ရဟန္းလက္မခံေသာအလႉ

ရဟန္းလက္မခံေသာအလႉ
ရဟန္းလက္မခံေသာအလႉ

ရဟန္းလက္မခံေသာအလႉ

တစ္ေန႔မနက္ ရဟန္းတစ္ပါးဟာ လမ္းေလွ်ာက္ၿပီး ႐ြာထဲက အိမ္ေတြမွာ ဆြမ္းခံႂ ကြလာတယ္။ ေစာေစာစီးစီး အရက္ေသာက္ၿပီး အေတာ္ေလး မူးေနတဲ့ အရက္သမား တစ္ေယာက္ဟာ အဲဒီရဟန္းကိုျမင္တာနဲ႔ ေဘးနားက အတူလိုက္ပါသြားရင္ ရဟန္းကိုေ အာ္ဟစ္ဆဲဆို ပါေတာ့တယ္။

အမူးသမားဟာ ႐ြာမွာ အဆိုးဆုံး လူမိုက္ တစ္ေယာက္မို႔ ႐ြာသူ႐ြာသားေတြဟာ ေၾကာက္ၿပီး ဘာမွမေျပာရဲ ၾကဘူး။ ရဟန္းဟာ လူမိုက္ ဆဲဆိုသမွ်ကို ဘာတစ္ခြန္း မွျပန္မေျပာ တစ္ခ်က္ လွည့္မၾကည့္ဘဲ အိမ္ေတြမွာ ဆက္လက္ဆြမ္းခံေနတယ္။

လူမိုက္ ကလည္း ရဟန္းနာက လိုက္ပါရင္း မေမာမပန္း ဆက္လက္ဆဲဆိုေ နတယ္။ ႐ြာအစြန္ကိုေရာက္လာၾကၿပီး ေနလည္း အေတာ္ပူျပင္းလာၿပီး။ အခု အရက္မူးသမားဟာ အမူးေျပလာၿပီး သူလည္းတစ္လမ္းလုံး ဆဲဆိုေနခဲ့လို႔ေမာေနၿပီး။

ဒီအခါမွာ အမူးသမားက ရဟန္းကို စေလွ်ာက္တင္တယ္။ အမူးသမား အရွင္ဘုရား တပည့္ေတာ္တစ္လမ္းလုံး ဆဲဆို ေနတာကို အရွင္ဘုရား တစ္ခြန္း မွျပန္မေျပာ စိတ္လည္းမဆိုးဘူး။

အဲဒါ ဘာေၾကာင့္ပါလဲ ဘုရား။ သူ အမူးေျပ ၿပီမို႔ အရွင္ေတြ၊ ဘုရားေတြေခၚလာၿပီ။ ရဟန္းဒကာတစ္ေယာက္က ဘုန္းႀကီးကိုပစၥည္း လာလႉလို႔ ဘုန္းႀကီးက လက္ခံလိုက္ရင္ အဲဒါဘယ္သူ႔ ပစၥည္းျဖစ္သြားမလဲ။

အမူးသမား – ဘုန္းႀကီးက လက္ခံမွေတာ့ အဲဒါ ဘုန္းႀကီးပစၥည္ းျဖစ္သြားၿပီးေပါ့ ဘုရား။ ရဟန္း = ဒါဆို အဲဒီပစၥည္းကို ဘုန္းႀကီးက လက္မခံရင္ေကာကြာ။ အမူးသမား = ဘုန္းႀကီးလက္မခံရင္ အဲဒီပစၥည္းဟာ လႉတဲ့သူရဲ႕ပစၥည္းပဲျဖစ္ေနမွာပါပဲ။

ရဟန္း = ေအး၊ မင္း လမ္းတစ္ေလွ်ာက္လုံးမွာ အဆဲအလႉႀကီးေပးေနတာကို ဘုန္းႀကီး လက္မခံဘူး။ ဒါေၾကာင့္ အဲဒီ အဆဲေတြ အာလုံး ကို မင္းပိုင္သြားၿပီး။ အိမ္ကိုျပန္ယူသြားေပေတာ့။ အမူးသမား = တင္ပါ့ဘုရား။

ေဖ့စ္ဘုတ္ မွာ ဆဲလိုက္ ရလို႔ ေက်နပ္မေနၾကပါနဲ႔။ အဆဲေတြကို တစ္ဖက္သားက မယူ ဘူးဆိုရင္ ဆဲသူထံ ျပန္ေရာက္ လာပါ လိမ့္မယ္။

Credit.

