Unicode
မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ အလေ့အကျင့် ၇ ခု
မိမိကိုယ်ကိုယ် ယုံကြည်မှု ရှိသူတွေရဲ့ အလေ့အကျင့် ၇ ခု
၁။ ဖြစ်နိုင်တာကိုပဲ လက်ခံတယ်
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေက သူတို့တကာ်လုပ်နိုင်တာ၊ ြစေ်နိုင်တာကိုပဲ လက်ခံလေ့ရှိပါတယ်။ သူတို့အတွက် မလိုအပ္ဘူး၊ မဖြစ်နိုင်ဘူးလို့ ထင်တာကို ပြတ်ပြတ်သားသား ငြင်းဆိုတတ်ကြပါတယ်။
၂။ အပြုသလောဆောင်တဲ့စကားလုံးတွေသုံးကြတယ်
မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဟာ ကမ္ဘာလောကကြီးပေါ်မှာ အကောင်းမြင်စိတ်များသူတွေ ဖြစ်ပါတယ်။ သူတို့ရဲ့ဖြစ်တည်မှု၊ အရည်အချင်းတွေပေါ်မှာ ယုံကြည်မှုရှိထားပြီး ဖြစ်တာကြောင့် ဘယ်သူ့ကိုမှ ထိခိုက်နာကျင်အောင် ချိုးနှိမ်တဲ့စကားလုံးတွေ ပြောလေ့မရှိပါဘူး။ လူတိုင်ကို ချီးကျူးစကားပြောလေ့ရှိပြီး လွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်။
၃။ ရည်မှန်းချက်ပြတ်သားတယ်
မိမိကိုယ်ကိုယ်ယုံကြည်မှုဟာ သံသယတွေကို ဖယ်ရှားပေးပါတယ်။ ဒါ့ကြောင့် ဖြစ်ချင်တာတွေကို တိကျရှင်းလင်းတဲ့ ရည်းမှန်းချက်တွေ ရှိပြီး လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်နိုင်ကြပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေဟာ သူတို့ရဲ့ရည်မှန်းချက်အတွက် အခွင့်အလမ်းတွေကို ကိုယ်တိုင်ဖန်တီးနိုင်သူတွေ ဖြစ်ပါတယ်။
၄။ အူကြောင်ကြောင်ဖြစ်မှာ မစိုးရိမ်ကြဘူး
လူအမ်ားစုက သူတို့ရဲ့ စိတ်ကူးစိတ်သန်းနဲ့ ထင်မြင်ယူဆချက်ကို ပြောဖို့ အမေးခံရချိန်မှာ ပွင့်ပွင့်လင်းလင်းပြောဖို့ တွန့်ဆုတ်တတ်ကြပါတယ်။
ပြောလိုက်တဲ့စကားနဲ့ ထင်မြင်ချက်က အျခားသူတွေအမြင်မှာ အူကြောင်းကြောင်ဖြစ်နေမလားဆိုတာ စိုးရိမ်ကြတာကြောင့်ပါ။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိသူတွေကတော့ သူတို့ရဲ့ ထင်မြင်ချက်ကို ပြောဖို့ တွန့်ဆုတ်မနေတတ်ပါဘူး။
၅။ ကျရှုံးမှုကို အခွင့်အလမ်းလို့ မြင်ကြတယ်
ကျရှုံးမှုတွေဟာ ဘဝရဲ့တစိတ်တပိုင်းဆိုတာ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့အခါ နားလည်လာပါလိမ့်မယ်။ ဘယ်လောက်ပဲ သေချာနေပါစေ မျှော်လင့်မထားတဲ့ အကြောင်းကိစ္စတွေကြောင့် အဆင်မပြေမှုတွေ ကျရှုံးမှုတွေ ရှိလာနိုင်ပါတယ်။
ဒါကို ထိုင်ဝမ်းနည်းမနေပဲ ပြန်ရုန်းထနိုင်မယ့် အခွင့်အလမ်းရှာနိုင်တာက မိမိကိုယ်ကိုယ် ယုံကြည်မှုပါပဲ။
၆။ အခြားသူတွေနဲ့ မနှိုင်းယှဉ်ဘူး
လူတိုင်းမှာ ကိုယ်ပိုင်ဘဝခရီး၊ အတားအဆီးနဲ့ အခက်အခဲတွေရှိပါတယ်။ ဒါတွေကို ရင်ဆိုင်ကျော်ဖြတ်ရာမှာ အျခားသူတွေနဲ့ လိုက်နှိုင်းယှဉ်နေတာက အချိန်နဲ့ စိတ်အားထက်သန်မှုကို ဖြန်းတီးတာပါပဲ။
အခြားသူတွေရဲ့ ဘဝဖြတ်သန်းပုံကို နှိုင်းယှဉ်နေမယ့်အစား ကိုယ့်ဘဝကိုယ့်လမ်းကို အကောင်းဆုံးဖြစ်အောင် လျှောက်လှမ်းတာကလည်း မိမိကိုယ်ကိုယ်ယုံကြည်မှု ရှိသူတွေရဲ့ အလေ့အကျင့်ဖြစ်ပါတယ်။
၇။ အမြဲတမ်းသင်ယူလေ့လာလိုစိတ်ရှိကြတယ်
ယုံကြည်မှုဆိုတာ အသိပညာဗဟုသုတကနေ လာပါတယ်။ အသိပညာ ဗဟုသုတတွေကလည်း သင်ယူလေ့လာခြင်းရဲ့ ရလဒ်တစ်ခုဖြစ်ပါတယ်။ သင့်အနေနဲ့ ငါ အားလုံးသိတယ်ဆိုတဲ့ စိတ်ထားမျိုးရှိနေမယ်ဆိုရင် ဘာကိုမွလေ့လာသင်ယူနိုင်မှာ မဟုတ်ပါဘူး။
ယုံကြည်မှုရှ်သူတွေက သူတို့ဘာတွေကို သိပြီး ဘာတွေကို မသိဘူးလဲဆိုတာ ကောင်းကောင်းသိကြပါတယ်။ ဒါ့ကြောင့် မသိသေးတာတွေကို အမြဲတမ်းလေ့လာသင်ယူလေ့ရှိပါတယ်။
Credit Gentleman Magazine
Be the first to comment
Leave a Reply
Your email address will not be published.
*