ကားေတြမွာ အဲကြန္း မေအးရျခင္း အေၾကာင္း(၈)ခ်က္

ကားေတြမွာ အဲကြန္း မေအးရျခင္း အေၾကာင္း(၈)ခ်က္
ကားေတြမွာ အဲကြန္း မေအးရျခင္း အေၾကာင္း(၈)ခ်က္

ကားေတြမွာ အဲကြန္း မေအးရျခင္း အေၾကာင္း (၈) ခ်က္

ေမာ္ေတာ္ကားအဲကြန္းစနစ္ဆိုတာ ကားအတြင္းခန္း အပူအေအးကို ခ်ိန္ညႇိကာ သန႔္စင္ေသာေလကိုဖန္တီးၿပီး ကားေမာင္းႏွင္သူႏွင့္ လိုက္ပါစီးနင္းသူမ်ားအတြက္ သက္ေတာင့္သက္သာ ျဖစ္ေစပါတယ္။

အေအးပိုင္းေဒသမ်ားမွာ ဟီတာ (Heater) စနစ္ကို အသုံးျပဳၿပီး ကြၽန္ေတာ္တို႔လို အပူပိုင္းေဒသမ်ားမွာေတာ့ ကူလာ (Cooler) စနစ္ကို အသုံးျပဳၾကပါတယ္။ အဲကြန္း မေအးရျခင္း အေၾကာင္းအရာမ်ားစြာထဲက အျဖစ္အမ်ားဆုံး ျပစ္ခ်က္ (၈) ခ်က္ကို ဗဟုသုတအျဖစ္ မွ်ေဝေပးခ်င္ပါတယ္။

(၁) အဲကြန္းဂဏ္(စ္) ကုန္ျခင္း (သို႔) နည္းျခင္း…. ကားအဲကြန္းစနစ္မွာအသုံးျပဳတဲ့ အဲကြန္းဂဏ္(စ္)မွာ R134a (သို႔) HFC134a ႏွင့္ HFO1234yf (ေမာ္ဒယ္ျမင့္ ကားမ်ားမွာသုံး) တို႔ကို အသုံးျပဳၾကပါတယ္။ အဲကြန္းပိုက္လိုင္းရဲ႕ အဆက္ေတြမွ ာအသုံးျပဳတဲ့ ရာဘာဆီးလ္ (Seal) ေတြမလုံေတာ့တဲ့အခါ အဲကြန္းဂဏ္(စ္) ယိုစိမ့္မႈျဖစ္ၿပီး ဂဏ္(စ္) ကုန္တဲ့ ျပႆာနာကို ႀကဳံေတြရမွာျဖစ္ပါတယ္။

ဒီျပစ္ခ်က္ကေတာ့ အမ်ားဆုံးျဖစ္တဲ့ျပစ္ခ်က္တခု ျဖစ္ပါတယ္။ ဒါဆိုရင္ေတာ့ ပိုက္လိုင္းတေလ်ာက္မွာရွိတဲ့ ရာဘာဆီးလ္ေတြကို အသစ္လဲေပးသင့္သလို ပိုက္လိုင္းယိုစိမ့္မႈကိုလည္း ေသခ်ာစစ္ေဆးသင့္ပါတယ္။

(၂) အဲကြန္းဂဏ္ (စ္) မ်ားျခင္း…. ဒီျပစ္ခ်က္ကေတာ့ အျဖစ္နည္းတဲ့ျပစ္ခ်က္တခု ျဖစ္ပါတယ္။ ကားတစ္စီးအတြက္ သတ္မွတ္ထားတဲ့ အဲကြန္းဂဏ္(စ္) ပမာဏရွိသလို အဲ့ဒီပမာဏအတိုင္း ထည့္ေပးရပါတယ္။

ကားအဲကြန္းဂဏ္(စ္)ထည့္ရင္း အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ဂဏ္ (စ္) ပမာဏ ပိုထည့္မိတဲ့အခါ အဲကြန္းမေအးတဲ့ျပစ္ခ်က္ကို ႀကဳံေတြ႕ရပါတယ္။ အဲကြန္းဂဏ္(စ္) ပမာဏကို တိတိက်က်ထည့္ေပးဖို႔ လိုအပ္ပါတယ္။

(၃) အဲကြန္းပိုက္လိုင္းပိတ္ျခင္း… အဲကြန္းစနစ္ကို အခ်ိန္ကာလၾကာျမင့္စြာ ျပဳျပင္ထိန္းသိမ္းမႈ မရွိျခင္း၊ အဲကြန္းဂဏ္(စ္) မသန႔္ျခင္း၊ အဲကြန္းကြန္ပရက္ဆာ က်ျခင္း (ပ်က္စီးျခင္း)၊ အဲကြန္းရာဘာပိုက္မ်ား သက္တမ္းကုန္ျခင္း မ်ားေၾကာင့္ ထြက္လာတဲ့

