ကားဘီးေပါက္လွ်င္ တိမ္းေမွာက္မႈမရိွ ေစဖို႔ ေဆာင္ရန္/ေရွာင္ရန္ အခ်က္မ်ား

ကားဘီးေပါက္လွ်င္ တိမ္းေမွာက္မႈမရိွ ေစဖို
ကားဘီးေပါက္လွ်င္ တိမ္းေမွာက္မႈမရိွ ေစဖို

ကားဘီးေပါက္လွ်င္ တိမ္းေမွာက္မႈမရိွ ေစဖို႔ ေဆာင္ရန္/ေရွာင္ရန္ အခ်က္မ်ား

အေဝးေျပးလမ္း မ်ားတြင္ ကားတာယာ ႐ုတ္တရက္ ပြင့္/ေပါက္ျခင္းသည္ ယာဥ္ေမာင္းမ်ားအတြက္ အသက္အႏၲရာယ္မ်ားဆုံး မေတာ္တဆ ျဖစ္ရပ္မ်ားတြင္ တစ္ခုအပါအ၀င္ ျဖစ္ပါသည္။

HILUX SURF, PRADO, LAND CRUISER စေသာ 4×4 SUV အျမင့္ကားမ်ားအတြက္ အဆိုပါတာယာပြင့္ျခင္းမ်ား ပို၍ဆိုးပါသည္။

အျခားကား မ်ား တာယာပြင့္လွ်င္ ထိန္း၍ ရႏိုင္ေသာ္လည္း 4×4 SUV အျမင့္ကားမ်ား တာယာပြင့္လွ်င္ တိမ္းေမွာက္ရန္ ၉၀% ေသခ်ာသည္။

ယခုေခတ္ အဆင့္ျမင့္ နည္းပညာမ်ားေၾကာင့္ တာယာပြင့္ထြက္မႈ အႀကိမ္ေရေလ်ာ့နည္း လာေသာ္လည္း ယာဥ္ေမာင္းမ်ား၏ အသက္အႏၲရာယ္ကို ခ်ိန္းေျခာက္ဆဲ ျဖစ္သည္။

ထို႔ေၾကာင့္ “႐ုတ္တရက္ တာယာ ပြင့္ခဲ့လွ်င္´´ေဆာင္႐ြက္ရန္ ေအာက္ပါအခ်က္ (၆)ခ်က္ကို အႀကံျပဳအပ္ပါသည္။

၁။ (အေကာင္းဆုံးစည္းကမ္း) စိတ္ခ်ရေသာ သတ္မွတ္အရွိန္ႏွဳန္း ေအာက္တြင္သာ ေမာင္းႏွင္ပါ။

တာယာ ပြင့္စဥ္ အရွိန္ေလ်ာ့နည္းေလ သင့္အသက္ရွင္ရန္ အခြင့္အလမ္း မ်ားေလ ျဖစ္သည္။

80 မွ 90 km/h ႏွင့္ 120 မွ 140 km/h အရွိန္ႏႈန္း ႏွစ္ခုအနက္ အေသအေပ်ာက္ အခ်ိဳးမွာ (၁း၁၀) ျဖစ္ပါသည္။

130km/h အရွိန္ႏွင့္ ေမာင္းစဥ္ တာယာပြင့္၍ သင္ ဘာမွမျဖစ္လွ်င္ မဟာကံထူးရွင္ ျဖစ္သည္။

၂။ တာယာ ပြင့္စဥ္ ဘရိတ္ကို ႐ုတ္တရက္ မနင္းရ။

အေျပာလြယ္သေလာက္ အလုပ္ ခက္ပါသည္။ ယာဥ္ေမာင္း၏ အေလ့အထႏွင့္ ဦးေႏွာက္ အယူအဆအရ ကား ႐ုတ္တရက္ တစ္ခုခု ခ်ိဳ႕ယြင္းသည္ႏွင့္ ဘရိတ္အုပ္မိ တတ္ၾကပါသည္။

