တကယ္အရည္အခ်င္းရိွျပီး တကယ္ေတာ္တဲ့သူေတြ ဆိုတာ

တကယ္အရည္အခ်င္းရိွျပီး တကယ္ေတာ္တဲ့သူေတြ ဆိုတာ
တကယ္အရည္အခ်င္းရိွျပီး တကယ္ေတာ္တဲ့သူေတြ ဆိုတာ

တကယ္အရည္အခ်င္းရိွျပီး တကယ္ေတာ္တဲ့သူေတြ ဆိုတာ

စစ္သူႀကီး တစ္ေယာက္ဟာ စစ္တုရင္ ကစားတာ အရမ္း ေတာ္ပါတယ္ ။ ဘယ္သူကမွ ႏိုင္ေအာင္ မကစားႏိုင္ပါဘူး ။

တစ္ေန႔ မွာ စစ္သူႀကီးဟာ သူ႔ရဲ႕စစ္တပ္နဲ႔အတူ စစ္တိုက္ ထြက္လာရင္း ႐ြာေလးတစ္႐ြာ ကို ျဖတ္ေက်ာ္လာၾကေတာ့ အဲ့႐ြာက အိမ္ေသးေသးေလး တစ္လုံးမွာ

တစ္ႏိုင္ငံလုံးရဲ႕ စစ္တုရင္ ကစားရာမွာ နံပါတ္တစ္ ” ဆိုတဲ့ ဆိုင္းဘုတ္ ခ်ိတ္ထားတာ သြားေတြ႕ ၾကတယ္။ စစ္သူႀကီးဟာ မယုံတဲ့ အတြက္ အိမ္ရွင္ကို

သြားရွာၿပီး စစ္တုရင္ ၿပိဳင္ကစားၾကတာ အိမ္ရွင္ က ၃ႀကိမ္လုံး ရႈံးခဲ့ေတာ့ စစ္သူႀကီးက ရယ္ေမာၿပီးေျပာတယ္ “ ဟားဟား ေမာင္မင္း ဆိုင္းပုဒ္ႀကီး ျဖဳတ္ပစ္ လိုက္ေတာ့ ” ဆိုၿပီး

စိတ္ေက်နပ္စြာနဲ႔ စစ္တိုက္ထြက္ သြားေတာ့တယ္ ။ မၾကာခင္မွာပဲ စစ္သူႀကီးတို႔ဟာ စစ္ေအာင္ႏိုင္လို႔ တိုင္းျပည္ကို ျပန္လာၾကရာ အဲ့႐ြာကို ျပန္ေရာက္ေတာ့ ဆိုင္းဘုတ္ ကို အရင္ ေနရာမွာပဲ ရွိေနေသးတာ ထပ္ေတြ႕တယ္ ။

ဒါနဲ႔ အိမ္ရွင္ကို ထပ္သြားေတြ႕ေတာ့ ေနာက္ထပ္ စိန္ေခၚစကား ေျပာၾကရင္း ထပ္ကစားျဖစ္ၾကတယ္။ ဒီတစ္ခါ က်ေတာ့ စစ္သူႀကီး က ၃ ပြဲ လုံး ဆက္တိုက္ ရႈံးသြားတယ္ ။စစ္သူႀကီး အရမ္းအံၾသသြားတယ္ ။

အဲ့ဒါနဲ႔ အိမ္ရွင္ကို ေမးတာ ဘာေၾကာင့္လည္း ေပါ့ ။ အိမ္ပိုင္ရွင္က ေျပာျပတာက “ အရင္ အေခါက္တုန္းက အသင္ စစ္သူႀကီးမွာ စစ္ထြက္တိုက္ရမယ့္ တာဝန္ႀကီး ရွိေနတယ္။

ကြၽန္ေတာ္မ်ိဳးအေနနဲ႔ အသင္ စစ္သူႀကီးကို စိတ္ဓါတ္ က်ေအာင္ စိတ္အားကို ခ်ိဳးပစ္လို႔ မသင့္ဘူး။

ဒီတစ္ေခါက္ အသင္စစ္သူႀကီးက စစ္ေအာင္ႏိုင္ၿပီး ျပန္လာၿပီ ဆိုေတာ့ ကြၽန္ေတာ္မ်ိဳးလည္း ပညာ လွ်ိဴထားစရာ မလိုေတာ့ ဘူးေပါ့ ” တဲ့ ။

တကယ္ ေတာ္တဲ့သူ ဆိုတာ အႏိုင္ရႏိုင္ပါရဲ႕သားနဲ႔ မလိုအပ္ဘဲ အႏိုင္မယူ ခြင့္လႊတ္ႏိုင္စြမ္းရွိေအာင္ စိတ္သေဘာထား ႀကီးတဲ့ သူပါပဲ။

