ေသာ့ဝိဇၨာတေယာက္ရဲ႕ အျဖစ္အပ်က္တခုက ေပးသြားတဲ့ ဘ၀သင္ခန္းစာ(ေကာင္းလြန္းပါတယ္…)

ေသာ့ဝိဇၨာတေယာက္ရဲ႕ အျဖစ္အပ်က္တခုက ေပးသြားတဲ့ ဘ၀သင္ခန္းစာ(ေကာင္းလြန္းပါတယ္...)
ေသာ့ဝိဇၨာတေယာက္ရဲ႕ အျဖစ္အပ်က္တခုက ေပးသြားတဲ့ ဘ၀သင္ခန္းစာ(ေကာင္းလြန္းပါတယ္...)

ေသာ့ဝိဇၨာတေယာက္ရဲ႕ အျဖစ္အပ်က္တခုက ေပးသြားတဲ့ ဘ၀သင္ခန္းစာ(ေကာင္းလြန္းပါတယ္…)

တစ္ခါတုံးက ေထာင္အာဏာပိုင္ေတြ နဲ႔ ေဖာက္ထြင္းဝိဇၨာ တစ္ေယာက္ အၾကားမွာ ထူးထူးျခားျခာ အားၿပိဳင္မႈတစ္ခု ျဖစ္ခဲ့ဖူးသည္။

အဲ့ဒီ ေဖာက္ထြင္း ဝိဇၨာက ကမာၻ႔အေတာ္ဆုံး ေသာ့ဝိဇၨာလို႔ ေျပာလို႔ရသည္။ သူမဖ်က္ႏိုင္တဲ့ တံခါး .. သူမေဖာက္ႏိုင္တဲ့တံခါး မရွိဘူးလို႔ ေႂကြးေၾကာ္ထားသူျဖစ္သည္။ သူ႔ကို ဘယ္ေထာင္ထဲမွာမွ လည္း ပိတ္ေလွာင္ထားလို႔ မရ ..။

တစ္နည္းမဟုတ္ တစ္နည္းနဲ႔ ေထာင္ေဖာက္ၿပီး ေျပးတာခ်ည္းပင္…။ ေသာ့ဝိဇၨာ ကိုးဗ် …။ သူ ႀကဳံးဝါးထားတာ တစ္ခုရွိေသးသည္ ။ အဲ့ဒါက “ဘယ္လိုေသာ့ ဘယ္လို တံခါးမ်ိဳးပဲ ျဖစ္ျဖစ္ ၅ မိနစ္အတြင္း သူ႔စိတ္တိုင္းက်ျဖစ္ေအာင္ ေဖာက္ႏိုင္တယ္” ဆိုပဲဗ် ..။

ဒါနဲ႔ သူ႔ကို ဒီလို လႊတ္ထားလို႔့ေတာ့ မျဖစ္ေတာ့ဘူး …။ တစ္ခုခု ေတာ့ စီမံရမယ္ဆိုၿပီး သက္ဆိုင္ရာေထာင္အာဏာပိုင္ေတြက အဲ့ဒီ ေသာ့ဝိဇၨာဆီကို ရေအာင္ဆက္သြယ္သည္ ..။ ၿပီးေတာ့ သူႏွင့္ သေဘာတူညီခ်က္တစ္ခုကို လုပ္ေဆာင္ၾကသည္။ အဲ့သည့္ သေဘာတူညီခ်က္က…

ေသာ့ဝိဇၨာကို အခန္းတစ္ခုမွာ ပိတ္ထားမည္။ သူက အဲ့သည့္အခန္းတံခါးေသာ့ကို ဖ်က္ၿပီး အျပင္ရေအာင္ ထြက္ရမည္။ သတ္မွတ္ခ်ိန္က ၁၀ မိနစ္ …။ ၁၀ မိနစ္ အတြင္းမွာ အဲ့ဒီ ေသာ့ဝိဇၨာ အျပင္ေရာက္ေအာင္ ထြက္ႏိုင္ရင္ သူ႔လုပ္ခဲ့တဲ့ ရာဇ၀တ္မႈ အျပစ္ေတြကို စာရင္းမွ ေဖ်ာက္ဖ်က္ေပးမည္။

၁၀ မိနစ္အတြင္း မရခဲ့ရင္ေတာ့ သူ႔ရဲ႕ရာဇ၀တ္မႈေတြအတြက္ ဥပေဒအရ အေရးယူမႈကို ေက်ေက်နပ္နပ္ လက္ခံရမည္။ ေသာ့ဝိဇၨာက အဲ့သည့္ စိန္ေခၚမႈကို လက္ခံလိုက္သည္ ..။