ကားတာယာပြင့္၍ ထိန္းသိမ္းရခက္ေနစဥ္ ႐ုတ္တရက္ ဘရိတ္ အုပ္ျခင္းသည္ ပိုမို၍ ထိန္းရ ခက္ေစၿပီး တဘက္သို႔ ဆြဲခ်သြားလိမ့္မည္။

၃။ ႐ုတ္တရက္ အရွိန္ျမႇင့္ ေျခနင္း(လီဗာ)ကို မလႊတ္ရ။

ကားတာယာ ပြင့္စဥ္ မိမိ နင္းထားေသာ လီဗာကို ႐ုတ္တရက္ မလြတ္ဘဲ ေျဖးညင္းစြာေလွ်ာ့ခ်ရန္ ျဖစ္ပါသည္။

လီဗာကို (၃)စကၠန္႔ခန္႔ ယခင္အတိုင္း ဆက္နင္းထားၿပီးမွ ျဖည္းျဖည္း ေလွ်ာ့ခ်ပါ။

ပြင့္ေနေသာ တာယာေခြ ၏ ဆြဲအားေၾကာင့္ ကားမွာလည္း အလိုလို အရွိန္ေလ်ာ့သြားမည္ ျဖစ္ပါသည္။

သင့္ကား၏ CRUISE CONTROL (အလိုအေလ်ာက္ ေမာင္းစနစ္) ခလုတ္ဖြင့္ထားလွ်င္ အျမန္ပိတ္ပါ။

၄။ ေရွ႕တည့္တည့္ သြားရန္ အေကာင္းဆုံး ႀကိဳးစားထိန္းပါ။

ေရွ႕ကားဘီးပြင့္ပါက သင့္ကား ၏ တည္ၿငိမ္မႈ ကို အျပင္းထန္ဆုံး ထိခိုက္မည္ ျဖစ္ရာ သင့္ကား၏ ဝဲ/ယာသို႔ ဆြဲခ်မည္ ျဖစ္သည္။

`ဝဲ´သို႔ဆြဲလွ်င္ `ယာ´ဘက္သို႔ စတီယာရင္ ခ်ိဳးခ်ပါ။ `ယာ´သို႔ဆြဲလွ်င္ `ဝဲ´ဘက္ ခ်ိဳးခ် ပါ။ ဤအလုပ္ကို လ်င္ျမန္စြာႏွင့္ ရဲရင့္စြာ လုပ္ရန္ လိုပါသည္။ သို႔မွသာ ကား မွာ လမ္း အတိုင္း တည့္တည့္ တ႐ြတ္တိုက္ ေ႐ြ႕မည္ျဖစ္သည္။

၅။ ေသြးမပ်က္ဘဲ တည္ၿငိမ္စြာ ထိန္းရန္

အဓိကအခ်က္ျဖစ္ေသာ ကား၏ တည္ၿငိမ္မႈ၊ တည့္တည့္သြားမႈသည္ အေရးႀကီးပါသည္။ ႐ုတ္တရက္ အမ်ားႀကီး စတီယာရင္ ခ်ိဳးေကြ႕မႈသည္ ကားကို တိမ္းေမွာက္ၿပီး၊ သုံး/ေလးပတ္ လိမ့္ေစႏိုင္သည္။

ကားကို ထိန္းခ်ဳပ္ႏိုင္သည္အထိ စတီယာရင္ကို လိုသလို ထိန္းညႇိ၍ စိတ္ခ်ေသာေနရာတြင္ ရပ္ရန္ျဖစ္ပါသည္။

၆။ ကား အရွိန္ေလ်ာ့လာၿပီး စိတ္ခ်စြာရပ္နည္း

ကားကို ပထမအဆင့္ထိန္း၍ ရၿပီဆိုလွ်င္ ဂီယာေဒါင္း၍ အရွိန္ေလွ်ာ့ပါ။ (Auto Gear ဆိုလွ်င္ 2/L သို႔ ဆြဲခ်ပါ)။