အမႈန္မ်ားက ပိုက္လိုင္းအတြင္းကပ္ျခင္း၊ လိုင္းမ်ားပိတ္ျခင္းကို ျဖစ္ေစကာ အဲကြန္းဂဏ္(စ္) စီးဆင္းမႈကို အဟန႔္အတား အျဖစ္ေစပါတယ္။ အဲ့လိုျပစ္ခ်က္ျဖစ္တဲ့အခါ အဲကြန္းမေအးျခင္း၊ အေအးေပ့ါျခင္းကို ျဖစ္ေစႏိူင္ပါတယ္။

(၄) ပိုက္လိုင္းထဲ ေလဝင္ျခင္း… အဲကြန္းစနစ္ ဂဏ္(စ္)စီးဆင္းတဲ့လိုင္းအတြင္း ေလ (သို႔) ေရေငြ႕ပါဝင္မႈ လုံးဝမျဖစ္ရပါဘူး။ ေလ (သို႔) ေရေငြ႕ပါဝင္မႈအနည္းငယ္က အဲကြန္းဂဏ္(စ္) ဖိအားေျပာင္းလဲမႈကို မ်ားစြာျဖစ္ေစသလို အိပ္စပန္းရွင္းဗား (Expansion Valve) ပိတ္ျခင္းကိုလည္း ျဖစ္ေစႏိူင္ပါတယ္။

ဒါေၾကာင့္ အဲကြန္းဂဏ္(စ္)မထည့္ခင္ ပိုက္လိုင္းအတြင္းမွ ေလမ်ားကို ကုန္စင္ေအာင္စုပ္ယူေပးရမွာျဖစ္ၿပီး ေလမဝင္ေအာင္လည္း ဂ႐ုစိုက္ေပးရမွာ ျဖစ္ပါတယ္။

(၅) အဲကြန္း ကြန္ပရက္ဆာ မေကာင္းျခင္း… ကားအဲကြန္း ကြန္ပရက္ဆာဆိုတာ အဲကြန္းပိုက္လိုင္းထဲက ဂဏ္(စ္) ေတြကို ဖိက်စ္ၿပီး ဖိအားျမႇင့္တင္ေပးတဲ့ အလုပ္ကို လုပ္ေဆာင္ေပးပါတယ္။ အဲကြန္း ကြန္ပရက္ဆာမွာ ျပစ္ခ်က္ရွိေနၿပီဆိုရင္လည္း အဲကြန္းစနစ္ အလုပ္မလုပ္တာေၾကာင့္ အဲကြန္းမေအးႏိူင္ပါဘူး။

တခါတေလ အဲကြန္းဂဏ္(စ္) မသန႔္တာေၾကာင့္ ကြန္ပရက္ဆာ လွ်င္လွ်င္ျမန္ျမန္ ပ်က္စီးတာကိုလည္း ႀကဳံေတြ႕ၾကရပါတယ္။ ဒါေၾကာင့္ ကြန္ပရက္ဆာကိုလည္း စစ္ေဆးသင့္ပါတယ္။

(၆) ကြန္ပရက္ဆာကလပ္ ျပစ္ခ်က္ရွိျခင္း… အဲကြန္းကြန္ပရက္လည္ပတ္မႈကို ခ်ိတ္ဆက္ ၊ ျဖတ္ေတာက္ေပးတဲ့ မဂနက္တစ္ကလပ္မေကာင္းရင္လည္း ကြန္ပရက္ဆာ အလုပ္မလုပ္တဲ့အတြက္ အဲကြန္းေအးမွာ မဟုတ္ပါဘူး။ မဂနက္တစ္ကလပ္ရဲ႕ အကြာအေဝးမ်ားျခင္း၊ သံလိုက္အားနည္းျခင္း၊ ကလပ္မ်က္ႏွာျပင္မညီညာျခင္း၊ စလစ္ျဖစ္ျခင္းစတဲ့ ျပစ္ခ်က္မ်ားစြာျဖစ္ေစႏိူင္ပါတယ္။

(၇) အေအးေပးပန္ကာ (Cooling Fan)မေကာင္းျခင္း… အေအးေပးပန္ကာဆိုတာကားေရတိုင္ကီကို အေအးေပးသလို အပူကြိဳင္(Condenser) ရဲ႕ အပူခ်ိန္ကိုလည္း ေလ်ာ့ခ်ေပးပါတယ္။

