ဘဝကို (သုည)ကေန စပါ

ဘဝကို (သုည)ကေန စပါ
ဘဝကို (သုည)ကေန စပါ

ဘဝကို (သုည)ကေန စပါ

တစ္ခါတုန္း ဘီလွ်ံနာသန္းႂကြယ္ သူေဌးတစ္ေယာက္ဆီမွာ အလုပ္သမားလူငယ္ ႏွစ္ေယာက္ရွိသတဲ့။ ဘီလွ်ံနာသန္းႂကြယ္သူေဌးဟာ အလြန္ဉာဏ္ေကာင္းၿပီး ႐ိုးသားႀကိဳးစားတဲ့လူတစ္ေယာက္ျဖစ္တယ္။ သန္းႂကြယ္သူေဌးဆီမွာ ဒီလူငယ္ႏွစ္ေယာက္ဟာ အလုပ္လုပ္လာတာဆယ္ႏွစ္ရွိခဲ့ပါၿပီ။

တစ္ေန႔ေတာ့ သန္းႂကြယ္သူေဌးက သူ႔ရဲ႕အလုပ္သမား ႏွစ္ေယာက္ကိုေခၚေမးသတဲ့” ကဲအခုမင္းတို႔ႏွစ္ေယာက္ ငါ့ဆီမွာ အလုပ္လုပ္လာတာဆယ္ႏွစ္ရွိၿပီ မင္းတို႔ဘာေတြပိုင္ဆိုင္ၿပီးၿပီလည္း”တဲ့ တစ္ေယာက္ကေတာ့ ဘာမွမစုမိေသးပါဘူးလို႔ေျဖတယ္။ ေနာက္တစ္ေယာက္ကေတာ့ ေျမေလတစ္ကြက္ပဲပိုင္ပါေသးတယ္လို႔ေျဖတယ္။

သူေဌးကဆက္ေျပာတယ္ ”မင္းတို႔ငါ့ဆီမွာ အလုပ္လုပ္တာဆယ္ႏွစ္ရွိၿပီ နင့္တို႔ရဲ႕ႀကိဳးစားမႈေၾကာင့္ ငါဟာသန္းႂကြယ္သူေဌးတစ္ေယာက္ျဖစ္ခဲ့တယ္။ မင္းတို႔ရဲ႕ႀကိဳးစားမႈ႕ကိုငါ အသိအမွတ္ျပဳတဲ့အေနနဲ႔ မင္းတို႔ကိုဆုခ်ီးျမႇင့္ခ်င္တယ္။ ဒါေၾကာင့္ ငါမင္းတို႔ကို ေ႐ြးခ်ယ္စရာ ႏွစ္ခုေပးမည္။

မင္းတို႔ႀကိဳက္တာယူပါ” ဟုဆိုကာ သူေဌးကေ႐ြးခ်ယ္စရာႏွစ္ခု ေပးလိုက္ပါတယ္။ ”ေ႐ြးခ်ယ္စရာႏွစ္ခုမွာ တစ္ခုကပိုက္ဆံ မင္းတို႔ဘဝေျပာင္းလဲႏိုင္ေလာက္တဲ့အထိ ေငြပမာဏကိုေတာင္းပါ။

ေနာက္တစ္ခုက ငါခ်မ္းသာေအာင္ျမင္လာတဲ့ နည္းလမ္းကိုသင္ေပးမည္ မင္းတို႔ႀကိဳက္တာယူပါ” ဒါနဲ႔လူငယ္တစ္ေယာက္က ”ကြၽန္ေတာ္ကို ေငြသိန္းငါးေထာင္ေပးရင္ ကြၽန္ေတာ္ဘဝအတြက္ေျပာင္းလဲႏိုင္ပါတယ္” ေတာင္းလိုက္တယ္။

ေနာက္တစ္ေယာက္ကေတာ့ ”ကြၽန္ေတာ္ေငြမလိုပါဘူး ကြၽန္ေတာ့္ကို ခ်မ္းသာေအာင္ျမင္ႏိုင္မယ့္ နည္းလမ္းကိုပဲ သင္ေပးပါ ကြၽန္ေတာ္ဘဝအတြက္ ေျပာင္းလဲႏိုင္ပါတယ္”လို႔ ေျပာပါတယ္။ ဘီလွ်ံနာသန္းႂကြယ္သူေဌးကလည္း ”ေအဟုတ္ၿပီ ေငြေတာင္းတဲ့လူကို ေငြေပးမယ္။

