ပုံစံ (၇) ရွိေသာ လယ္ယာေျမကို ေပါင္ႏွံ၊ ငွားရမ္းျခင္းအတြက္ သတိျပဳရမည့္ အခ်က္မ်ား

ပုံစံ (၇) ရွိေသာ လယ္ယာေျမကို ေပါင္ႏွံ၊ ငွားရမ္းျခင္းအတြက္ သတိျပဳရမည့္ အခ်က္မ်ား
ပုံစံ (၇) ရွိေသာ လယ္ယာေျမကို ေပါင္ႏွံ၊ ငွားရမ္းျခင္းအတြက္ သတိျပဳရမည့္ အခ်က္မ်ား

ပုံစံ (၇) ရွိေသာ လယ္ယာေျမကို ေပါင္ႏွံ၊ ငွားရမ္းျခင္းအတြက္ သတိျပဳရမည့္ အခ်က္မ်ား

လယ္ယာေျမဥပေဒအရ ပုံစံ ၇ ရွိသူကလယ္ယာေျမကို ေရာင္း၊ ေပါင္၊ငွား၊ လဲ၊ေပး၊အေမြဆက္ခံ၊လွူဒါန္း၊စြန္႔လႊတ္ျခင္းတရားဝင္ ျပဳလုပ္နိုင္ေၾကာင္း ျပဌာန္းထားပါတယ္။ ဒီလိုလုပ္မယ္ဆိုရင္

(က) ရပ္ေက်းလယ္စီ ေရွ႕ေမွာက္မွာတံဆိပ္ေခါင္းခြန္ ထမ္းေဆာင္ၿပီး စာခ်ဳပ္ရမယ္။

(ခ) စာခ်ဳပ္ ခ်ဳပ္ၿပီးရင္ ရက္ေပါင္း ၁၂၀ အတြင္း ၿမိဳ့နယ္ေျမစာရင္းဌာနမွာ မွတ္ပုံတင္ရမယ္။

(ဂ) ပုံစံ ၇ အမည္ေျပာင္းဖို့အတြက္ ပုံစံ ၉ နဲ႔ ၿမိဳ့နယ္ေျမစာရင္းဌာနမွာ ေလၽွာက္ထားရမယ္။

(ဃ) ပုံစံ ၇ အမည္ေျပာင္းေဆာင္ရြက္ေပးရမယ္လို့ဆိုပါတယ္။

ပုံစံ ၇ ရွိတဲ့လယ္ယာေျမကိုေရာင္း၊ ေပါင္၊ ငွား၊လဲ၊ ေပး၊ အေမြဆက္ခံ၊လွူဒါန္း၊ စြန္႔လႊတ္ျခင္းအားလုံးအတြက္ ဒီအဆင့္ေလးဆင့္နဲ႔ လုပ္ရမယ္လို့သာျပဌာန္းထားၿပီးတစ္ခုခ်င္းအတြက္အေသးစိတ္ မပါဝင္ပါဘူး။

ဆိုလိုတာကေရာင္းခ်မွုအတြက္ ဘယ္လိုလုပ္၊ေပါင္ႏွံျခင္းအတြက္ဘယ္လိုလုပ္၊ ငွားရမ္းျခင္းအတြက္ဘယ္လိုလုပ္စသည္ျဖင့္အေသးစိတ္ မပါဝင္တာျဖစ္ပါတယ္။ေရာင္းတာ၊စြန္႔တာ၊ လွူတာ၊အေမြေပးတာက အၿပီးအပိုင္ေဆာင္ရြက္လိုက္တာမ်ိဳးဆိုေတာ့ကိစၥမရွိပါဘူး။

ေပါင္တာနဲ႔ငွားတာကအၿပီးအပိုင္လုပ္ေဆာင္လိုက္တာမဟုတ္ပါဘူး။ အေပါင္ ခံသူ အငွားရသူက ပုံစံ ၇ ကို သူ႔အမည္နဲ႔ အမည္ေျပာင္းလုပ္ရမွာလား၊ လုပ္နိုင္တာလား ဆိုတာမ်ိဳးျဖစ္လာနိုင္ပါတယ္။

ပုံစံ (၇) အမည္ေျပာင္းတယ္ ဆိုတာကလည္းလယ္ယာေျမလုပ္ပိုင္ခြင့္ကို သား စဥ္ေျမးဆက္ထိအဆက္ဆက္ ရရွိခံစားရေစနိုင္တဲ့ ေဆာင္ရြက္မွု ျဖစ္ပါတယ္။

