ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္စရာမလိုေတာ့ပါ ကိုယ္တိုင္လုပ္လို႔ရတဲ့နည္း ေတြ႕ၿပီ

ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္စရာမလိုေတာ့ပါ ကိုယ္တိုင္လုပ္လို႔ရတဲ့နည္း ေတြ႕ၿပီ
ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္စရာမလိုေတာ့ပါ ကိုယ္တိုင္လုပ္လို႔ရတဲ့နည္း ေတြ႕ၿပီ

ေတာင္သူမ်ား ပိုးသတ္ေဆးကို ေဈးႀကီးေပးဝယ္စရာမလိုေတာ့ပါ ကိုယ္တိုင္လုပ္လို႔ရတဲ့နည္း ေတြ႕ၿပီ

ဘဝတူ ေတာင္သူလယ္သမားအတြက္ စပါးေဈး သီးႏွံေဈး က်ေနတဲ့အတြက္ သြင္းအားစု တစ္ခုျဖစ္တဲ့ ပိုးသတ္ေဆးမ်ားကို ေဈးႀကီးေပး ဝယ္သုံးေနရတာ ေတြကို ေလ်ာ့ခ်ႏိူင္ေအာင္ ဓာတုအႏၲရယ္လဲ ကင္းလြတ္ဖို႔အတြက္

ကြၽန္ေတာ္ စမ္းသပ္သုံးစြဲေနတာ ၂ႏွစ္ စပါးရာသီ ၄ ရာသီ ရွိၿပီးျဖစ္တဲ့ အစြမ္းထက္တဲ့ ေဆး႐ြက္ႀကီး ပိုသတ္ေဆးကို ယုံၾကည္ စိတ္ခ်စြာ ကိုယ္တိုင္ ျပဳလုပ္ သုံးစြဲခ်င္းျဖင့္ သြင္းအားစုသက္သာၿပီး အက်ိဳး အမ်ားႀကီး ျဖစ္ထြန္းပါတယ္။

ေဆး႐ြက္ႀကီး ေဖာ္စပ္ပုံကို နားလည္ လြယ္ေအာင္ ေဖာ္ျပ ေရးေပးပါမယ္

လိုအပ္တဲ့ပစၥည္းမ်ား

(၁) မိုးၿဗဲ ဒယ္ ၁ လုံး ေရ ၅ ဂါလံ ဆန႔္ ဒယ္ျဖစ္ရပါမည္။ (၂) ထင္း နဲ႔မီးဖို ။ (၃) ေဆး႐ြက္ႀကီး ၁ ပိသာ (ကုန္က်ေငြ ၄၀၀၀က်ပ္ခန႔္) ။

ေဆး႐ြက္ႀကီးကို ေနလွန္းၿပီးက်ိဳလွ်င္ အရည္ေပ်ာ္ ျမန္ေအာင္ ႏုတ္ႏုတ္ စင္းထားပါ။ (၄) ေ႐ႊဝါဆပ္ျပာ ၆ ပိုင္း( ကုန္က်ေငြ ၁၂၀၀ က်ပ္ခန႔္) က်ိဳလွ်င္ အရည္ေပ်ာ္ ျမန္ေအာင္ ဓါးႏွင့္ ပါးပါးလွီးထားပါ။ အားလုံး ျပည့္စုံရင္ ေရ ၅ ဂါလံကို မိုးၿဗဲထဲထဲ့ၿပီး ေရဆူေအာင္ က်ိဳပါ။

ေဆး႐ြက္ႀကီး ၁ ပိသာ ထည့္က်ိဳပါ။ ၿပီးလွ်င္ ေရျပန္ဆူလွ်င္ ေ႐ႊဝါဆပ္ျပာ ပါးပါးလွီးထားတာထည့္ၿပီး ဆပ္ျပာေပ်ာ္ၿပီ ဆိုလွ်င္ မီးဖိုေပၚမွ ခ်ၿပီး အေအး နည္းနည္းခံပါ။

အပူ နည္းနည္းခ်န္ၿပီး မိုးၿဗဲဒယ္ထဲမွ ေကာ္ပုံး သို႔မဟုတ္ အစဥ္ေျပတဲ့ ထည့္စရာထဲ ဇာျဖင့္အရည္စစ္ယူပါ။ နည္းနည္းေတာ့ ပူပါမည္ သတိထားပါ။ ေအးလွ်င္ အရည္ညႇစ္လို႔ မေကာင္းလို႔ပါ။ ရရွိအရည္ ၃ ဂါလံ ခန႔္ ရပါမည္။

