ေျမအမ်ိဳးအစား တစ္ခုခ်င္းစီရဲ႕ အသုံး၀င္ပုံမ်ား

ေျမအမ်ိဳးအစား တစ္ခုခ်င္းစီရဲ႕ အသုံး၀င္ပုံမ်ား
ေျမအမ်ိဳးအစား တစ္ခုခ်င္းစီရဲ႕ အသုံး၀င္ပုံမ်ား

 

ေျမအမ်ိဳးအစား တစ္ခုခ်င္းစီရဲ႕ အသုံး၀င္ပုံမ်ား

ျမန္မာႏိုင္ငံတြင္ ဥပေဒအရ သတ္မွတ္ထားေသာ ေျမ (၉) မ်ိဳးရွိၿပီး ၎ေျမအမ်ိဳးအစားတစ္ခုခ်င္းစီ၏ အသုံး၀င္ပုံမ်ားကို ေဖာ္ျပလိုက္ပါသည္။

ေျမပိုင္ေျမ၊ ဘိုးဘပိုင္ေျမ၊ ဂရန္ရွိေျမပိုင္ေျမ

ဘိုးဘြားမိဘလက္ထက္ကပင္ ဓားမဦးခ် ပိုင္ဆိုင္လာ၍ လႊဲေျပာင္း ဆက္ခံခြင့္ရွိေသာ ေျမမ်ိဳး
ျဖစ္သည္။ ေျမအမည္ေပါက္ ကိုယ္တိုင္ေရာင္းခ်ခြင့္ ရွိသည္။ ေျမအမည္ေပါက္ထံမွ အေမြဆက္ခံပိုင္သူကေရာင္းခ်ခြင့္ ရွိသည္။

ေျမအမည္ေပါက္ထံမွ အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔) အထူးကိုယ္စားလွယ္လႊဲစာလႊဲအပ္ျခင္း ခံရသူက ေရာင္းခ်ခြင့္ရွိသည္။ ေျမအမည္ေပါက္ထံမွ အေမြဆက္ခံ ပိုင္ဆိုင္သူထံမွ အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔) အထူးကိုယ္စားလွယ္လႊဲစာ လႊဲအပ္ျခင္း ခံရသူက ေရာင္းခ်ခြင့္ရွိသည္။

မွတ္ခ်က္ – ေျမအမည္ေပါက္ထံမွ အေမြဆက္ခံသူမေသဆုံးမီႏွင့္ လႊဲစာ ျပန္လည္မ႐ုပ္သိမ္းမီကာလအတြင္း။

ေျမအမည္ေပါက္ထံမွ မွတ္ပုံတင္အေပးစာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။ ေျမအမည္ေပါက္ပူးတြဲပိုင္ဆိုင္ၿပီး မွတ္ပုံတင္စြန္႔လႊတ္စာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

ေျမဧရိယာတစ္ခုလုံး၏ ထက္၀က္ေသာ္လည္းေကာင္း၊ တစ္စိတ္တစ္ပိုင္းေသာ္လည္းေကာင္း၊ ေျမဧရိယာတစ္ခုလုံးကိုေသာ္လည္းေကာင္း ေရာင္းခ်ခြင့္ ရွိသည္။ မိမိ၀ယ္ယူလိုသည့္ ေျမဧရိယာအစိတ္အပိုင္းအား ၀ယ္ခြန္ေဆာင္ၿပီး မွတ္ပုံတင္ စာခ်ဳပ္ခ်ဳပ္ဆို ၀ယ္ယူႏိုင္သည္။

ေျမငွားဂရန္ေျမ

ေျမမ်ားကို စည္းကမ္းခ်က္သတ္မွတ္၍ ႏွစ္ (၆၀) ၊ အႏွစ္ (၉၀) ၊ (၂၅) ႏွစ္ အစရွိေသာ ႏွစ္ကာလအပိုင္း အျခားျဖင့္ အငွားခ်ထားသည့္ ေျမမ်ိဳး ျဖစ္သည္။