ခ်မ္းသာေအာင္ျမင္ခ်င္တဲ့လူကို ခ်မ္းသာေအာင္ျမင္ႏိုင္မယ့္ နည္းလမ္သင္ေပးမည” ဟုဆိုကာ ေနာက္ငါးႏွစ္ၾကာရင္ ငါ့ဆီကို မင္းတို႔ႏွစ္ေယာက္ျပန္လာခဲ့ဆိုၿပီး လူငယ္ႏွစ္ေယာက္ကို အတန္တန္မာလိုက္ပါတယ္။

ဒီလိုနဲ႔ေနာက္ငါးႏွစ္ၾကာတဲ့အခါ ေငြေတာင္တဲ့လူနဲ႔ ခ်မ္းသာတဲ့နည္းလမ္းကို ေတာင္တဲ့လူငယ္တို႔ သူေဌးဆီကိုျပန္လာခဲ့ပါတယ္။

သူေဌးက ”ကဲအခုငါးႏွစ္ဆိုတဲ့အခ်ိန္ကာလမွာ မင္းတို႔ဘဝေတြ ဘာျဖစ္သြားၿပီလည္း” ခ်မ္းသာေအာင္ျမင္ေရး နည္းလမ္းေတာင္းတဲ့လူက ”ဟုတ္ကဲ့ပါသူေဌးမင္း ကြၽန္ေတာ္က သူေဌးသင္ၾကားေပးလိုက္တဲ့ နည္းလမ္းအတိုင္း ႀကိဳးစားခဲ့ပါတယ္ ႐ိုးလည္း႐ိုးသားခဲ့ပါတယ္။

ကြၽန္ေတာ္ကိုယ္ကြၽန္ေတာ္ေအာင္ကိုေအာင္ျမင္ေစရမယ္လို႔လည္း အႂကြင္းမဲ့ယုံၾကည့္ခဲ့ပါတယ္။ မေလ်ာ့ေသာ ဇြဲလုံ႔လဝိရိယတို႔နဲ႔ ကြၽန္ေတာ္အားစိုက္ခဲ့တာေၾကာင့္ အခုတိုက္တစ္လုံးနဲ႔ ကားတစ္စီးအျပင္ ကုမၸဏီတစ္ခုကိုလည္း တည္ဆာင္ႏိုင္ခဲ့ပါၿပီ”ဟု သူေဌးဆိုသူကို ေျပာပါတယ္။

ေငြေတာင္းတဲ့လူငယ္ကလည္း သူ႔ရဲ႕ငါးႏွစ္ကာလကို ျဖတ္ေက်ာ္ခဲ့တဲ့အေၾကာင္းကို သူေဌးကိုေျပာျပပါတယ္။ ”ဟုတ္ကဲ့သူေဌး သူေဌးေပးတဲ့ေငြေတြကို ကြၽန္ေတာ္ဘဝေျပာင္းလဲႏိုင္မယ့္ ကုမၸဏီေတြမွာ ရွယ္ယာဝင္တယ္။

ေနာက္ၿပီး အိမ္နဲ႔ကားဝယ္တယ္ က်န္တဲ့အပိုေငြေတြကို ခရီးသြားရင္းနဲ႔ အခ်ိန္ကုန္ခဲ့ပါတယ္။ ရွယ္ယာဝင္ေငြေတြက အစပိုင္းမွာေတာ့ ဟုတ္သလိုလိုနဲ႔ေနာက္ေတာ့ကြၽန္ေတာ္ဝင္ထားတဲ့ကုမၸဏီဟာ အရင္းရႈံးသြားလို႔ႏွံလံမထူးႏိုင္ခဲ့ပါဘူး။