အဖက္မ်ားကိုလဲ ေနလွန္းၿပီး အျခားအပင္ေတြအေျခမွာ ထားၿပီး ပိုးသတ္ေဆး လုပ္လို႔ရပါသည္။ ေကာ္ပုံထဲထည့္သိမ္းထားလွ်င္ ေလဟာနယ္ထားပါ။ အဖုံးကို မၾကာခဏ ဖြင့္ေပးပါ။

ရက္အတန္ၾကာလွ်င္ အဖုံးပိတ္ထားလို႔ ရပါၿပီ။ ရရွိေဆးအရည္ကို ေဆးဖ်န္းပုံး ၄ဂါလံ ပုံးဆိုရင္ ေရသန္းဗူးခြံ ၁ လီတာ ဗူးနဲ႔ ၁ ဗူးထည့္သုံးၿပီး ပိုးက်ေနတဲ့ စပါးခင္းေတြ မွာ ဖ်န္းေပးပါ။

ပိုးမထြက္ေသးလွ်င္ ၂ ရက္ေလာက္ေနရင္ ထပ္ဖ်န္းပါ ေသခ်ာေပါက္ ပိုးထြက္ပါမည္။ မေက်နပ္ေသးရင္ ၃ ႀကိမ္ဖ်န္းေပါ့။ ႀကိဳတင္ကာကြယ္ခ်င္လွ်င္ ေျမဆီေကြၽးၿပီး ၂ ရက္၃ ရက္ေနရင္ ႀကိဳဖ်န္းလွ်င္ ပိုးလုံးဝ မက်ပါဘူး။

လက္ေတြ စမ္းသပ္သုံးစြဲၿပီးပါၿပီ။ ခ႐ုက်လွ်င္လဲ ေရေလ်ာ့ၿပီး ေဆးျပင္းျပင္းသုံးၿပီး ဖ်န္းေပးပါ ခ႐ုပါေ သပါသည္။

ဘဝတူ ေတာင္သူလယ္သမားမ်ား အက်ိဳးေမ်ာ္ကိုး၍ ကုန္က်ေငြ နည္းနည္းနဲ႔ ပိုးသတ္ေဆး ကိုယ္တိုင္ ထုတ္လုပ္သုံးစြဲေစခ်င္ပါသည္။

ကုန္က်ေငြ စုစုေပါင္း၆၀၀၀ ခန႔္ျဖင့္ ေဆးရည္ ၃ ဂါလံရပါမည္။ ေပါေပါမ်ားမ်ား သုံးစြဲလို႔ရပါသည္။ ေဆး႐ြက္ႀကီး ဆပ္ျပာ ေဆးရည္စားမိတဲ့ပိုး တစ္ခါထဲ မ်ိဳးျပဳတ္သြားမယ္ ပိုးေတြအားလုံးေရွာသြားေစရမယ္။

အားလုံးကိုေက်းဇူးတင္ပါတယ္။ ျပန္လည္မွ်ေဝခ်င္းျဖင့္ေတာင္သူမ်ားကိုကူညီေပးပါ။

မူရင္းေရးသားသူအား ခရက္ဒစ္ေပးပါသည္။

Unicode

တောင်သူများ ပိုးသတ်ဆေးကို ဈေးကြီးပေးဝယ်စရာမလိုတော့ပါ ကိုယ်တိုင်လုပ်လို့ရတဲ့နည်း တွေ့ပြီ

ဘဝတူ တောင်သူလယ်သမားအတွက် စပါးဈေး သီးနှံဈေး ကျနေတဲ့အတွက် သွင်းအားစု တစ်ခုဖြစ်တဲ့ ပိုးသတ်ဆေးများကို ဈေးကြီးပေး ဝယ်သုံးနေရတာ တွေကို လျော့ချနိူင်အောင် ဓာတုအန္တရယ်လဲ ကင်းလွတ်ဖို့အတွက်

ကျွန်တော် စမ်းသပ်သုံးစွဲနေတာ ၂နှစ် စပါးရာသီ ၄ ရာသီ ရှိပြီးဖြစ်တဲ့ အစွမ်းထက်တဲ့ ဆေးရွက်ကြီး ပိုသတ်ဆေးကို ယုံကြည် စိတ်ချစွာ ကိုယ်တိုင် ပြုလုပ် သုံးစွဲချင်းဖြင့် သွင်းအားစုသက်သာပြီး အကျိုး အများကြီး ဖြစ်ထွန်းပါတယ်။

ဆေးရွက်ကြီး ဖော်စပ်ပုံကို နားလည် လွယ်အောင် ဖော်ပြ ရေးပေးပါမယ်

လိုအပ်တဲ့ပစ္စည်းများ

(၁) မိုးဗြဲ ဒယ် ၁ လုံး ရေ ၅ ဂါလံ ဆန့် ဒယ်ဖြစ်ရပါမည်။ (၂) ထင်း နဲ့မီးဖို ။ (၃) ဆေးရွက်ကြီး ၁ ပိသာ (ကုန်ကျငွေ ၄၀၀၀ကျပ်ခန့်) ။

