အိမ္ေဆာက္ရင္ သုံးတဲ့ သံေခ်ာင္းမ်ားကို အတုအစစ္ ခြဲျခားနည္း

အိမ္ေဆာက္ရင္ သုံးတဲ့ သံေခ်ာင္းမ်ားကို အတုအစစ္ ခြဲျခားနည္း
အိမ္ေဆာက္ရင္ သုံးတဲ့ သံေခ်ာင္းမ်ားကို အတုအစစ္ ခြဲျခားနည္း

အိမ္ေဆာက္ရင္ သုံးတဲ့ သံေခ်ာင္းမ်ားကို အတုအစစ္ ခြဲျခားနည္း

ျမန္မာ့စကားပုံမွာ အတုကတေထာင္ အစစ္ကတေယာက္ ဆိုတဲ့ စကားပုံ ရွိပါတယ္။ ဟုတ္ပါတယ္ အစစ္ဟာ နာမည္ရလာၿပီဆိုလွ်င္ အတုေပါင္းမ်ားစြာ ေပၚလာတတ္ပါတယ္။

အတုႏွင့္ အစစ္မွာ ဘယ္အတုကမွ အစစ္ထက္ ေကာင္းတယ္ဆိုတာ မရွိခဲ့ပါဘူး။ ကြၽန္ေတာ္တို႔ အိမ္ေဆာက္ပစၥည္းေရာင္းဝယ္ေရး ေလာကဟာ အၿပိဳင္အဆိုင္မ်ားလွတဲ့ ေလာကတခုျဖစ္ပါတယ္။

ေဈးကြက္ဆိုတာ Red Ocean နဲ႔ Blue Ocean ဆိုၿပီး ရွိေနတာျဖစ္ၿပီး ကြၽန္ေတာ္တို႔ရဲ႕ အိမ္ေဆာက္ပစၥည္းေလာကဟာဆိုရင္ Red Ocean ျဖစ္ပါတယ္။ ဒီေနရာမယ္ Red Ocean ကို ရွင္းျပရမယ္ဆိုရင္ Red Ocean ဟာ ေဈးႏႈန္းအၿပိဳင္အဆိုင္မ်ားၿပီး အတိုက္အခိုက္မ်ားတဲ့ ေဈးကြက္ျဖစ္ပါတယ္။

ကြၽန္ေတာ္တို႔ အိမ္ေဆာက္ပစၥည္းေရာင္းဝယ္မႈ လုပ္ငန္းဟာလဲ ေဈးႏႈန္းအၿပိဳင္အဆိုင္၊ ဝန္ေဆာင္မႈအၿပိဳင္အဆိုင္ ျပင္းထန္တဲ့ ေဈးကြက္ျဖစ္ပါတယ္။

သံေခ်ာင္းေဈးကြက္မွာ ႏိုင္ငံျခားကေန တိုက္႐ိုက္ တင္သြင္းေရာင္းခ်တဲ့ Import သံေခ်ာင္းမ်ားရွိသလို၊ ဒီကစက္မႈဇုံမွာပဲ ထုတ္တဲ့ Local သံေခ်ာင္းဆိုၿပီး ႏွစ္မ်ိဳးႏွစ္စား ရွိပါတယ္။

လက္ရွိ ျဖစ္ေနတဲ့ သံေခ်ာင္းအတုအစစ္ ကိစၥကေတာ့ ႏိုင္ငံျခားကလာတဲ့ သံေခ်ာင္းတံဆိပ္မ်ားကို Local စက္႐ုံမွာပဲ စက္မႈဇုံထုတ္ သံေခ်ာင္းေတြမွာ အသားတံဆိပ္ျပန္႐ိုက္ၿပီး ေအာ္သံေခ်ာင္း (Original သံေခ်ာင္း) ဆိုၿပီး ေဈးကြက္ထဲ ေရာင္းခ်ေနၾကတာပဲ ျဖစ္ပါတယ္။

HRB-400၊ HRB-500 သံေခ်ာင္းအစစ္မ်ားထက္ အဆိုပါ အသားတံဆိပ္ျပန္႐ိုက္ထားတဲ့ သံေခ်ာင္း က ပိုၿပီးေဈးသက္သာပါတယ္။

Local ထုတ္သံေခ်ာင္းထက္ ေဈးမ်ားပါတယ္။ တကယ္တမ္းမွာေတာ့ အဆိုပါ အသားတံဆိပ္ျပန္႐ိုက္ၿပီး ေရာင္းေနတဲ့ သံေခ်ာင္းမ်ားဟာ Local ထုတ္သံေခ်ာင္းမ်ားသာ ျဖစ္ပါတယ္။