သူေဌးဆီမွာ အလုပ္လုပ္ခဲ့တဲ့ ဆယ္ႏွစ္မွာလည္း အလုပ္ငန္းအေတြ႕ႀကဳံကို သင္ယူခ်င္းမရွိတဲ့အတြက္ ေပါ့ေပါ့ေနေပါ့ေပါ့စားနဲ႔ လုပ္ေနမိတယ္။ ဒါေၾကာင့္အခု ကြၽန္ေတာ္မွာ အိမ္ေလးတစ္လုံးကလြဲၿပီး အလုပ္လက္မဲ့ျဖစ္ေနပါၿပီလို႔ သူ ေဌးကို ေျပာလိုက္ပါတယ္။

ဒါနဲ႔သူေဌးက ”ေအးမင္းတို႔ ႏွစ္ေယာက္လုံးမွတ္ထားၾကပါ အပင္ႀကီးတဲ့သစ္ပင္ဟာ အျမက္မခိုင္ရင္ၿပိဳလဲျမန္တယ္။ အပင္မႀကီးေပမယ့္ အျမက္ခိုင္တဲ့သစ္ပင္ဟာ ကြဲအက္ေနတဲ့ေျမေတြၾကားမွာ ဘယ္ေလာက္ပင္ႀကီးမားတဲ့ မုန္းတိုင္းေတြရွိေနပါေစ ထိခိုက္ဒဏ္ရာရ႐ုံကလြဲလို႔ ဘယ္ေတာ့မွၿပိဳလဲပ်က္စီးျခင္းမရွိဘူး။

ဘယ္လိုရွင္သန္ေနထိုင္ရမလဲ့ဆိုတာ စဥ္းစားေတြးတတ္ပါတယ္။ ဒီလိုေနတတ္တာေၾကာင့္ အၿမဲတန္းလွပရွင္သန္ေနလိမ့္မယ္။ ဘဝဆိုတာ သုညကစရတယ္။ မင္းတို႔ကိုယ္တိုင္ သင္ယူ အားစိုက္မႈမရွိဘဲ သူမ်ားေျခေထာက္နဲ႔ ရပ္တည္ခ်င္တဲ့လူေတြဟာ ဘဝမွာဆုံးရႈံးမႈအမ်ားဆုံးပဲ။

ငါးႏွစ္ဆိုတဲ့ အခ်ိန္ကာလဟာ လူတစ္ေယာက္ရဲ႕ဘဝကို ေကာင္းေကာင္းေျပာင္းလဲႏိုင္တယ္ဆိုတာ မင္းတို႔သိထားပါလို႔ ေျပာဆိုလိုက္ပါတယ္။

မူရင္း စာေရးသူကို creditေပးပါတယ္

Unicode

ဘဝကို (သုည)ကနေ စပါ

တစ်ခါတုန်း ဘီလျှံနာသန်းကြွယ် သူဌေးတစ်ယောက်ဆီမှာ အလုပ်သမားလူငယ် နှစ်ယောက်ရှိသတဲ့။ ဘီလျှံနာသန်းကြွယ်သူဌေးဟာ အလွန်ဉာဏ်ကောင်းပြီး ရိုးသားကြိုးစားတဲ့လူတစ်ယောက်ဖြစ်တယ်။ သန်းကြွယ်သူဌေးဆီမှာ ဒီလူငယ်နှစ်ယောက်ဟာ အလုပ်လုပ်လာတာဆယ်နှစ်ရှိခဲ့ပါပြီ။

တစ်နေ့တော့ သန်းကြွယ်သူဌေးက သူ့ရဲ့အလုပ်သမား နှစ်ယောက်ကိုခေါ်မေးသတဲ့” ကဲအခုမင်းတို့နှစ်ယောက် ငါ့ဆီမှာ အလုပ်လုပ်လာတာဆယ်နှစ်ရှိပြီ မင်းတို့ဘာတွေပိုင်ဆိုင်ပြီးပြီလည်း”တဲ့ တစ်ယောက်ကတော့ ဘာမှမစုမိသေးပါဘူးလို့ဖြေတယ်။ နောက်တစ်ယောက်ကတော့ မြေလေတစ်ကွက်ပဲပိုင်ပါသေးတယ်လို့ဖြေတယ်။