ဆေးရွက်ကြီးကို နေလှန်းပြီးကျိုလျှင် အရည်ပျော် မြန်အောင် နုတ်နုတ် စင်းထားပါ။ (၄) ရွှေဝါဆပ်ပြာ ၆ ပိုင်း( ကုန်ကျငွေ ၁၂၀၀ ကျပ်ခန့်) ကျိုလျှင် အရည်ပျော် မြန်အောင် ဓါးနှင့် ပါးပါးလှီးထားပါ။ အားလုံး ပြည့်စုံရင် ရေ ၅ ဂါလံကို မိုးဗြဲထဲထဲ့ပြီး ရေဆူအောင် ကျိုပါ။

ဆေးရွက်ကြီး ၁ ပိသာ ထည့်ကျိုပါ။ ပြီးလျှင် ရေပြန်ဆူလျှင် ရွှေဝါဆပ်ပြာ ပါးပါးလှီးထားတာထည့်ပြီး ဆပ်ပြာပျော်ပြီ ဆိုလျှင် မီးဖိုပေါ်မှ ချပြီး အအေး နည်းနည်းခံပါ။

အပူ နည်းနည်းချန်ပြီး မိုးဗြဲဒယ်ထဲမှ ကော်ပုံး သို့မဟုတ် အစဉ်ပြေတဲ့ ထည့်စရာထဲ ဇာဖြင့်အရည်စစ်ယူပါ။ နည်းနည်းတော့ ပူပါမည် သတိထားပါ။ အေးလျှင် အရည်ညှစ်လို့ မကောင်းလို့ပါ။ ရရှိအရည် ၃ ဂါလံ ခန့် ရပါမည်။

အဖက်များကိုလဲ နေလှန်းပြီး အခြားအပင်တွေအခြေမှာ ထားပြီး ပိုးသတ်ဆေး လုပ်လို့ရပါသည်။ ကော်ပုံထဲထည့်သိမ်းထားလျှင် လေဟာနယ်ထားပါ။ အဖုံးကို မကြာခဏ ဖွင့်ပေးပါ။

ရက်အတန်ကြာလျှင် အဖုံးပိတ်ထားလို့ ရပါပြီ။ ရရှိဆေးအရည်ကို ဆေးဖျန်းပုံး ၄ဂါလံ ပုံးဆိုရင် ရေသန်းဗူးခွံ ၁ လီတာ ဗူးနဲ့ ၁ ဗူးထည့်သုံးပြီး ပိုးကျနေတဲ့ စပါးခင်းတွေ မှာ ဖျန်းပေးပါ။

ပိုးမထွက်သေးလျှင် ၂ ရက်လောက်နေရင် ထပ်ဖျန်းပါ သေချာပေါက် ပိုးထွက်ပါမည်။ မကျေနပ်သေးရင် ၃ ကြိမ်ဖျန်းပေါ့။ ကြိုတင်ကာကွယ်ချင်လျှင် မြေဆီကျွေးပြီး ၂ ရက်၃ ရက်နေရင် ကြိုဖျန်းလျှင် ပိုးလုံးဝ မကျပါဘူး။

လက်တွေ စမ်းသပ်သုံးစွဲပြီးပါပြီ။ ခရုကျလျှင်လဲ ရေလျော့ပြီး ဆေးပြင်းပြင်းသုံးပြီး ဖျန်းပေးပါ ခရုပါေ သပါသည်။

ဘဝတူ တောင်သူလယ်သမားများ အကျိုးမျော်ကိုး၍ ကုန်ကျငွေ နည်းနည်းနဲ့ ပိုးသတ်ဆေး ကိုယ်တိုင် ထုတ်လုပ်သုံးစွဲစေချင်ပါသည်။

ကုန်ကျငွေ စုစုပေါင်း၆၀၀၀ ခန့်ဖြင့် ဆေးရည် ၃ ဂါလံရပါမည်။ ပေါပေါများများ သုံးစွဲလို့ရပါသည်။ ဆေးရွက်ကြီး ဆပ်ပြာ ဆေးရည်စားမိတဲ့ပိုး တစ်ခါထဲ မျိုးပြုတ်သွားမယ် ပိုးတွေအားလုံးရှောသွားစေရမယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြန်လည်မျှဝေချင်းဖြင့်တောင်သူများကိုကူညီပေးပါ။

မူရင်းရေးသားသူအား ခရက်ဒစ်ပေးပါသည်

Be the first to comment

Leave a Reply

Your email address will not be published.


*