ေငြတစ္ျပားမွ မကုန္ပဲ နိဗၺာန္ထိေတာင္ ပို႔ေပးႏိုင္ေသာ အလႉ (၇)မ်ိဳး

နိဗၺာန္ထိေတာင္ ပို႔ေပးႏိုင္ေသာ အလႉ (၇)မ်ိဳး
နိဗၺာန္ထိေတာင္ ပို႔ေပးႏိုင္ေသာ အလႉ (၇)မ်ိဳး

ေငြတစ္ျပားမွ မကုန္ပဲ နိဗၺာန္ထိေတာင္ ပို႔ေပးႏိုင္ေသာ အလႉ (၇)မ်ိဳး

ေငြေၾကး မရွိေသာ္လည္း ေန႔စဥ္ လႉဒါန္း ႏိုင္ေသာ အလႉဒါန (၇) မ်ိဳး… အခါတပါး၌လူငယ္တစ္ေယာက္သည္

ျမတ္စြာဘုရားထံသို႔ ခ်ဥ္းကပ္၍ အကြၽႏ္ုပ္သည္ မည္သည့္ အရာကိုပဲ လုပ္လုပ္ မေအာင္မျမင္ ျဖစ္ေနပါသည္။

အဘယ္ေၾကာင့္ မေအာင္မျမင္ ျဖစ္ေနပါသနည္းဟု ေမးေလွ်ာက္ သည္။ ထိုအခါ ျမတ္စြာဘုရားကအသင္သည္ အလႉဒါန မျပဳတတ္၍ ျဖစ္သည္ဟု ေျဖၾကား ေတာ္မူ သည္။

“ေငြေၾကး တစ္ျပား တစ္ခ်ပ္မွ် မရွိေသာ ဆင္းရဲသား ကြၽႏ္ုပ္အဖို႔ မည္ကဲ့သို႔ အလႉဒါန ျပဳႏိုင္ပါမည္နည္း ဟု လူငယ္က ျပန္လည္ ေလွ်ာက္တင္ ေသာအခါ အသင္ ဤသို႔ မဟုတ္သည္ကို မွတ္သားေလာ့။

တစ္ဦး တစ္ေယာက္ေသာ သူသည္ ေငြေၾကး မရွိေသာ္လည္း သူတစ္ပါးကို ေပးကမ္း ႏိုင္ေသာ အလႉဒါန ၇ မ်ိဴး ရွိသည္ ။ထို(၇)မ်ိဳးမွာ

(၁) မ်က္ႏွာ ဟန္အမူအရာျဖင့္ အလႉ ဒါန ျပဳျခင္း

အၿပဳံးျဖင့္ ေဖာ္ေ႐ြစြာ ဆက္ဆံျခင္း။

(၂) ႏႈတ္ျဖင့္ အလႉ ဒါန ျပဳျခင္း

အားေပး စကား၊ ႏွစ္သိမ့္ စကား၊ ခ်ီးက်ဴး စကား၊ ညႇာတာ စကား၊ ေႏြးေထြးေသာ စကားမ်ား ေျပာဆို ျခင္း။

(၃) စိတ္ျဖင့္ အလႉ ဒါန ျပဳျခင္း

စိတ္တံခါးကို ဖြင့္၍ သူတစ္ပါးကို ပြင့္လင္း ႐ိုးသားစြာ ဆက္ဆံျခင္း။

(၄) အျမင္ျဖင့္ အလႉ ဒါန ျပဳျခင္း

ေကာင္းေသာ ေစတနာ အျမင္ျဖင့္ သူတစ္ပါးကို ၾကည့္ျမင္တတ္ျခင္း။

(၅) ကာယ လုပ္အားျဖင့္ အလႉ ဒါန ျပဳျခင္း

မိမိ ႏိုင္နင္းေသာ လုပ္ေဆာင္မႈျဖင့္ သူတစ္ပါး ကို ကူညီျခင္း။

(၆) ေနရာ ထိုင္ခင္း အလႉ ဒါန ျပဳျခင္း

ေလွစီးကား စီးသည့္ အခါ မိမိထိုင္ခုံ ေနရာကို အိုမင္းမစြမ္းသူ ကိုယ္ဝန္ရွိသူႏွင့္ ကေလးငယ္တို႔အား မိမိ၏ ထိုင္ခုံေနရာကို ထိုင္ေစျခင္း။

