လူသိနည္းတဲ့ မီးေသြးခဲရဲ႕ အံ့မခန္းအသုံးဝင္ပုံ (၇) မ်ိဴး

လူသိနည္းတဲ့ မီးေသြးခဲရဲ႕ အံ့မခန္းအသုံးဝင္ပုံ (၇) မ်ိဴး
လူသိနည္းတဲ့ မီးေသြးခဲရဲ႕ အံ့မခန္းအသုံးဝင္ပုံ (၇) မ်ိဴး

လူသိနည္းတဲ့ မီးေသြးခဲရဲ႕ အံ့မခန္းအသုံးဝင္ပုံ (၇) မ်ိဴး

မီးေသြးမႈန႔္ ဟာ အေရွ႕တိုင္းမွာေရာ အေနာက္တိုင္းမွာပါ ေဆးပညာ၊ က်န္းမာေရး၊ အလွအပေရးရာေတြမွာ တြင္က်ယ္စြာ အသုံးျပဳလာတာ ၾကာလွပါၿပီေနာ္။

အလြယ္တကူရႏိုင္တဲ့ မီးေသြးမႈန႔္ကို ေန႔စဥ္ ဘဝ မွာ ဘယ္လိုအသုံးျပဳရမလဲ၊ ဘယ္ေလာက္ေတာင္ အသုံးဝင္လဲဆိုတာ ဗဟုသုတအျဖစ္ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အသားအေရကို ၾကည္လင္ေစတယ္

ပ်ားရည္တစ္ဇြန္းနဲ႔ မီးေသြးမႈန႔္ အနည္းငယ္ကို ေရာၿပီး လိုအပ္ရင္ ေရေႏြးအနည္းငယ္ကိုပါ ေရာေပးႏိုင္ပါတယ္။ ၿပီးရင္ေတာ့ ရလာတဲ့ အႏွစ္ကို မ်က္ႏွာမွာလိမ္းၿပီး (၁၀) မိနစ္အၾကာမွာ ေရေဆးေပးလိုက္ပါ။ ၾကည္လင္ဝင္းပတဲ့ အသားအေရေလးကို ရရွိမွာပါ။

(၂) အဆိပ္အေတာက္ေတြ ေျပေစတယ္

မီးေသြးမႈန႔္အနည္းငယ္ကို သံပုယိုသီး၊ သၾကားအနည္းငယ္နဲ႔ ေရာၿပီး ေသာက္သုံးေပးျခင္းျဖင့္ ခႏၶာကိုယ္ထဲက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပး႐ုံသာမက အဆီကိုလည္း က်ေစပါတယ္။ ေနာက္ၿပီး ေက်ာက္ကပ္ကိုလည္း အထူး က်န္းမာေစပါတယ္။

(၃) ဆံပင္ကို သန႔္ရွင္းေစတယ္

သင့္ေခါင္းမွာ ေအာက္သိုးသိုး အနံ႔မ်ိဳး ဒါမွမဟုတ္ အနံ႔တစ္ခုခု စြဲသြားခဲ့ရင္ ေခါင္းေလွ်ာ္ရည္ထဲ မီးေသြးမႈန႔္အနည္းငယ္ ထည့္ၿပီး ေလွ်ာ္ေပးျခင္းျဖင့္ ဆံပင္အနံ႔ေလးကို ေကာင္းမြန္ေစၿပီး ဦးေရျပားကိုလည္း သန႔္ရွင္း စင္ၾကယ္ေစပါတယ္။

(၄) သြားေတြကို ျဖဴေဖြးေစတယ္

မီးေသြးမႈန႔္ အနည္းငယ္ကို ယူၿပီး သြားပြတ္တံေလးနဲ႔ သြားတိုက္ေပးျခင္းျဖင့္ ျဖဴေဖြးတဲ့ သြားေလးေတြကို ရရွိမွာပါ။ မီးေသြးမႈန႔္ဟာ သြားမွာ စြဲက်န္ေနတဲ့ အေရာင္ေတြကို ခြၽတ္ေပးႏိုင္တာေၾကာင့္ပါ။

(၅) ေျမၾသဇာျဖစ္တယ္

အပင္စိုက္သူေတြ အေနနဲ႔ ေျမႀကီးထဲကို မီးေသြးမႈန႔္ေရာေပးျခင္းျဖင့္ ေျမၾသဇာျဖစ္ေစလို႔ အပင္ေတြကို ရွင္သန္ႀကီးထြားေစပါတယ္။

(၆) အနာေတြကို ေပ်ာက္ကင္းေစတယ္

အေကာင္ပေလာင္ေတြ အကိုက္ခံရတဲ့ အခါျဖစ္ျဖစ္၊ ထိမိရွမိတဲ့ ေနရာေတြမွာ မီးေသြးမႈန႔္ကို အုန္းဆီအနည္းငယ္နဲ႔ ေရာၿပီး လိမ္းေပးျခင္းျဖင့္ အနာအက်က္ ျမန္ေစပါတယ္။

