တယ္ကယ္ခ်စ္မိသြားတဲ့ ေကာင္မေလးေတြဟာ ဒီလိုေတြေျပာင္းလဲသြားတတ္ၾကတယ္

တယ္ကယ္ခ်စ္မိသြားတဲ့ ေကာင္မေလးေတြဟာ ဒီလိုေတြေျပာင္းလဲသြားတတ္ၾကတယ္
တယ္ကယ္ခ်စ္မိသြားတဲ့ ေကာင္မေလးေတြဟာ ဒီလိုေတြေျပာင္းလဲသြားတတ္ၾကတယ္

တယ္ကယ္ခ်စ္မိသြားတဲ့ ေကာင္မေလးေတြဟာ ဒီလိုေတြေျပာင္းလဲသြားတတ္ၾကတယ္

အစတုန္းကေတာ့ အေပ်ာ္ပဲေလ ဆိုၿပီး တြဲလိုက္တာပဲ။ တြဲေနရင္းနဲ႔မွ ေကာင္ေလးက ကိုယ့္ကို ဂ႐ုစိုက္မွန္းလည္းသိ၊ အႏြံအတာ ခံမွန္းလည္းသိ၊ ကိုယ့္ကို အရမ္းခ်စ္မွန္းလည္း သိလာရာကေန ေျပာင္းလဲလာတဲ့ ေကာင္မေလးေတြ အမ်ားႀကီးရွိၾကမွာပါ။

တကယ္ခ်စ္မိသြားၾကတဲ့ ေကာင္မေလးေတြေပါ့။ သူတို႔ေတြ တကယ္ခ်စ္မိၿပီဆိုရင္ ဘာေတြေျပာင္းလဲသြားတတ္ၾကသလဲ။ ဒီအခ်က္ေတြကို ဖတ္ၾကည့္လို ရပါတယ္။

(၁)။ ဘာမဆို အေလးအနက္ႀကီးေတြ ျဖစ္ၾကလာတယ္

ရည္းစားအျဖစ္ စတြဲတုန္းက ဘာပဲျဖစ္ျဖစ္ ေပါ့ေပါ့ပါးပါးေလးေတြ သေဘာထားတတ္ေပမယ့္ အခ်ိန္ေတြၾကာလာတာနဲ႔ အမွ် အေလးအနက္ႀကီးေတြ ျဖစ္လာမယ္ဆိုရင္ ဒါက သူတို႔ တကယ္ခ်စ္မိသြားၾကၿပီဆိုတာ ျပေနတာပါပဲ။

စကားလုံးေလး တစ္လုံးက အစ ခံစားေနမိမယ္။ မထင္မွတ္တဲ့ အျပဳအမူေလးတစ္ခုကို စိတ္မေကာင္းျဖစ္ေနမယ္ စသျဖင့္ အရာရာကို အေလးအနက္ႀကီးေတြ ျမင္ေနၿပီဆိုရင္ သူတို႔စိတ္ထဲမွာ အခ်စ္နဲ႔ပတ္သက္ၿပီး ခံယူခ်က္ေတြ၊ ခံစားခ်က္ေတြ ေျပာင္းလဲလာၿပီလို႔ ဆိုရမွာပါ။

(၂)။ ကိုယ့္ကိုယ္ကိုယ္ ပိုလွဖို႔ အၿမဲျပင္တတ္လာတယ္

အရင္တုန္းကေတာ့ ကိုယ္နဲ႔ေတြ႕ဖို႔လာရင္ အဝတ္အစားက ဘိုသီဘတ္သီနဲ႔၊ မိတ္ကပ္ဆိုလည္း လိမ္းရမွန္းမသိ၊ ႏႈတ္ခမ္းနီဆိုလည္း ဆိုးၾကည့္ပါလား ဆိုရင္ေတာင္ မဆိုးခ်င္တဲ့ ေကာင္မေလးဟာ ကိုယ့္ကိုယ္ကိုယ္လွဖို႔ နည္းမ်ိဳးစုံနဲ႔ ျပင္လာၿပီဆိုရင္ သူ႔စိတ္ထဲမွာ သင့္ကို အေလးအနက္ျဖစ္လာေနၿပီဆိုတာ ေဖာ္ျပေနတာပါ။

သူတို႔စိတ္ထဲမွာ သူတို႔ခ်စ္တဲ့သူအတြက္ အလွျပင္ရမယ္လို႔ ေတြးလာၾကမယ္၊ သူတို႔လွေနမွ သူတို႔ခ်စ္တဲ့သူလည္း စိတ္ခ်မ္းသာမယ္လို႔ ထင္လာၾကမယ္။ ဒီလိုနဲ႔ ကိုယ့္ကိုယ္ကိုယ္ ပိုလွဖို႔ ျပင္လာၾကတာပါပဲ။

