မိမိကေလးကို ငယ္စဥ္ကတည္းက ေငြကို စနစ္တက်သုံးစြဲတတ္ေအာင္ သင္ၾကားေပးႏိုင္မယ့္ နည္းလမ္းမ်ား

မိမိကေလးကို ငယ္စဥ္ကတည္းက ေငြကို စနစ္တက်သုံးစြဲတတ္ေအာင္ သင္ၾကားေပးႏိုင္မယ့္ နည္းလမ္းမ်ား
မိမိကေလးကို ငယ္စဥ္ကတည္းက ေငြကို စနစ္တက်သုံးစြဲတတ္ေအာင္ သင္ၾကားေပးႏိုင္မယ့္ နည္းလမ္းမ်ား

မိမိကေလးကို ငယ္စဥ္ကတည္းက ေငြကို စနစ္တက်သုံးစြဲတတ္ေအာင္ သင္ၾကားေပးႏိုင္မယ့္ နည္းလမ္းမ်ား

ကေလးေတြကို စနစ္တက် ေငြစုတတ္ေအာင္ သင္ၾကားေပးဖို႔က အေရးႀကီးပါတယ္။ ငယ္ငယ္ကတည္းက ေငြကို စနစ္တက် သုံးစြဲတတ္တဲ့ အေလ့အက်င့္က အသက္ႀကီးတဲ့ အထိ စြဲသြားပါတယ္။

ကိုယ္ပိုင္ စည္းကမ္းရွိတာက ဘဝမွာေအာင္ျမင္ဖို႔ အဓိကအခ်က္ေတြထဲက တစ္ခုပါ။ ”လူဆိုတာ ေငြနဲ႔ေန႔စဥ္ ဆက္ဆံရတယ္။ တစ္သက္လုံးလည္း ဆက္ဆံသြားရမယ္။ အဲဒါေၾကာင့္ ေငြကို စနစ္တက် သုံးစြဲတတ္ဖို႔က ဘဝမွာ အေရးႀကီးပါတယ္”လို႔ Sammy Rabbit စာအုပ္ေတြကို ေရးခဲ့သူ Sam X Renick က ေျပာပါတယ္။

ကေလးေတြကို ေငြအေၾကာင္း အသက္ ၃ ႏွစ္၊ ၄ ႏွစ္ကေန စသင္ေပးလို႔ ရပါတယ္။ ကေလးကို စတိုးဆိုင္ တစ္ဆိုင္ ေခၚသြားၿပီး ေငြကို တစ္ခုခုဝယ္ရန္ သုံးေၾကာင္း၊ ေငြရဖို႔ ဘယ္လို ရွာေဖြရေၾကာင္း ေျပာျပပါ။ ၿပီးေတာ့ က်သင့္ေငြေတြကိုလည္း ရွင္းျပပါ။

ကေလး ပူဆာသမွ်၊ ဂ်ီက်သမွ် အားလုံးကို ဝယ္ေပးဖို႔ မလိုပါဘူး။ ဒါေပမယ့္ အိမ္ေရာက္မွ ေျပာျပပါ။ ကေလးနဲ႔ အျပင္မသြားခင္ သူလိုခ်င္တဲ့ စာရင္းကို ေရးလိုက္ပါ။

သူႀကိဳက္တဲ့ ပစၥည္းေတြ အားလုံးထဲကမွ တစ္လကို ပစၥည္းတစ္ခုပဲ ဝယ္ေပးပါ။ အဲဒီအခါ သင့္ကေလးက ရလာတဲ့ ပစၥည္းကို တန္ဖိုးထားတတ္လာၿပီး သူတို႔တကယ္မလိုတဲ့ ပစၥည္းကိုလည္း မပူဆာေတာ့ပါဘူး။

ကေလးေတြကို ေငြစုဖို႔ အခြင့္အေရးေပးပါ။ ဒါေပမယ့္ ေငြစုတဲ့အခါ သူတို႔ကို အဆင့္သတ္မွတ္ေပးတာေတာ့ လုပ္ဖို႔ မလိုေသးပါဘူး။

အရင္ဆုံး ကေလးေတြကို ေငြစုခ်င္လားလို႔ ေမးၿပီး ေငြစုခ်င္ေၾကာင္း သူတို႔ဘက္မွာ အဆင္သင့္ျဖစ္တဲ့အခါ ကေလးေတြကို ေငြပုံမွန္ေပးပါ။ ေငြစုတတ္တဲ့ အက်င့္ေၾကာင့္ သူတို႔ရဲ႕ေငြေတြလည္း တိုးလာၿပီး ရလာမယ့္ အက်ိဳးကိုလည္း သိလာပါတယ္။

