ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ျပသေနတဲ့ လကၡဏာ (၇) ရပ္

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ျပသေနတဲ့ လကၡဏာ (၇) ရပ္
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ျပသေနတဲ့ လကၡဏာ (၇) ရပ္

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ျပသေနတဲ့ လကၡဏာ (၇) ရပ္

ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးႏိုင္ေၾကာင္း ျပသေနတဲ့ လကၡဏာ (၇) ရပ္ ကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ ေဆးလိပ္နဲ႔ အရက္

ဒါကိုေတာ့ အထူးတလည္ ရွင္းျပဖို႔ေတာင္ လိုမယ္ မထင္ပါဘူး။ ေဆးလိပ္နဲ႔ အရက္ စြဲေနတဲ့လူဟာ အသက္ရွည္ဖို႔ မေျပာနဲ႔ လူ႔သက္တမ္း ေစ့ေအာင္ေတာင္ မေနရပါဘူး။ ငယ္ငယ္႐ြယ္႐ြယ္နဲ႔ပဲ ေသဆုံးႏိုင္ ပါတယ္။

၂။ အလုပ္ကို ဦးစားေပးလြန္းတာ

အလုပ္လုပ္လြန္းသူ (Workaholic) ေတြဟာ က်န္းမာေရး ထိခိုက္ လြယ္ပါတယ္။ အလုပ္ေၾကာင့္ ရတဲ့ စိတ္ဖိစီးမႈ၊ ခႏၶာကိုယ္ ပင္ပန္းမႈေတြက သင့္ရဲ႕ သက္တမ္းကို ႏုတ္ယူေနၾကပါတယ္။ ေန႔ေရာညပါ အလုပ္ကို ဦးစားေပးလြန္းၿပီး ကိုယ္ပိုင္အခ်ိန္ မရွိေတာ့တာမ်ိဳး အျဖစ္မခံပါနဲ႔။

၃။ တစ္ေနကုန္ ထိုင္ေနရတာ

႐ုံးမွာျဖစ္ျဖစ္ အိမ္မွာျဖစ္ျဖစ္ အခ်ိန္ ၾကာျမင့္လြန္းစြာ ထိုင္ေနတာ မေကာင္းပါဘူး။ အေမရိကန္ ေဆးပညာဂ်ာနယ္ တစ္ေစာင္မွာ ေဖာ္ျပခ်က္အရ တစ္ေန႔ကို ၁၀ နာရီထက္ မနည္း ထိုင္ေနသူေတြဟာ ၈ ႏွစ္ေလာက္ ပိုၿပီး အိုမင္း လြယ္သြားပါသတဲ့။

၄။ သူမ်ားနဲ႔ တန္းတူ လမ္းမေလွ်ာက္ႏိုင္တာ

႐ြယ္တူေတြနဲ႔ လမ္းေလွ်ာက္တိုင္း ကိုယ္ပဲ အၿမဲတမ္း က်န္ခဲ့တယ္ ဆိုတာမ်ိဳးက ေကာင္းတဲ့ လကၡဏာ မဟုတ္ပါဘူး။ ကိုယ့္ရဲ႕ ေျခက်င္းဝတ္ ဒဏ္ရာရထား၊ အဆစ္လြဲထားတာမ်ိဳး မရွိဘဲ သူမ်ားနဲ႔ တန္းတူ လမ္းမေလွ်ာက္ႏိုင္တာက က်န္းမာေရး ခ်ိဳ႕ယြင္းမႈ ပိုျဖစ္ေစပါတယ္။

ႏွလုံး၊ အဆုတ္၊ ေသြးလည္ပတ္မႈ စနစ္နဲ႔ ႂကြက္သားေတြ မေကာင္းဘူး ဆိုတဲ့ သေဘာမ်ိဳး ျပသေနတာပါ။ လမ္းျမန္ျမန္ေလွ်ာက္ျခင္းက တကယ္ အက်ိဳးရွိေစပါတယ္။ ေလ့က်င့္ခန္းလည္း ပုံမွန္လုပ္ပါ။

