ပုဂံ၏ သရပါတံခါး အေၾကာင္း

ပုဂံ၏ သရပါတံခါး အေၾကာင္း
ပုဂံ၏ သရပါတံခါး အေၾကာင္း

ပုဂံ၏ သရပါတံခါး အေၾကာင္း

သရပါတံခါးကို ခရစ္ (၉)ရာစုတြင္ ပ်ဥ္ျပားမင္း ေအဒီ (၈၄၆-၈၇၈)တြင္ တည္ေဆာက္ခဲ့သည္။ ပ်ဥ္ျပားမင္းသည္ ခရစ္(၈၄၉)တြင္ ပုဂံၿမိဳ႕ကို တည္ရာ၌ ပုဂံက်ဳံးၿမိဳ႕႐ိုး ေလးမ်က္ႏွာ ပတ္လည္ တြင္ တံခါး(၁၂)ရပ္ ပါရွိခဲ့သည္။

ထိုတံခါး (၁၂)ရပ္ အနက္ အေရွ႕မ်က္ႏွာ အလယၺဟိုတံခါး ျဖစ္သည့္ သရပါတံခါး တစၡဳသာ ထင္ထင္ရွားရွား က်န္ရစ္ေတာ့သည္။ သရပါ ဟူေသာ အမည္သည္ ျမားကို ဆီးကာေသာ တံခါး ဟု အဓိပၸာယ္ရသည္။

သရပါတံခါး

အေဆာက္အအုံအမွတ္ = ၂၁၇၁/၁၄၆၆ သရပါတံခါးအဝင္ သရပါ တံခါး၏ ေဘးတစ္ဘက္တစ္ခ်က္တြင္ မဟာဂီရိ နတ္ေမာင္ႏွမ (လက္ဝဲေမာင္ေတာ္ နတ္႐ုပ္၊ လက္ယာ ႏွမေတာ္နတ္႐ုပ္) တို႔၏ နတ္ကြန္း မ်ားရွိသည္။

သရပါတံခါး လက္ဝဲ ေမာင္ေတာ္နတ္႐ုပ္/ သရပါတံခါး လက္ယာ ႏွမေတာ္နတ္႐ုပ္

ပုဂံရာဇဝင္ သရပါတံခါးတြင္ ငတပါသင္နတ္ ေစာင့္ရသည္ဟု အဆိုရွိေသာ္လည္း ေႏွာင္းလူ
တို႔သည္ သရပါတံခါး၌ မင္းမဟာဂီရိ နတ္ေမာင္ႏွမ၏ နတ္ကြန္းဂူ ႏွစ္ခုကို ျပဳလုပ္ထားၾကသည္။
သရပါတံခါးသည္ အေနာ္ရထာမင္းႀကီး နတ္႐ြာစံ ကံေတာ္ကုန္ခန္းမႈႏွင့္လည္းဆက္စပ္မႈရွိသည္။

အေနာ္ရထာမင္းႀကီးသည္ လယ္တြင္းကိုးခ႐ိုင္၌ ဆည္ေျမာင္း ကန္ေခ်ာင္းတို႔တူးေဖာ္လ်က္ ယာယီတဲနန္းတြင္ စံေနစဥ္ ဟူးရားျဖဴဟူးရားညိဳတို႔က ဘုရင္မင္းႀကီးအား ပုဂံျပန္မေရာက္ခင္ နတ္႐ြာစံကိန္းရွိသည္ဟု နားေတာ္ေလွ်ာက္ၾကသည္။

အေနာ္ရထာမင္းႀကီးသည္ ရာဇမာန္ရွၿပီး ဟူးရားျဖဴ၊ဟူးရားညိဳတို႔အား သံေျခခ်င္းခတ္လ်က္ အက်ဥ္းခ်ထားလိုက္သည္။

ထို႔ေနာက္ စစ္အဂၤါ ေလးပါးႏွင့္တကြ ဆင္ျဖဴေတာ္သံျပင္စြာကို စီးလ်က္ ေနျပည္ေတာ္ပုဂံသို႔ ျပန္လာသည္။ ပုဂံအေရာက္ သရပါတံခါးအဝင္ မုဆိုးတစ္ေယာက္က ေအာင္သာျမစ္ေျခ၌ ကြၽဲ႐ိုင္းတစ္ေကာင္ ျပည္သူျပည္သား မ်ားကိုရန္ျပဳေနသည္ဟု နားေတာ္ေလွ်ာက္သည္ျဖစ္၍

သရပါတံခါး အတြင္းဆင္ျဖဴေတာ္ လက္ယာလက္တစ္ဖက္ ဝင္ၿပီးကာမွ ထိုကြၽဲ႐ိုင္းကို ငါ ဆင္ႏွင့္တိုက္သတ္မည္ဟု အမိန႔္ေတာ္ရွိလ်က္ ပခုကၠဴခ႐ိုင္ ေအာင္သာျမစ္ေျခသို႔ ခ်ီေလသည္။