ဒါေၾကာင့္ လယ္ယာေျမကို ေခတၱအေပါင္ထားျခင္း၊ ငွားရမ္းျခင္းမ်ားက ေျမကိုအၿပီးအပိုင္လႊဲေျပာင္းမွု ေဆာင္ရြက္ျခင္း မဟုတ္တဲ့အတြက္ ပုံစံ ၇ ရွိသူ/ အ ေပါင္ခံသူ/ အငွားရသူမ်ားအားလုံးသတိထားရမွာ ျဖစ္ပါတယ္။

အထူးသျဖင့္ ပုံစံ ၇ အမည္ေပါက္ပိုင္ဆိုင္သူနဲ႔ သက္ ဆိုင္ရာ ဌာနကသတိျပဳရမွာ ျဖစ္ပါတယ္။ဌာနကလည္းေပါင္ႏွံ ငွားရမ္းထားတဲ့ လယ္ယာေျမကိုဥပေဒအရအေပါင္စာခ်ဳပ္၊ အငွားစာခ်ဳပ္မ်ားမွတ္ပုံတင္ေပးနိုင္ေသာ္ လည္း ပုံစံ ၇ အမည္ေျပာင္းဖို့ တင္ျပလာရင္ေတာ့လုပ္ေပးနိုင္မွာမဟုတ္ပါဘူး။

ပုံစံ ၇ ရွိတဲ့ လယ္ယာေျမအေမြဆက္ခံျခင္းကိုေတာ့တရား႐ုံးရဲ့အေမြဆက္ခံခြင့္ရွိေၾကာင္းအေထာက္အထားတင္ျပလာရင္ရပ္ေက်းလယ္စီေရွ႕ေမွာက္မွာစာခ်ဳပ္ခ်ဳပ္စရာမလိုပဲ ေျမစာရင္းဌာနမွာ ပုံစံ ၇ အမည္ေျပာင္းေဆာင္ရြက္နိုင္မွာ ျဖစ္ပါတယ္။

ေပါင္ႏွံျခင္း၊ငွားရမ္းျခင္းအတြက္ရပ္ေက်းလယ္စီေရွ႕ေမွာက္မွာစာခ်ဳပ္ခ်ဳပ္ဆိုရမယ္၊စာခ်ဳပ္ကိုမွတ္ပုံတင္ရမယ္၊ ဒီစာခ်ဳပ္ေတြအရပုံစံ ၇ အမည္ေျပာင္းေပးလို့မရပါဘူး။ဥပေဒ၊နည္းဥပေဒမွာလည္း ျပဌာန္းထားျခင္းမရွိပါဘူး။

အေပါင္ဆုံး၊ အေပါင္စာခ်ဳပ္သက္တမ္းကုန္၊ေပါင္ထားတဲ့သက္တမ္းကာလအတြင္းျပန္မေရြးရင္ေတာ့ဥပေဒအရအမည္ေျပာင္းေပးလို့ရပါတယ္။

အႏွစ္ခ်ဳပ္တင္ျပရရင္ပုံစံ ၇ ရွိတဲ့ လယ္ယာေျမ ေရာင္း၊ ေပါင္၊ ငွား၊ လဲ၊ေပး၊အေမြဆက္ခံ၊လွူဒါန္း၊စြန္႔လႊတ္ျခင္းမ်ား ေဆာင္ ရြက္ရာမွာ

၁။ ေရာင္းဝယ္၊ လႊဲေျပာင္း၊ လဲလွယ္၊ ေပးကမ္းျခင္းမ်ားကို ရပ္ေက်းလယ္စီေရွ႕မွာ စာခ်ဳပ္ရမယ္၊ တံဆိပ္ခြန္ထမ္းေဆာင္ရမယ္၊ မွတ္ပုံတင္ရမယ္၊ပုံစံ (၉) နဲ႔အမည္ေျပာင္း ေလၽွာက္ထားၿပီး ပုံစံ ၇ အမည္ေျပာင္းျပဳလုပ္ရပါမယ္။

၂။ လယ္ယာေျမအေမြဆက္ခံျခင္းကို ရပ္ေက်းလယ္စီေရွ႕ေမွာက္မွာ စာခ်ဳပ္ဖို့မလိုပါဘူး၊တရား႐ုံးကထုတ္ေပးတဲ့ အ ေမြဆက္ခံျခင္းလက္မွတ္ကို ေျမစာရင္း ဌာနမွာ တင္ျပၿပီး ပုံစံ ၇ အမည္ေျပာင္းျပဳလုပ္ရပါမယ္။