Unicode

ရဟန်းလက်မခံသောအလှူ

တစ်နေ့မနက် ရဟန်းတစ်ပါးဟာ လမ်းလျှောက်ပြီး ရွာထဲက အိမ်တွေမှာ ဆွမ်းခံြ ကွလာတယ်။ စောစောစီးစီး အရက်သောက်ပြီး အတော်လေး မူးနေတဲ့ အရက်သမား တစ်ယောက်ဟာ အဲဒီရဟန်းကိုမြင်တာနဲ့ ဘေးနားက အတူလိုက်ပါသွားရင် ရဟန်းကိုေ အာ်ဟစ်ဆဲဆို ပါတော့တယ်။

အမူးသမားဟာ ရွာမှာ အဆိုးဆုံး လူမိုက် တစ်ယောက်မို့ ရွာသူရွာသားတွေဟာ ကြောက်ပြီး ဘာမှမပြောရဲ ကြဘူး။ ရဟန်းဟာ လူမိုက် ဆဲဆိုသမျှကို ဘာတစ်ခွန်း မှပြန်မပြော တစ်ချက် လှည့်မကြည့်ဘဲ အိမ်တွေမှာ ဆက်လက်ဆွမ်းခံနေတယ်။

လူမိုက် ကလည်း ရဟန်းနာက လိုက်ပါရင်း မမောမပန်း ဆက်လက်ဆဲဆိုေ နတယ်။ ရွာအစွန်ကိုရောက်လာကြပြီး နေလည်း အတော်ပူပြင်းလာပြီး။ အခု အရက်မူးသမားဟာ အမူးပြေလာပြီး သူလည်းတစ်လမ်းလုံး ဆဲဆိုနေခဲ့လို့မောနေပြီး။

ဒီအခါမှာ အမူးသမားက ရဟန်းကို စလျှောက်တင်တယ်။ အမူးသမား အရှင်ဘုရား တပည့်တော်တစ်လမ်းလုံး ဆဲဆို နေတာကို အရှင်ဘုရား တစ်ခွန်း မှပြန်မပြော စိတ်လည်းမဆိုးဘူး။

အဲဒါ ဘာကြောင့်ပါလဲ ဘုရား။ သူ အမူးပြေ ပြီမို့ အရှင်တွေ၊ ဘုရားတွေခေါ်လာပြီ။ ရဟန်းဒကာတစ်ယောက်က ဘုန်းကြီးကိုပစ္စည်း လာလှူလို့ ဘုန်းကြီးက လက်ခံလိုက်ရင် အဲဒါဘယ်သူ့ ပစ္စည်းဖြစ်သွားမလဲ။

အမူးသမား – ဘုန်းကြီးက လက်ခံမှတော့ အဲဒါ ဘုန်းကြီးပစ္စည် းဖြစ်သွားပြီးပေါ့ ဘုရား။ ရဟန်း = ဒါဆို အဲဒီပစ္စည်းကို ဘုန်းကြီးက လက်မခံရင်ကောကွာ။ အမူးသမား = ဘုန်းကြီးလက်မခံရင် အဲဒီပစ္စည်းဟာ လှူတဲ့သူရဲ့ပစ္စည်းပဲဖြစ်နေမှာပါပဲ။

ရဟန်း = အေး၊ မင်း လမ်းတစ်လျှောက်လုံးမှာ အဆဲအလှူကြီးပေးနေတာကို ဘုန်းကြီး လက်မခံဘူး။ ဒါကြောင့် အဲဒီ အဆဲတွေ အာလုံး ကို မင်းပိုင်သွားပြီး။ အိမ်ကိုပြန်ယူသွားပေတော့။ အမူးသမား = တင်ပါ့ဘုရား။

ဖေ့စ်ဘုတ် မှာ ဆဲလိုက် ရလို့ ကျေနပ်မနေကြပါနဲ့။ အဆဲတွေကို တစ်ဖက်သားက မယူ ဘူးဆိုရင် ဆဲသူထံ ပြန်ရောက် လာပါ လိမ့်မယ်။

Credit.

Be the first to comment

Leave a Reply

Your email address will not be published.


*