အတုကို စစ္လို႔ထင္ၿပီး ဝယ္လိုက္ရတဲ့ Customer မ်ားအတြက္ အလြန္ပဲ ထိခိုက္နစ္နာပါတယ္။ ဒီေတာ့ ေမးစရာတခုကေပၚလာပါၿပီ။

“ကြၽန္ေတာ္တို႔ ဒီသံေခ်ာင္းအတုနဲ႔ အစစ္ကို ဘယ္လိုခြဲၾကမလဲ” ဟုတ္ပါတယ္ အနာသိရင္ေဆးရွိရစၿမဲပါပဲ။ ဒီလိုအတုအစစ္ ခြဲနည္းကို ကြၽန္ေတာ္ တင္ျပေပးပါ့မယ္။

အလြယ္ကူဆုံးနည္းလမ္းကို ေျပာျပေပးပါ့မယ္။ အခုကြၽန္ေတာ္ေျပာျပမယ့္ အခ်က္(၆)ခ်က္ကို မူတည္ၿပီး အတုအစစ္ခြဲျခားႏိုင္ပါတယ္။

(၁) ေဖာင္းလုံးႀကီးျခင္း

သံေခ်ာင္းမ်ားရဲ႕ ေဘးမွာ ပါတတ္ၾကတဲ့ ေဖာင္းလုံးမ်ားကို ရင္းႏွီးၾကမယ္ ထင္ပါတယ္။ သံေခ်ာင္းအတုမ်ားရဲ႕ ေဖာင္းလုံးဟာ ေအာ္သံေခ်ာင္း (Original သံေခ်ာင္း)မ်ား ထက္ ပိုၿပီး ႀကီးတတ္ၾကပါတယ္။

(၂) စာလုံးပုံ (Font) မတူျခင္း

ေအာ္သံေခ်ာင္းမ်ားအေပၚမွာေရးထားတဲ့ စာလုံးပုံ (Font) နဲ႔ ဒီမွာျပန္ၿပီး အသားတံဆိပ္႐ိုက္ထားတဲ့ စာလုံးပုံမ်ားဟာ ကြာျခားပါတယ္။ ေအာ္သံ‌ေခ်ာင္းမ်ားရဲ႕ စာလုံးပုံက ပိုသပ္ရပ္ၿပီး သံေခ်ာင္းအတုမ်ားကေတာ့ စာလုံးပုံလက္ရာ ၾကမ္းပါတယ္။

(၃) Chemical Composition

သံေခ်ာင္းတုမ်ားရဲ႕ အေရာင္မ်ားဟာ ျဖဴစပ္စပ္ ျဖစ္ေနပါတယ္။ ဒီလိုျဖစ္ရတာကေတာ့ ပါဝင္တဲ့ Chemical Composition မမွန္လို႔ ျဖစ္ရတာပဲ ျဖစ္ပါတယ္။

ဒါ့အျပင္ သံေခ်ာင္းတုမ်ားရဲ႕ကုန္ၾကမ္းဟာ ေအာ္သံေခ်ာင္းမ်ားရဲ႕ ကုန္ၾကမ္းလို သံ႐ိုင္း ကေန လုပ္တာမ်ိဳးမဟုတ္ပဲ Scrap Metal လို႔ေခၚတဲ့ သံေဟာင္းမ်ားကေန ျပန္လည္အရည္က်ိဳၿပီး လုပ္ထားတာျဖစ္ပါတယ္။ ဒီအတြက္ေၾကာင့္ ႀကံ့ခိုင္မႈပိုင္းမွာ အရမ္းကို ကြာျခားပါလိမ့္မယ္။

(၄) ႀကံ့ခိုင္မႈအပိုင္း

သံေခ်ာင္းတုမ်ားဟာ ႀကံ့ခိုင္မႈပိုင္းမွာ အင္မတန္မွအားနည္းလွပါတယ္။ အထက္မွာေျပာခဲ့သလို Scrap Metal ကေန ျပန္လည္ျပဳလုပ္ထားတဲ့ အတြက္ေၾကာင့္ ႀကံ့ခိုင္မႈပိုင္းမွာ အားနည္းပါတယ္။ ဒါ့အျပင္ သံေခ်ာင္းတေခ်ာင္းခ်င္းစီရဲ႕ ႀကံ့ခိုင္မႈပိုင္းမွာလဲ တေခ်ာင္းနဲ႔ တေခ်ာင္းကြာျခားေနျပန္ပါတယ္။

(၅) Bundle

သံေခ်ာင္းတုမ်ားရဲ႕ Bundle (သံေခ်ာင္း အစီး) ရဲ႕ ထိပ္ႏွစ္ဖက္ဟာ ညီေနတတ္ပါတယ္။ ေအာ္သံေခ်ာင္းမ်ားကေတာ့ Bundle မညီတတ္ၾကပါဘူး။