၃။ ေပါင္ႏွံျခင္း၊ငွားရမ္းျခင္းကိုရပ္ေက်းလယ္စီေရွ႕ေမွာက္မွာစာခ်ဳပ္ရမယ္၊ တံ ဆိပ္ခြန္ထမ္းေဆာင္ရမယ္၊ မွတ္ပုံတင္ရမယ္၊ အေပါင္ဆုံးမွ ပုံစံ ၇ အမည္ေျပာင္းနိုင္မယ္၊ ငွားရမ္းျခင္းအတြက္ ပုံစံ ၇ အမည္ေျပာင္းမရ/ ေဆာင္ရြက္ေပးလို့မရ။

ေလးစားစြာျဖင့္ Credit Myo Min Htun

Unicode

ပုံစံ (၇) ရှိသော လယ်ယာမြေကို ပေါင်နှံ၊ ငှားရမ်းခြင်းအတွက် သတိပြုရမည့် အချက်များ

လယ်ယာမြေဥပဒေအရ ပုံစံ ၇ ရှိသူကလယ်ယာမြေကို ရောင်း၊ ပေါင်၊ငှား၊ လဲ၊ပေး၊အမွေဆက်ခံ၊လှူဒါန်း၊စွန့်လွှတ်ခြင်းတရားဝင် ပြုလုပ်နိုင်ကြောင်း ပြဌာန်းထားပါတယ်။ ဒီလိုလုပ်မယ်ဆိုရင်

(က) ရပ်ကျေးလယ်စီ ရှေ့မှောက်မှာတံဆိပ်ခေါင်းခွန် ထမ်းဆောင်ပြီး စာချုပ်ရမယ်။

(ခ) စာချုပ် ချုပ်ပြီးရင် ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ်မြေစာရင်းဌာနမှာ မှတ်ပုံတင်ရမယ်။

(ဂ) ပုံစံ ၇ အမည်ပြောင်းဖို့အတွက် ပုံစံ ၉ နဲ့ မြို့နယ်မြေစာရင်းဌာနမှာ လျှောက်ထားရမယ်။

(ဃ) ပုံစံ ၇ အမည်ပြောင်းဆောင်ရွက်ပေးရမယ်လို့ဆိုပါတယ်။

ပုံစံ ၇ ရှိတဲ့လယ်ယာမြေကိုရောင်း၊ ပေါင်၊ ငှား၊လဲ၊ ပေး၊ အမွေဆက်ခံ၊လှူဒါန်း၊ စွန့်လွှတ်ခြင်းအားလုံးအတွက် ဒီအဆင့်လေးဆင့်နဲ့ လုပ်ရမယ်လို့သာပြဌာန်းထားပြီးတစ်ခုချင်းအတွက်အသေးစိတ် မပါဝင်ပါဘူး။

ဆိုလိုတာကရောင်းချမှုအတွက် ဘယ်လိုလုပ်၊ပေါင်နှံခြင်းအတွက်ဘယ်လိုလုပ်၊ ငှားရမ်းခြင်းအတွက်ဘယ်လိုလုပ်စသည်ဖြင့်အသေးစိတ် မပါဝင်တာဖြစ်ပါတယ်။ရောင်းတာ၊စွန့်တာ၊ လှူတာ၊အမွေပေးတာက အပြီးအပိုင်ဆောင်ရွက်လိုက်တာမျိုးဆိုတော့ကိစ္စမရှိပါဘူး။

ပေါင်တာနဲ့ငှားတာကအပြီးအပိုင်လုပ်ဆောင်လိုက်တာမဟုတ်ပါဘူး။ အပေါင် ခံသူ အငှားရသူက ပုံစံ ၇ ကို သူ့အမည်နဲ့ အမည်ပြောင်းလုပ်ရမှာလား၊ လုပ်နိုင်တာလား ဆိုတာမျိုးဖြစ်လာနိုင်ပါတယ်။

ပုံစံ (၇) အမည်ပြောင်းတယ် ဆိုတာကလည်းလယ်ယာမြေလုပ်ပိုင်ခွင့်ကို သား စဉ်မြေးဆက်ထိအဆက်ဆက် ရရှိခံစားရစေနိုင်တဲ့ ဆောင်ရွက်မှု ဖြစ်ပါတယ်။