ပန္ကာရဲ႕ ေမာ္တာမေကာင္းျခင္း၊ ျဖဴ႕ပ်က္ျခင္း၊ ရီေလးမေကာင္းျခင္း၊ ဝါယာေရွာ့(ဝါယာရိန္း) ျပစ္ခ်က္ရွိျခင္းတို႔ေၾကာင့္ အပူကြိဳင္ အပူခ်ိန္ျမင့္တက္ကာ အဲကြန္းမေအးတဲ့ ျပႆာနာ ႀကဳံႏိူင္ပါတယ္။ ဒါေၾကာင့္ အေအးေပးပန္ကာကိုလည္း စစ္ေဆးသင့္ပါတယ္။

(၈) အဲကြန္း လွ်ပ္စစ္စနစ္ႏွင့္ဆင္ဆာမ်ား ျပစ္ခ်က္ရွိျခင္း… ဒီျပစ္ခ်က္ကေတာ့ စစ္ေဆးျပဳျပင္ဖို႔ အနည္းငယ္ခက္ခဲတဲ့ ျပစ္ခ်က္ျဖစ္ပါတယ္။

အဲကြန္း လွ်ပ္ စစ္စနစ္မွာပါဝင္တဲ့ ျဖဴ႕၊ ရီေလး၊ ဝါယာရိန္း၊ အဲကြန္းခလုတ္၊ ဘလိုဝါေမာ္တာ၊ ကြန္ပရက္ဆာကလပ္၊ ဆင္ဆာမ်ား နဲ႔ ကြန္ထ႐ိုးေဘာက္ေတြထဲက တခုခုမွာ ျပစ္ခ်က္ ရွိေနၿပီဆိုရင္လည္း အဲကြန္းမေအးႏိူင္ပါဘူး။

အထက္ပါေဖာ္ျပခဲ့တာကေတာ့ ကားအဲကြန္းစနစ္မေအးတဲ့အခါ မျဖစ္မ်ားတဲ့ ျပစ္ခ်က္ေတြဘဲျဖစ္ပါတယ္။ ဒါ့အျပင္ အပူကြိဳင္ (Condenser) ေခ်းပိတ္ျခင္း၊ အေအးကြိဳင္ (Evaporator) ေခ်းပိတ္ျခင္း၊ အိပ္စပန္းရွင္းဗား (Expansion Valve) မေကာင္းျခင္း၊

ဖစ္တာ (Dryer – Filter) ေခ်းပိတ္ျခင္း၊ အဲကြန္းေလစစ္ (Cabin Air Filter) ေခ်းပိတ္ျခင္း၊ ဘလိုဝါေမာ္တာျပစ္ခ်က္ရွိျခင္း တို႔ေၾကာင့္လည္း အဲကြန္းအေအးေပ့ါျခင္း၊ မေအးျခင္းကို ျဖစ္ေစႏိူင္ပါတယ္။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။။

Unicode

ကားတွေမှာ အဲကွန်း မအေးရခြင်း အကြောင်း (၈) ချက်

မော်တော်ကားအဲကွန်းစနစ်ဆိုတာ ကားအတွင်းခန်း အပူအအေးကို ချိန်ညှိကာ သန့်စင်သောလေကိုဖန်တီးပြီး ကားမောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအတွက် သက်တောင့်သက်သာ ဖြစ်စေပါတယ်။

အအေးပိုင်းဒေသများမှာ ဟီတာ (Heater) စနစ်ကို အသုံးပြုပြီး ကျွန်တော်တို့လို အပူပိုင်းဒေသများမှာတော့ ကူလာ (Cooler) စနစ်ကို အသုံးပြုကြပါတယ်။ အဲကွန်း မအေးရခြင်း အကြောင်းအရာများစွာထဲက အဖြစ်အများဆုံး ပြစ်ချက် (၈) ချက်ကို ဗဟုသုတအဖြစ် မျှဝေပေးချင်ပါတယ်။

(၁) အဲကွန်းဂဏ်(စ်) ကုန်ခြင်း (သို့) နည်းခြင်း…. ကားအဲကွန်းစနစ်မှာအသုံးပြုတဲ့ အဲကွန်းဂဏ်(စ်)မှာ R134a (သို့) HFC134a နှင့် HFO1234yf (မော်ဒယ်မြင့် ကားများမှာသုံး) တို့ကို အသုံးပြုကြပါတယ်။ အဲကွန်းပိုက်လိုင်းရဲ့ အဆက်တွေမှ ာအသုံးပြုတဲ့ ရာဘာဆီးလ် (Seal) တွေမလုံတော့တဲ့အခါ အဲကွန်းဂဏ်(စ်) ယိုစိမ့်မှုဖြစ်ပြီး ဂဏ်(စ်) ကုန်တဲ့ ပြဿာနာကို ကြုံတွေရမှာဖြစ်ပါတယ်။