(၆) အေရာင္အေသြး

ေအာ္သံေခ်ာင္းမ်ားရဲ႕အေရာင္ကေတာ့ သံေရာင္ေပါက္တတ္သလို ညိဳျပာျပာ ျဖစ္တတ္ပါတယ္။ Import အျဖစ္ တင္သြင္းရတာျဖစ္ၿပီး သေဘၤာေတြရဲ႕ Bulk Shipment ေတြနဲ ႔လာရတာျဖစ္တဲ့အတြက္

ေရဒဏ္ေလဒဏ္နဲ႔ သံေခ်းအနည္းငယ္ တတ္တာမ်ိဳး ရွိတတ္ပါတယ္။ ဒါေပမယ့္ သံေခ်ာင္းတုမ်ားကေတာ့ အေရာင္အေသြးပိုင္မွာ လွတတ္ပါတယ္။ သံေခ်းလဲ မပါတတ္ပါဘူး။

အဆိုပါအခ်က္ (၆) ခ်က္ကို ၾကည့္ၿပီး သံေခ်ာင္းအတုနဲ႔အစစ္ကို ခြဲျခားႏိုင္ပါတယ္။ credit TCCB

Unicode

အိမ်ဆောက်ရင် သုံးတဲ့ သံချောင်းများကို အတုအစစ် ခွဲခြားနည်း

မြန်မာ့စကားပုံမှာ အတုကတထောင် အစစ်ကတယောက် ဆိုတဲ့ စကားပုံ ရှိပါတယ်။ ဟုတ်ပါတယ် အစစ်ဟာ နာမည်ရလာပြီဆိုလျှင် အတုပေါင်းများစွာ ပေါ်လာတတ်ပါတယ်။

အတုနှင့် အစစ်မှာ ဘယ်အတုကမှ အစစ်ထက် ကောင်းတယ်ဆိုတာ မရှိခဲ့ပါဘူး။ ကျွန်တော်တို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေး လောကဟာ အပြိုင်အဆိုင်များလှတဲ့ လောကတခုဖြစ်ပါတယ်။

ဈေးကွက်ဆိုတာ Red Ocean နဲ့ Blue Ocean ဆိုပြီး ရှိနေတာဖြစ်ပြီး ကျွန်တော်တို့ရဲ့ အိမ်ဆောက်ပစ္စည်းလောကဟာဆိုရင် Red Ocean ဖြစ်ပါတယ်။ ဒီနေရာမယ် Red Ocean ကို ရှင်းပြရမယ်ဆိုရင် Red Ocean ဟာ ဈေးနှုန်းအပြိုင်အဆိုင်များပြီး အတိုက်အခိုက်များတဲ့ ဈေးကွက်ဖြစ်ပါတယ်။

ကျွန်တော်တို့ အိမ်ဆောက်ပစ္စည်းရောင်းဝယ်မှု လုပ်ငန်းဟာလဲ ဈေးနှုန်းအပြိုင်အဆိုင်၊ ဝန်ဆောင်မှုအပြိုင်အဆိုင် ပြင်းထန်တဲ့ ဈေးကွက်ဖြစ်ပါတယ်။

သံချောင်းဈေးကွက်မှာ နိုင်ငံခြားကနေ တိုက်ရိုက် တင်သွင်းရောင်းချတဲ့ Import သံချောင်းများရှိသလို၊ ဒီကစက်မှုဇုံမှာပဲ ထုတ်တဲ့ Local သံချောင်းဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။

လက်ရှိ ဖြစ်နေတဲ့ သံချောင်းအတုအစစ် ကိစ္စကတော့ နိုင်ငံခြားကလာတဲ့ သံချောင်းတံဆိပ်များကို Local စက်ရုံမှာပဲ စက်မှုဇုံထုတ် သံချောင်းတွေမှာ အသားတံဆိပ်ပြန်ရိုက်ပြီး အော်သံချောင်း (Original သံချောင်း) ဆိုပြီး ဈေးကွက်ထဲ ရောင်းချနေကြတာပဲ ဖြစ်ပါတယ်။

HRB-400၊ HRB-500 သံချောင်းအစစ်များထက် အဆိုပါ အသားတံဆိပ်ပြန်ရိုက်ထားတဲ့ သံချောင်း က ပိုပြီးဈေးသက်သာပါတယ်။

Local ထုတ်သံချောင်းထက် ဈေးများပါတယ်။ တကယ်တမ်းမှာတော့ အဆိုပါ အသားတံဆိပ်ပြန်ရိုက်ပြီး ရောင်းနေတဲ့ သံချောင်းများဟာ Local ထုတ်သံချောင်းများသာ ဖြစ်ပါတယ်။

အတုကို စစ်လို့ထင်ပြီး ဝယ်လိုက်ရတဲ့ Customer များအတွက် အလွန်ပဲ ထိခိုက်နစ်နာပါတယ်။ ဒီတော့ မေးစရာတခုကပေါ်လာပါပြီ။

