



















Unicode

ငွေမက်တယ်ဆိုပြီး အပြစ်ပြောတတ်တဲ့လူတွေကို သိစေချင်လိုက်တာ

ပြည့်ပြည့်စုံစုံနဲ့ မွေးဖွားလာကြလို့ ကိုယ်ချင်းမစာတတ်တာ များလား… ကိုယ်တိုင်းက အဖြစ်မရှိလို့ အပြစ်ဖွဲ့ချင်တာလားတော့ မသိဘူး…

ငွေမက်တယ် လို့အပြစ်ပြောရအောင် ကိုယ့်ကိုကိုယ် ပြန်မေးကြည့်ပါဦး… “ငွေ မရှိရင် ဖြစ်လို့လား…
ငွေမပါဘဲ ပြီးတဲ့နေရာရှိလို့လား “.

ပိုက်ဆံ မရှိလို့ မျက်နှာငယ်ရတဲ့ ဘဝတွေ မြင်ဖူးလား… တန်တူ မဝတ်စားနိုင်လို့ လူတွေကြား သိမ်ငယ်ရတဲ့ဘဝတွေ မြင်ဖူးလား….

ပိုက်ဆံ ထုတ်မရှင်းနိုင်မှာစိုးလို့ သူငယ်ချင်းတွေနဲ့ ဆိုင် မထိုင်ဖြစ်တဲ့ ဘဝတွေ မြင်ဖူးလား…. သူများနဲ့တန်းတူ မထားပေးနိုင်လို့ မသိတတ်တဲ့ သားသမီး က အမြင်မကြည်ဘူး ဆိုတဲ့ မိဘတွေရဲ့နေရာ ဝင်ကြည့်ဖူးလား..

ပိုက်ဆံမရှိလို့ ဆေးမကုနိုင်လို့ .. လွယ်လွယ်လေး အရှုံးခံ လိုက်ရတဲ့ အသက်တွေ ကြုံဖူးလို့လားငွေမရှိလို့ အဖက်မလုပ်ချင်ကြတဲ့ အသိုင်းဝိုင်းတွေမှာရော ကျင်လည်ဖူးလို့လား.

ပိုက်ဆံ မရှိရင် မရှိခိုးနိုး ကြည့်တတ်တဲ့ လူတွေရဲ့ မျက်လုံးတွေကို ရင်ဆိုင်ဖူးလို့လား… ပိုက်ဆံမရှိ လို့ …ဖွင့်မပြောရက်ဘဲ ခပ်ဝေးဝေးကခိုးချစ်ရတဲ့ သူမျိုး ဖြစ်ဖူးလို့လား

ဘယ်သူရှိမလဲ… ပိုက်ဆံရှိချင်တာပေါ့… ကိုယ့် သားသမီးကို သူများတန်းတူထားချင်တာပေါ့… သူငယ်ချင်းတွေကြား ဦးစားပေးခံ ရချင်တာပေါ့…

ချစ်ရင်ချစ်တယ် သတ္တိရှိရှိပြောချင်တာပေါ့… အသစ်အသစ်တွေ ထပ်နေတဲ့ခေတ်ကြီးမှာ… သင့်ရုံတော်ရုံထိတော့ ရူးသွပ်ကြည့်ချင်တာပေါ့…

ငွေမရှိရင် အထင်သေးတဲ့ လူ့အသိုင်းဝိုင်းကြား ပြန်ကူညီပေးနိုင်တဲ့သူ ဖြစ်ချင်တာပေါ့.. ငွေမရှိလို့ အထင်သေးခံရတဲ့ ကိုယ့်မိသားစုကို …ကယ်တင်ချင်တာပေါ့..

ငွေမက်တယ် ဆိုတဲ့ စကားကို အလွယ်လေး လိုက်မပြောပါနဲ့… ခံစားဖူး နာကျင်ဖူးမှ ပုတ်ခတ်ကြလေ.. ကျနော် ကတော့ရှင်းတယ်..ငွေမက်တယ် ဆိုလဲ မက်တယ်…

အိပ်မက်တွေကဈေးကြီးတာမို့ ကျနော် ငွေမက်တယ်…အမေတို့ လိုချင်သမျှ လိုလေသေးမရှိ ဝယ်ပေးချင်တာမို့ ကျနော် ငွေမက်တယ်။

ကိုယ့်ထက်နိမ့်ပါးတဲ့လူတွေ ပြန်ကူညီရမယ် ဆိုတဲ့ အသိရှိလို့ ကျနော် ငွေမက်တယ်… ပိုက်ဆံ မရှိလို့ လူအထင်သေးခံ ရတဲ့ သူမျိုး ဖြစ်ခဲ့ဖူးတာမို့ ကျနော် ငွေမက်တယ်။

ငွေ မရှိရင် မဖြစ်တဲ့ ဘဝတွေမို့ ကျနော် ငွေမက်တယ်… သိပ်မက်တယ်။ငွေက အရာရာတိုင်းမဟုတ်ဘူးလို့ ပြောကြတယ် အရာရာတိုင်းမှာတော့ ငွေလိုတယ်မို့လား…

ငွေ နဲ့ဝယ်လို့မရတဲ့ အရာတွေ ရှိတယ်တဲ့… ဟုတ်ပါတယ်… ဒါပေမဲ့ အ့အရာတွေ ကရော ငွေ မရှိရင် ပြည့်စုံလို့လား…

မပြုံချင်းလဲပြုံး မလုပ်ချင်လဲလုပ် ငွေကြိုးဆွဲသမျှ ကနေတဲ့ လူတွေကြား ငွေမက်တယ်ဆိုပြီး အပြစ်ပြောတတ်တဲ့ ခင်ဗျားတို့ရော… ငွေမရှိဘဲ နေနိုင်လို့လား။

ချစ်တဲ့သူတွေနားနေနိုင်ဖို့…ကျနော် မဲ့ပြတာလေးက အစ…ချစ်ဖို့ကောင်းနေဖို့…စောက်ကျင့်မကောင်းလဲ လူရာဝင်ဖို့ …ဟုတ်ကဲ့ … ကျနော် ငွေသိပ်မက်ပါတယ်

Creditမူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*