ေအာင္သာျမစ္ေျခေရာက္ေသာ္ ကြၽဲ႐ိုင္းႏွင့္ပက္ပင္းေတြ႕၍ ဆင္ျဖဴေတာ္ သံျပင္စြာကို ခြၽန္းဖြင့္၍ လႊတ္ေလသည္။ ကြၽဲ႐ိုင္းက ဆင္ေတာ္ထက္က ဘုရင္မင္းႀကီးကို လွမ္းခတ္သည္တြင္ ဘုရင္အေနာ္ရထာသည္ နတ္႐ြာစံ ကံေတာ္ကုန္ရလသည္။

သရပါ တံခါးဝအတြင္း ဝင္ၿပီးကာမွ ျပည္သူကိုရန္ျပဳေနသည့္ ကြၽဲ႐ိုင္းကို ႏွိမ္ႏွင္းသတ္ျဖတ္လိုေသာေၾကာင့္ ကံေတာ္ကုန္ရရွာေလသည္။

ဗိသုကာ လက္ရာမ်ား

နဂိုက ပုဂံၿမိဳ႕႐ိုးတြင္ တံခါးေပါက္ တဆယ့္ႏွစ္ခု ရွိခဲ့ေသာ္လည္း ယခုအခါ သရပါတံခါး တစၡဳသာ ထင္ထင္ရွားရွား က်န္ရွိေနေတာ့သည္။ တံခါးသည္ ေဟာင္းျမင္းယိုယြင္းေနေသာ္လည္း

အျပင္နံရံအထက္ပိုင္း ပတ္လည္တြင္ ဘီလူးပန္းဆြဲႏွင့္ ပုလဲကုံး အဂၤေတလက္ရာမ်ားကို ျမင္ႏိုင္ေပသည္။ တံခါးတစ္ဖက္ခ်က္တြင္ မဟာဂီရိနတ္ေမာင္ႏွမ၏နတ္ကြန္း ရွိသည္။

လက္ဝဲဘက္တြင္ ေမာင္ေတာ္နတ္႐ုပ္ရွိ၍ လက္ယာဘက္တြင္ ႏွမေတာ္နတ္႐ုပ္ ရွိသည္။ ေသဥ္လည္ေၾကာင္မင္း ေစသာ ေရွးပုဂံမင္းမ်ားသည္ အမတ္ဗိုလ္ပါႏွင့္အတူ ႏွစ္စဥ္ နတ္ေတာ္လတြင္ ပုပၸားေတာင္၌ နတ္ေမာင္ႏွမ နတ္ကြန္းေဆာက္လုပ္ ပူေဇာ္ေလ့ရွိသည္ဟု ဆိုၾကေလသည္။

တဖန္ သရပါတံခါးကို ကာကြယ္ ေစာင့္ေရွာက္သူတို႔မွာ မဟာဂီရိ နတ္ေမာင္ႏွမပင္ ျဖစ္သည္ဟုလည္း ဆိုၾကသည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။ ေမတၱာျဖင့္ ျပန္လည္မ်ွ ေ၀ပါသည္။

Via – Wikipedia

Unicode

ပုဂံ၏ သရပါတံခါး အကြောင်း

သရပါတံခါးကို ခရစ် (၉)ရာစုတွင် ပျဉ်ပြားမင်း အေဒီ (၈၄၆-၈၇၈)တွင် တည်ဆောက်ခဲ့သည်။ ပျဉ်ပြားမင်းသည် ခရစ်(၈၄၉)တွင် ပုဂံမြို့ကို တည်ရာ၌ ပုဂံကျုံးမြို့ရိုး လေးမျက်နှာ ပတ်လည် တွင် တံခါး(၁၂)ရပ် ပါရှိခဲ့သည်။

ထိုတံခါး (၁၂)ရပ် အနက် အရှေ့မျက်နှာ အလယ္ဗဟိုတံခါး ဖြစ်သည့် သရပါတံခါး တစ္ခုသာ ထင်ထင်ရှားရှား ကျန်ရစ်တော့သည်။ သရပါ ဟူသော အမည်သည် မြားကို ဆီးကာသော တံခါး ဟု အဓိပ္ပာယ်ရသည်။

သရပါတံခါး

အဆောက်အအုံအမှတ် = ၂၁၇၁/၁၄၆၆ သရပါတံခါးအဝင် သရပါ တံခါး၏ ဘေးတစ်ဘက်တစ်ချက်တွင် မဟာဂီရိ နတ်မောင်နှမ (လက်ဝဲမောင်တော် နတ်ရုပ်၊ လက်ယာ နှမတော်နတ်ရုပ်) တို့၏ နတ်ကွန်း များရှိသည်။

