












ခရက်ဒစ် ချမ်းမြေ့

Unicode

ဘဝကို ဦးဏှောက်နဲ့ တည်ဆောက်ပါ

လူတွေရဲ့ ပြုမူ ပြောဆို နေသမျှတိုင်း ကို လိုက်အာရုံစိုက်နေမယ် လိုက်ခံစားနေမယ် ဆိုရင်လောကကြီးမှာ ကိုယ့်တွက် နေစရာ နေရာတောင် ရှိမှာ မဟုတ်ဘူး…

လူဆိုတာက ထင်သလို မြင်သလို ပြောမှာပဲ။ အဲဒါကို လိုက်ခံစားမနေပါနဲ့။ မလို မုန်းထား အမုန်းပွားနေတဲ့ သူတွေ အတွက်နဲ့ အာရုံ အနောက် မခံပါနဲ့….

ဥပေက္ခာ ပြုထားလိုက်ပါ။ ကိုယ်လုပ်ရမယ့် အလုပ် ကို ပုံမှန်လုပ်ပါ ဘယ်သူတွေ ဘာ ပြောပြောကိုယ့်ဘဝ မှာ ကိုယ်သာ ဘုရင် ကိုယ်သာ ပဲ့ကိုင်ရှင် ဖြစ်တယ်….

သင့်ကို အကောင်းမမြင် မကောင်းထင် နေတဲ့ သူတွေက သင့်ဘဝ တစ်လျှောက်လုံး ကို လိုက်ပြီးဝေဖန် ကဲ့ရဲ့ ရှုပ်ချ အပုတ်ချနိုင်မှာ မဟုတ်ပါဘူး….

ကိုယ် လိုချင်တာ ရဖို့ ကိုယ် ဖြစ်ချင်တာ ဖြစ်ဖို့ ကိုယ့်ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အရောက်ကြိုးစားပါ….

လူတွေရဲ့ပါစပ်က သင့်ကို ဝေဖန် ကဲ့ရဲ့နေတဲ့ စကားတွေ ကနေ ကောင်းချီးသြဘာသံ အဖြစ်ပြောင်းလည်း နိုင်အောင် ကြိုးစားပါ….

နိမ့်ကျတဲ့ သူကို နှိပ်ချစွာ ကဲ့ရဲ့ ရှုပ်ချကာ ဖြင့် သင့်ကို ထိုးနေတဲ့ လက်ညိုး တွေကို သြဘာလက်ခုတ်သံ အဖြစ် ပြောင်းလည်း နိုင်အောင် ကြိုးစားပါ….

လူတွေရဲ့ ယုံကြည်မှုကို ရဖို့ ဟန်အောင် ပြနေစရာ မလိုပါဘူး။ မှန်ကန်စွာ လုပ်ဆောင် နေဖို့သာ လိုတာပါ….

သင့် ဘဝကို သင်တန်ဖိုး ထားရင် ဘဝကို ခံစားချက်နဲ့ မတည်ဆောက်ပါနဲ့ ဦးဏှောက်နဲ့ တည်ဆောက်ပါ….

ကြိုးစား ရုန်းကန် နေရတဲ့ အချိန်မှာ ဘဝက ခါးသီး လှပေမယ့် အောင်မြင်လာတဲ့ တစ်ချိန်အနှစ်သာရ ပြည့်ဝတဲ့ ဘဝရဲ့ အရသာကို အပြည့်အဝ ခံစား ရမှာပါ….

ခရက်ဒစ် ချမ်းမြေ့

Be the first to comment

Leave a Reply

Your email address will not be published.


*