၁၀ မိနစ္ဆိုတာ သူ႔အတြက္ မ်ားလြန္းေနတယ္လို႔ေတာင္ ခပ္ၿပဳံးၿပဳံးေျပာလိုက္ေသး …။ သတ္မွတ္ထားတဲ့ ရက္ သတ္မွတ္ထားတဲ့အခ်ိန္လဲ ေရာက္ေရာ … သတ္မွတ္ထားတဲ့ အခန္းထဲကို ေသာ့ဝိဇၨာကို ထည့္ ၿပီးေတာ့ အခန္းတံခါးကို ပိတ္လိုက္သည္ ..။

အထဲက သူဆီမွာေတာ့ ဘာမွ ေထြေထြထူးထူးပါမသြား။ ၀တ္ေနက် ကုတ္အက်ီတၤစ္ထည္သာ ပါသြားသည္။

အခ်ိန္စ မွတ္ၿပီ

၂ မိနစ္ …. ေအးေအးေဆးေဆးပင္ ထိုင္လွ်က္ ရွိေနေသးသည္။ ၃ မိနစ္ … ကုတ္အက်ီၤ အိတ္ထဲမွ ေဆးလိပ္ဘူးကို ထုတ္ … ဘူးထဲမွ ေဆးလိပ္တစ္လိပ္ကို ပါးစပ္ထဲခဲ .. မီးအသာညႇိၿပီး ခပ္ေလးေလး ဖြာထုတ္လိုက္သည္ …။

၄ မိနစ္ … ထိုင္ေနရာက အသာထၿပီး တံခါးဆီကို ေလွ်ာက္သြားလိုက္ၿပီး ေသာ့ေပါက္ထဲကို သူ၏ ကုတ္ထဲမွ ကရိယာမ်ားအသုံးျပဳၿပီးေသာ့ဖ်က္ျခင္းလုပ္ငန္းစတင္သည္ ..။

၅ မိနစ္ … ၆ မိနစ္ … ၇ မိနစ္ …ေသာ့ဝိဇၨာႀကီး ေခြၽးျပန္ေလေခ်ၿပီ။ ဘယ္ေသာ့ကိုမွ သူဒီေလာက္ မေဖာက္ခဲ့ရဖူးဘူး …။ အခုဟာက သူမွန္းထားတာထက္ ပိုၾကာေနၿပီ …။ ၈ မိနစ္ … လုံး၀ မရေသး။ ၉ မိနစ္ … ၁၀ မိနစ္ … အေတာ္ဆုံးပါလို႔ သတ္မွတ္ခံထားရတဲ့

ေသာ့ဝိဇၨာခမ်ာမွာ တံခါးတစ္ခုေရွ႕မွာ က်ဆုံးခဲ့ေလသည္ …။ သူရႈံးေၾကာင္း အာဏာပိုင္ ေတြ ေရွ႕ကို ေရာက္လာၿပီး ခံ၀န္ကတိ လက္မွတ္ထိုးၿပီးသြားေတာ့ သူက ေမးခြန္းတစ္ခု ေမးသည္ ..။

“ခင္ဗ်ားတို႔ ဒီတံခါးကို ဘယ္ေသာ့နဲ႔မ်ား ပိတ္ထားတာလဲဟင္ … က်ဳပ္တသက္ ဒီလိုမ်ိဳးတစ္ခါမွ မေတြ႕ဖူးဘူး” အာဏာပိုင္တို႔ကလည္း ျပန္ေျဖသည္ ..။

“တကယ္ေတာ့ အဲ့ဒီတံခါးက ေသာ့ကိုပိတ္မထားတာ … တံခါးက ေစ့႐ုံေလးေစ့ ထားတာ ခင္ဗ်ားတြန္းဖြင့္လိုက္ရင္ေတာင္တံခါးက ပြင့္တယ္ဗ်”

ဒါက တကယ္ျဖစ္ခဲ့တဲ့ အျဖစ္အပ်က္ေလးတစ္ခုပါ။ .. ဇာတ္လမ္းေလး ဆုံးသြားေပမယ့္ ကြၽန္ေတာ္ ကေတာ့ အေတြးမဆုံးေသးဘူး ..။

