖြစ်နေတယ် ။

အနာဂတ်မှာအေးချမ်းစွာဖြင့် သာသာယာယာ နေထိုင်နိုင်ဖို့ ယခု လက်ရှိ အချိန်မှာကြိုးစား အားထုတ်ဖို့တော့ လိုအပ်ပါတယ် ။ အချိန်ရှိတိုင်း ဂိမ်းဆော့မယ် chatting လုပ်မယ် ဟာသတွေ ကြည့်မယ် fb မှာ ဟိုဟာ ကြည့်လိုက် ဒီဟာကြည့်လိုက် လုပ်နေမယ် စသည်ဖြင့်သာ လုပ်ကိုင်နေမယ် ဆိုရင် မိမိဘဝအတွက် ဘယ်အခါ ကြိုးစားတော့မှာလဲ ။

လူငယ်ပဲ ရှိသေးတယ် ကြိုးစားစရာ မလိုသေးဘူးဟုပြောကောင်း ပြောနိုင်ပါတယ်။ ဘယ်လို ပြောပြော လူတိုင်းမှာတာဝန်ကိုယ်စီနဲ့ပါ။ လမ်းလျှောက်သင်တဲ့ကလေးမှာ လမ်းလျှောက်မှုသင်ယူ အတန်းပညာသင်ယူတဲ့လူငယ်မှာ တတ်မြောက်အောင် ပညာသင်ယူ အတတ်ပညာတွေသင်ယူ အသိပညာတွေ လေ့လာမှတ်သား ကောင်းမွန်တဲ့ တွေးခေါ်မှုဖြင့် ဘဝကိုaကာင်းမွန်အောင် ဖန်တီးနိုင်အောင်ကြိုးစားလုပ်ကိုင်ဖို့တော့ လိုအပ်လှပါတယ် ။

မိမိဘဝကို မိမိကိုယ်တိုင်ကြိုးစားလုပ်ကိုင် အားထုတ်မှသာ တိုးတက် ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာမည်သာ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ရှိတုန်း အသိပညာ ဗဟုသုတတွေ လေ့လာပြီး အလုပ်တွေကို ကြိုးစားအားထုတ်ပြီးကောင်းမွန်စွာ လုပ်ကိုင်နိုင်ဖို့ လိုအပ်လှပါတယ် ။

ဖုန်းကိုင်တာတွေ ဖုန်းကြည့်တာတွေကိုေ လျာ့ချလိုက်ပြီး မိမိဘဝကို တိုးတက်ပြောင်းလဲမှုရှိအောင် ကြိုးစားလိုက်ပါတော့…။ အချိန်ရှိတုန်း မိမိဘဝ ကောင်းမွန်အောင် ကြိုးစားလိုက်ပါ ။

အကယ်၍ သင့်မကြိုးစားခဲ့လျှင် အခြားတစ်ယောက်က သင့်ကို ကျော်သွားပါလိမ့်မည်။ သင့်အနာဂတ် လှပသာယာဖို့ ဖုန်းကိုင်တာ / ကြည့်တာ လျော့ချ၍ မိမိဘဝအတွက် ကောင်းမွန်တဲ့ အလုပ်ကို ကြိုးစားလုပ်ကိုင်ကြပါစို့ ။

မေတ္တာမွန်ဖြင့် ပြန်လည်မျှဝေပါသည်။ Credit ကောင်းချစ် ~ အတွေးရသစာစုလေးများ

Be the first to comment

Leave a Reply

Your email address will not be published.


*