ဒီပြစ်ချက်ကတော့ အများဆုံးဖြစ်တဲ့ပြစ်ချက်တခု ဖြစ်ပါတယ်။ ဒါဆိုရင်တော့ ပိုက်လိုင်းတလျောက်မှာရှိတဲ့ ရာဘာဆီးလ်တွေကို အသစ်လဲပေးသင့်သလို ပိုက်လိုင်းယိုစိမ့်မှုကိုလည်း သေချာစစ်ဆေးသင့်ပါတယ်။

(၂) အဲကွန်းဂဏ် (စ်) များခြင်း…. ဒီပြစ်ချက်ကတော့ အဖြစ်နည်းတဲ့ပြစ်ချက်တခု ဖြစ်ပါတယ်။ ကားတစ်စီးအတွက် သတ်မှတ်ထားတဲ့ အဲကွန်းဂဏ်(စ်) ပမာဏရှိသလို အဲ့ဒီပမာဏအတိုင်း ထည့်ပေးရပါတယ်။

ကားအဲကွန်းဂဏ်(စ်)ထည့်ရင်း အကြောင်းအမျိုးမျိုးကြောင့် ဂဏ် (စ်) ပမာဏ ပိုထည့်မိတဲ့အခါ အဲကွန်းမအေးတဲ့ပြစ်ချက်ကို ကြုံတွေ့ရပါတယ်။ အဲကွန်းဂဏ်(စ်) ပမာဏကို တိတိကျကျထည့်ပေးဖို့ လိုအပ်ပါတယ်။

(၃) အဲကွန်းပိုက်လိုင်းပိတ်ခြင်း… အဲကွန်းစနစ်ကို အချိန်ကာလကြာမြင့်စွာ ပြုပြင်ထိန်းသိမ်းမှု မရှိခြင်း၊ အဲကွန်းဂဏ်(စ်) မသန့်ခြင်း၊ အဲကွန်းကွန်ပရက်ဆာ ကျခြင်း (ပျက်စီးခြင်း)၊ အဲကွန်းရာဘာပိုက်များ သက်တမ်းကုန်ခြင်း များကြောင့် ထွက်လာတဲ့

အမှုန်များက ပိုက်လိုင်းအတွင်းကပ်ခြင်း၊ လိုင်းများပိတ်ခြင်းကို ဖြစ်စေကာ အဲကွန်းဂဏ်(စ်) စီးဆင်းမှုကို အဟန့်အတား အဖြစ်စေပါတယ်။ အဲ့လိုပြစ်ချက်ဖြစ်တဲ့အခါ အဲကွန်းမအေးခြင်း၊ အအေးပေ့ါခြင်းကို ဖြစ်စေနိူင်ပါတယ်။

(၄) ပိုက်လိုင်းထဲ လေဝင်ခြင်း… အဲကွန်းစနစ် ဂဏ်(စ်)စီးဆင်းတဲ့လိုင်းအတွင်း လေ (သို့) ရေငွေ့ပါဝင်မှု လုံးဝမဖြစ်ရပါဘူး။ လေ (သို့) ရေငွေ့ပါဝင်မှုအနည်းငယ်က အဲကွန်းဂဏ်(စ်) ဖိအားပြောင်းလဲမှုကို များစွာဖြစ်စေသလို အိပ်စပန်းရှင်းဗား (Expansion Valve) ပိတ်ခြင်းကိုလည်း ဖြစ်စေနိူင်ပါတယ်။

ဒါကြောင့် အဲကွန်းဂဏ်(စ်)မထည့်ခင် ပိုက်လိုင်းအတွင်းမှ လေများကို ကုန်စင်အောင်စုပ်ယူပေးရမှာဖြစ်ပြီး လေမဝင်အောင်လည်း ဂရုစိုက်ပေးရမှာ ဖြစ်ပါတယ်။

(၅) အဲကွန်း ကွန်ပရက်ဆာ မကောင်းခြင်း… ကားအဲကွန်း ကွန်ပရက်ဆာဆိုတာ အဲကွန်းပိုက်လိုင်းထဲက ဂဏ်(စ်) တွေကို ဖိကျစ်ပြီး ဖိအားမြှင့်တင်ပေးတဲ့ အလုပ်ကို လုပ်ဆောင်ပေးပါတယ်။ အဲကွန်း ကွန်ပရက်ဆာမှာ ပြစ်ချက်ရှိနေပြီဆိုရင်လည်း အဲကွန်းစနစ် အလုပ်မလုပ်တာကြောင့် အဲကွန်းမအေးနိူင်ပါဘူး။