ကြၽန္ေတာ္တို႔ ဘ၀မွာလည္း ဒီလိုတံခါးမ်ိဳးေတြ ခဏခဏေတြ႕ခဲ့ရဖူးမည္။ အသာေလးတြန္းဖြင့္လိုက္႐ုံေလးဆိုေပမယ့္ မပြင့္ပြင့္ေအာင္ နည္းမ်ိဳးစုံရွာႀကံၿပီး အပင္ပန္းခံၾကရသည္။ သို႔ေပမယ့္ တြန္းဖြင့္ၾကည့္ဖို႔ကိုေတာ့ အရင္ဆုံး မႀကိဳးစားမိ …။

အ႐ိုးဆုံး နည္းလမ္းေတြကေန စၿပီးခ်ဥ္းကပ္တာ အေကာင္းဆုံးပဲ။ တစ္ခါတစ္ေလမွာ ႐ိုး႐ိုးေလး တြန္းဖြင့္လိုက္ရင္ေတာင္ လိုရာေရာက္ႏိုင္ပါတယ္ဗ်။Crd-org writer

Unicode

သော့ဝိဇ္ဇာတယောက်ရဲ့ အဖြစ်အပျက်တခုက ပေးသွားတဲ့ ဘဝသင်ခန်းစာ(ကောင်းလွန်းပါတယ်…)

တစ်ခါတုံးက ထောင်အာဏာပိုင်တွေ နဲ့ ဖောက်ထွင်းဝိဇ္ဇာ တစ်ယောက် အကြားမှာ ထူးထူးခြားခြာ အားပြိုင်မှုတစ်ခု ဖြစ်ခဲ့ဖူးသည်။

အဲ့ဒီ ဖောက်ထွင်း ဝိဇ္ဇာက ကမ္ဘာ့အတော်ဆုံး သော့ဝိဇ္ဇာလို့ ပြောလို့ရသည်။ သူမဖျက်နိုင်တဲ့ တံခါး .. သူမဖောက်နိုင်တဲ့တံခါး မရှိဘူးလို့ ကြွေးကြော်ထားသူဖြစ်သည်။ သူ့ကို ဘယ်ထောင်ထဲမှာမှ လည်း ပိတ်လှောင်ထားလို့ မရ ..။

တစ်နည်းမဟုတ် တစ်နည်းနဲ့ ထောင်ဖောက်ပြီး ပြေးတာချည်းပင်…။ သော့ဝိဇ္ဇာ ကိုးဗျ …။ သူ ကြုံးဝါးထားတာ တစ်ခုရှိသေးသည် ။ အဲ့ဒါက “ဘယ်လိုသော့ ဘယ်လို တံခါးမျိုးပဲ ဖြစ်ဖြစ် ၅ မိနစ်အတွင်း သူ့စိတ်တိုင်းကျဖြစ်အောင် ဖောက်နိုင်တယ်” ဆိုပဲဗျ ..။

ဒါနဲ့ သူ့ကို ဒီလို လွှတ်ထားလို့တော့ မဖြစ်တော့ဘူး …။ တစ်ခုခု တော့ စီမံရမယ်ဆိုပြီး သက်ဆိုင်ရာထောင်အာဏာပိုင်တွေက အဲ့ဒီ သော့ဝိဇ္ဇာဆီကို ရအောင်ဆက်သွယ်သည် ..။ ပြီးတော့ သူနှင့် သဘောတူညီချက်တစ်ခုကို လုပ်ဆောင်ကြသည်။ အဲ့သည့် သဘောတူညီချက်က…

သော့ဝိဇ္ဇာကို အခန်းတစ်ခုမှာ ပိတ်ထားမည်။ သူက အဲ့သည့်အခန်းတံခါးသော့ကို ဖျက်ပြီး အပြင်ရအောင် ထွက်ရမည်။ သတ်မှတ်ချိန်က ၁၀ မိနစ် …။ ၁၀ မိနစ် အတွင်းမှာ အဲ့ဒီ သော့ဝိဇ္ဇာ အပြင်ရောက်အောင် ထွက်နိုင်ရင် သူ့လုပ်ခဲ့တဲ့ ရာဇဝတ်မှု အပြစ်တွေကို စာရင်းမှ ဖျောက်ဖျက်ပေးမည်။

၁၀ မိနစ်အတွင်း မရခဲ့ရင်တော့ သူ့ရဲ့ရာဇဝတ်မှုတွေအတွက် ဥပဒေအရ အရေးယူမှုကို ကျေကျေနပ်နပ် လက်ခံရမည်။ သော့ဝိဇ္ဇာက အဲ့သည့် စိန်ခေါ်မှုကို လက်ခံလိုက်သည် ..။