ေျမအမည္ေပါက္က (၃)လ တစ္ႀကိမ္ ေျမခြန္ေဆာင္ရသည္။ အေဆာက္အဦးရွိပါက (၃)လတစ္ႀကိမ္အေဆာက္အဦးခြန္ ေဆာင္ရသည္။ ေျမအမည္ေပါက္သူက ေရာင္းခ်ခြင့္ ရွိသည္။ ေျမအမည္ေပါက္သူထံမွ အေမြဆက္ခံ ပိုင္ဆိုင္ခြင့္ရွိသူက ေရာင္းခ်ခြင့္ရွိသည္။

ေျမအမည္ေပါက္ထံမွ အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔) အထူးကိုယ္စားလွယ္လႊဲစာလႊဲအပ္ျခင္းခံရသူက ေရာင္းခ်ခြင့္ရွိသည္။

မွတ္ခ်က္။ ေျမအမည္ေပါက္ မေသဆုံးမီႏွင့္လႊဲစာျပန္လည္မ႐ုတ္သိမ္းမီ ကာလအတြင္း။

ေျမအမည္ေပါက္၏ အေမြဆက္ခံ ပိုင္ဆိုင္ခြင့္ရွိသူထံမွ အေထြေထြကိုယ္စားလွယ္လႊဲစာ (သို႔) အထူးကိုယ္စားလွယ္ လႊဲစာ လႊဲအပ္ျခင္းခံရသူက ေရာင္းခ်ခြင့္ရွိသည္။

ေျမအမည္ေပါက္ထံမွ မွတ္ပုံတင္ အေပးစာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။ ေျမအမည္ေပါက္ ပူးတြဲပိုင္ဆိုင္ၿပီးမွတ္ပုံတင္စြန္႔လႊတ္စာခ်ဳပ္ျဖင့္ လက္ခံပိုင္ဆိုင္သူက ေရာင္းခ်ခြင့္ရွိသည္။

ေျမဧရိယာတစ္ခုလုံးကိုေသာ္လည္းေကာင္း၊ ထက္၀က္ကိုေသာ္လည္ေကာင္း၊တစ္စိတ္တစ္ပိုင္းကိုေသာ္လည္းေကာင္း ေရာင္းခ်ခြင့္ရွိသည္။

မွတ္ခ်က္ – ေရာင္းခ်သည့္ အစိတ္အပိုင္းအတြက္ ဂရန္ခြဲေလွ်ာက္ထား ႏိုင္ေသာ္လည္း မ်က္ႏွာစာအနည္းဆုံးေပ (၂၀) ရွိရန္ႏွင့္ စတုရန္းေပ ၁၂၀၀ ရွိရန္ လိုသည္။ )

မိမိ၀ယ္ယူလိုသည့္ ေျမဧရိယာအစိတ္အပိုင္းအား ၀ယ္ခြန္ေဆာင္ၿပီး မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆို
၀ယ္ယူႏိုင္သည္။

ပါမစ္ေျမ

စည္ပင္ဝေျပာမႈ မရွိေသးသည့္ ေနရာမ်ားတြင္ စည္းကမ္းခ်က္ျဖင့္ သုံးစြဲခြင့္ျပဳထားသည့္အိမ္ယာ ေဆာက္လုပ္ေနထိုင္ခြင့္ ခ်ေပးထားေသာ ေျမမ်ိဳးျဖစ္သည္။

ပါမစ္အမည္ေပါက္သူက ေရာင္းခ်ခြင့္ရွိသည္။ ပါမစ္အမည္ေပါက္သူထံမွ စာခ်ဳပ္အဆက္ဆက္ျဖင့္ ၀ယ္ယူထားသူက ေရာင္းခ်ခြင့္ရွိသည္။

ပါမစ္ေျမကို စာခ်ဳပ္အဆက္ဆက္ျဖင့္ ၀ယ္ယူထားသူက ေျမငွားဂရန္ ေလွ်ာက္ထားႏိုင္သည္။ ေျမငွားဂရန္တြင္ ေလွ်ာက္ထားသူ အမည္ျဖင့္သာ ရရွိပါသည္။