သူဌေးကဆက်ပြောတယ် ”မင်းတို့ငါ့ဆီမှာ အလုပ်လုပ်တာဆယ်နှစ်ရှိပြီ နင့်တို့ရဲ့ကြိုးစားမှုကြောင့် ငါဟာသန်းကြွယ်သူဌေးတစ်ယောက်ဖြစ်ခဲ့တယ်။ မင်းတို့ရဲ့ကြိုးစားမှု့ကိုငါ အသိအမှတ်ပြုတဲ့အနေနဲ့ မင်းတို့ကိုဆုချီးမြှင့်ချင်တယ်။ ဒါကြောင့် ငါမင်းတို့ကို ရွေးချယ်စရာ နှစ်ခုပေးမည်။

မင်းတို့ကြိုက်တာယူပါ” ဟုဆိုကာ သူဌေးကရွေးချယ်စရာနှစ်ခု ပေးလိုက်ပါတယ်။ ”ရွေးချယ်စရာနှစ်ခုမှာ တစ်ခုကပိုက်ဆံ မင်းတို့ဘဝပြောင်းလဲနိုင်လောက်တဲ့အထိ ငွေပမာဏကိုတောင်းပါ။

နောက်တစ်ခုက ငါချမ်းသာအောင်မြင်လာတဲ့ နည်းလမ်းကိုသင်ပေးမည် မင်းတို့ကြိုက်တာယူပါ” ဒါနဲ့လူငယ်တစ်ယောက်က ”ကျွန်တော်ကို ငွေသိန်းငါးထောင်ပေးရင် ကျွန်တော်ဘဝအတွက်ပြောင်းလဲနိုင်ပါတယ်” တောင်းလိုက်တယ်။

နောက်တစ်ယောက်ကတော့ ”ကျွန်တော်ငွေမလိုပါဘူး ကျွန်တော့်ကို ချမ်းသာအောင်မြင်နိုင်မယ့် နည်းလမ်းကိုပဲ သင်ပေးပါ ကျွန်တော်ဘဝအတွက် ပြောင်းလဲနိုင်ပါတယ်”လို့ ပြောပါတယ်။ ဘီလျှံနာသန်းကြွယ်သူဌေးကလည်း ”အေဟုတ်ပြီ ငွေတောင်းတဲ့လူကို ငွေပေးမယ်။

ချမ်းသာအောင်မြင်ချင်တဲ့လူကို ချမ်းသာအောင်မြင်နိုင်မယ့် နည်းလမ်သင်ပေးမည” ဟုဆိုကာ နောက်ငါးနှစ်ကြာရင် ငါ့ဆီကို မင်းတို့နှစ်ယောက်ပြန်လာခဲ့ဆိုပြီး လူငယ်နှစ်ယောက်ကို အတန်တန်မာလိုက်ပါတယ်။

ဒီလိုနဲ့နောက်ငါးနှစ်ကြာတဲ့အခါ ငွေတောင်တဲ့လူနဲ့ ချမ်းသာတဲ့နည်းလမ်းကို တောင်တဲ့လူငယ်တို့ သူဌေးဆီကိုပြန်လာခဲ့ပါတယ်။

သူဌေးက ”ကဲအခုငါးနှစ်ဆိုတဲ့အချိန်ကာလမှာ မင်းတို့ဘဝတွေ ဘာဖြစ်သွားပြီလည်း” ချမ်းသာအောင်မြင်ရေး နည်းလမ်းတောင်းတဲ့လူက ”ဟုတ်ကဲ့ပါသူဌေးမင်း ကျွန်တော်က သူဌေးသင်ကြားပေးလိုက်တဲ့ နည်းလမ်းအတိုင်း ကြိုးစားခဲ့ပါတယ် ရိုးလည်းရိုးသားခဲ့ပါတယ်။