လက္ေတြ႕ ဘဝမွာလည္း အတူတူပါပဲ ။ သိေနလည္း မလိုအပ္ဘဲ ေျပာစရာ မလိုပါဘူး ။ မေျပာဘူး ဆိုတာက မသိလို႔လည္း မဟုတ္ပါဘူး ။

Credit: Lwin Pyin

Unicode

တကယ်အရည်အချင်းရှိပြီး တကယ်တော်တဲ့သူတွေ ဆိုတာ…

စစ်သူကြီး တစ်ယောက်ဟာ စစ်တုရင် ကစားတာ အရမ်း တော်ပါတယ် ။ ဘယ်သူကမှ နိုင်အောင် မကစားနိုင်ပါဘူး ။

တစ်နေ့ မှာ စစ်သူကြီးဟာ သူ့ရဲ့စစ်တပ်နဲ့အတူ စစ်တိုက် ထွက်လာရင်း ရွာလေးတစ်ရွာ ကို ဖြတ်ကျော်လာကြတော့ အဲ့ရွာက အိမ်သေးသေးလေး တစ်လုံးမှာ

တစ်နိုင်ငံလုံးရဲ့ စစ်တုရင် ကစားရာမှာ နံပါတ်တစ် ” ဆိုတဲ့ ဆိုင်းဘုတ် ချိတ်ထားတာ သွားတွေ့ ကြတယ်။ စစ်သူကြီးဟာ မယုံတဲ့ အတွက် အိမ်ရှင်ကို

သွားရှာပြီး စစ်တုရင် ပြိုင်ကစားကြတာ အိမ်ရှင် က ၃ကြိမ်လုံး ရှုံးခဲ့တော့ စစ်သူကြီးက ရယ်မောပြီးပြောတယ် “ ဟားဟား မောင်မင်း ဆိုင်းပုဒ်ကြီး ဖြုတ်ပစ် လိုက်တော့ ” ဆိုပြီး

စိတ်ကျေနပ်စွာနဲ့ စစ်တိုက်ထွက် သွားတော့တယ် ။ မကြာခင်မှာပဲ စစ်သူကြီးတို့ဟာ စစ်အောင်နိုင်လို့ တိုင်းပြည်ကို ပြန်လာကြရာ အဲ့ရွာကို ပြန်ရောက်တော့ ဆိုင်းဘုတ် ကို အရင် နေရာမှာပဲ ရှိနေသေးတာ ထပ်တွေ့တယ် ။

ဒါနဲ့ အိမ်ရှင်ကို ထပ်သွားတွေ့တော့ နောက်ထပ် စိန်ခေါ်စကား ပြောကြရင်း ထပ်ကစားဖြစ်ကြတယ်။ ဒီတစ်ခါ ကျတော့ စစ်သူကြီး က ၃ ပွဲ လုံး ဆက်တိုက် ရှုံးသွားတယ် ။စစ်သူကြီး အရမ်းအံသြသွားတယ် ။

အဲ့ဒါနဲ့ အိမ်ရှင်ကို မေးတာ ဘာကြောင့်လည်း ပေါ့ ။ အိမ်ပိုင်ရှင်က ပြောပြတာက “ အရင် အခေါက်တုန်းက အသင် စစ်သူကြီးမှာ စစ်ထွက်တိုက်ရမယ့် တာဝန်ကြီး ရှိနေတယ်။

ကျွန်တော်မျိုးအနေနဲ့ အသင် စစ်သူကြီးကို စိတ်ဓါတ် ကျအောင် စိတ်အားကို ချိုးပစ်လို့ မသင့်ဘူး။

ဒီတစ်ခေါက် အသင်စစ်သူကြီးက စစ်အောင်နိုင်ပြီး ပြန်လာပြီ ဆိုတော့ ကျွန်တော်မျိုးလည်း ပညာ လျှိူထားစရာ မလိုတော့ ဘူးပေါ့ ” တဲ့ ။

တကယ် တော်တဲ့သူ ဆိုတာ အနိုင်ရနိုင်ပါရဲ့သားနဲ့ မလိုအပ်ဘဲ အနိုင်မယူ ခွင့်လွှတ်နိုင်စွမ်းရှိအောင် စိတ်သဘောထား ကြီးတဲ့ သူပါပဲ။

လက်တွေ့ ဘဝမှာလည်း အတူတူပါပဲ ။ သိနေလည်း မလိုအပ်ဘဲ ပြောစရာ မလိုပါဘူး ။ မပြောဘူး ဆိုတာက မသိလို့လည်း မဟုတ်ပါဘူး ။

Credit: Lwin Pyin

Be the first to comment

Leave a Reply

Your email address will not be published.


*