ၿပီးေတာ့ ေက်ာင္းပိတ္ရက္မွာ ကေလးေတြကို အိမ္အလုပ္ေတြ လုပ္ခိုင္းၿပီး သူတို႔ရဲ႕ ကိုယ္ပိုင္ဝင္ေငြကို ဖန္တီးလို႔ရပါတယ္။ ကေလးေတြရဲ႕ အျပဳအမူကိုၾကည့္ၿပီး မိဘေတြက အႀကံေပးလို႔ရပါတယ္။

မိသားစုဘတ္ဂ်က္ေငြကလည္း အေရးႀကီးပါတယ္။ မိသားစုမွာ ေငြေတြကို ဘယ္လိုစီမံ သုံးစြဲသလဲ ဆိုတာကို ဆယ္ေက်ာ္သက္ အ႐ြယ္ကေလးေတြကို ေျပာျပလို႔ ရပါတယ္။

ေငြဟာသုံးစြဲဖို႔ သက္သက္မဟုတ္ေၾကာင္း၊ စုေဆာင္းတဲ့အက်င့္က ေကာင္းတဲ့အက်င့္ျဖစ္ေၾကာင္း ကေလးေတြကို ရွင္းျပပါ။

ဥပမာ သင့္ကေလးမွာ အက်ႌေတြ အမ်ားႀကီးရွိေနေပမယ့္ ေဈးႀကီးတဲ့ ဖိနပ္တစ္ရံ လိုခ်င္ေနရင္ ေငြစုၿပီး ဝယ္ဖို႔ အႀကံေပးပါ။ ၿပီးေတာ့ လိုခ်င္တဲ့ ေငြပမာဏရေအာင္ ေငြကို ဘယ္လိုစုရမလဲ ဆိုတဲ့နည္းလမ္းေတြကို ရွင္းျပပါ။

အသက္ ၁၀ ႏွစ္နဲ႔ အထက္ေရာက္တဲ့အခါ အေႂကြးဝယ္ကတ္ အေၾကာင္းနဲ႔ ေငြစုစာအုပ္ေတြအေၾကာင္း ေျပာျပလို႔ရပါၿပီ။ ကေလးအ႐ြယ္ကတည္းက ေငြကို စနစ္တက် သုံးစြဲတတ္ရင္ အနာဂတ္မွာ အေတာ္အတန္ စိတ္ခ်ရႏိုင္ပါၿပီ။ ခရက္ဒစ္ -Love-Media

Unicode

မိမိကလေးကို ငယ်စဉ်ကတည်းက ငွေကို စနစ်တကျသုံးစွဲတတ်အောင် သင်ကြားပေးနိုင်မယ့် နည်းလမ်းများ

ကလေးတွေကို စနစ်တကျ ငွေစုတတ်အောင် သင်ကြားပေးဖို့က အရေးကြီးပါတယ်။ ငယ်ငယ်ကတည်းက ငွေကို စနစ်တကျ သုံးစွဲတတ်တဲ့ အလေ့အကျင့်က အသက်ကြီးတဲ့ အထိ စွဲသွားပါတယ်။

ကိုယ်ပိုင် စည်းကမ်းရှိတာက ဘဝမှာအောင်မြင်ဖို့ အဓိကအချက်တွေထဲက တစ်ခုပါ။ ”လူဆိုတာ ငွေနဲ့နေ့စဉ် ဆက်ဆံရတယ်။ တစ်သက်လုံးလည်း ဆက်ဆံသွားရမယ်။ အဲဒါကြောင့် ငွေကို စနစ်တကျ သုံးစွဲတတ်ဖို့က ဘဝမှာ အရေးကြီးပါတယ်”လို့ Sammy Rabbit စာအုပ်တွေကို ရေးခဲ့သူ Sam X Renick က ပြောပါတယ်။

ကလေးတွေကို ငွေအကြောင်း အသက် ၃ နှစ်၊ ၄ နှစ်ကနေ စသင်ပေးလို့ ရပါတယ်။ ကလေးကို စတိုးဆိုင် တစ်ဆိုင် ခေါ်သွားပြီး ငွေကို တစ်ခုခုဝယ်ရန် သုံးကြောင်း၊ ငွေရဖို့ ဘယ်လို ရှာဖွေရကြောင်း ပြောပြပါ။ ပြီးတော့ ကျသင့်ငွေတွေကိုလည်း ရှင်းပြပါ။

