ႏြားသားကို အမဲသားလို႕ ေခၚဆိုရသည့္ အေၾကာင္းအရင္း

ႏြားသားကို အမဲသားလို႕ ေခၚဆိုရသည့္ အေၾကာင္းအရင္း
ႏြားသားကို အမဲသားလို႕ ေခၚဆိုရသည့္ အေၾကာင္းအရင္း

ႏြားသားကို အမဲသားလို႕ ေခၚဆိုရသည့္ အေၾကာင္းအရင္း

အသားစားသတၱဝါထဲ၌တြင္ သရဲသဘက္၊ဘီလူး၊က်ား၊ ျခေသၤ့ႏွင့္ တျခားေသာ မေကာင္းဆိုးဝါးမိစာၦမ်ားမွာ အသားထဲ၌ ႏြားသာကိုသာ အႀကိဳက္ဆုံးျဖစ္သည္။

ႏြားသား၏အနံ႔မွာလည္း အညႇီဆုံးျဖစ္သလို ႏြားသားစားျခင္းေၾကာင့္လည္း ေသြးသားအားေကာင္းျခင္းကိုျဖစ္ေစသည္။ ၾကက္ေသေတာ့ၾကက္သား၊ ဝက္ေသေတာ့ဝက္သားလို႔ ေခၚၾကသည္မွာ အမွန္တိုင္းပင္ျဖစ္ေသာ္လည္း ႏြားေသတဲ့အသားက်ေတာ့ အမဲသားဟူ၍ ေခၚေဝၚျခင္းမွာ ထူးဆန္းလွသည့္အျပင္ ဘာေၾကာင့္ အဲဒီလိုေခၚေဝၚျခင္းကို မသိသူက မ်ားပါသည္။

အမဲသားဟု ေခၚေဝၚျခင္းမွာ မေကာင္းေသာ အေမွာင္ေလာကသားတို႔သာ ႀကိဳက္ႏွစ္သက္ၾကသည္၊စားၾကသည္၊ မက္ေမာၾကသည္ျဖစ္၍ သာမွန္လူသားတို႔ အေနနဲ႔ ျဖဴစင္သန႔္ရွင္းေသာအသား မဟုတ္ေၾကာင္း ကို ဆိုလိုသည္။

မသန႔္ရွင္းဟု ဆိုသည္မွာ ႐ြံစရာေကာင္းေအာင္ ညစ္ပတ္ေနသည္ဟု ေျပာျခင္းမဟုတ္ပါ။ အကုသိုလ္ေတြ ဖုံးလႊမ္းေပက်ံေနေသာေၾကာင့္၊ မေကာင္းဆိုးဝါးမ်ားသာ ႏွစ္သက္ေသာေၾကာင့္ မသန႔္ရွင္းမျဖဴစင္ဘူးဟု ဆိုပါသည္။

အေမွာင္ေလာကသားတို႔၊ ပရေလာကသားတို႔ ကုသိုလ္ႏွင့္ အကုသိုလ္ကို မသိနားမလည္ မခြဲျခားတတ္ေသာ၊ မလုပ္ႏိုင္ေသာသူတို႔သာ စားမက္ဖြယ္ရာဟု သတ္မွတ္ထားေသာ အသားျဖစ္၍ အမဲသားဟု ေခၚေဝၚၾကသည္။

ထို႔သို ႔အမဲသားကို ႀကိဳက္ႏွစ္သက္ေသာ၊ စားေသာက္ၾကေသာ သာမန္လူသားတို႔တြင္ ထိုသူတို႔၏ ခႏၶာတြင္လည္း အင္မတန္ ညစ္ႏြမ္းျခင္း အနံ႔အသက္ အညႇီနံမ်ား စြဲေနေလ၏။

မိမိကိုယ္မိမိ မသိေသာ္လည္း အထက္မွာ ေဖာ္ျပထားသည့္ အမဲသားကို မက္ေမာႏွစ္သက္စြာ ႀကိဳက္ႏွစ္သက္သည့္ ပရေလာကသားမ်ား၊ က်ားရဲ တိရိစာၦန္မ်ား၊ အစိမ္းေသ၊ သရဲသဘက္၊ဘီလူးမ်ားမွာ ထိုအသား၏ အနံ႔ကို ယဥ္ပါးေနၿပီ ျဖစ္၍ ထိုအသားကို စားေသာက္ထားသည့္ သာမန္လူသားမ်ားကို အလြယ္တကူ သိရွိၾက၏။ အလြယ္တကူ အနံ႔ရ၏။

