လမ္းေပ်ာက္ေနၿပီလား … မိတ္ေဆြ အခ်ိန္မွီ ျပန္ရွာဖို႔ လိုပါတယ္

လမ္းေပ်ာက္ေနၿပီလား ... မိတ္ေဆြ အခ်ိန္မွီ ျပန္ရွာဖို႔ လိုပါတယ္
လမ္းေပ်ာက္ေနၿပီလား ... မိတ္ေဆြ အခ်ိန္မွီ ျပန္ရွာဖို႔ လိုပါတယ္

လမ္းေပ်ာက္ေနၿပီလား … မိတ္ေဆြ အခ်ိန္မွီ ျပန္ရွာဖို႔ လိုပါတယ္

ကိုယ့္ရဲ႕ အသက္ရွင္သန္ေနရျခင္း ရည္႐ြယ္ခ်က္ေတြ ဘာမွန္းမသိေတာ့တဲ့အခါ… ျ ဖစ္ခ်င္လွပါခ်ည္ရဲ႕ဆိုတဲ့ အိမ္မက္ေတြေဝဝါးလာတဲ့အခါ

ကိုယ့္ကိုယ္ကို တန္ဖိုးမရွိေတာ့သလို ခံစားလာရတတ္ပါတယ္။ ဒါဟာ ဘဝမွာ လမ္းေပ်ာက္ျခင္းရဲ႕ အစပါပဲ။

လမ္းေပ်ာက္ကာစမွာ မသိသာလွေပမယ့္ သတိဝင္လာတဲ့အခါမွာေတာ့ ကမ္းပါးတစ္ခုရဲ႕အစြန္းကို ေရာက္ေနသလို ေၾကာက္႐ြံ႕ျခင္း၊

ထိတ္လန္႔ျခင္း၊ အထီးက်န္ျခင္း၊ ဘဝကို အရႈံးေပးလိုျခင္း စတဲ့ ခံစားခ်က္ေတြ ေရာႁပြန္းဖိစီးေနပါေတာ့တယ္။
.
အျမင့္ကိုေရာက္ေနတဲ့သူေတြကို ၾကည့္ၿပီး အားငယ္ေနမိတယ္။ ပန္းတိုင္ကို ေရွးရႈေလွာ္ခတ္ေနတဲ့သူေတြကို ေငးၿပီး သိမ္ငယ္ေနမိတယ္။

လူတိုင္း လူတိုင္း ရည္႐ြယ္ခ်က္ကိုယ္စီနဲ႔ တက္ႂကြလႈပ္ရွားေနတဲ့အခိုက္မွာ ကိုယ့္ရဲ႕ ရည္႐ြယ္ခ်က္ကေရာ ဘာလဲဆိုတာကို အေျဖရွာရင္း.. ေပ်ာက္ဆုံးရင္း အဓိပၸာယ္မဲ့ေနမိေတာ့တယ္။

ဒီအေျခအေနမ်ိဳးကို သင္တစ္ေယာက္တည္း ႀကဳံဖူးတယ္လို႔ ထင္ေနရင္ေတာ့ ေတာ္ေတာ္မွားယြင္းပါလိမ့္မယ္။ ဒီလို လမ္းေပ်ာက္ျခင္းမ်ိဳးဟာ

ထိတ္တန္းအဆင့္ ေအာင္ျမင္တဲ့သူေတြလည္း ႀကဳံဖူးတယ္။ သာမန္အဆင့္ ေအာင္ျမင္တဲ့သူေတြလည္း ႀကဳံဖူးတယ္။ မေအာင္ျမင္တဲ့သူေတြလည္း ႀကဳံဖူးတယ္။

အရႈံးသမားေတြလည္း ႀကဳံဖူးတယ္။ သူတို႔ေတြၾကား ကြာသြားတာက တစ္ခ်ိဳ႕က လမ္းေပ်ာက္တယ္လို႔ ခံစားရရင္