၅။ အေလးခ်ိန္ နည္းနည္းေလးကိုေတာင္မွ မဖို႔ မလြယ္တာ

ကိုယ့္ခႏၶာကိုယ္ အေလးခ်ိန္ေလာက္ ရွိတဲ့ အေလးအပင္ ေတြကို သယ္မဖို႔ မလိုပါဘူး။ ဒါေပမဲ့လည္း အေလးခ်ိန္ နည္းနည္းေလးကို ေတာင္မွ မသယ္ႏိုင္ မ,မႏိုင္ဘူး ဆိုရင္ သင့္ႂကြက္သားေတြက ငယ္ငယ္႐ြယ္႐ြယ္နဲ႔ အိုမင္းရင့္ေရာ္ကာ အားနည္းေနတဲ့ သေဘာ ပါပဲ။ ႂကြက္သားေတြမွာ အဆီေတြ မ်ားေနတဲ့ လကၡဏာလည္း ျဖစ္ပါတယ္။

အထူးသျဖင့္ ဗိုက္ေခါက္က အဆီေတြေပါ့။ ေျခေထာက္ မခိုင္တာ၊ ႂကြက္သားေတြ တင္းရင္းမႈ မရွိတာေတြေၾကာင့္ ေခ်ာ္လဲလြယ္၊ ဒဏ္ရာရလြယ္ လိမ့္မယ္ေလ။

၆။ ဗဟုသုတ၊ အသိဉာဏ္ နည္းပါးတာ

အသိပညာ ႂကြယ္ဝသူေတြနဲ႔ ဗဟုသုတ ေလ့လာ လိုက္စားသူေတြက ကိုယ့္ခႏၶာကိုယ္ အတြက္ ေကာင္းရာေကာင္းေၾကာင္းေတြကို ျပဳမူ ၾကပါတယ္။

ကိုယ့္ကိုယ္ကိုယ္ က်န္းမာေအာင္ ဘယ္လိုေတြလုပ္ရမယ္ ဆိုတာလည္း သိတာေၾကာင့္ အသက္ ပိုရွည္ ပါတယ္။ အသိပညာ မရွိသူေတြကေတာ့ က်န္းမာေရး အသိဉာဏ္ နည္းပါးၿပီး ေသဆုံးလြယ္ၾကတယ္ေလ။

၇။ စားေသာက္မႈပုံစံ

ဆီမ်ားမ်ားစားတဲ့ အက်င့္၊ အငန္နဲ ႔အခ်ိဳေတြ ႀကိဳက္လြန္းတဲ့ အက်င့္ကလည္း အဝလြန္မႈကို ျဖစ္ေစကာ ႏွလုံး၊ ေသြးတိုး၊ ဆီးခ်ိဳ နဲ႔ ကင္ဆာေတြ ျဖစ္ေစပါတယ္။ ဒီေရာဂါေတြေၾကာင့္ပဲ သင္ေနထိုင္ရမယ့္ သက္တမ္းက ပိုတိုေတာင္းသြားရမွာပါ။Credit:

Unicode

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့ လက္ခဏာ (၇) ရပ်

ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးနိုင်ကြောင်း ပြသနေတဲ့ လက္ခဏာ (၇) ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။

၁။ ဆေးလိပ်နဲ့ အရက်

ဒါကိုတော့ အထူးတလည် ရှင်းပြဖို့တောင် လိုမယ် မထင်ပါဘူး။ ဆေးလိပ်နဲ့ အရက် စွဲနေတဲ့လူဟာ အသက်ရှည်ဖို့ မပြောနဲ့ လူ့သက်တမ်း စေ့အောင်တောင် မနေရပါဘူး။ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ သေဆုံးနိုင် ပါတယ်။

၂။ အလုပ်ကို ဦးစားပေးလွန်းတာ

အလုပ်လုပ်လွန်းသူ (Workaholic) တွေဟာ ကျန်းမာရေး ထိခိုက် လွယ်ပါတယ်။ အလုပ်ကြောင့် ရတဲ့ စိတ်ဖိစီးမှု၊ ခန္ဓာကိုယ် ပင်ပန်းမှုတွေက သင့်ရဲ့ သက်တမ်းကို နုတ်ယူနေကြပါတယ်။ နေ့ရောညပါ အလုပ်ကို ဦးစားပေးလွန်းပြီး ကိုယ်ပိုင်အချိန် မရှိတော့တာမျိုး အဖြစ်မခံပါနဲ့။