ထိုအနံ႔ ရရွိေသာ လူသားတို႔ကိုလည္း ထိုမိစာၦတို႔က အမဲသားကို ႀကိဳက္ႏွစ္သက္ မက္ေမာသလို ထိုအသားစားထားေသာ လူသားတို႔ကိုလည္း မက္ေမာၾက၏၊ ႀကိဳက္ႏွစ္သက္ၾက၏။

သူတို႔၏ အႀကိဳက္ဆုံးအနံ႔ အစားအေသာက္သည္ မည့္သည့္လူ မည့္သည့္ေနရာ၌ ရွိသည္ကို အလြယ္တကူ သိၾက၏။ ထိုအသားကို စားသုံးေသာ လူသားတို႔၌လည္း ထိုမိစာၦအေပါင္းက မစားတဲ့သူမ်ားထက္ လြယ္ကူစြာ ေႏွာက္ယွက္ႏိုင္၏။

လြယ္စြာ တိုက္ခိုက္ ဖ်က္စီးႏိုင္၏။ ထိုအသားကို စားသုံးေသာသူတို႔မွာလည္း ကံနိမ့္၏၊ ဉာဏ္နိမ့္၏။ ထိုေၾကာင့္ပင္ ဤႏြားသားေခၚ အမဲသားကို သူေတာ္ေကာင္းတို ႔ေလာကီပညာရွင္တို႔ တရားအားထုတ္ေသာ အရိယာသူေတာ္စင္ပုဂၢိဳလ္တို႔က ေရွာင္က်ဥ္၍ မစားၾကေပ။

အာဆိပ္ လွ်ာဆိပ္ညံ့သည္၊ ဩဇာအာဏာစက္ ညံ့သည္၊ ေျပာဆိုသမွ် ႀကံစည္သမွ် ပ်က္စီးေစတတ္သည္၊ လာဒ္ပိတ္တတ္သည္။

ထိုေၾကာင့္ျဖစ္ပါ၍ သူေတာ္ေကာင္းမ်ားအေနျဖင့္ မစားၾကပါနဲ႔လို ႔ေျပာဆိုအမိန႔္ေပးခြင့္၊ ပိတ္ပင္တားဆီးခြင့္ မရွိပါေသာေၾကာင့္…မိမိတို႔၏ ကိုယ္ပိုင္ အသိဉာဏ္ေလးျဖင့္ ဆင္ျခင္သုံးသပ္၍ သတိတရားမ်ား ရွိၾကပါေစ…ေလးစားစြာျဖင့္။

Unicode

နွားသားကို အမဲသားလို့ ခေါ်ဆိုရသည့် အကြောင်းအရင်း

အသားစားသတ္တဝါထဲ၌တွင် သရဲသဘက်၊ဘီလူး၊ကျား၊ ခြင်္သေ့နှင့် တခြားသော မကောင်းဆိုးဝါးမိစ္ဆာများမှာ အသားထဲ၌ နွားသာကိုသာ အကြိုက်ဆုံးဖြစ်သည်။

နွားသား၏အနံ့မှာလည်း အညှီဆုံးဖြစ်သလို နွားသားစားခြင်းကြောင့်လည်း သွေးသားအားကောင်းခြင်းကိုဖြစ်စေသည်။ ကြက်သေတော့ကြက်သား၊ ဝက်သေတော့ဝက်သားလို့ ခေါ်ကြသည်မှာ အမှန်တိုင်းပင်ဖြစ်သော်လည်း နွားသေတဲ့အသားကျတော့ အမဲသားဟူ၍ ခေါ်ဝေါ်ခြင်းမှာ ထူးဆန်းလှသည့်အပြင် ဘာကြောင့် အဲဒီလိုခေါ်ဝေါ်ခြင်းကို မသိသူက များပါသည်။

အမဲသားဟု ခေါ်ဝေါ်ခြင်းမှာ မကောင်းသော အမှောင်လောကသားတို့သာ ကြိုက်နှစ်သက်ကြသည်၊စားကြသည်၊ မက်မောကြသည်ဖြစ်၍ သာမှန်လူသားတို့ အနေနဲ့ ဖြူစင်သန့်ရှင်းသောအသား မဟုတ်ကြောင်း ကို ဆိုလိုသည်။