ရည္မွန္းခ်က္ပန္းတိုင္ကို မေတြ႕ေတြ႕ေအာင္ ျပန္ရွာၾကတယ္။ လမ္းေၾကာင္းမွန္ေပၚေရာက္ေအာင္ ျပန္အားထုတ္ၾကတယ္။

တစ္ခ်ိဳ႕ကေတာ့ လမ္းေပ်ာက္ရက္သားနဲ႔ ႀကဳံသလို ဆက္လွမ္းၾကတယ္။ တစ္ခ်ိဳ႕ကေတာ့ လမ္းေပ်ာက္လို႔ ေပ်ာက္ေနမွန္းေတာင္ မသိဘဲ တစ္ခ်ိန္က်ကမ္းပါးအစြန္းကေန ျပဳတ္က်သြားတတ္ၾကတယ္။

ေပ်ာက္ဆုံးေနတဲ့လမ္းကို ေလွ်ာက္လွမ္းရင္း ၾကာလာတဲ့အခါ ပင္ပန္းလာပါမယ္။ ေနာက္ေတာ့ ႏြမ္းနယ္မႈေတြနဲ႔အတူ ကိုယ့္ကိုယ္ကို အရႈံးသမားတစ္ေယာက္အျဖစ္

ခံယူလိုက္ပါလိမ့္မယ္။ တကယ္လို႔ သင္လည္းပဲ လမ္းေပ်ာက္ေနၿပီလို႔ ခံစားရရင္ သင့္ဘဝလမ္းေၾကာင္းကို အခ်ိန္မွီ ျပန္ရွာဖို႔လိုပါမယ္။

အနားယူလိုက္

လမ္းေပ်ာက္ျခင္းေၾကာင့္ ျဖစ္လာတတ္တဲ့ စိတ္ဖိစီးမႈေတြ၊ အားငယ္မႈေတြ၊ အေၾကာက္တရားေတြ အားလုံးကို ေမ့လိုက္ပါ။ သင့္စိတ္ကို လြတ္လပ္ေပါ့ပါးစြာ အနားေပးဖို႔လိုပါမယ္။

စိတ္ဒဏ္ရာေတြေပးမယ့္ အေတြးေတြအစား သင့္စိတ္ကို ေပ်ာ္႐ႊင္ေစမယ့္အရာေတြနဲ႔ စိတ္ဓါတ္ႀကံ့ခိုင္မႈကို တည္ေဆာက္လိုက္ပါ။

စိတ္ဓါတ္ခြန္အားေတြတည္ေဆာက္

စိတ္ေတြလန္းဆန္းေပါ့ပါးသြားၿပီလို႔ ခံစားရရင္ ကိုယ့္ရဲ႕ စိတ္ခြန္အားေတြသန္မာလာေအာင္ တည္ေဆာက္ရပါမယ္။ စိတ္ခြန္အားျဖည့္ စာအုပ္ေတြဖတ္တာ၊ ေဟာေျပာပြဲေတြ နားေထာင္တာ၊

ရည္႐ြယ္ခ်က္ႀကီးတဲ့သူေတြနဲ႔ ေပါင္းသင္းဆက္ဆံတာေတြကေန စိတ္ခြန္အားေတြ ရႏိုင္ပါတယ္။ (တက္က်မ္းစာအုပ္ေတြဟာ ခဏတာ စိတ္ဓါတ္ျမႇင့္တင္ရာမွာ အသုံးဝင္ဆဲျဖစ္လို႔ ဒီလိုအေျခအေနေတြမွာေတာ့ စာအုပ္ေတြကေနတစ္ဆင့္ စိတ္ဓါတ္ခြန္အားေတြ ျမႇင့္တင္ႏိုင္ပါတယ္။)

