




ပန်းဂေါ်ဖီစိမ်း




ဒေါက်ခွရွက်


ချင်း


မုန်လာဥနီ


တလည်းသီး


ဂျုံစေ့


ကိုက်လန်


Credit – 7Day Dail

Unicode

ဆေးလိပ်သမားများအတွက် ခန္ဓာကိုယ်ထဲက နီကိုတင်း အဆိပ်ဓာတ်တွေကို ဖယ်ထုတ်ချင်တယ်ဆိုရင်

ဆေးလိပ်သောက်သူတိုင်း ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေတတ်တဲ့ ဓာတုပစ္စည်း နီကိုတင်းဟာ သွေးကြောတွေ ကို ပိတ်စေ နိုင်သလို ကြွက်သားဆဲလ်တွေ အလုပ် ကောင်းကောင်း မလုပ်နိုင်အောင် ဒုက္ခ ပေးနိုင်ပါတယ်။

နီကိုတင်းကြောင့် နှလုံးခုန် မြန်စေသလို၊ သွေးတိုးရောဂါလည်း ဖြစ်နိုင်ပြီး လေဖြတ်နိုင်ခြေလည်း ပိုများတာမို့ ခန္ဓာကိုယ်ထဲက နီကိုတင်းဓာတ် ဖယ်ထုတ်ပစ်နိုင်မယ့် အစားအစာ တွေကို ဖော်ပြပေးလိုက်ပါတယ်။

ပန်းဂေါ်ဖီစိမ်း

ဗီတာမင်ဘီ ၅၊ ဗီတာမင်စီ တို့ ကြွယ်ဝပြီး ကိုယ်တွင်း အဆိပ်အတောက် တွေကို ဖယ်ရှားပေးနိုင်စွမ်း ရှိပါတယ်။

လိမ္မော်သီး၊ သံပရိုသီး

ဗီတာမင်စီ ကြွယ်ဝပြီး နီကိုတင်းကြောင့် ဖြစ်ရတဲ့ စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ထိတ်လန့်မှု တွေကို လျှော့ချ ပေးနိုင်ပါတယ်။ နောက်ပြီး ကိုယ်ခံစွမ်းအား ကောင်းစေကာ အရေပြား ကျန်းမာရေးကိုလည်း ထောက်ကူပါတယ်။

ဒေါက်ခွရွက်

ဖောလစ်အက်စစ်နဲ့ ဗီတာမင် ဘီ၉ ကြွယ်ဝပြီး ဆေးလိပ်သမားတွေ ကြုံလေ့ ရှိတဲ့ အိပ်မရတဲ့ ပြဿနာ ကို ဖြေရှင်း ပေးနိုင်ပါတယ်။

ချင်း

ဆေးလိပ်သောက်ခြင်း ကနေ ဖြစ်လာတဲ့ ကျန်းမာရေး ပြဿနာ လက္ခဏာရပ်တွေကို ကုစားနိုင်ဖို့ အတွက်ဆို ချင်းစိမ်း အနည်းငယ် ပုံမှန် စားပေးဖို့ လိုပါတယ်။

မုန်လာဥနီ

ဗီတာမင်အေနဲ့ စီ ကြွယ်ဝပြီး သွေးကြောဆဲလ်တွေ ပျက်စီးမှု ကို ကာကွယ်ပေးကာ သွေးလည်ပတ်မှု ကောင်းပြီး ဦးနှောက် ကို ကောင်းကျိုးပြုပါတယ်။ မုန်လာဥနီ ပုံမှန် စားပေးခြင်းဖြင့် ကိုယ်ခံစွမ်းအား ကောင်းစေမှာပါ။

တလည်းသီး

သွေးလည်ပတ်မှု ကောင်းစေပြီး သွေးနီဆဲလ်တွေ များများ ထုတ်နိုင်အောင် အကျိုးပြု ပါတယ်။

ဂျုံစေ့

ဗီတာမင်အီး ကြွယ်ဝပြီး သွေးလည်ပတ်မှု ကောင်းစေကာ နှလုံးရောဂါ ဖြစ်ပွားမှု တွေကို ကာကွယ် ပေးပါတယ်။

ကိုက်လန်

ဓာတ်တိုး ဆန့်ကျင်ဂုဏ်သတ္တိ ရှိပြီး ခန္ဓာကိုယ် အတွက် မလိုအပ်တဲ့ အဆိပ်အတောက် တွေကို ဖယ်ရှား ပေးပါတယ်။

Credit – 7Day Dail

Be the first to comment

Leave a Reply

Your email address will not be published.


*