Unicode
အလုပ်လုပ်ဖို့ ပျင်းရိနေတဲ့ သူတွေအတွက် ဂျပန်လူမျိုးတွေကျင့်သုံးတဲ့ နည်းလမ်းကောင်းလေး
အလုပ်ကို အချိန်ဆွဲပြီး ပျင်းရိနေတတ်တဲ့ အကျင့်ကို ပျောက်စေဖို့ ဂျပန်လူမျိုးတွေ ကျင့်သုံးတဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ်။
လူတချို့က အလုပ်လုပ်တဲ့အခါ အစပိုင်းမှာ အရမ်းတက်ကြွပေမယ့် နောက်ပိုင်းမှာ မတက်ကြွတော့ပါဘူး။ ပြီးတော့ နောက်မှလုပ်မယ်၊ နောက်မှလုပ်လည်း ဖြစ်တာပဲ ဆိုပြီး လုပ်စရာ ရှိတာတွေကို အချိန်တွေရွှေ့နေကြပါတယ်။
လုပ်စရာရှိတာကို အချိန်ဆွဲတဲ့ အလုပ်က ကြာလာရင် အပျင်းကြီး သွားတတ်ပါတယ်။ ဒါပေမယ့် အပျင်းကြီးတတ်တဲ့ အကျင့်ကို ဖျောက်နိုင်မယ့် အလွယ်ကူဆုံး နည်းလမ်း ရှိပါတယ်။
ဂျပန်လူမျိုးတွေ ကျင့်သုံးတဲ့ Kaizen လို့ခေါ်တဲ့ နည်းလမ်းက အပျင်းဖျောက်တဲ့ နည်းလမ်းပါ။ Kai ဆိုတာက ဂျပန်ဘာသာစကားမှာ ပြောင်းလဲခြင်းလို့ အဓိပ်ပါယျရပွီး Zen ဆိုတာက အသိညဏ်ပညာပါ။
ဒီနည်းလမ်းကို Masaaki Imai ဆိုတဲ့ လူက တီထွင်ခဲ့ပြီးတော့ သူဟာ ဒီအတွေးအခေါ်ကနေ တိုးတက်တဲ့ ဘဝကို တက်လှမ်းနိုင်မယ်လို့ ယုံကြည်သူ ဖြစ်ပါတယ်။
Kaizen နည်းလမ်းက ကိုယ်တိုင် တိုးတက်ဖို့ တစ်မိနစ်စည်းကမ်း ဖြစ်ပါတယ်။ Kaizen နည်းလမ်းရဲ့ သော့ချက်ကတော့ လုပ်စရာရှိတဲ့ အလုပ်ကို လုပ်မယ်လို့ တွေးလိုက်တာနဲ့ တစ်မိနစ်အတွင်း ချက်ချင်း ထလုပ်လိုက်တာပါ။
ဒီနည်းလမ်းက အချိန်ဆွဲလို့ မရပါဘူး။ အရမ်းပျင်းတဲ့ သူတောင် လုပ်နိုင်တဲ့နည်းလမ်း ဖြစ်ပါတယ်။ Kaizen နည်းလမ်းမှာ အလုပ်လုပ်ဖို့ ဆင်ခြေတွေ၊ အကြောင်းပြချက်တွေလည်း ပေးလို့ မရပါဘူး။
လုပ်စရာ ရှိတာကို စက္ကန့် ၆၀ အတွင်း ချက်ချင်း ထလုပ်ရတာပါ။ အလုပ်က မလုပ်ဖြစ်သေးတဲ့ အချိန်မှာသာ မလုပ်ချင် မကိုင်ချင် ဖြစ်တာပါ။
အလုပ်ကို မဆိုင်းမတွ လုပ်လိုက်ရင်တော့ စိတ်ပါလက်ပါ ဆက်လုပ်ဖြစ်သွားပါတယ်။ ဒီနည်းလမ်းရဲ့ အားသာချက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု တိုးလာစေတာပါ။ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် အားကိုးချင်စိတ်လည်း ဖြစ်လာ စေပါတယ်။
Kaizen နည်းလမ်းကို စပြီးလုပ်ချိန်မှာ အကျိုးရှိပါ့မလား၊ ထိရောက်ပါ့မလားလို့ သံသယဝင်လာနိုင်ပါတယ်။ ဒါပေမယ့် ရေစက် သေးသေးလေးတွေ စုရာကနေ ရေအိုးကြီးထဲ ရေတွေများလာသလို ကောင်းတဲ့ အလေ့အကျင့်ကို ပျိုးထောင်တဲ့အခါ ကောင်းတဲ့ လမ်းကြောင်းကို ရောက်သွားစေပါတယ်။Credit Zombie (Lovemedia)
Be the first to comment
Leave a Reply
Your email address will not be published.
*