မည္သည့္အပင္မဆို အလြယ္တကူ ကိုင္းျဖတ္မ်ိဳးပြား စိုက္ပ်ိဳးနည္း

မည္သည့္အပင္မဆို အလြယ္တကူ ကိုင္းျဖတ္မ်ိဳးပြား စိုက္ပ်ိဳးနည္း
မည္သည့္အပင္မဆို အလြယ္တကူ ကိုင္းျဖတ္မ်ိဳးပြား စိုက္ပ်ိဳးနည္း

မည္သည့္အပင္မဆို အလြယ္တကူ ကိုင္းျဖတ္မ်ိဳးပြား စိုက္ပ်ိဳးနည္း

အပင္ရဲ႕ ပင္ပိုင္းအဂၤါေတြ ျဖစ္တဲ့ ပင္စည္၊ အကိုင္းအခက္၊ အ႐ြက္၊ အျမစ္ အစ႐ိွတဲ့ ပင္ပိုင္းအဂၤါေတြ ကိုျဖတ္ေတာက္ၿပီး သင့္ေတာ္တဲ့ ပတ္ဝန္းက်င္ အျခအေနမွာ စိုက္ပ်ိဳးထားရင္ အျမစ္သစ္၊ အၫြန႔္ သစ္ေတြ ထြက္ေပၚလာပါတယ္။ ေအာက္ပါ အရည္အခ်င္းေတြနဲ႔ ျပည့္စုံတဲ့အပင္ေတြကို

မ်ိဳးပြားႏိုင္ပါတယ္။ မ်ိဳး႐ိုးသိတဲ့ အပင္ ျဖစ္ရပါမယ္။ (အသီး၊ အပြင့္၊ အရည္ အေသြးေကာင္းမႈ၊ ေရာဂါပိုးမႊားဒဏ္ ခံႏိုင္ရည္ ႐ြိမြဳ)၊ အထြက္ႏႈန္း ေကာင္းမြန္ျခင္း၊

သန္စြမ္းမႈ ရွိျခင္း၊ ေရာဂါပိုးမႊား ကင္းစင္ျခင္း၊ ေနေရာင္ျခည္ ေကာင္း ေကာင္းရတဲ့ ေနရာမွာ ေပါက္တဲ့ အပင္ျဖစ္ဖို႔ လိုပါတယ္။ပင္ပိုင္းျဖတ္မ်ိဳးပြားမယ္ဆိုရင္ ေရငတ္ဒဏ္ခံႏိုင္တဲ့ အပင္မ်ိဳး မျဖစ္ရပါ။

ေရာဂါျဖစ္ၿပီး အ႐ြက္ေႂကြတဲ့ အပင္မ်ိဳး မေ႐ြးခ်ယ္ရပါ။ အသီးလြန္ကဲစြာသီးၿပီး အပင္ႀကီးထြားမႈရပ္တန႔္ေနတဲ့ အပင္မ်ိဳးမျဖစ္ရပါ။ ဆစ္ၾကားရွည္လြန္း၊ စိပ္လြန္းတဲ့ အပင္မ်ိဳးမျဖစ္ရပါ။လြန္ကဲစြာ သန္စြမ္း ေယနတဲ့ အပင္မ်ိဳး မျဖစ္ရပါ။

ႏွင္းခါး႐ိုက္ၿပီးအ႐ြက္၊ ပင္စည္ေတြကို ထိခိုက္ ျခင္း မရွိရပါ။အပင္ပိုင္းျဖတ္ မ်ိဳးပြားရာမွာ အကိုင္းျဖတ္ေတာက္မ်ိဳးပြားျခင္း၊ အ႐ြက္ျဖတ္ေတာက္မ်ိဳးပြားျခင္း (နာနတ္၊ ႐ြက္ က်ပင္ေပါက္) ၊ အ႐ြက္နဲ႔ၾကားဖူးျဖတ္ေတာက္မ်ိဳးပြားနည္း (လက္ဖက္)၊

အျမစ္ျဖတ္ေတာက္မ်ိဳး ပြားနည္း (ေရွာက္၊ မက္မြန္၊ မက္မန္း၊ မာလ ကာ၊ ေၾကာင္လွ်ာ) စတဲ့နည္းလမ္းေတြနဲ႔ မ်ိဳးပြားႏိုင္ပါတယ္။အကိုင္းျဖတ္ေတာက္မ်ိဳးပြားနည္းနဲ႔

မ်ိဳးပြားတဲ့အခါ သစ္မာပိုင္းကို အကိုင္းရဲ႕ အရင္းဖက္ အက်ဆုံး အပိုင္းမွာရွိၿပီး အစိမ္းေရာင္ေပ်ာက္ၿပီး အညိဳေရာင္ရွိကာ အေပြးေတြတက္ ေနတဲ့ကိုင္းကိုေ႐ြးၿပီး မ်ိဳးပြားႏိုင္ပါတယ္။

(စပ်စ္၊ ႏွင္းဆီ၊ ပိုးစာ၊ ဒန႔္သလြန္၊ ပိေတာက္) သစ္မေပ်ာ့မမာပိုင္းကိုေတာ့ အစိမ္းရင့္ေရာင္ ရွိၿပီး အေပြးတက္စရွိေနတဲ့ အေျခအေန (သံပုယို၊ ေရွာက္၊ စပ်စ္၊ သလဲ၊ ပိုးစာ၊ ဒန႔္သလြန္၊ ႏွင္းဆီ၊ဆူးပုပ္၊ ႐ြက္လွ၊ ပိေတာက္၊ စကၠဴပန္း) မ်ိဳးပြားႏိုင္ပါတယ္။