ကလေး ပူဆာသမျှ၊ ဂျီကျသမျှ အားလုံးကို ဝယ်ပေးဖို့ မလိုပါဘူး။ ဒါပေမယ့် အိမ်ရောက်မှ ပြောပြပါ။ ကလေးနဲ့ အပြင်မသွားခင် သူလိုချင်တဲ့ စာရင်းကို ရေးလိုက်ပါ။

သူကြိုက်တဲ့ ပစ္စည်းတွေ အားလုံးထဲကမှ တစ်လကို ပစ္စည်းတစ်ခုပဲ ဝယ်ပေးပါ။ အဲဒီအခါ သင့်ကလေးက ရလာတဲ့ ပစ္စည်းကို တန်ဖိုးထားတတ်လာပြီး သူတို့တကယ်မလိုတဲ့ ပစ္စည်းကိုလည်း မပူဆာတော့ပါဘူး။

ကလေးတွေကို ငွေစုဖို့ အခွင့်အရေးပေးပါ။ ဒါပေမယ့် ငွေစုတဲ့အခါ သူတို့ကို အဆင့်သတ်မှတ်ပေးတာတော့ လုပ်ဖို့ မလိုသေးပါဘူး။

အရင်ဆုံး ကလေးတွေကို ငွေစုချင်လားလို့ မေးပြီး ငွေစုချင်ကြောင်း သူတို့ဘက်မှာ အဆင်သင့်ဖြစ်တဲ့အခါ ကလေးတွေကို ငွေပုံမှန်ပေးပါ။ ငွေစုတတ်တဲ့ အကျင့်ကြောင့် သူတို့ရဲ့ငွေတွေလည်း တိုးလာပြီး ရလာမယ့် အကျိုးကိုလည်း သိလာပါတယ်။

ပြီးတော့ ကျောင်းပိတ်ရက်မှာ ကလေးတွေကို အိမ်အလုပ်တွေ လုပ်ခိုင်းပြီး သူတို့ရဲ့ ကိုယ်ပိုင်ဝင်ငွေကို ဖန်တီးလို့ရပါတယ်။ ကလေးတွေရဲ့ အပြုအမူကိုကြည့်ပြီး မိဘတွေက အကြံပေးလို့ရပါတယ်။

မိသားစုဘတ်ဂျက်ငွေကလည်း အရေးကြီးပါတယ်။ မိသားစုမှာ ငွေတွေကို ဘယ်လိုစီမံ သုံးစွဲသလဲ ဆိုတာကို ဆယ်ကျော်သက် အရွယ်ကလေးတွေကို ပြောပြလို့ ရပါတယ်။

ငွေဟာသုံးစွဲဖို့ သက်သက်မဟုတ်ကြောင်း၊ စုဆောင်းတဲ့အကျင့်က ကောင်းတဲ့အကျင့်ဖြစ်ကြောင်း ကလေးတွေကို ရှင်းပြပါ။

ဥပမာ သင့်ကလေးမှာ အင်္ကျီတွေ အများကြီးရှိနေပေမယ့် ဈေးကြီးတဲ့ ဖိနပ်တစ်ရံ လိုချင်နေရင် ငွေစုပြီး ဝယ်ဖို့ အကြံပေးပါ။ ပြီးတော့ လိုချင်တဲ့ ငွေပမာဏရအောင် ငွေကို ဘယ်လိုစုရမလဲ ဆိုတဲ့နည်းလမ်းတွေကို ရှင်းပြပါ။

အသက် ၁၀ နှစ်နဲ့ အထက်ရောက်တဲ့အခါ အကြွေးဝယ်ကတ် အကြောင်းနဲ့ ငွေစုစာအုပ်တွေအကြောင်း ပြောပြလို့ရပါပြီ။ ကလေးအရွယ်ကတည်းက ငွေကို စနစ်တကျ သုံးစွဲတတ်ရင် အနာဂတ်မှာ အတော်အတန် စိတ်ချရနိုင်ပါပြီ။ ခရက်ဒစ် -Love-Media

Be the first to comment

Leave a Reply

Your email address will not be published.


*