ဒါကြောင့် လယ်ယာမြေကို ခေတ္တအပေါင်ထားခြင်း၊ ငှားရမ်းခြင်းများက မြေကိုအပြီးအပိုင်လွှဲပြောင်းမှု ဆောင်ရွက်ခြင်း မဟုတ်တဲ့အတွက် ပုံစံ ၇ ရှိသူ/ အ ပေါင်ခံသူ/ အငှားရသူများအားလုံးသတိထားရမှာ ဖြစ်ပါတယ်။

အထူးသဖြင့် ပုံစံ ၇ အမည်ပေါက်ပိုင်ဆိုင်သူနဲ့ သက် ဆိုင်ရာ ဌာနကသတိပြုရမှာ ဖြစ်ပါတယ်။ဌာနကလည်းပေါင်နှံ ငှားရမ်းထားတဲ့ လယ်ယာမြေကိုဥပဒေအရအပေါင်စာချုပ်၊ အငှားစာချုပ်များမှတ်ပုံတင်ပေးနိုင်သော် လည်း ပုံစံ ၇ အမည်ပြောင်းဖို့ တင်ပြလာရင်တော့လုပ်ပေးနိုင်မှာမဟုတ်ပါဘူး။

ပုံစံ ၇ ရှိတဲ့ လယ်ယာမြေအမွေဆက်ခံခြင်းကိုတော့တရားရုံးရဲ့အမွေဆက်ခံခွင့်ရှိကြောင်းအထောက်အထားတင်ပြလာရင်ရပ်ကျေးလယ်စီရှေ့မှောက်မှာစာချုပ်ချုပ်စရာမလိုပဲ မြေစာရင်းဌာနမှာ ပုံစံ ၇ အမည်ပြောင်းဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

ပေါင်နှံခြင်း၊ငှားရမ်းခြင်းအတွက်ရပ်ကျေးလယ်စီရှေ့မှောက်မှာစာချုပ်ချုပ်ဆိုရမယ်၊စာချုပ်ကိုမှတ်ပုံတင်ရမယ်၊ ဒီစာချုပ်တွေအရပုံစံ ၇ အမည်ပြောင်းပေးလို့မရပါဘူး။ဥပဒေ၊နည်းဥပဒေမှာလည်း ပြဌာန်းထားခြင်းမရှိပါဘူး။

အပေါင်ဆုံး၊ အပေါင်စာချုပ်သက်တမ်းကုန်၊ပေါင်ထားတဲ့သက်တမ်းကာလအတွင်းပြန်မရွေးရင်တော့ဥပဒေအရအမည်ပြောင်းပေးလို့ရပါတယ်။

အနှစ်ချုပ်တင်ပြရရင်ပုံစံ ၇ ရှိတဲ့ လယ်ယာမြေ ရောင်း၊ ပေါင်၊ ငှား၊ လဲ၊ပေး၊အမွေဆက်ခံ၊လှူဒါန်း၊စွန့်လွှတ်ခြင်းများ ဆောင် ရွက်ရာမှာ

၁။ ရောင်းဝယ်၊ လွှဲပြောင်း၊ လဲလှယ်၊ ပေးကမ်းခြင်းများကို ရပ်ကျေးလယ်စီရှေ့မှာ စာချုပ်ရမယ်၊ တံဆိပ်ခွန်ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ပုံစံ (၉) နဲ့အမည်ပြောင်း လျှောက်ထားပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၂။ လယ်ယာမြေအမွေဆက်ခံခြင်းကို ရပ်ကျေးလယ်စီရှေ့မှောက်မှာ စာချုပ်ဖို့မလိုပါဘူး၊တရားရုံးကထုတ်ပေးတဲ့ အ မွေဆက်ခံခြင်းလက်မှတ်ကို မြေစာရင်း ဌာနမှာ တင်ပြပြီး ပုံစံ ၇ အမည်ပြောင်းပြုလုပ်ရပါမယ်။

၃။ ပေါင်နှံခြင်း၊ငှားရမ်းခြင်းကိုရပ်ကျေးလယ်စီရှေ့မှောက်မှာစာချုပ်ရမယ်၊ တံ ဆိပ်ခွန်ထမ်းဆောင်ရမယ်၊ မှတ်ပုံတင်ရမယ်၊ အပေါင်ဆုံးမှ ပုံစံ ၇ အမည်ပြောင်းနိုင်မယ်၊ ငှားရမ်းခြင်းအတွက် ပုံစံ ၇ အမည်ပြောင်းမရ/ ဆောင်ရွက်ပေးလို့မရ။

လေးစားစွာဖြင့် Credit Myo Min Htun

Be the first to comment

Leave a Reply

Your email address will not be published.


*