“ကျွန်တော်တို့ ဒီသံချောင်းအတုနဲ့ အစစ်ကို ဘယ်လိုခွဲကြမလဲ” ဟုတ်ပါတယ် အနာသိရင်ဆေးရှိရစမြဲပါပဲ။ ဒီလိုအတုအစစ် ခွဲနည်းကို ကျွန်တော် တင်ပြပေးပါ့မယ်။

အလွယ်ကူဆုံးနည်းလမ်းကို ပြောပြပေးပါ့မယ်။ အခုကျွန်တော်ပြောပြမယ့် အချက်(၆)ချက်ကို မူတည်ပြီး အတုအစစ်ခွဲခြားနိုင်ပါတယ်။

(၁) ဖောင်းလုံးကြီးခြင်း

သံချောင်းများရဲ့ ဘေးမှာ ပါတတ်ကြတဲ့ ဖောင်းလုံးများကို ရင်းနှီးကြမယ် ထင်ပါတယ်။ သံချောင်းအတုများရဲ့ ဖောင်းလုံးဟာ အော်သံချောင်း (Original သံချောင်း)များ ထက် ပိုပြီး ကြီးတတ်ကြပါတယ်။

(၂) စာလုံးပုံ (Font) မတူခြင်း

အော်သံချောင်းများအပေါ်မှာရေးထားတဲ့ စာလုံးပုံ (Font) နဲ့ ဒီမှာပြန်ပြီး အသားတံဆိပ်ရိုက်ထားတဲ့ စာလုံးပုံများဟာ ကွာခြားပါတယ်။ အော်သံ‌ချောင်းများရဲ့ စာလုံးပုံက ပိုသပ်ရပ်ပြီး သံချောင်းအတုများကတော့ စာလုံးပုံလက်ရာ ကြမ်းပါတယ်။

(၃) Chemical Composition

သံချောင်းတုများရဲ့ အရောင်များဟာ ဖြူစပ်စပ် ဖြစ်နေပါတယ်။ ဒီလိုဖြစ်ရတာကတော့ ပါဝင်တဲ့ Chemical Composition မမှန်လို့ ဖြစ်ရတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် သံချောင်းတုများရဲ့ကုန်ကြမ်းဟာ အော်သံချောင်းများရဲ့ ကုန်ကြမ်းလို သံရိုင်း ကနေ လုပ်တာမျိုးမဟုတ်ပဲ Scrap Metal လို့ခေါ်တဲ့ သံဟောင်းများကနေ ပြန်လည်အရည်ကျိုပြီး လုပ်ထားတာဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အရမ်းကို ကွာခြားပါလိမ့်မယ်။

(၄) ကြံ့ခိုင်မှုအပိုင်း

သံချောင်းတုများဟာ ကြံ့ခိုင်မှုပိုင်းမှာ အင်မတန်မှအားနည်းလှပါတယ်။ အထက်မှာပြောခဲ့သလို Scrap Metal ကနေ ပြန်လည်ပြုလုပ်ထားတဲ့ အတွက်ကြောင့် ကြံ့ခိုင်မှုပိုင်းမှာ အားနည်းပါတယ်။ ဒါ့အပြင် သံချောင်းတချောင်းချင်းစီရဲ့ ကြံ့ခိုင်မှုပိုင်းမှာလဲ တချောင်းနဲ့ တချောင်းကွာခြားနေပြန်ပါတယ်။

(၅) Bundle

သံချောင်းတုများရဲ့ Bundle (သံချောင်း အစီး) ရဲ့ ထိပ်နှစ်ဖက်ဟာ ညီနေတတ်ပါတယ်။ အော်သံချောင်းများကတော့ Bundle မညီတတ်ကြပါဘူး။

(၆) အရောင်အသွေး

အော်သံချောင်းများရဲ့အရောင်ကတော့ သံရောင်ပေါက်တတ်သလို ညိုပြာပြာ ဖြစ်တတ်ပါတယ်။ Import အဖြစ် တင်သွင်းရတာဖြစ်ပြီး သင်္ဘောတွေရဲ့ Bulk Shipment တွေနဲ့လာရတာဖြစ်တဲ့အတွက်

ရေဒဏ်လေဒဏ်နဲ့ သံချေးအနည်းငယ် တတ်တာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် သံချောင်းတုများကတော့ အရောင်အသွေးပိုင်မှာ လှတတ်ပါတယ်။ သံချေးလဲ မပါတတ်ပါဘူး။

အဆိုပါအချက် (၆) ချက်ကို ကြည့်ပြီး သံချောင်းအတုနဲ့အစစ်ကို ခွဲခြားနိုင်ပါတယ်။

#TCCB
#credit

 

Be the first to comment

Leave a Reply

Your email address will not be published.


*