ထက္သန္စိတ္ကို ျပန္ရွာ

လမ္းေပ်ာက္ေနတဲ့ ကာလတစ္ေလွ်ာက္လုံး ေပ်ာက္ဆုံးေနတဲ့ ထက္သန္စိတ္ကို ျပန္ရွာရပါမယ္။ ထက္သန္စိတ္ဆိုတာကေတာ့ အလြယ္ေျပာရရင္ လုပ္ခ်င္၊ကိုင္ခ်င္စိတ္ပါပဲ။
ႀကိဳးစားလုပ္ကိုင္လိုတဲ့စိတ္၊ အားထုတ္လိုတဲ့စိတ္၊ ေအာင္ျမင္ခ်င္တဲ့စိတ္ကို ဒီအခ်ိန္မွာ ျပန္ရွာရင္ ျပန္ေတြ႕ႏိုင္ပါလိမ့္မယ္။

အိမ္မက္ေတြကို တည္ေဆာက္

လမ္းေပ်ာက္ေနခ်ိန္မွာ ဘာလုပ္ရမွန္းမသိေပမယ့္ ဒီအဆင့္ထိေရာက္လာၿပီဆိုရင္ေတာ့ ကိုယ္ဘာျဖစ္ခ်င္တာလဲဆိုတဲ့ ေမးခြန္းနဲ႔အတူ ကိုယ့္အလုပ္ရမယ့္အရာကို သိေအာင္ လုပ္ရပါေတာ့မယ္။

ကိုယ့္ရဲ႕ အိမ္မက္ခရီးလမ္းကို စနစ္တက်တည္ေဆာက္ရပါမယ္။ အဲဒီ့လမ္းေၾကာင္းအတိုင္းလည္း ေအာင္ျမင္မႈလမ္းမေပၚကို နင္းရင္း ပန္းတိုင္ကိုေရာက္ေအာင္သြားမယ္လို႔ ခံယူခ်က္ျပင္းျပင္းရွိဖို႔လည္း လိုပါမယ္။

ၿပိဳလဲတိုင္း ျပန္ထ

ဘယ္အရာမွေတာ့ အလြယ္တကူျဖစ္လာမွာမဟုတ္ပါဘူး။ တကယ္တမ္း ေအာင္ျမင္ဖို႔ ႀကိဳးစားတဲ့အခါမွာ လမ္းေပ်ာက္တတ္႐ုံမကဘဲ ခလုတ္လည္းတိုက္တတ္တယ္ဆိုတာ သိလာပါမယ္။

ဘယ္လိုပဲ လဲၿပိဳက်ဦးေတာ့ ျပန္ထဖို႔ လိုပါမယ္။ ဘယ္ႏွႀကိမ္လဲက်တယ္ဆိုတာ အေရးမႀကီးပါဘူး။ ဘယ္ႏွႀကိမ္ ျပန္ထခဲ့သလဲဆိုတာပဲ အေရးႀကီးပါတယ္။( လက္ဆင့္ကမ္း ျပန္လည္မွ်ေဝေပးပါ )Credit

Unicode

လမ်းပျောက်နေပြီလား … မိတ်ဆွေ အချိန်မှီ ပြန်ရှာဖို့ လိုပါတယ်

ကိုယ့်ရဲ့ အသက်ရှင်သန်နေရခြင်း ရည်ရွယ်ချက်တွေ ဘာမှန်းမသိတော့တဲ့အခါ… ြ ဖစ်ချင်လှပါချည်ရဲ့ဆိုတဲ့ အိမ်မက်တွေဝေဝါးလာတဲ့အခါ

ကိုယ့်ကိုယ်ကို တန်ဖိုးမရှိတော့သလို ခံစားလာရတတ်ပါတယ်။ ဒါဟာ ဘဝမှာ လမ်းပျောက်ခြင်းရဲ့ အစပါပဲ။

လမ်းပျောက်ကာစမှာ မသိသာလှပေမယ့် သတိဝင်လာတဲ့အခါမှာတော့ ကမ်းပါးတစ်ခုရဲ့အစွန်းကို ရောက်နေသလို ကြောက်ရွံ့ခြင်း၊