(၇) အိုးခြက္ေတြကို ေျပာင္လက္ေစတယ္

မီးေသြးမႈန႔္ကို စတီးဝူးနဲ႔တို႔ကာ အိုးေတြ၊ ေႂကြျပားေတြကို တိုက္ေပးျခင္းျဖင့္ ေျပာင္လက္သန႔္ရွင္းသြားမွာ ျဖစ္ပါတယ္။ Credit : aunty may

Unicode

 လူသိနည်းတဲ့ မီးသွေးခဲရဲ့ အံ့မခန်းအသုံးဝင်ပုံ (၇) မျိူး

မီးသွေးမှုန့် ဟာ အရှေ့တိုင်းမှာရော အနောက်တိုင်းမှာပါ ဆေးပညာ၊ ကျန်းမာရေး၊ အလှအပရေးရာတွေမှာ တွင်ကျယ်စွာ အသုံးပြုလာတာ ကြာလှပါပြီနော်။

အလွယ်တကူရနိုင်တဲ့ မီးသွေးမှုန့်ကို နေ့စဉ် ဘဝ မှာ ဘယ်လိုအသုံးပြုရမလဲ၊ ဘယ်လောက်တောင် အသုံးဝင်လဲဆိုတာ ဗဟုသုတအဖြစ်ဖော်ပြပေးလိုက်ပါတယ်။

(၁) အသားအရေကို ကြည်လင်စေတယ်

ပျားရည်တစ်ဇွန်းနဲ့ မီးသွေးမှုန့် အနည်းငယ်ကို ရောပြီး လိုအပ်ရင် ရေနွေးအနည်းငယ်ကိုပါ ရောပေးနိုင်ပါတယ်။ ပြီးရင်တော့ ရလာတဲ့ အနှစ်ကို မျက်နှာမှာလိမ်းပြီး (၁၀) မိနစ်အကြာမှာ ရေဆေးပေးလိုက်ပါ။ ကြည်လင်ဝင်းပတဲ့ အသားအရေလေးကို ရရှိမှာပါ။

(၂) အဆိပ်အတောက်တွေ ပြေစေတယ်

မီးသွေးမှုန့်အနည်းငယ်ကို သံပုယိုသီး၊ သကြားအနည်းငယ်နဲ့ ရောပြီး သောက်သုံးပေးခြင်းဖြင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေးရုံသာမက အဆီကိုလည်း ကျစေပါတယ်။ နောက်ပြီး ကျောက်ကပ်ကိုလည်း အထူး ကျန်းမာစေပါတယ်။

(၃) ဆံပင်ကို သန့်ရှင်းစေတယ်

သင့်ခေါင်းမှာ အောက်သိုးသိုး အနံ့မျိုး ဒါမှမဟုတ် အနံ့တစ်ခုခု စွဲသွားခဲ့ရင် ခေါင်းလျှော်ရည်ထဲ မီးသွေးမှုန့်အနည်းငယ် ထည့်ပြီး လျှော်ပေးခြင်းဖြင့် ဆံပင်အနံ့လေးကို ကောင်းမွန်စေပြီး ဦးရေပြားကိုလည်း သန့်ရှင်း စင်ကြယ်စေပါတယ်။

(၄) သွားတွေကို ဖြူဖွေးစေတယ်

မီးသွေးမှုန့် အနည်းငယ်ကို ယူပြီး သွားပွတ်တံလေးနဲ့ သွားတိုက်ပေးခြင်းဖြင့် ဖြူဖွေးတဲ့ သွားလေးတွေကို ရရှိမှာပါ။ မီးသွေးမှုန့်ဟာ သွားမှာ စွဲကျန်နေတဲ့ အရောင်တွေကို ချွတ်ပေးနိုင်တာကြောင့်ပါ။

(၅) မြေသြဇာဖြစ်တယ်

အပင်စိုက်သူတွေ အနေနဲ့ မြေကြီးထဲကို မီးသွေးမှုန့်ရောပေးခြင်းဖြင့် မြေသြဇာဖြစ်စေလို့ အပင်တွေကို ရှင်သန်ကြီးထွားစေပါတယ်။

(၆) အနာတွေကို ပျောက်ကင်းစေတယ်

အကောင်ပလောင်တွေ အကိုက်ခံရတဲ့ အခါဖြစ်ဖြစ်၊ ထိမိရှမိတဲ့ နေရာတွေမှာ မီးသွေးမှုန့်ကို အုန်းဆီအနည်းငယ်နဲ့ ရောပြီး လိမ်းပေးခြင်းဖြင့် အနာအကျက် မြန်စေပါတယ်။

(၇) အိုးခွက်တွေကို ပြောင်လက်စေတယ်

မီးသွေးမှုန့်ကို စတီးဝူးနဲ့တို့ကာ အိုးတွေ၊ ကြွေပြားတွေကို တိုက်ပေးခြင်းဖြင့် ပြောင်လက်သန့်ရှင်းသွားမှာ ဖြစ်ပါတယ်။ Credit : aunty may

Be the first to comment

Leave a Reply

Your email address will not be published.


*