သစ္ေပ်ာ့ပိုင္းကေတာ့ အစိမ္းႏုေရာင္ရွိၿပီး အေပြးတက္ျခင္းလုံးဝမရွိေသးတဲ့(စပ်စ္၊ စံပယ္၊ ဇြန္ပန္း၊ ႐ြက္လွ၊ ပုဏၰာရိပ္၊ဗိုလ္ကေတာ္မ်က္ခုံး၊ ေခါင္ရန္း) အပိုင္းကို မ်ိဳးပြားႏိုင္ပါတယ္။

Unicode

မည်သည့်အပင်မဆို အလွယ်တကူ ကိုင်းဖြတ်မျိုးပွား စိုက်ပျိုးနည်း

အပင်ရဲ့ ပင်ပိုင်းအင်္ဂါတွေ ဖြစ်တဲ့ ပင်စည်၊ အကိုင်းအခက်၊ အရွက်၊ အမြစ် အစရှိတဲ့ ပင်ပိုင်းအင်္ဂါတွေ ကိုဖြတ်တောက်ပြီး သင့်တော်တဲ့ ပတ်ဝန်းကျင် အခြအနေမှာ စိုက်ပျိုးထားရင် အမြစ်သစ်၊ အညွန့် သစ်တွေ ထွက်ပေါ်လာပါတယ်။ အောက်ပါ အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့အပင်တွေကို

မျိုးပွားနိုင်ပါတယ်။ မျိုးရိုးသိတဲ့ အပင် ဖြစ်ရပါမယ်။ (အသီး၊ အပွင့်၊ အရည် အသွေးကောင်းမှု၊ ရောဂါပိုးမွှားဒဏ် ခံနိုင်ရည် ရွိမွု)၊ အထွက်နှုန်း ကောင်းမွန်ခြင်း၊

သန်စွမ်းမှု ရှိခြင်း၊ ရောဂါပိုးမွှား ကင်းစင်ခြင်း၊ နေရောင်ခြည် ကောင်း ကောင်းရတဲ့ နေရာမှာ ပေါက်တဲ့ အပင်ဖြစ်ဖို့ လိုပါတယ်။ပင်ပိုင်းဖြတ်မျိုးပွားမယ်ဆိုရင် ရေငတ်ဒဏ်ခံနိုင်တဲ့ အပင်မျိုး မဖြစ်ရပါ။

ရောဂါဖြစ်ပြီး အရွက်ကြွေတဲ့ အပင်မျိုး မရွေးချယ်ရပါ။ အသီးလွန်ကဲစွာသီးပြီး အပင်ကြီးထွားမှုရပ်တန့်နေတဲ့ အပင်မျိုးမဖြစ်ရပါ။ ဆစ်ကြားရှည်လွန်း၊ စိပ်လွန်းတဲ့ အပင်မျိုးမဖြစ်ရပါ။လွန်ကဲစွာ သန်စွမ်း ယေနတဲ့ အပင်မျိုး မဖြစ်ရပါ။

နှင်းခါးရိုက်ပြီးအရွက်၊ ပင်စည်တွေကို ထိခိုက် ခြင်း မရှိရပါ။အပင်ပိုင်းဖြတ် မျိုးပွားရာမှာ အကိုင်းဖြတ်တောက်မျိုးပွားခြင်း၊ အရွက်ဖြတ်တောက်မျိုးပွားခြင်း (နာနတ်၊ ရွက် ကျပင်ပေါက်) ၊ အရွက်နဲ့ကြားဖူးဖြတ်တောက်မျိုးပွားနည်း (လက်ဖက်)၊

အမြစ်ဖြတ်တောက်မျိုး ပွားနည်း (ရှောက်၊ မက်မွန်၊ မက်မန်း၊ မာလ ကာ၊ ကြောင်လျှာ) စတဲ့နည်းလမ်းတွေနဲ့ မျိုးပွားနိုင်ပါတယ်။အကိုင်းဖြတ်တောက်မျိုးပွားနည်းနဲ့

မျိုးပွားတဲ့အခါ သစ်မာပိုင်းကို အကိုင်းရဲ့ အရင်းဖက် အကျဆုံး အပိုင်းမှာရှိပြီး အစိမ်းရောင်ပျောက်ပြီး အညိုရောင်ရှိကာ အပွေးတွေတက် နေတဲ့ကိုင်းကိုရွေးပြီး မျိုးပွားနိုင်ပါတယ်။

(စပျစ်၊ နှင်းဆီ၊ ပိုးစာ၊ ဒန့်သလွန်၊ ပိတောက်) သစ်မပျော့မမာပိုင်းကိုတော့ အစိမ်းရင့်ရောင် ရှိပြီး အပွေးတက်စရှိနေတဲ့ အခြေအနေ (သံပုယို၊ ရှောက်၊ စပျစ်၊ သလဲ၊ ပိုးစာ၊ ဒန့်သလွန်၊ နှင်းဆီ၊ဆူးပုပ်၊ ရွက်လှ၊ ပိတောက်၊ စက္ကူပန်း) မျိုးပွားနိုင်ပါတယ်။

သစ်ပျော့ပိုင်းကတော့ အစိမ်းနုရောင်ရှိပြီး အပွေးတက်ခြင်းလုံးဝမရှိသေးတဲ့(စပျစ်၊ စံပယ်၊ ဇွန်ပန်း၊ ရွက်လှ၊ ပုဏ္ဏာရိပ်၊ဗိုလ်ကတော်မျက်ခုံး၊ ခေါင်ရန်း) အပိုင်းကို မျိုးပွားနိုင်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*