စိုက္ပ်ိဳးေရး ေတာင္သူမ်ားအတြက္ ၁၀ရက္အတြင္း ေျမ ေဆြးရေအာင္ ျပဳလုပ္နည္း

၁၀ရက္အတြင္း ေျမ ေဆြးရေအာင္ ျပဳလုပ္နည္း
၁၀ရက္အတြင္း ေျမ ေဆြးရေအာင္ ျပဳလုပ္နည္း

စိုက္ပ်ိဳးေရး ေတာင္သူမ်ားအတြက္ ၁၀ရက္အတြင္း ေျမ ေဆြးရေအာင္ ျပဳလုပ္နည္း

အိမ္ျခံဝန္းအတြင္းရွိ အမႈိက္မ်ား၊ မီးဖိုေခ်ာင္စြန႔္ပစ္ပစၥည္းမ်ားကို အသုံးျပဳၿပီး ရက္တိုအတြင္း ေဆြးေျမ့ ေစေသာနည္းျဖစ္သည္။ ေျမေဆြးပုံ ျပဳလုပ္နည္း အဆင့္ဆင့္ (အလွ်ား၅ ေပ၊ အနံ ၃ ေပအျမင့္ ၃ ေပ ေက်ာ္ခန႔္ရွိ ေျမေဆြးပုံ အတြက္)

၁။ ေျမ ေဆြး ပုံေအာက္ေျခအျဖစ္ သစ္ကိုင္းေျခာက္မ်ားကို ျဖန႔္ခင္းပါ။(သစ္ကိုင္းေျခာက္မ်ား ျဖန႔္ခင္းျခင္းမွာေျမေဆြးေအာက္ ေျခႏွင့္ အတြင္းပိုင္းတြင္ ေလဝင္ေလ ထြက္ ရွိေစရန္ ျဖစ္သည္)။

၂။ သစ္ကိုင္းေျခာက္မ်ားအေပၚမွ သစ္႐ြက္ေျခာက္မ်ား၊ သစ္ကိုင္းအေသးမ်ား ျဖန႔္ခင္းၿပီး သိပ္သည္းေအာင္ ေျခေထာက္ျဖင့္ နင္းေျခပါ။ သစ္႐ြက္ေျခာက္မ်ားကို ၆လက္ မထု အထိ ေရာက္ေအာင္ ခင္းႏိုင္ သည္။

၃။ သစ္႐ြက္ေျခာက္မ်ားေပၚမွ ႏြားေခ်း၊ ၾကက္ေခ်း တစ္ခုခုကို ျခင္းေတာင္း(၃) ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၄။ ၿပီးလွ်င္ အစိုဓာတ္ေကာင္းစြာ ရေအာင္ ေရ ၆- ၈ ပုံးခန႔္ ေလာင္းပါ။

၅။ သစ္႐ြက္စိမ္းမ်ား၊ မီးဖိုးေခ်ာင္စြန႔္ပစ္ ဟင္းသီး ဟင္း႐ြက္အပိုင္းအစမ်ားကို ၆လက္မထု အထိ ေရာက္ေအာင္ ခင္းပါ။

၆။ ႏြားေခ်း၊ ၾကက္ေခ်း တစ္ခုခုကို တာျခင္း ေတာင္း(၂)ေတာင္းခန႔္ ခပ္ပါးပါးျဖဴးပါ။

၇။ အစိုဓာတ္ ေကာင္းစြာရေအာင္ ေရ ၆- ၁၀ ပုံးခန႔္ ေလာင္းပါ။

၈။ သစ္႐ြက္ေျခာက္မ်ားႏွင့္ သစ္႐ြက္စိမ္းမ်ားကို တလွည့္စီ ပုံသြားရန္ျဖစ္သည္။

၉။ ေဆြး ေျမ့မႈ ျမန္ဆန္ေစရန္ အတြက္ အလယ္အလႊာ တစ္လႊာတြင္ (ေျမ ေဆြးပုံ၏ အလယ္တည့္တည့္တြင္) အသားဓာတ္ (ႏိုက္ထ႐ိုဂ်င္ ဓာတ္) ပါဝင္ႏႈန္းျမင့္မားသည့္ သားငါးအပိုင္းအစမ်ား၊ ငါးအ ေၾကးခြံမ်ား၊ တိရစာၦန္အေသေကာင္မ်ား ထည့္ေပးရမည္။ သို႔မဟုတ္ က်င္ငယ္ရည္ ေလာင္းထည့္ေပးႏိုင္ပါသည္

