ဂရန္အတုႏွင့္ ဂရန္အစစ္ အား ေအာက္ပါအခ်က္မ်ားျဖင့္ ခြဲျခားႏိုင္ပါသည္။

ဂရန္အတုႏွင့္ ဂရန္အစစ္ အား ေအာက္ပါအခ်က္မ်ားျဖင့္ ခြဲျခားႏိုင္ပါသည္။
ဂရန္အတုႏွင့္ ဂရန္အစစ္ အား ေအာက္ပါအခ်က္မ်ားျဖင့္ ခြဲျခားႏိုင္ပါသည္။

ဂရန္အတုႏွင့္ ဂရန္အစစ္ အား ေအာက္ပါအခ်က္မ်ားျဖင့္ ခြဲျခားႏိုင္ပါသည္

ဂရန္ မ်က္ႏွာဖုံးက သားေရအစိမ္းရင့္ပါ တြန႔္ေၾကျခင္း မရွိပါ။ ဌာနတံဆိပ္မွာ ေ႐ႊေရာင္ လက္ႏွင့္ ပြတ္ၾကည့္လ်င္ ၾကမ္းၿပီး ေဖာင္းႂကြ ျဖစ္ပါတယ္။

အိုးအိမ္ ဂရန္ မွာ အျပာေရာင္ပါ ( အတုမွာ နက္ျပာေရာင္ သို႔မဟုတ္ အစိမ္းပုတ္ေရာင္ ျဖစ္ၿပီး ဌာနတံဆိပ္ မွာ ၾကမ္း မေနပါ ။)

ဌာနတံဆိပ္ ေရစာမွာ အျပာႏုပါ ထင္ရွားၿပီး မႈံဝါးမေန ၊ အေရာင္မွာ အရမ္း ေတာက္ပ မေနပါ။ စာအုပ္ ခ်ဳပ္ထားတဲ့ ခ်ဳပ္႐ိုးမွာ သပ္သပ္ရပ္ရပ္ ျဖစ္ေနၿပီး အပ္ေပါက္ရာႏွင့္

ခ်ဳပ္ထားေသာ ခ်ဳပ္႐ိုးစမ်ား အျပင္သို႔ ထြက္မေနပါ။ (အတု မွာ ခ်ဳပ္ထားေသာ ႀကိဳးစမ်ား ထြက္ေနၿပီး ၾကိဳးထက္ အပ္ေပါက္ရာက ႀကီးေန တက္ပါတယ္။)

စာ႐ြက္ရဲ႕ အသား ဟာ ထူၿပီး ေခ်ာေန ပါတယ္။ စာ႐ြက္ ကို ေထာင္ၾကည့္လွ်င္ ေရစာသည္ အေရာင္ေဖ်ာ့ၿပီး ျပတ္သားစြာ ျမင္ရ ပါတယ္။

(အတု သည္ ေရစာအား colourprinter ျဖင့္ ထုတ္ထား သျဖင့္ အရမ္း ထင္းလြန္းၿပီး စာ႐ြက္သားမွာ မထူပါ။ စာလုံးမ်ားအား ပြတ္ၾကည့္လွ်င္ အေရာင္ ပ်က္သြားပါသည္။)

ေျမပုံဆြဲသည့္ အခါ အဝိုင္းမ်ားႏွင့္ ေျမကြက္ ေဘာင္ခတ္ျခင္း အား မွင္နီျဖင့္ ဆြဲၿပီး လက္ရာမွာ ေသသပ္ၿပီး အစြန္းမ်ား ထြက္မေနပါ။

လိုင္းမ်ား ညီညာလြန္း ပါတယ္။ စာသားအား အနက္ျဖင့္ သာေရးေလ့ ရွိပါတယ္။ (အတုမွာ ေဘာင္လိုင္းမ်ာ းအစြန္းထြက္ၿပီး စာသားအား မွင္ျပာျဖင့္ ေရးေလ့ ရွိပါ တယ္။)

ေဟာ္လိုဂရမ္မွာ အစစ္ေရာ အတုမွာပါ ပါေလ့ ရွိ ပါတယ္။

မူရင္းေရးသားသူအား Credit ေပးပါသည္။

Unicode

ဂရန်အတုနှင့် ဂရန်အစစ် အား အောက်ပါအချက်များဖြင့် ခွဲခြားနိုင်ပါသည်

ဂရန် မျက်နှာဖုံးက သားရေအစိမ်းရင့်ပါ တွန့်ကြေခြင်း မရှိပါ။ ဌာနတံဆိပ်မှာ ရွှေရောင် လက်နှင့် ပွတ်ကြည့်လျင် ကြမ်းပြီး ဖောင်းကြွ ဖြစ်ပါတယ်။

အိုးအိမ် ဂရန် မှာ အပြာရောင်ပါ ( အတုမှာ နက်ပြာရောင် သို့မဟုတ် အစိမ်းပုတ်ရောင် ဖြစ်ပြီး ဌာနတံဆိပ် မှာ ကြမ်း မနေပါ ။)

ဌာနတံဆိပ် ရေစာမှာ အပြာနုပါ ထင်ရှားပြီး မှုံဝါးမနေ ၊ အရောင်မှာ အရမ်း တောက်ပ မနေပါ။ စာအုပ် ချုပ်ထားတဲ့ ချုပ်ရိုးမှာ သပ်သပ်ရပ်ရပ် ဖြစ်နေပြီး အပ်ပေါက်ရာနှင့်

ချုပ်ထားသော ချုပ်ရိုးစများ အပြင်သို့ ထွက်မနေပါ။ (အတု မှာ ချုပ်ထားသော ကြိုးစများ ထွက်နေပြီး ကြိုးထက် အပ်ပေါက်ရာက ကြီးနေ တက်ပါတယ်။)

စာရွက်ရဲ့ အသား ဟာ ထူပြီး ချောနေ ပါတယ်။ စာရွက် ကို ထောင်ကြည့်လျှင် ရေစာသည် အရောင်ဖျော့ပြီး ပြတ်သားစွာ မြင်ရ ပါတယ်။

(အတု သည် ရေစာအား colourprinter ဖြင့် ထုတ်ထား သဖြင့် အရမ်း ထင်းလွန်းပြီး စာရွက်သားမှာ မထူပါ။ စာလုံးများအား ပွတ်ကြည့်လျှင် အရောင် ပျက်သွားပါသည်။)

မြေပုံဆွဲသည့် အခါ အဝိုင်းများနှင့် မြေကွက် ဘောင်ခတ်ခြင်း အား မှင်နီဖြင့် ဆွဲပြီး လက်ရာမှာ သေသပ်ပြီး အစွန်းများ ထွက်မနေပါ။

လိုင်းများ ညီညာလွန်း ပါတယ်။ စာသားအား အနက်ဖြင့် သာရေးလေ့ ရှိပါတယ်။ (အတုမှာ ဘောင်လိုင်းမျာ းအစွန်းထွက်ပြီး စာသားအား မှင်ပြာဖြင့် ရေးလေ့ ရှိပါ တယ်။)

ဟော်လိုဂရမ်မှာ အစစ်ရော အတုမှာပါ ပါလေ့ ရှိ ပါတယ်။

မူရင်းရေးသားသူအား Credit ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*