ထိတ်လန့်ခြင်း၊ အထီးကျန်ခြင်း၊ ဘဝကို အရှုံးပေးလိုခြင်း စတဲ့ ခံစားချက်တွေ ရောပြွန်းဖိစီးနေပါတော့တယ်။
.
အမြင့်ကိုရောက်နေတဲ့သူတွေကို ကြည့်ပြီး အားငယ်နေမိတယ်။ ပန်းတိုင်ကို ရှေးရှုလှော်ခတ်နေတဲ့သူတွေကို ငေးပြီး သိမ်ငယ်နေမိတယ်။

လူတိုင်း လူတိုင်း ရည်ရွယ်ချက်ကိုယ်စီနဲ့ တက်ကြွလှုပ်ရှားနေတဲ့အခိုက်မှာ ကိုယ့်ရဲ့ ရည်ရွယ်ချက်ကရော ဘာလဲဆိုတာကို အဖြေရှာရင်း.. ပျောက်ဆုံးရင်း အဓိပ္ပာယ်မဲ့နေမိတော့တယ်။

ဒီအခြေအနေမျိုးကို သင်တစ်ယောက်တည်း ကြုံဖူးတယ်လို့ ထင်နေရင်တော့ တော်တော်မှားယွင်းပါလိမ့်မယ်။ ဒီလို လမ်းပျောက်ခြင်းမျိုးဟာ

ထိတ်တန်းအဆင့် အောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။ သာမန်အဆင့် အောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။ မအောင်မြင်တဲ့သူတွေလည်း ကြုံဖူးတယ်။

အရှုံးသမားတွေလည်း ကြုံဖူးတယ်။ သူတို့တွေကြား ကွာသွားတာက တစ်ချို့က လမ်းပျောက်တယ်လို့ ခံစားရရင်

ရည်မှန်းချက်ပန်းတိုင်ကို မတွေ့တွေ့အောင် ပြန်ရှာကြတယ်။ လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်အားထုတ်ကြတယ်။

တစ်ချို့ကတော့ လမ်းပျောက်ရက်သားနဲ့ ကြုံသလို ဆက်လှမ်းကြတယ်။ တစ်ချို့ကတော့ လမ်းပျောက်လို့ ပျောက်နေမှန်းတောင် မသိဘဲ တစ်ချိန်ကျကမ်းပါးအစွန်းကနေ ပြုတ်ကျသွားတတ်ကြတယ်။

ပျောက်ဆုံးနေတဲ့လမ်းကို လျှောက်လှမ်းရင်း ကြာလာတဲ့အခါ ပင်ပန်းလာပါမယ်။ နောက်တော့ နွမ်းနယ်မှုတွေနဲ့အတူ ကိုယ့်ကိုယ်ကို အရှုံးသမားတစ်ယောက်အဖြစ်

ခံယူလိုက်ပါလိမ့်မယ်။ တကယ်လို့ သင်လည်းပဲ လမ်းပျောက်နေပြီလို့ ခံစားရရင် သင့်ဘဝလမ်းကြောင်းကို အချိန်မှီ ပြန်ရှာဖို့လိုပါမယ်။

အနားယူလိုက်

လမ်းပျောက်ခြင်းကြောင့် ဖြစ်လာတတ်တဲ့ စိတ်ဖိစီးမှုတွေ၊ အားငယ်မှုတွေ၊ အကြောက်တရားတွေ အားလုံးကို မေ့လိုက်ပါ။ သင့်စိတ်ကို လွတ်လပ်ပေါ့ပါးစွာ အနားပေးဖို့လိုပါမယ်။

စိတ်ဒဏ်ရာတွေပေးမယ့် အတွေးတွေအစား သင့်စိတ်ကို ပျော်ရွှင်စေမယ့်အရာတွေနဲ့ စိတ်ဓါတ်ကြံ့ခိုင်မှုကို တည်ဆောက်လိုက်ပါ။