၁၀။ အေပၚဆုံးအလႊာတြင္ ေျမသား တာျခင္းေတာင္း(၃-၅) ေတာင္းခန႔္ႏွံ႔ေအာင္ျဖဴးေပးရမည္။

၁၁။ ေျမေဆြးပုံကို ပလပၥတစၥ(သို႔မဟုတ္) မိုးကာစျဖင့္ လုံေအာင္ အုပ္ပါ။

၁၂။ ေျမေဆြးပုံၿပီး (၄)ရက္ခန႔္ ၾကာလွ်င္ ထည့္ထားသည့္ သစ္႐ြက္စိမ္း၊ သစ္႐ြက္ေျခာက္မ်ား ေဆြးေျမ့လာၿပီ ျဖစ္သည္။ ထိုအခ်ိန္တြင္ ေျမေဆြးပုံအား အတြင္း အျပင္ လွန္ေပးျခင္း၊ ၾကက္ေခ်းမ်ား ထပ္ထည့္ေပးျခင္း ျပဳလုပ္ ရမည္။

၁၃။ ေျမေဆြးလက္တစ္ဆုပ္စာခန႔္ လက္ထဲတြင္ ထည့္ၿပီး လက္သီးဆုပ္ၾကည့္ပါက ေရတစ္စက္ ခန႔္သာ ထြက္လာလွ်င္ လုံေလာက္ေသာ အစိုဓာတ္ ရွိသည္ဟု ယူဆနိင္ပါသည္။

၁၄။ ေျမေဆြးပုံအား တစ္ရက္ျခားလွ်င္ တစ္ႀကိမ္အတြင္းအျပင္ႏွံစပ္ေအာင္ လွန္ေပးျခင္း၊အစိုဓာတ္ လိုအပ္ပါက ေရေလာင္းေပးျခင္းမ်ား ျပဳလုပ္ရပါမည္။

၁၅။ ေကာက္႐ိုးမ်ားကို ဓားႏွင့္ စင္းၿပီး မူလထည့္ထားသည့္ သစ္႐ြက္မ်ားႏွင့္ ေရာေပးျခင္းျဖင့္ ေျမေဆြးပမာဏ ပိုမ်ားႏိုင္သည္။

မူရင္းေရးသားသူကို ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

စိုက်ပျိုးရေး တောင်သူများအတွက် ၁၀ရက်အတွင်း မြေ ဆွေးရအောင် ပြုလုပ်နည်း

အိမ်ခြံဝန်းအတွင်းရှိ အမှိုက်များ၊ မီးဖိုချောင်စွန့်ပစ်ပစ္စည်းများကို အသုံးပြုပြီး ရက်တိုအတွင်း ဆွေးမြေ့ စေသောနည်းဖြစ်သည်။ မြေဆွေးပုံ ပြုလုပ်နည်း အဆင့်ဆင့် (အလျှား၅ ပေ၊ အနံ ၃ ပေအမြင့် ၃ ပေ ကျော်ခန့်ရှိ မြေဆွေးပုံ အတွက်)

၁။ မြေ ဆွေး ပုံအောက်ခြေအဖြစ် သစ်ကိုင်းခြောက်များကို ဖြန့်ခင်းပါ။(သစ်ကိုင်းခြောက်များ ဖြန့်ခင်းခြင်းမှာမြေဆွေးအောက် ခြေနှင့် အတွင်းပိုင်းတွင် လေဝင်လေ ထွက် ရှိစေရန် ဖြစ်သည်)။

၂။ သစ်ကိုင်းခြောက်များအပေါ်မှ သစ်ရွက်ခြောက်များ၊ သစ်ကိုင်းအသေးများ ဖြန့်ခင်းပြီး သိပ်သည်းအောင် ခြေထောက်ဖြင့် နင်းခြေပါ။ သစ်ရွက်ခြောက်များကို ၆လက် မထု အထိ ရောက်အောင် ခင်းနိုင် သည်။