တခါတလေ အဲကွန်းဂဏ်(စ်) မသန့်တာကြောင့် ကွန်ပရက်ဆာ လျှင်လျှင်မြန်မြန် ပျက်စီးတာကိုလည်း ကြုံတွေ့ကြရပါတယ်။ ဒါကြောင့် ကွန်ပရက်ဆာကိုလည်း စစ်ဆေးသင့်ပါတယ်။

(၆) ကွန်ပရက်ဆာကလပ် ပြစ်ချက်ရှိခြင်း… အဲကွန်းကွန်ပရက်လည်ပတ်မှုကို ချိတ်ဆက် ၊ ဖြတ်တောက်ပေးတဲ့ မဂနက်တစ်ကလပ်မကောင်းရင်လည်း ကွန်ပရက်ဆာ အလုပ်မလုပ်တဲ့အတွက် အဲကွန်းအေးမှာ မဟုတ်ပါဘူး။ မဂနက်တစ်ကလပ်ရဲ့ အကွာအဝေးများခြင်း၊ သံလိုက်အားနည်းခြင်း၊ ကလပ်မျက်နှာပြင်မညီညာခြင်း၊ စလစ်ဖြစ်ခြင်းစတဲ့ ပြစ်ချက်များစွာဖြစ်စေနိူင်ပါတယ်။

(၇) အအေးပေးပန်ကာ (Cooling Fan)မကောင်းခြင်း… အအေးပေးပန်ကာဆိုတာကားရေတိုင်ကီကို အအေးပေးသလို အပူကွိုင်(Condenser) ရဲ့ အပူချိန်ကိုလည်း လျော့ချပေးပါတယ်။

ပန်ကာရဲ့ မော်တာမကောင်းခြင်း၊ ဖြူ့ပျက်ခြင်း၊ ရီလေးမကောင်းခြင်း၊ ဝါယာရှော့(ဝါယာရိန်း) ပြစ်ချက်ရှိခြင်းတို့ကြောင့် အပူကွိုင် အပူချိန်မြင့်တက်ကာ အဲကွန်းမအေးတဲ့ ပြဿာနာ ကြုံနိူင်ပါတယ်။ ဒါကြောင့် အအေးပေးပန်ကာကိုလည်း စစ်ဆေးသင့်ပါတယ်။

(၈) အဲကွန်း လျှပ်စစ်စနစ်နှင့်ဆင်ဆာများ ပြစ်ချက်ရှိခြင်း… ဒီပြစ်ချက်ကတော့ စစ်ဆေးပြုပြင်ဖို့ အနည်းငယ်ခက်ခဲတဲ့ ပြစ်ချက်ဖြစ်ပါတယ်။

အဲကွန်း လျှပ် စစ်စနစ်မှာပါဝင်တဲ့ ဖြူ့၊ ရီလေး၊ ဝါယာရိန်း၊ အဲကွန်းခလုတ်၊ ဘလိုဝါမော်တာ၊ ကွန်ပရက်ဆာကလပ်၊ ဆင်ဆာများ နဲ့ ကွန်ထရိုးဘောက်တွေထဲက တခုခုမှာ ပြစ်ချက် ရှိနေပြီဆိုရင်လည်း အဲကွန်းမအေးနိူင်ပါဘူး။

အထက်ပါဖော်ပြခဲ့တာကတော့ ကားအဲကွန်းစနစ်မအေးတဲ့အခါ မဖြစ်များတဲ့ ပြစ်ချက်တွေဘဲဖြစ်ပါတယ်။ ဒါ့အပြင် အပူကွိုင် (Condenser) ချေးပိတ်ခြင်း၊ အအေးကွိုင် (Evaporator) ချေးပိတ်ခြင်း၊ အိပ်စပန်းရှင်းဗား (Expansion Valve) မကောင်းခြင်း၊

ဖစ်တာ (Dryer – Filter) ချေးပိတ်ခြင်း၊ အဲကွန်းလေစစ် (Cabin Air Filter) ချေးပိတ်ခြင်း၊ ဘလိုဝါမော်တာပြစ်ချက်ရှိခြင်း တို့ကြောင့်လည်း အဲကွန်းအအေးပေ့ါခြင်း၊ မအေးခြင်းကို ဖြစ်စေနိူင်ပါတယ်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။။

Be the first to comment

Leave a Reply

Your email address will not be published.


*