လိုင္စင္ေျမ

ၿမိဳ႕ႏွင့္႐ြာမ်ားအက္ဥပေဒအရ သတ္မွတ္သည့္ ေျမမ်ိဳးျဖစ္ၿပီး စည္းကမ္းခ်က္ျဖင့္ ယာယီသုံးစြဲခြင့္ေပးေသာ ေျမမ်ိဳး ျဖစ္သည္။ ဥယ်ာဥ္ၿခံေျမ၊စိုက္ပ်ိဳးေျမ၊ လယ္ယာေျမမ်ားသည္ လိုင္စင္ေျမမ်ား ျဖစ္သည္။

လယ္ယာေျမတြင္အသုံးမ၀င္ေၾကာင္း ၀န္ခံခ်က္လက္မွတ္ ရရွိၿပီး လန(၃၉) ထြက္ရွိေျမႏွင့္
အိမ္ယာေျမသတ္မွတ္သည့္ ၃(ခ)ထြက္ရွိ ေျမမ်ားကို ေျမငွားဂရန္ ေလွ်ာက္ထားလွ်င္ ေျမငွား စာခ်ဳပ္ ထုတ္ေပးပါသည္။

မူရင္းေရးသားသူကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

မြေအမျိုးအစား တစ်ခုချင်းစီရဲ့ အသုံးဝင်ပုံများ

မြန်မာနိုင်ငံတွင် ဥပဒေအရ သတ်မှတ်ထားသော မြေ (၉) မျိုးရှိပြီး ၎င်းမြေအမျိုးအစားတစ်ခုချင်းစီ၏ အသုံးဝင်ပုံများကို ဖော်ပြလိုက်ပါသည်။

မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ၊ ဂရန်ရှိမြေပိုင်မြေ

ဘိုးဘွားမိဘလက်ထက်ကပင် ဓားမဦးချ ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိသော မြေမျိုး
ဖြစ်သည်။ မြေအမည်ပေါက် ကိုယ်တိုင်ရောင်းချခွင့် ရှိသည်။ မြေအမည်ပေါက်ထံမှ အမွေဆက်ခံပိုင်သူကရောင်းချခွင့် ရှိသည်။

မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်း ခံရသူက ရောင်းချခွင့်ရှိသည်။ မြေအမည်ပေါက်ထံမှ အမွေဆက်ခံ ပိုင်ဆိုင်သူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာ လွှဲအပ်ခြင်း ခံရသူက ရောင်းချခွင့်ရှိသည်။

မှတ်ချက် – မြေအမည်ပေါက်ထံမှ အမွေဆက်ခံသူမသေဆုံးမီနှင့် လွှဲစာ ပြန်လည်မရုပ်သိမ်းမီကာလအတွင်း။

မြေအမည်ပေါက်ထံမှ မှတ်ပုံတင်အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။ မြေအမည်ပေါက်ပူးတွဲပိုင်ဆိုင်ပြီး မှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

မြေဧရိယာတစ်ခုလုံး၏ ထက်ဝက်သော်လည်းကောင်း၊ တစ်စိတ်တစ်ပိုင်းသော်လည်းကောင်း၊ မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း ရောင်းချခွင့် ရှိသည်။ မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင် စာချုပ်ချုပ်ဆို ဝယ်ယူနိုင်သည်။

မြေငှားဂရန်မြေ

မြေများကို စည်းကမ်းချက်သတ်မှတ်၍ နှစ် (၆၀) ၊ အနှစ် (၉၀) ၊ (၂၅) နှစ် အစရှိသော နှစ်ကာလအပိုင်း အခြားဖြင့် အငှားချထားသည့် မြေမျိုး ဖြစ်သည်။

မြေအမည်ပေါက်က (၃)လ တစ်ကြိမ် မြေခွန်ဆောင်ရသည်။ အဆောက်အဦးရှိပါက (၃)လတစ်ကြိမ်အဆောက်အဦးခွန် ဆောင်ရသည်။ မြေအမည်ပေါက်သူက ရောင်းချခွင့် ရှိသည်။ မြေအမည်ပေါက်သူထံမှ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရှိသူက ရောင်းချခွင့်ရှိသည်။