(၇) ေနအိမ္အလႉဒါနျပဳျခင္း

မိမိ၏ အိမ္ေနရာ ကို သူတစ္ပါး တို႔ အနားယူရန္ ေပးကမ္းျခင္း။ မည္သူမဆို ဤအလႉဒါန (၇) မ်ိဳးေသာ ေကာင္းမႈ ကုသိုလ္ကို ေပးကမ္း ေလ့ရွိသည့္ အက်င့္ေကာင္း ရွိလွ်င္ ေအာင္ျမင္ျခင္းသည္ ထပ္ခ်ပ္ မကြာ လိုက္ပါ လာမည္သာ ျဖစ္ ပါသည္။

Unicode

ငွေတစ်ပြားမှ မကုန်ပဲ နိဗ္ဗာန်ထိတောင် ပို့ပေးနိုင်သော အလှူ (၇)မျိုး

ငွေကြေး မရှိသော်လည်း နေ့စဉ် လှူဒါန်း နိုင်သော အလှူဒါန (၇) မျိုး… အခါတပါး၌လူငယ်တစ်ယောက်သည်

မြတ်စွာဘုရားထံသို့ ချဉ်းကပ်၍ အကျွန်ုပ်သည် မည်သည့် အရာကိုပဲ လုပ်လုပ် မအောင်မမြင် ဖြစ်နေပါသည်။

အဘယ်ကြောင့် မအောင်မမြင် ဖြစ်နေပါသနည်းဟု မေးလျှောက် သည်။ ထိုအခါ မြတ်စွာဘုရားကအသင်သည် အလှူဒါန မပြုတတ်၍ ဖြစ်သည်ဟု ဖြေကြား တော်မူ သည်။

“ငွေကြေး တစ်ပြား တစ်ချပ်မျှ မရှိသော ဆင်းရဲသား ကျွန်ုပ်အဖို့ မည်ကဲ့သို့ အလှူဒါန ပြုနိုင်ပါမည်နည်း ဟု လူငယ်က ပြန်လည် လျှောက်တင် သောအခါ အသင် ဤသို့ မဟုတ်သည်ကို မှတ်သားလော့။

တစ်ဦး တစ်ယောက်သော သူသည် ငွေကြေး မရှိသော်လည်း သူတစ်ပါးကို ပေးကမ်း နိုင်သော အလှူဒါန ၇ မျိူး ရှိသည် ။ထို(၇)မျိုးမှာ

(၁) မျက်နှာ ဟန်အမူအရာဖြင့် အလှူ ဒါန ပြုခြင်း

အပြုံးဖြင့် ဖော်ရွေစွာ ဆက်ဆံခြင်း။

(၂) နှုတ်ဖြင့် အလှူ ဒါန ပြုခြင်း

အားပေး စကား၊ နှစ်သိမ့် စကား၊ ချီးကျူး စကား၊ ညှာတာ စကား၊ နွေးထွေးသော စကားများ ပြောဆို ခြင်း။

(၃) စိတ်ဖြင့် အလှူ ဒါန ပြုခြင်း

စိတ်တံခါးကို ဖွင့်၍ သူတစ်ပါးကို ပွင့်လင်း ရိုးသားစွာ ဆက်ဆံခြင်း။

(၄) အမြင်ဖြင့် အလှူ ဒါန ပြုခြင်း

ကောင်းသော စေတနာ အမြင်ဖြင့် သူတစ်ပါးကို ကြည့်မြင်တတ်ခြင်း။

(၅) ကာယ လုပ်အားဖြင့် အလှူ ဒါန ပြုခြင်း

မိမိ နိုင်နင်းသော လုပ်ဆောင်မှုဖြင့် သူတစ်ပါး ကို ကူညီခြင်း။

(၆) နေရာ ထိုင်ခင်း အလှူ ဒါန ပြုခြင်း

လှေစီးကား စီးသည့် အခါ မိမိထိုင်ခုံ နေရာကို အိုမင်းမစွမ်းသူ ကိုယ်ဝန်ရှိသူနှင့် ကလေးငယ်တို့အား မိမိ၏ ထိုင်ခုံနေရာကို ထိုင်စေခြင်း။

(၇) နေအိမ်အလှူဒါနပြုခြင်း

မိမိ၏ အိမ်နေရာ ကို သူတစ်ပါး တို့ အနားယူရန် ပေးကမ်းခြင်း။ မည်သူမဆို ဤအလှူဒါန (၇) မျိုးသော ကောင်းမှု ကုသိုလ်ကို ပေးကမ်း လေ့ရှိသည့် အကျင့်ကောင်း ရှိလျှင် အောင်မြင်ခြင်းသည် ထပ်ချပ် မကွာ လိုက်ပါ လာမည်သာ ဖြစ် ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*