Unicode
 ဖူးမြော်ရတကယ်ခက်ခဲပြီး အင်မတန်တန်ခိုးကြီးတဲ့ ဝဋ်ကြွေးတော်ပြည့် ဘုရား
ဒီဘုရား သမိုင်းအကြောင်းလေး အချိန်တမိနစ်လောက် ပေးဖတ်ကျိပေးပါ ။ ပရိသတ်ကြီး…..သိပီးရင်လည်းကျော်သွားနိင်ပါတယ် ။ မသိသေးတဲ့သူတွေတွက်ဖတ်ပေးပါ ။
ဒီဘုရားကို ကျောက်ပိဘုရားလို့ ခေါ်ပါတယ် ။ ဘီးလင်းမြို့မှာ တည်ရှိတာလည်းဖြစ်ပါတယ်။ ဘုရားကိုဖူးမြော်မယ်ဆို တောင်အထွတ်ထိပ်ထိတက်ရပါတယ်။ အရင်ကသူပုန်နယ်မြေမို့ ဘုရားကိုဖူးရန် မလွယ်လှပါဘူး ။ ဘုရားရဲ့သမိုင်းကိုနည်းနည်းလေးရှင်းပြပါရစေ…
ဘုရားပေါ်မှာပိနေတဲ့ ကျောက်တုံးကြီးက ရိုးရိုးကျောက်တုံးမဟုတ်ပါဘူး ။ ဖားပုံစံရှိတဲ့ ဖားကျောက်တုံးကြီးပိနေတာပါ ။တာဝန်ရှိလူကြီးတွေကို မေးမြန်းကြည့်တဲ့အခါ ဝဋ်ကြွေးတော်ပြည့်ဘုရားလို့လည်းပြောကြပါတယ်။
ဘုရားဟာ ရဟန်းဏာဘဝက ဖားတကောင်အပေါ် အမှတ်မထင်အနာတရဖြစ်စေမှုကြောင့် ဝဋ်ကြွေးပြန်ခံရတာလို့ရှင်းပြပေးပါတယ် ။ ထို့ကြောင့် ဘုရားတောင်မှ မနေရ တို့ကဘာမို့လဲ ဆိုတဲ့စကားပေါ်ခဲ့သလိုမျိုးပေါ့။
ဒီဘုရားဟာ တမင်တည်တာမျိုး မဟုတ်ပဲ ကျောက်တုံးအောက်က သူ့အလိုလို ဖြစ်တည်လာတာကို ရွှေချထားတာပဲဖြစ်ပါတယ် ။ အင်မတန် တန်ခိုးကြီးပါတယ် ။
ကျမကိုယ်တိုင် သထုံက တာဝန်ရှိလူကြီးတွေကိုယ်တိုင် လိုက်ပို့လို့ ဖူးမြော်ခွင့်ရခဲ့တာပါ။ ကျောက်တုံးဟာ တဖြည်းဖြည်းနဲ့ ဘုရားခြေတော်လွတ်တဲ့ထိ ဖြစ်လာပါပီ ။
ဆိုလိုချင်တာက ဝဋ်ကြွေးကြေပီလို့ပါ ။ အင်မတန်လေးလံ ဖားပုံစံကျောက်တုံးပိတဲ့ ဝေဒနာကို ခံစားပီး ရဟန်းတပါးဟာ ပျံလွန်ပီး နှစ်အတော်ကြာတော့ ဘုရားပေါ်လာတာဖြစ်ပါတယ်လို့ တာဝန်ရှိလူကြီးတွေကပြောပါတယ်။
တကယ်ဖူးမြော်ရ ခက်ပါတယ် ။ ယခုအခါ လူတွေသိလာကြပီမို့ ဘုရား ပတ်လည်ကို ဘောင်ခတ်လိုက်ပါပီ။ အနီးကပ်ဖူးမြော်ရန် မလွယ်လှတောပါဘူး။ သူငယ်ချင်းတို့ ဖူးခွင့် ရအောင်တင်ပေးလိုက်ပါတယ် ။
စာရှည်သွားရင်ခွင့်လွှတ်ပါ ။ နားမလည်မာဆိုးလို့ သေချာပြောပေးတာပါ ။ မျှဝေပြီး ယုံယုံကြည်ကြည်ဆုတောင်းလိုက်ပါ ။
ကျမဒီဘုရားကို ဖူးခွင့်ရပီး နောက်ပိုင်း ကံတွေအရမ်းတက်ခဲ့တယ် ။ တကယ်ထူးခြားပါတယ် ။ သထုံနယ်အစွန်ဖျားမို့ လူတွေအရင်က သိပ်မသိခဲ့တာပါ ။ ယခု ကျိုက်ထီးရိုးဘုရားလို နမာည်ကြီးတန်ခိုးကြီး ဘုရားတစ်ဆူဖြစ်လာပါပြီရှင့် ။
ကျွန်တော်ကိုယ်တိုင်အနီးကပ်ဖူးမြော်ခွင့်ရခဲ့တာပါ။ သင်လိုရာဆုတောင်းပါတော့… ဖူးမြော်ပါလော့…ဘုရားတောင်မှ တမင်ဆိုတဲ့စိတ်နဲ့ မဟုတ်ပါပဲ ဖားလေးအပေါ် ရဟန်းဘဝက အနာတရဖြစ်စေခဲ့မိလို့ ယခုဘုရားဘဝမာ တောင်ဝဋ်ခံရရင်ကျမတို့လို့ပုထုစဉ်တွေဆိုရင်တော့ ဘယ်ပြောကောင်းမလဲရှင်…
အားလုံး စိတ်ထားသဘောထား ပြည့်ဝဖြူစင်စွာလေးထားနိင်ကြပါစေရှင့် cmt မှာသင်လိုရာဆုတောင်းပီး လွတ်လပ်စွာ မျှဝေပါ…
မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။
Be the first to comment
Leave a Reply
Your email address will not be published.
*