သရပါတံခါး လက်ဝဲ မောင်တော်နတ်ရုပ်/ သရပါတံခါး လက်ယာ နှမတော်နတ်ရုပ်

ပုဂံရာဇဝင် သရပါတံခါးတွင် ငတပါသင်နတ် စောင့်ရသည်ဟု အဆိုရှိသော်လည်း နှောင်းလူ
တို့သည် သရပါတံခါး၌ မင်းမဟာဂီရိ နတ်မောင်နှမ၏ နတ်ကွန်းဂူ နှစ်ခုကို ပြုလုပ်ထားကြသည်။
သရပါတံခါးသည် အနော်ရထာမင်းကြီး နတ်ရွာစံ ကံတော်ကုန်ခန်းမှုနှင့်လည်းဆက်စပ်မှုရှိသည်။

အနော်ရထာမင်းကြီးသည် လယ်တွင်းကိုးခရိုင်၌ ဆည်မြောင်း ကန်ချောင်းတို့တူးဖော်လျက် ယာယီတဲနန်းတွင် စံနေစဉ် ဟူးရားဖြူဟူးရားညိုတို့က ဘုရင်မင်းကြီးအား ပုဂံပြန်မရောက်ခင် နတ်ရွာစံကိန်းရှိသည်ဟု နားတော်လျှောက်ကြသည်။

အနော်ရထာမင်းကြီးသည် ရာဇမာန်ရှပြီး ဟူးရားဖြူ၊ဟူးရားညိုတို့အား သံခြေချင်းခတ်လျက် အကျဉ်းချထားလိုက်သည်။

ထို့နောက် စစ်အင်္ဂါ လေးပါးနှင့်တကွ ဆင်ဖြူတော်သံပြင်စွာကို စီးလျက် နေပြည်တော်ပုဂံသို့ ပြန်လာသည်။ ပုဂံအရောက် သရပါတံခါးအဝင် မုဆိုးတစ်ယောက်က အောင်သာမြစ်ခြေ၌ ကျွဲရိုင်းတစ်ကောင် ပြည်သူပြည်သား များကိုရန်ပြုနေသည်ဟု နားတော်လျှောက်သည်ဖြစ်၍

သရပါတံခါး အတွင်းဆင်ဖြူတော် လက်ယာလက်တစ်ဖက် ဝင်ပြီးကာမှ ထိုကျွဲရိုင်းကို ငါ ဆင်နှင့်တိုက်သတ်မည်ဟု အမိန့်တော်ရှိလျက် ပခုက္ကူခရိုင် အောင်သာမြစ်ခြေသို့ ချီလေသည်။

အောင်သာမြစ်ခြေရောက်သော် ကျွဲရိုင်းနှင့်ပက်ပင်းတွေ့၍ ဆင်ဖြူတော် သံပြင်စွာကို ချွန်းဖွင့်၍ လွှတ်လေသည်။ ကျွဲရိုင်းက ဆင်တော်ထက်က ဘုရင်မင်းကြီးကို လှမ်းခတ်သည်တွင် ဘုရင်အနော်ရထာသည် နတ်ရွာစံ ကံတော်ကုန်ရလသည်။

သရပါ တံခါးဝအတွင်း ဝင်ပြီးကာမှ ပြည်သူကိုရန်ပြုနေသည့် ကျွဲရိုင်းကို နှိမ်နှင်းသတ်ဖြတ်လိုသောကြောင့် ကံတော်ကုန်ရရှာလေသည်။

ဗိသုကာ လက်ရာများ

နဂိုက ပုဂံမြို့ရိုးတွင် တံခါးပေါက် တဆယ့်နှစ်ခု ရှိခဲ့သော်လည်း ယခုအခါ သရပါတံခါး တစ္ခုသာ ထင်ထင်ရှားရှား ကျန်ရှိနေတော့သည်။ တံခါးသည် ဟောင်းမြင်းယိုယွင်းနေသော်လည်း

အပြင်နံရံအထက်ပိုင်း ပတ်လည်တွင် ဘီလူးပန်းဆွဲနှင့် ပုလဲကုံး အင်္ဂတေလက်ရာများကို မြင်နိုင်ပေသည်။ တံခါးတစ်ဖက်ချက်တွင် မဟာဂီရိနတ်မောင်နှမ၏နတ်ကွန်း ရှိသည်။

လက်ဝဲဘက်တွင် မောင်တော်နတ်ရုပ်ရှိ၍ လက်ယာဘက်တွင် နှမတော်နတ်ရုပ် ရှိသည်။ သေဉ်လည်ကြောင်မင်း စေသာ ရှေးပုဂံမင်းများသည် အမတ်ဗိုလ်ပါနှင့်အတူ နှစ်စဉ် နတ်တော်လတွင် ပုပ္ပားတောင်၌ နတ်မောင်နှမ နတ်ကွန်းဆောက်လုပ် ပူဇော်လေ့ရှိသည်ဟု ဆိုကြလေသည်။

တဖန် သရပါတံခါးကို ကာကွယ် စောင့်ရှောက်သူတို့မှာ မဟာဂီရိ နတ်မောင်နှမပင် ဖြစ်သည်ဟုလည်း ဆိုကြသည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။ မေတ္တာဖြင့် ပြန်လည်မျှ ဝေပါသည်။

Via – Wikipedia

Be the first to comment

Leave a Reply

Your email address will not be published.


*