၃။ တစ်နေကုန် ထိုင်နေရတာ

ရုံးမှာဖြစ်ဖြစ် အိမ်မှာဖြစ်ဖြစ် အချိန် ကြာမြင့်လွန်းစွာ ထိုင်နေတာ မကောင်းပါဘူး။ အမေရိကန် ဆေးပညာဂျာနယ် တစ်စောင်မှာ ဖော်ပြချက်အရ တစ်နေ့ကို ၁၀ နာရီထက် မနည်း ထိုင်နေသူတွေဟာ ၈ နှစ်လောက် ပိုပြီး အိုမင်း လွယ်သွားပါသတဲ့။

၄။ သူများနဲ့ တန်းတူ လမ်းမလျှောက်နိုင်တာ

ရွယ်တူတွေနဲ့ လမ်းလျှောက်တိုင်း ကိုယ်ပဲ အမြဲတမ်း ကျန်ခဲ့တယ် ဆိုတာမျိုးက ကောင်းတဲ့ လက္ခဏာ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ ခြေကျင်းဝတ် ဒဏ်ရာရထား၊ အဆစ်လွဲထားတာမျိုး မရှိဘဲ သူများနဲ့ တန်းတူ လမ်းမလျှောက်နိုင်တာက ကျန်းမာရေး ချို့ယွင်းမှု ပိုဖြစ်စေပါတယ်။

နှလုံး၊ အဆုတ်၊ သွေးလည်ပတ်မှု စနစ်နဲ့ ကြွက်သားတွေ မကောင်းဘူး ဆိုတဲ့ သဘောမျိုး ပြသနေတာပါ။ လမ်းမြန်မြန်လျှောက်ခြင်းက တကယ် အကျိုးရှိစေပါတယ်။ လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်ပါ။

၅။ အလေးချိန် နည်းနည်းလေးကိုတောင်မှ မဖို့ မလွယ်တာ

ကိုယ့်ခန္ဓာကိုယ် အလေးချိန်လောက် ရှိတဲ့ အလေးအပင် တွေကို သယ်မဖို့ မလိုပါဘူး။ ဒါပေမဲ့လည်း အလေးချိန် နည်းနည်းလေးကို တောင်မှ မသယ်နိုင် မ,မနိုင်ဘူး ဆိုရင် သင့်ကြွက်သားတွေက ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းရင့်ရော်ကာ အားနည်းနေတဲ့ သဘော ပါပဲ။ ကြွက်သားတွေမှာ အဆီတွေ များနေတဲ့ လက္ခဏာလည်း ဖြစ်ပါတယ်။

အထူးသဖြင့် ဗိုက်ခေါက်က အဆီတွေပေါ့။ ခြေထောက် မခိုင်တာ၊ ကြွက်သားတွေ တင်းရင်းမှု မရှိတာတွေကြောင့် ချော်လဲလွယ်၊ ဒဏ်ရာရလွယ် လိမ့်မယ်လေ။

၆။ ဗဟုသုတ၊ အသိဉာဏ် နည်းပါးတာ

အသိပညာ ကြွယ်ဝသူတွေနဲ့ ဗဟုသုတ လေ့လာ လိုက်စားသူတွေက ကိုယ့်ခန္ဓာကိုယ် အတွက် ကောင်းရာကောင်းကြောင်းတွေကို ပြုမူ ကြပါတယ်။

ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင် ဘယ်လိုတွေလုပ်ရမယ် ဆိုတာလည်း သိတာကြောင့် အသက် ပိုရှည် ပါတယ်။ အသိပညာ မရှိသူတွေကတော့ ကျန်းမာရေး အသိဉာဏ် နည်းပါးပြီး သေဆုံးလွယ်ကြတယ်လေ။

၇။ စားသောက်မှုပုံစံ

ဆီများများစားတဲ့ အကျင့်၊ အငန်နဲ့အချိုတွေ ကြိုက်လွန်းတဲ့ အကျင့်ကလည်း အဝလွန်မှုကို ဖြစ်စေကာ နှလုံး၊ သွေးတိုး၊ ဆီးချို နဲ့ ကင်ဆာတွေ ဖြစ်စေပါတယ်။ ဒီရောဂါတွေကြောင့်ပဲ သင်နေထိုင်ရမယ့် သက်တမ်းက ပိုတိုတောင်းသွားရမှာပါ။Credit:

Be the first to comment

Leave a Reply

Your email address will not be published.


*