အခ်က္ျပမီး ျပၿပီး အျမန္လမ္းေပၚမွ ေဘးေျမသားေပၚသို႔ ဆင္းပါ။ တာယာ ကြၽတ္သြား၍ က်န္ေသာ ကားဘီးေခြကို မႏွေျမာပါႏွင့္ ဒီတိုင္း ဆက္ေမာင္းပါ။ ကား ရပ္သြားလွ်င္ စုံအခ်က္ျပမီး (Hazard Light) ဆက္ဖြင့္ထားပါ။

Credit:Kyaw Thu Ya

Unicode

ကားဘီးပေါက်လျှင် တိမ်းမှောက်မှုမရှိ စေဖို့ ဆောင်ရန်/ရှောင်ရန် အချက်များ

အဝေးပြေးလမ်း များတွင် ကားတာယာ ရုတ်တရက် ပွင့်/ပေါက်ခြင်းသည် ယာဉ်မောင်းများအတွက် အသက်အန္တရာယ်များဆုံး မတော်တဆ ဖြစ်ရပ်များတွင် တစ်ခုအပါအဝင် ဖြစ်ပါသည်။

HILUX SURF, PRADO, LAND CRUISER စသော 4×4 SUV အမြင့်ကားများအတွက် အဆိုပါတာယာပွင့်ခြင်းများ ပို၍ဆိုးပါသည်။

အခြားကား များ တာယာပွင့်လျှင် ထိန်း၍ ရနိုင်သော်လည်း 4×4 SUV အမြင့်ကားများ တာယာပွင့်လျှင် တိမ်းမှောက်ရန် ၉၀% သေချာသည်။

ယခုခေတ် အဆင့်မြင့် နည်းပညာများကြောင့် တာယာပွင့်ထွက်မှု အကြိမ်ရေလျော့နည်း လာသော်လည်း ယာဉ်မောင်းများ၏ အသက်အန္တရာယ်ကို ချိန်းခြောက်ဆဲ ဖြစ်သည်။

ထို့ကြောင့် “ရုတ်တရက် တာယာ ပွင့်ခဲ့လျှင်´´ဆောင်ရွက်ရန် အောက်ပါအချက် (၆)ချက်ကို အကြံပြုအပ်ပါသည်။

၁။ (အကောင်းဆုံးစည်းကမ်း) စိတ်ချရသော သတ်မှတ်အရှိန်နှုန်း အောက်တွင်သာ မောင်းနှင်ပါ။

တာယာ ပွင့်စဉ် အရှိန်လျော့နည်းလေ သင့်အသက်ရှင်ရန် အခွင့်အလမ်း များလေ ဖြစ်သည်။

80 မှ 90 km/h နှင့် 120 မှ 140 km/h အရှိန်နှုန်း နှစ်ခုအနက် အသေအပျောက် အချိုးမှာ (၁း၁၀) ဖြစ်ပါသည်။

130km/h အရှိန်နှင့် မောင်းစဉ် တာယာပွင့်၍ သင် ဘာမှမဖြစ်လျှင် မဟာကံထူးရှင် ဖြစ်သည်။

၂။ တာယာ ပွင့်စဉ် ဘရိတ်ကို ရုတ်တရက် မနင်းရ။

အပြောလွယ်သလောက် အလုပ် ခက်ပါသည်။ ယာဉ်မောင်း၏ အလေ့အထနှင့် ဦးနှောက် အယူအဆအရ ကား ရုတ်တရက် တစ်ခုခု ချို့ယွင်းသည်နှင့် ဘရိတ်အုပ်မိ တတ်ကြပါသည်။

ကားတာယာပွင့်၍ ထိန်းသိမ်းရခက်နေစဉ် ရုတ်တရက် ဘရိတ် အုပ်ခြင်းသည် ပိုမို၍ ထိန်းရ ခက်စေပြီး တဘက်သို့ ဆွဲချသွားလိမ့်မည်။