(၃)။ အနာဂတ္အတြက္ ေတြးတတ္လာတယ္

အရင္ကဆို ေနာက္တစ္ပတ္ ဘာလုပ္မလဲ၊ ဘယ္သြားမလဲဆိုတာေတာင္ အစီအစဥ္မရွိတဲ့သူက အနာဂတ္မွာ သင္နဲ႔အတူ လုပ္မယ့္ အစီအစဥ္ေတြအေၾကာင္းကို ေတြးတတ္လာတယ္။ သင္နဲ႔ ဘယ္မွာေနၾကမယ္၊ ဘာေတြလုပ္ရမယ္ စသျဖင့္ ႏွစ္ေယာက္အတူ ဖန္တီးလို႔ရမယ့္ အနာဂတ္ ကမာၻေလးကို ပုံေဖာ္တတ္လာမယ္။

အဲဒါေတြက သူ႔စိတ္ထဲမွာ သင့္ကို အရမ္းခ်စ္မိလို႔ ေျပာင္းလဲလာတာေတြျဖစ္ၿပီး သင္ဟာ သူ႔အတြက္ အေရးပါတဲ့သူဆိုတာ အသိေပးေနတာပါ။

(၄)။ ခံစားလြယ္လာတယ္

ေကာင္ေလးေတြက သူတို႔ရဲ႕ခ်စ္သူေတြ ခံစားလြယ္လာတဲ့အခါ စိတ္ရႈပ္တတ္ၾကတယ္။ ဘာမဟုတ္တာေလးနဲ႔ စိတ္ဆိုးၾကတယ္၊ စိတ္ေကာက္ၾကတယ္လို႔ ထင္တတ္ၾကတယ္။

တကယ္ေတာ့ မိန္းကေလးေတြ ခံစားလြယ္လာတယ္ဆိုတာ ကိုယ့္အေပၚ အေလးအနက္ ျဖစ္လာတာေၾကာင့္ပါ။ သူတို႔က ကိုယ္နဲ႔ပတ္သက္တာေတြအကုန္လုံးကို အဆင္ေျပေျပျဖစ္ေစခ်င္တယ္၊ သူတို႔ကိုပဲ ဂ႐ုစိုက္ေစခ်င္တယ္၊ သူတို႔ကိုပဲ ခ်စ္ေစခ်င္တယ္။

ဖုန္းေျပာတဲ့အခါ တျခားမိန္းကေလးတစ္ေယာက္အေၾကာင္း ထည့္ေျပာမိတာတို႔၊ အတူရွိေနရင္းနဲ႔ ျဖတ္သြားတဲ့ ေကာင္မေလးတစ္ေယာက္ကို ေငးမိတာတို႔ စတာေတြ လုပ္မိရင္ေတာင္ သင့္ကို အႀကီးအက်ယ္ ျပႆနာရွာၾကမွာ ျဖစ္ၿပီး သင္နဲ႔ပတ္သက္လို႔ အရမ္းပဲ ခံစားလြယ္လာၾကမွာပါ။ အဲဒါက သင့္ကို အရမ္းခ်စ္ေနလို႔ပါတဲ့။ မူရင္းေရးသားသူကို ေလးစားစြာ ခရက္ဒစ္ေပးပါသည္။

Unicode

တယ်ကယ်ချစ်မိသွားတဲ့ ကောင်မလေးတွေဟာ ဒီလိုတွေပြောင်းလဲသွားတတ်ကြတယ်

အစတုန်းကတော့ အပျော်ပဲလေ ဆိုပြီး တွဲလိုက်တာပဲ။ တွဲနေရင်းနဲ့မှ ကောင်လေးက ကိုယ့်ကို ဂရုစိုက်မှန်းလည်းသိ၊ အနွံအတာ ခံမှန်းလည်းသိ၊ ကိုယ့်ကို အရမ်းချစ်မှန်းလည်း သိလာရာကနေ ပြောင်းလဲလာတဲ့ ကောင်မလေးတွေ အများကြီးရှိကြမှာပါ။

တကယ်ချစ်မိသွားကြတဲ့ ကောင်မလေးတွေပေါ့။ သူတို့တွေ တကယ်ချစ်မိပြီဆိုရင် ဘာတွေပြောင်းလဲသွားတတ်ကြသလဲ။ ဒီအချက်တွေကို ဖတ်ကြည့်လို ရပါတယ်။

(၁)။ ဘာမဆို အလေးအနက်ကြီးတွေ ဖြစ်ကြလာတယ်

ရည်းစားအဖြစ် စတွဲတုန်းက ဘာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါးလေးတွေ သဘောထားတတ်ပေမယ့် အချိန်တွေကြာလာတာနဲ့ အမျှ အလေးအနက်ကြီးတွေ ဖြစ်လာမယ်ဆိုရင် ဒါက သူတို့ တကယ်ချစ်မိသွားကြပြီဆိုတာ ပြနေတာပါပဲ။