၁၀ မိနစ်ဆိုတာ သူ့အတွက် များလွန်းနေတယ်လို့တောင် ခပ်ပြုံးပြုံးပြောလိုက်သေး …။ သတ်မှတ်ထားတဲ့ ရက် သတ်မှတ်ထားတဲ့အချိန်လဲ ရောက်ရော … သတ်မှတ်ထားတဲ့ အခန်းထဲကို သော့ဝိဇ္ဇာကို ထည့် ပြီးတော့ အခန်းတံခါးကို ပိတ်လိုက်သည် ..။

အထဲက သူဆီမှာတော့ ဘာမှ ထွေထွေထူးထူးပါမသွား။ ဝတ်နေကျ ကုတ်အကျီင်္တစ်ထည်သာ ပါသွားသည်။

အချိန်စ မှတ်ပြီ

၂ မိနစ် …. အေးအေးဆေးဆေးပင် ထိုင်လျှက် ရှိနေသေးသည်။ ၃ မိနစ် … ကုတ်အကျီၤ အိတ်ထဲမှ ဆေးလိပ်ဘူးကို ထုတ် … ဘူးထဲမှ ဆေးလိပ်တစ်လိပ်ကို ပါးစပ်ထဲခဲ .. မီးအသာညှိပြီး ခပ်လေးလေး ဖွာထုတ်လိုက်သည် …။

၄ မိနစ် … ထိုင်နေရာက အသာထပြီး တံခါးဆီကို လျှောက်သွားလိုက်ပြီး သော့ပေါက်ထဲကို သူ၏ ကုတ်ထဲမှ ကရိယာများအသုံးပြုပြီးသော့ဖျက်ခြင်းလုပ်ငန်းစတင်သည် ..။

၅ မိနစ် … ၆ မိနစ် … ၇ မိနစ် …သော့ဝိဇ္ဇာကြီး ချွေးပြန်လေချေပြီ။ ဘယ်သော့ကိုမှ သူဒီလောက် မဖောက်ခဲ့ရဖူးဘူး …။ အခုဟာက သူမှန်းထားတာထက် ပိုကြာနေပြီ …။ ၈ မိနစ် … လုံး၀ မရသေး။ ၉ မိနစ် … ၁၀ မိနစ် … အတော်ဆုံးပါလို့ သတ်မှတ်ခံထားရတဲ့

သော့ဝိဇ္ဇာခမျာမှာ တံခါးတစ်ခုရှေ့မှာ ကျဆုံးခဲ့လေသည် …။ သူရှုံးကြောင်း အာဏာပိုင် တွေ ရှေ့ကို ရောက်လာပြီး ခံဝန်ကတိ လက်မှတ်ထိုးပြီးသွားတော့ သူက မေးခွန်းတစ်ခု မေးသည် ..။

“ခင်ဗျားတို့ ဒီတံခါးကို ဘယ်သော့နဲ့များ ပိတ်ထားတာလဲဟင် … ကျုပ်တသက် ဒီလိုမျိုးတစ်ခါမှ မတွေ့ဖူးဘူး” အာဏာပိုင်တို့ကလည်း ပြန်ဖြေသည် ..။

“တကယ်တော့ အဲ့ဒီတံခါးက သော့ကိုပိတ်မထားတာ … တံခါးက စေ့ရုံလေးစေ့ ထားတာ ခင်ဗျားတွန်းဖွင့်လိုက်ရင်တောင်တံခါးက ပွင့်တယ်ဗျ”

ဒါက တကယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်လေးတစ်ခုပါ။ .. ဇာတ်လမ်းလေး ဆုံးသွားပေမယ့် ကျွန်တော် ကတော့ အတွေးမဆုံးသေးဘူး ..။

ကျွန်တော်တို့ ဘဝမှာလည်း ဒီလိုတံခါးမျိုးတွေ ခဏခဏတွေ့ခဲ့ရဖူးမည်။ အသာလေးတွန်းဖွင့်လိုက်ရုံလေးဆိုပေမယ့် မပွင့်ပွင့်အောင် နည်းမျိုးစုံရှာကြံပြီး အပင်ပန်းခံကြရသည်။ သို့ပေမယ့် တွန်းဖွင့်ကြည့်ဖို့ကိုတော့ အရင်ဆုံး မကြိုးစားမိ …။

အရိုးဆုံး နည်းလမ်းတွေကနေ စပြီးချဉ်းကပ်တာ အကောင်းဆုံးပဲ။ တစ်ခါတစ်လေမှာ ရိုးရိုးလေး တွန်းဖွင့်လိုက်ရင်တောင် လိုရာရောက်နိုင်ပါတယ်ဗျ။Crd-org writer

Be the first to comment

Leave a Reply

Your email address will not be published.


*