၃။ ရုတ်တရက် အရှိန်မြှင့် ခြေနင်း(လီဗာ)ကို မလွှတ်ရ။

ကားတာယာ ပွင့်စဉ် မိမိ နင်းထားသော လီဗာကို ရုတ်တရက် မလွတ်ဘဲ ဖြေးညင်းစွာလျှော့ချရန် ဖြစ်ပါသည်။

လီဗာကို (၃)စက္ကန့်ခန့် ယခင်အတိုင်း ဆက်နင်းထားပြီးမှ ဖြည်းဖြည်း လျှော့ချပါ။

ပွင့်နေသော တာယာခွေ ၏ ဆွဲအားကြောင့် ကားမှာလည်း အလိုလို အရှိန်လျော့သွားမည် ဖြစ်ပါသည်။

သင့်ကား၏ CRUISE CONTROL (အလိုအလျောက် မောင်းစနစ်) ခလုတ်ဖွင့်ထားလျှင် အမြန်ပိတ်ပါ။

၄။ ရှေ့တည့်တည့် သွားရန် အကောင်းဆုံး ကြိုးစားထိန်းပါ။

ရှေ့ကားဘီးပွင့်ပါက သင့်ကား ၏ တည်ငြိမ်မှု ကို အပြင်းထန်ဆုံး ထိခိုက်မည် ဖြစ်ရာ သင့်ကား၏ ဝဲ/ယာသို့ ဆွဲချမည် ဖြစ်သည်။

`ဝဲ´သို့ဆွဲလျှင် `ယာ´ဘက်သို့ စတီယာရင် ချိုးချပါ။ `ယာ´သို့ဆွဲလျှင် `ဝဲ´ဘက် ချိုးချ ပါ။ ဤအလုပ်ကို လျင်မြန်စွာနှင့် ရဲရင့်စွာ လုပ်ရန် လိုပါသည်။ သို့မှသာ ကား မှာ လမ်း အတိုင်း တည့်တည့် တရွတ်တိုက် ရွေ့မည်ဖြစ်သည်။

၅။ သွေးမပျက်ဘဲ တည်ငြိမ်စွာ ထိန်းရန်

အဓိကအချက်ဖြစ်သော ကား၏ တည်ငြိမ်မှု၊ တည့်တည့်သွားမှုသည် အရေးကြီးပါသည်။ ရုတ်တရက် အများကြီး စတီယာရင် ချိုးကွေ့မှုသည် ကားကို တိမ်းမှောက်ပြီး၊ သုံး/လေးပတ် လိမ့်စေနိုင်သည်။

ကားကို ထိန်းချုပ်နိုင်သည်အထိ စတီယာရင်ကို လိုသလို ထိန်းညှိ၍ စိတ်ချသောနေရာတွင် ရပ်ရန်ဖြစ်ပါသည်။

၆။ ကား အရှိန်လျော့လာပြီး စိတ်ချစွာရပ်နည်း

ကားကို ပထမအဆင့်ထိန်း၍ ရပြီဆိုလျှင် ဂီယာဒေါင်း၍ အရှိန်လျှော့ပါ။ (Auto Gear ဆိုလျှင် 2/L သို့ ဆွဲချပါ)။

အချက်ပြမီး ပြပြီး အမြန်လမ်းပေါ်မှ ဘေးမြေသားပေါ်သို့ ဆင်းပါ။ တာယာ ကျွတ်သွား၍ ကျန်သော ကားဘီးခွေကို မနှမြောပါနှင့် ဒီတိုင်း ဆက်မောင်းပါ။ ကား ရပ်သွားလျှင် စုံအချက်ပြမီး (Hazard Light) ဆက်ဖွင့်ထားပါ။

Credit:Kyaw Thu Ya

Be the first to comment

Leave a Reply

Your email address will not be published.


*