မြေအမည်ပေါက်ထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ်လွှဲစာလွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။

မှတ်ချက်။ မြေအမည်ပေါက် မသေဆုံးမီနှင့်လွှဲစာပြန်လည်မရုတ်သိမ်းမီ ကာလအတွင်း။

မြေအမည်ပေါက်၏ အမွေဆက်ခံ ပိုင်ဆိုင်ခွင့်ရှိသူထံမှ အထွေထွေကိုယ်စားလှယ်လွှဲစာ (သို့) အထူးကိုယ်စားလှယ် လွှဲစာ လွှဲအပ်ခြင်းခံရသူက ရောင်းချခွင့်ရှိသည်။

မြေအမည်ပေါက်ထံမှ မှတ်ပုံတင် အပေးစာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။ မြေအမည်ပေါက် ပူးတွဲပိုင်ဆိုင်ပြီးမှတ်ပုံတင်စွန့်လွှတ်စာချုပ်ဖြင့် လက်ခံပိုင်ဆိုင်သူက ရောင်းချခွင့်ရှိသည်။

မြေဧရိယာတစ်ခုလုံးကိုသော်လည်းကောင်း၊ ထက်ဝက်ကိုသော်လည်ကောင်း၊တစ်စိတ်တစ်ပိုင်းကိုသော်လည်းကောင်း ရောင်းချခွင့်ရှိသည်။

မှတ်ချက် – ရောင်းချသည့် အစိတ်အပိုင်းအတွက် ဂရန်ခွဲလျှောက်ထား နိုင်သော်လည်း မျက်နှာစာအနည်းဆုံးပေ (၂၀) ရှိရန်နှင့် စတုရန်းပေ ၁၂၀၀ ရှိရန် လိုသည်။ )

မိမိဝယ်ယူလိုသည့် မြေဧရိယာအစိတ်အပိုင်းအား ဝယ်ခွန်ဆောင်ပြီး မှတ်ပုံတင်စာချုပ်ချုပ်ဆို
ဝယ်ယူနိုင်သည်။

ပါမစ်မြေ

စည်ပင်ဝပြောမှု မရှိသေးသည့် နေရာများတွင် စည်းကမ်းချက်ဖြင့် သုံးစွဲခွင့်ပြုထားသည့်အိမ်ယာ ဆောက်လုပ်နေထိုင်ခွင့် ချပေးထားသော မြေမျိုးဖြစ်သည်။

ပါမစ်အမည်ပေါက်သူက ရောင်းချခွင့်ရှိသည်။ ပါမစ်အမည်ပေါက်သူထံမှ စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက ရောင်းချခွင့်ရှိသည်။

ပါမစ်မြေကို စာချုပ်အဆက်ဆက်ဖြင့် ဝယ်ယူထားသူက မြေငှားဂရန် လျှောက်ထားနိုင်သည်။ မြေငှားဂရန်တွင် လျှောက်ထားသူ အမည်ဖြင့်သာ ရရှိပါသည်။

လိုင်စင်မြေ

မြို့နှင့်ရွာများအက်ဥပဒေအရ သတ်မှတ်သည့် မြေမျိုးဖြစ်ပြီး စည်းကမ်းချက်ဖြင့် ယာယီသုံးစွဲခွင့်ပေးသော မြေမျိုး ဖြစ်သည်။ ဥယျာဉ်ခြံမြေ၊စိုက်ပျိုးမြေ၊ လယ်ယာမြေများသည် လိုင်စင်မြေများ ဖြစ်သည်။

လယ်ယာမြေတွင်အသုံးမဝင်ကြောင်း ဝန်ခံချက်လက်မှတ် ရရှိပြီး လန(၃၉) ထွက်ရှိမြေနှင့်
အိမ်ယာမြေသတ်မှတ်သည့် ၃(ခ)ထွက်ရှိ မြေများကို မြေငှားဂရန် လျှောက်ထားလျှင် မြေငှား စာချုပ် ထုတ်ပေးပါသည်။

မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*