ပါးစပ္ ေတြရဲ႕ ေနာက္မွာ ဘဝ ေတြ ပါတယ္

ပါးစပ္ ေတြရဲ႕ ေနာက္မွာ ဘဝ ေတြ ပါတယ္
ပါးစပ္ ေတြရဲ႕ ေနာက္မွာ ဘဝ ေတြ ပါတယ္

ပါးစပ္ ေတြရဲ႕ ေနာက္မွာ ဘဝ ေတြ ပါတယ္

ဘုရားေပၚ တံမ်က္စည္းလွည္းေနရင္းနဲ႔ အမွတ္တမဲ့ ခြၽဲ ထၿပီး ပါးစပ္မွ သလိပ္ထြက္က်သြားတဲ့ ဘိကၡဳနီမႀကီးကို ဒီေလာက္သူမ်ား သန႔္ရွင္းေရးလုပ္ထားတဲ့ ေနရာမွာ ဒီလိုလုပ္တယ္ ဆိုတာ ျပည့္တန္ဆာမေတြပဲ လုပ္တာလို႔ ပစ္မွားခဲ့ဘူးလို႔ ျပည့္တန္ဆာမ ျဖစ္ခဲ့ရတယ္။

ေဂါတမ ဘရားအေလာင္းေတာ္ ဟာ ငါဘုရားျဖစ္လ်င္ ေျခာက္ႏွစ္ က်င့္မည္လို႔ ႀကဳံးဝါး ခဲ့လို႔တကယ္ပဲ ေျခာက္ႏွစ္ က်င့္ခဲ့ ရတယ္။ ဇဋိလ အေလာင္း ေတာ္ ဟာ ဘဝ တစ္ခု မွာ ဘုရားတည္ ခဲ့တယ္။

ဘုရားတည္ေနတုန္း ရဟန္းတပါးက မၿပီးေသးေၾကာင္း လာၿပီးေျပာတာကို မိန္းမနဲ႔ ရန္ျဖစ္ခါစ စိတ္ဆိုးေနတုန္းမို႔ အရွင္ဘုရား တို႔ဘုရားကို ေရထဲသာ ေမ်ာလိုက္ေတာ့လို႔ ေျပာခဲ့မိလို႔ ဘဝ အဆက္ဆက္ ေရေမ်ာခံခဲ့ ရတယ္။

ဘဝတစ္ခုမွာ မေအနဲ႔ တပ္ၿပီး ဆဲခဲ့ မိတဲ့ ေထရီမႀကီး တဦးဟာ ေနာက္ထပ္ ဘဝ တစ္ခုမွာ မေအက မယားႀကီး သမီး က မယားငယ္ သားက လင္လုပ္ၿပီး တ ဘဝ ထဲမွာ ျပန္လည္ ေပးဆပ္ခဲ့ ရတယ္။

ဥဂၢါေသန ရဲ႕ ဇနီးသည္ ဟာ ရဟန္း တပါးကို ကေခ်သည္ နဲ႔ တူတယ္လို႔ စြပ္စြဲ ခဲ့မိလို႔ ေနာက္ဆုံံးတရားထူး ရမဲ့ ဘဝမွာ ေတာင္ ကေခ်သည္ ဘဝနဲ႔ ေပးဆပ္ ရတယ္။

ဘုရားရွင္ ကလည္း ပါးစပ္ ကထြက္ တဲ့ စကားလုံး တိုင္းဟာ အက်ိဳး မခံစားရပဲနဲ႔ ေပ်ာက္ပ်က္ မသြားဘူးလို႔ ေဟာထား ခဲ့ပါတယ္။ မိတ္ေဆြမ်ား ပါးစပ္ စည္းကမ္း ရွိႏိုင္ ၾကပါေစ..။

C r e d i t : ဦး ျမင့္ ခိုင္

Unicode

ပါးစပ် တွေရဲ့ နောက်မှာ ဘဝ တွေ ပါတယ်

ဘုရားပေါ် တံမျက်စည်းလှည်းနေရင်းနဲ့ အမှတ်တမဲ့ ချွဲ ထပြီး ပါးစပ်မှ သလိပ်ထွက်ကျသွားတဲ့ ဘိက္ခုနီမကြီးကို ဒီလောက်သူများ သန့်ရှင်းရေးလုပ်ထားတဲ့ နေရာမှာ ဒီလိုလုပ်တယ် ဆိုတာ ပြည့်တန်ဆာမတွေပဲ လုပ်တာလို့ ပစ်မှားခဲ့ဘူးလို့ ပြည့်တန်ဆာမ ဖြစ်ခဲ့ရတယ်။

ဂေါတမ ဘရားအလောင်းတော် ဟာ ငါဘုရားဖြစ်လျင် ခြောက်နှစ် ကျင့်မည်လို့ ကြုံးဝါး ခဲ့လို့တကယ်ပဲ ခြောက်နှစ် ကျင့်ခဲ့ ရတယ်။ ဇဋိလ အလောင်း တော် ဟာ ဘဝ တစ်ခု မှာ ဘုရားတည် ခဲ့တယ်။

ဘုရားတည်နေတုန်း ရဟန်းတပါးက မပြီးသေးကြောင်း လာပြီးပြောတာကို မိန်းမနဲ့ ရန်ဖြစ်ခါစ စိတ်ဆိုးနေတုန်းမို့ အရှင်ဘုရား တို့ဘုရားကို ရေထဲသာ မျောလိုက်တော့လို့ ပြောခဲ့မိလို့ ဘဝ အဆက်ဆက် ရေမျောခံခဲ့ ရတယ်။

ဘဝတစ်ခုမှာ မအေနဲ့ တပ်ပြီး ဆဲခဲ့ မိတဲ့ ထေရီမကြီး တဦးဟာ နောက်ထပ် ဘဝ တစ်ခုမှာ မအေက မယားကြီး သမီး က မယားငယ် သားက လင်လုပ်ပြီး တ ဘဝ ထဲမှာ ပြန်လည် ပေးဆပ်ခဲ့ ရတယ်။

ဥဂ္ဂါသေန ရဲ့ ဇနီးသည် ဟာ ရဟန်း တပါးကို ကချေသည် နဲ့ တူတယ်လို့ စွပ်စွဲ ခဲ့မိလို့ နောက်ဆုံံးတရားထူး ရမဲ့ ဘဝမှာ တောင် ကချေသည် ဘဝနဲ့ ပေးဆပ် ရတယ်။

ဘုရားရှင် ကလည်း ပါးစပ် ကထွက် တဲ့ စကားလုံး တိုင်းဟာ အကျိုး မခံစားရပဲနဲ့ ပျောက်ပျက် မသွားဘူးလို့ ဟောထား ခဲ့ပါတယ်။ မိတ်ဆွေများ ပါးစပ် စည်းကမ်း ရှိနိုင် ကြပါစေ..။

C r e d i t : ဦး မြင့် ခိုင်

Be the first to comment

Leave a Reply

Your email address will not be published.


*