စိတ်ဓါတ်ခွန်အားတွေတည်ဆောက်

စိတ်တွေလန်းဆန်းပေါ့ပါးသွားပြီလို့ ခံစားရရင် ကိုယ့်ရဲ့ စိတ်ခွန်အားတွေသန်မာလာအောင် တည်ဆောက်ရပါမယ်။ စိတ်ခွန်အားဖြည့် စာအုပ်တွေဖတ်တာ၊ ဟောပြောပွဲတွေ နားထောင်တာ၊

ရည်ရွယ်ချက်ကြီးတဲ့သူတွေနဲ့ ပေါင်းသင်းဆက်ဆံတာတွေကနေ စိတ်ခွန်အားတွေ ရနိုင်ပါတယ်။ (တက်ကျမ်းစာအုပ်တွေဟာ ခဏတာ စိတ်ဓါတ်မြှင့်တင်ရာမှာ အသုံးဝင်ဆဲဖြစ်လို့ ဒီလိုအခြေအနေတွေမှာတော့ စာအုပ်တွေကနေတစ်ဆင့် စိတ်ဓါတ်ခွန်အားတွေ မြှင့်တင်နိုင်ပါတယ်။)

ထက်သန်စိတ်ကို ပြန်ရှာ

လမ်းပျောက်နေတဲ့ ကာလတစ်လျှောက်လုံး ပျောက်ဆုံးနေတဲ့ ထက်သန်စိတ်ကို ပြန်ရှာရပါမယ်။ ထက်သန်စိတ်ဆိုတာကတော့ အလွယ်ပြောရရင် လုပ်ချင်၊ကိုင်ချင်စိတ်ပါပဲ။
ကြိုးစားလုပ်ကိုင်လိုတဲ့စိတ်၊ အားထုတ်လိုတဲ့စိတ်၊ အောင်မြင်ချင်တဲ့စိတ်ကို ဒီအချိန်မှာ ပြန်ရှာရင် ပြန်တွေ့နိုင်ပါလိမ့်မယ်။

အိမ်မက်တွေကို တည်ဆောက်

လမ်းပျောက်နေချိန်မှာ ဘာလုပ်ရမှန်းမသိပေမယ့် ဒီအဆင့်ထိရောက်လာပြီဆိုရင်တော့ ကိုယ်ဘာဖြစ်ချင်တာလဲဆိုတဲ့ မေးခွန်းနဲ့အတူ ကိုယ့်အလုပ်ရမယ့်အရာကို သိအောင် လုပ်ရပါတော့မယ်။

ကိုယ့်ရဲ့ အိမ်မက်ခရီးလမ်းကို စနစ်တကျတည်ဆောက်ရပါမယ်။ အဲဒီ့လမ်းကြောင်းအတိုင်းလည်း အောင်မြင်မှုလမ်းမပေါ်ကို နင်းရင်း ပန်းတိုင်ကိုရောက်အောင်သွားမယ်လို့ ခံယူချက်ပြင်းပြင်းရှိဖို့လည်း လိုပါမယ်။

ပြိုလဲတိုင်း ပြန်ထ

ဘယ်အရာမှတော့ အလွယ်တကူဖြစ်လာမှာမဟုတ်ပါဘူး။ တကယ်တမ်း အောင်မြင်ဖို့ ကြိုးစားတဲ့အခါမှာ လမ်းပျောက်တတ်ရုံမကဘဲ ခလုတ်လည်းတိုက်တတ်တယ်ဆိုတာ သိလာပါမယ်။

ဘယ်လိုပဲ လဲပြိုကျဦးတော့ ပြန်ထဖို့ လိုပါမယ်။ ဘယ်နှကြိမ်လဲကျတယ်ဆိုတာ အရေးမကြီးပါဘူး။ ဘယ်နှကြိမ် ပြန်ထခဲ့သလဲဆိုတာပဲ အရေးကြီးပါတယ်။( လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးပါ )Credit

Be the first to comment

Leave a Reply

Your email address will not be published.


*