မသန့်ရှင်းဟု ဆိုသည်မှာ ရွံစရာကောင်းအောင် ညစ်ပတ်နေသည်ဟု ပြောခြင်းမဟုတ်ပါ။ အကုသိုလ်တွေ ဖုံးလွှမ်းပေကျံနေသောကြောင့်၊ မကောင်းဆိုးဝါးများသာ နှစ်သက်သောကြောင့် မသန့်ရှင်းမဖြူစင်ဘူးဟု ဆိုပါသည်။

အမှောင်လောကသားတို့၊ ပရလောကသားတို့ ကုသိုလ်နှင့် အကုသိုလ်ကို မသိနားမလည် မခွဲခြားတတ်သော၊ မလုပ်နိုင်သောသူတို့သာ စားမက်ဖွယ်ရာဟု သတ်မှတ်ထားသော အသားဖြစ်၍ အမဲသားဟု ခေါ်ဝေါ်ကြသည်။

ထို့သို့အမဲသားကို ကြိုက်နှစ်သက်သော၊ စားသောက်ကြသော သာမန်လူသားတို့တွင် ထိုသူတို့၏ ခန္ဓာတွင်လည်း အင်မတန် ညစ်နွမ်းခြင်း အနံ့အသက် အညှီနံများ စွဲနေလေ၏။

မိမိကိုယ်မိမိ မသိသော်လည်း အထက်မှာ ဖော်ပြထားသည့် အမဲသားကို မက်မောနှစ်သက်စွာ ကြိုက်နှစ်သက်သည့် ပရလောကသားများ၊ ကျားရဲ တိရိစ္ဆာန်များ၊ အစိမ်းသေ၊ သရဲသဘက်၊ဘီလူးများမှာ ထိုအသား၏ အနံ့ကို ယဉ်ပါးနေပြီ ဖြစ်၍ ထိုအသားကို စားသောက်ထားသည့် သာမန်လူသားများကို အလွယ်တကူ သိရှိကြ၏။ အလွယ်တကူ အနံ့ရ၏။

ထိုအနံ့ ရရှိသော လူသားတို့ကိုလည်း ထိုမိစ္ဆာတို့က အမဲသားကို ကြိုက်နှစ်သက် မက်မောသလို ထိုအသားစားထားသော လူသားတို့ကိုလည်း မက်မောကြ၏၊ ကြိုက်နှစ်သက်ကြ၏။

သူတို့၏ အကြိုက်ဆုံးအနံ့ အစားအသောက်သည် မည့်သည့်လူ မည့်သည့်နေရာ၌ ရှိသည်ကို အလွယ်တကူ သိကြ၏။ ထိုအသားကို စားသုံးသော လူသားတို့၌လည်း ထိုမိစ္ဆာအပေါင်းက မစားတဲ့သူများထက် လွယ်ကူစွာ နှောက်ယှက်နိုင်၏။

လွယ်စွာ တိုက်ခိုက် ဖျက်စီးနိုင်၏။ ထိုအသားကို စားသုံးသောသူတို့မှာလည်း ကံနိမ့်၏၊ ဉာဏ်နိမ့်၏။ ထိုကြောင့်ပင် ဤနွားသားခေါ် အမဲသားကို သူတော်ကောင်းတို့လောကီပညာရှင်တို့ တရားအားထုတ်သော အရိယာသူတော်စင်ပုဂ္ဂိုလ်တို့က ရှောင်ကျဉ်၍ မစားကြပေ။

အာဆိပ် လျှာဆိပ်ညံ့သည်၊ ဩဇာအာဏာစက် ညံ့သည်၊ ပြောဆိုသမျှ ကြံစည်သမျှ ပျက်စီးစေတတ်သည်၊ လာဒ်ပိတ်တတ်သည်။

ထိုကြောင့်ဖြစ်ပါ၍ သူတော်ကောင်းများအနေဖြင့် မစားကြပါနဲ့လို့ပြောဆိုအမိန့်ပေးခွင့်၊ ပိတ်ပင်တားဆီးခွင့် မရှိပါသောကြောင့်…မိမိတို့၏ ကိုယ်ပိုင် အသိဉာဏ်လေးဖြင့် ဆင်ခြင်သုံးသပ်၍ သတိတရားများ ရှိကြပါစေ…လေးစားစွာဖြင့်။

Be the first to comment

Leave a Reply

Your email address will not be published.


*