ကျွန်တော်ကိုယ်ကျွန်တော်အောင်ကိုအောင်မြင်စေရမယ်လို့လည်း အကြွင်းမဲ့ယုံကြည့်ခဲ့ပါတယ်။ မလျော့သော ဇွဲလုံ့လဝိရိယတို့နဲ့ ကျွန်တော်အားစိုက်ခဲ့တာကြောင့် အခုတိုက်တစ်လုံးနဲ့ ကားတစ်စီးအပြင် ကုမ္ပဏီတစ်ခုကိုလည်း တည်ဆာင်နိုင်ခဲ့ပါပြီ”ဟု သူဌေးဆိုသူကို ပြောပါတယ်။

ငွေတောင်းတဲ့လူငယ်ကလည်း သူ့ရဲ့ငါးနှစ်ကာလကို ဖြတ်ကျော်ခဲ့တဲ့အကြောင်းကို သူဌေးကိုပြောပြပါတယ်။ ”ဟုတ်ကဲ့သူဌေး သူဌေးပေးတဲ့ငွေတွေကို ကျွန်တော်ဘဝပြောင်းလဲနိုင်မယ့် ကုမ္ပဏီတွေမှာ ရှယ်ယာဝင်တယ်။

နောက်ပြီး အိမ်နဲ့ကားဝယ်တယ် ကျန်တဲ့အပိုငွေတွေကို ခရီးသွားရင်းနဲ့ အချိန်ကုန်ခဲ့ပါတယ်။ ရှယ်ယာဝင်ငွေတွေက အစပိုင်းမှာတော့ ဟုတ်သလိုလိုနဲ့နောက်တော့ကျွန်တော်ဝင်ထားတဲ့ကုမ္ပဏီဟာ အရင်းရှုံးသွားလို့နှံလံမထူးနိုင်ခဲ့ပါဘူး။

သူဌေးဆီမှာ အလုပ်လုပ်ခဲ့တဲ့ ဆယ်နှစ်မှာလည်း အလုပ်ငန်းအတွေ့ကြုံကို သင်ယူချင်းမရှိတဲ့အတွက် ပေါ့ပေါ့နေပေါ့ပေါ့စားနဲ့ လုပ်နေမိတယ်။ ဒါကြောင့်အခု ကျွန်တော်မှာ အိမ်လေးတစ်လုံးကလွဲပြီး အလုပ်လက်မဲ့ဖြစ်နေပါပြီလို့ သူ ဌေးကို ပြောလိုက်ပါတယ်။

ဒါနဲ့သူဌေးက ”အေးမင်းတို့ နှစ်ယောက်လုံးမှတ်ထားကြပါ အပင်ကြီးတဲ့သစ်ပင်ဟာ အမြက်မခိုင်ရင်ပြိုလဲမြန်တယ်။ အပင်မကြီးပေမယ့် အမြက်ခိုင်တဲ့သစ်ပင်ဟာ ကွဲအက်နေတဲ့မြေတွေကြားမှာ ဘယ်လောက်ပင်ကြီးမားတဲ့ မုန်းတိုင်းတွေရှိနေပါစေ ထိခိုက်ဒဏ်ရာရရုံကလွဲလို့ ဘယ်တော့မှပြိုလဲပျက်စီးခြင်းမရှိဘူး။

ဘယ်လိုရှင်သန်နေထိုင်ရမလဲ့ဆိုတာ စဉ်းစားတွေးတတ်ပါတယ်။ ဒီလိုနေတတ်တာကြောင့် အမြဲတန်းလှပရှင်သန်နေလိမ့်မယ်။ ဘဝဆိုတာ သုညကစရတယ်။ မင်းတို့ကိုယ်တိုင် သင်ယူ အားစိုက်မှုမရှိဘဲ သူများခြေထောက်နဲ့ ရပ်တည်ချင်တဲ့လူတွေဟာ ဘဝမှာဆုံးရှုံးမှုအများဆုံးပဲ။

ငါးနှစ်ဆိုတဲ့ အချိန်ကာလဟာ လူတစ်ယောက်ရဲ့ဘဝကို ကောင်းကောင်းပြောင်းလဲနိုင်တယ်ဆိုတာ မင်းတို့သိထားပါလို့ ပြောဆိုလိုက်ပါတယ်။

မူရင်း စာရေးသူကို creditပေးပါတယ်

Be the first to comment

Leave a Reply

Your email address will not be published.


*