စကားလုံးလေး တစ်လုံးက အစ ခံစားနေမိမယ်။ မထင်မှတ်တဲ့ အပြုအမူလေးတစ်ခုကို စိတ်မကောင်းဖြစ်နေမယ် စသဖြင့် အရာရာကို အလေးအနက်ကြီးတွေ မြင်နေပြီဆိုရင် သူတို့စိတ်ထဲမှာ အချစ်နဲ့ပတ်သက်ပြီး ခံယူချက်တွေ၊ ခံစားချက်တွေ ပြောင်းလဲလာပြီလို့ ဆိုရမှာပါ။

(၂)။ ကိုယ့်ကိုယ်ကိုယ် ပိုလှဖို့ အမြဲပြင်တတ်လာတယ်

အရင်တုန်းကတော့ ကိုယ်နဲ့တွေ့ဖို့လာရင် အဝတ်အစားက ဘိုသီဘတ်သီနဲ့၊ မိတ်ကပ်ဆိုလည်း လိမ်းရမှန်းမသိ၊ နှုတ်ခမ်းနီဆိုလည်း ဆိုးကြည့်ပါလား ဆိုရင်တောင် မဆိုးချင်တဲ့ ကောင်မလေးဟာ ကိုယ့်ကိုယ်ကိုယ်လှဖို့ နည်းမျိုးစုံနဲ့ ပြင်လာပြီဆိုရင် သူ့စိတ်ထဲမှာ သင့်ကို အလေးအနက်ဖြစ်လာနေပြီဆိုတာ ဖော်ပြနေတာပါ။

သူတို့စိတ်ထဲမှာ သူတို့ချစ်တဲ့သူအတွက် အလှပြင်ရမယ်လို့ တွေးလာကြမယ်၊ သူတို့လှနေမှ သူတို့ချစ်တဲ့သူလည်း စိတ်ချမ်းသာမယ်လို့ ထင်လာကြမယ်။ ဒီလိုနဲ့ ကိုယ့်ကိုယ်ကိုယ် ပိုလှဖို့ ပြင်လာကြတာပါပဲ။

(၃)။ အနာဂတ်အတွက် တွေးတတ်လာတယ်

အရင်ကဆို နောက်တစ်ပတ် ဘာလုပ်မလဲ၊ ဘယ်သွားမလဲဆိုတာတောင် အစီအစဉ်မရှိတဲ့သူက အနာဂတ်မှာ သင်နဲ့အတူ လုပ်မယ့် အစီအစဉ်တွေအကြောင်းကို တွေးတတ်လာတယ်။ သင်နဲ့ ဘယ်မှာနေကြမယ်၊ ဘာတွေလုပ်ရမယ် စသဖြင့် နှစ်ယောက်အတူ ဖန်တီးလို့ရမယ့် အနာဂတ် ကမ္ဘာလေးကို ပုံဖော်တတ်လာမယ်။

အဲဒါတွေက သူ့စိတ်ထဲမှာ သင့်ကို အရမ်းချစ်မိလို့ ပြောင်းလဲလာတာတွေဖြစ်ပြီး သင်ဟာ သူ့အတွက် အရေးပါတဲ့သူဆိုတာ အသိပေးနေတာပါ။

(၄)။ ခံစားလွယ်လာတယ်

ကောင်လေးတွေက သူတို့ရဲ့ချစ်သူတွေ ခံစားလွယ်လာတဲ့အခါ စိတ်ရှုပ်တတ်ကြတယ်။ ဘာမဟုတ်တာလေးနဲ့ စိတ်ဆိုးကြတယ်၊ စိတ်ကောက်ကြတယ်လို့ ထင်တတ်ကြတယ်။

တကယ်တော့ မိန်းကလေးတွေ ခံစားလွယ်လာတယ်ဆိုတာ ကိုယ့်အပေါ် အလေးအနက် ဖြစ်လာတာကြောင့်ပါ။ သူတို့က ကိုယ်နဲ့ပတ်သက်တာတွေအကုန်လုံးကို အဆင်ပြေပြေဖြစ်စေချင်တယ်၊ သူတို့ကိုပဲ ဂရုစိုက်စေချင်တယ်၊ သူတို့ကိုပဲ ချစ်စေချင်တယ်။

ဖုန်းပြောတဲ့အခါ တခြားမိန်းကလေးတစ်ယောက်အကြောင်း ထည့်ပြောမိတာတို့၊ အတူရှိနေရင်းနဲ့ ဖြတ်သွားတဲ့ ကောင်မလေးတစ်ယောက်ကို ငေးမိတာတို့ စတာတွေ လုပ်မိရင်တောင် သင့်ကို အကြီးအကျယ် ပြဿနာရှာကြမှာ ဖြစ်ပြီး သင်နဲ့ပတ်သက်လို့ အရမ်းပဲ ခံစားလွယ်လာကြမှာပါ။ အဲဒါက သင့်ကို အရမ်းချစ်နေလို့ပါတဲ့။ မူရင်းရေးသားသူကို လေးစားစွာ ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*