၃။ သစ်ရွက်ခြောက်များပေါ်မှ နွားချေး၊ ကြက်ချေး တစ်ခုခုကို ခြင်းတောင်း(၃) တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၄။ ပြီးလျှင် အစိုဓာတ်ကောင်းစွာ ရအောင် ရေ ၆- ၈ ပုံးခန့် လောင်းပါ။

၅။ သစ်ရွက်စိမ်းများ၊ မီးဖိုးချောင်စွန့်ပစ် ဟင်းသီး ဟင်းရွက်အပိုင်းအစများကို ၆လက်မထု အထိ ရောက်အောင် ခင်းပါ။

၆။ နွားချေး၊ ကြက်ချေး တစ်ခုခုကို တာခြင်း တောင်း(၂)တောင်းခန့် ခပ်ပါးပါးဖြူးပါ။

၇။ အစိုဓာတ် ကောင်းစွာရအောင် ရေ ၆- ၁၀ ပုံးခန့် လောင်းပါ။

၈။ သစ်ရွက်ခြောက်များနှင့် သစ်ရွက်စိမ်းများကို တလှည့်စီ ပုံသွားရန်ဖြစ်သည်။

၉။ ဆွေး မြေ့မှု မြန်ဆန်စေရန် အတွက် အလယ်အလွှာ တစ်လွှာတွင် (မြေ ဆွေးပုံ၏ အလယ်တည့်တည့်တွင်) အသားဓာတ် (နိုက်ထရိုဂျင် ဓာတ်) ပါဝင်နှုန်းမြင့်မားသည့် သားငါးအပိုင်းအစများ၊ ငါးအ ကြေးခွံများ၊ တိရစ္ဆာန်အသေကောင်များ ထည့်ပေးရမည်။ သို့မဟုတ် ကျင်ငယ်ရည် လောင်းထည့်ပေးနိုင်ပါသည်

၁၀။ အပေါ်ဆုံးအလွှာတွင် မြေသား တာခြင်းတောင်း(၃-၅) တောင်းခန့်နှံ့အောင်ဖြူးပေးရမည်။

၁၁။ မြေဆွေးပုံကို ပလပ္စတစ္စ(သို့မဟုတ်) မိုးကာစဖြင့် လုံအောင် အုပ်ပါ။

၁၂။ မြေဆွေးပုံပြီး (၄)ရက်ခန့် ကြာလျှင် ထည့်ထားသည့် သစ်ရွက်စိမ်း၊ သစ်ရွက်ခြောက်များ ဆွေးမြေ့လာပြီ ဖြစ်သည်။ ထိုအချိန်တွင် မြေဆွေးပုံအား အတွင်း အပြင် လှန်ပေးခြင်း၊ ကြက်ချေးများ ထပ်ထည့်ပေးခြင်း ပြုလုပ် ရမည်။

၁၃။ မြေဆွေးလက်တစ်ဆုပ်စာခန့် လက်ထဲတွင် ထည့်ပြီး လက်သီးဆုပ်ကြည့်ပါက ရေတစ်စက် ခန့်သာ ထွက်လာလျှင် လုံလောက်သော အစိုဓာတ် ရှိသည်ဟု ယူဆနိင်ပါသည်။

၁၄။ မြေဆွေးပုံအား တစ်ရက်ခြားလျှင် တစ်ကြိမ်အတွင်းအပြင်နှံစပ်အောင် လှန်ပေးခြင်း၊အစိုဓာတ် လိုအပ်ပါက ရေလောင်းပေးခြင်းများ ပြုလုပ်ရပါမည်။

၁၅။ ကောက်ရိုးများကို ဓားနှင့် စင်းပြီး မူလထည့်ထားသည့် သစ်ရွက်များနှင့် ရောပေးခြင်းဖြင့် မြေဆွေးပမာဏ ပိုများနိုင်သည်။

မူရင်းရေးသားသူကို လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*