အိမ္ေထာင္ဘက္ လိုတာလား ၊ အိမ္ေဖာ္ လိုတာလား
ေယာက္်ားတစ္ေယာက္က သူ႔အဝတ္သူေလွ်ာ္ဖြတ္ေနတာေတြ႕ရင္ လူေတြက ”မင္း မိန္းမယူလိုက္ပါလား၊ ကိုယ့္ဘာသာကိုယ္ မေလွ်ာ္ရေတာ့ဘူးေပါ့ ”လို႔ေျပာမယ္။ ေယာက္်ားတစ္ေယာက္ ထမင္းဟင္းခ်က္ေနတာျမင္ရင္ လူေတြက ”မင္း မိန္းမယူလိုက္ပါလား၊ ကိုယ္တိုင္ မခ်က္ရေတာ့ဘူးေပါ့”လို႔ေျပာမယ္။
အသက္ ၃၅ႏွစ္ အ႐ြယ္ရွိတဲ့ေယာက္်ားတစ္ေယာက္ သူ႔အတြင္းခံသူ မေလွ်ာ္တတ္၊ သူ႔ေကာ္ဖီသူ ေဖ်ာ္ဖို႔ ေရေႏြးေတာင္မတည္တတ္၊ သူ႔အိပ္ယာသူေတာင္ မျပင္တတ္၊ သူစားၿပီးသား ပန္းကန္ေတာင္ သူ႔ဘာသာမေဆးတတ္တဲ့အခါ သူ႔အေမက ”မင္းအေျခက်ဖို႔ လိုေနၿပီ၊ မင္းကိုဂ႐ုစိုက္ ျပဳစုဖို႔ မိန္းမတစ္ေယာက္ယူေတာ့” လို႔ေျပာမယ္။
ဒါဘယ္လို ျဖစ္တာလဲ ?
ဒီအျဖစ္ေတြကို တျခားတဖက္က နားလည္ရရင္ လူေတြရဲ႕ စိတ္ထဲကေန မသိမသာနဲ႔ ” မိန္းမ ယူတာ ဒီအလုပ္ေတြလုပ္ဖို႔ျဖစ္တယ္” လို႔ ေျပာသလိုျဖစ္ေနတယ္။ သန႔္ရွင္းေရးလုပ္၊ ထမင္းဟင္း ခ်က္ျပဳတ္၊ ေလွ်ာ္ဖြတ္၊ ကေလးေမြးဖို႔ အတြက္သာ မိန္းမယူၾကပါလို႔ ေျပာေနသလိုျဖစ္ေနတယ္။
မ်ားေသာအားျဖင့္ မိန္းမေတြဟာ သူတို႔ခ်စ္တဲ့ေယာက္်ား၊ သူတို႔ခ်စ္တဲ့ သားသမီးအတြက္ ဒါေတြကို လုပ္ေပးခ်င္ၾကပါတယ္။ ဒါေပမယ့္ လူေတြက အဲဒီလိုေတြပဲ ျမင္ေန ေျပာေနတဲ့အခါ အဲဒီလို ေယာက္်ားေတြဟာ အိမ္ေထာင္ဖက္ကိုလိုတာလား ? အိမ္ေထာင္ဖက္အမည္ခံ အိမ္ေဖာ္ကို လိုတာလားလို႔ ေဝခြဲမရျဖစ္လာၾကတယ္။
မိန္းမေတြဟာ သူတို႔ရဲ႕ရွိရင္းစြဲအသက္ထက္ ၃ ဆ ပိုၿပီး ႐ုပ္ရင့္ေနၾကတာဟာ စိတ္ဖိစီးမႈ မ်ားၿပီး ပင္ပန္းၾကရလို႔ပါ။ ေယာက္်ားက TV ၾကည့္ရင္း ဖုန္းသုံးေနတဲ့အခ်ိန္မွာ မိန္းမက အိမ္အလုပ္ေတြ မနားတမ္းလုပ္ေနရမယ္ဆိုရင္ ျဖစ္သင့္ပါ့မလား ?
ေယာ က္်ားေတြ ကိုယ့္ရဲ႕ပန္းကန္ ကိုယ္ေဆးတာ မွားတယ္လို႔ ဘယ္သူေျပာလဲ ? ေယာက္်ားေတြ ကိုယ့္အဝတ္ကိုယ္ ေလွ်ာ္တာ မွားတယ္လို႔ ဘယ္သူေျပာလဲ ? ေယာ က္်ားေတြ အိပ္ယာခင္းလဲတာ၊ ေစာင္ေခါက္တာေတြက မွားတယ္လို႔ေကာ ဘယ္သူေျပာလဲ ?
ကိုယ္ခ်စ္လို႔ လက္ထပ္ယူထားတဲ့အမ်ိဳးသမီး၊ ကိုယ္နဲ႔အတူေနေနတဲ့ ခ်စ္သူကို ကူညီေပးဖို႔ အတြက္ ဘာေတြမ်ား အမ်ားႀကီးစဥ္းစားဦးမွာလဲ?
ကေလးတစ္ေယာက္လို အျပဳစုအယုယ ခံခ်င္ရင္ အိမ္ေထာင္ျပဳဖို႔အစား သူမ်ားေမြးစားတာ ခံလိုက္ဖို႔သာ သင့္ပါတယ္။ ဒါေပမယ့္ ကိုယ္ခ်စ္လို႔၊ တန္ဖိုးထားလို႔၊ အတူေနခ်င္လို႔ ဒီအမ်ိဳးသမီးနဲ႔ အိမ္ေထာင္ျပဳခ်င္တယ္ဆိုရင္ေတာ့ သူ႔ကိုခ်စ္ပါ၊ သူ႔ကိုကူညီေပးပါ။
အမ်ိဳးသမီးေတြဟာ အခ်စ္ခံရဖို႔၊ အၾကင္နာခံရဖို႔၊ တန္ဖိုးထားေစာင့္ေရွာက္ခံရဖို႔ ျဖစ္ပါတယ္။ လိုအပ္တဲ့ေနရာမွာပဲ သုံးဖို႔မဟုတ္ပါဘူး။ အမ်ိဳးသားေတြလဲ အတူတူပါပဲ။ ႏွစ္ဦးႏွစ္ဖက္ ညီညီမွ်မွ် ခ်စ္ခင္၊ ေလးစား၊ တန္ဖိုးထား၊ ကူညီ ေပးသင့္ပါတယ္ ။
Crd
Unicode
အိမ်ထောင်ဘက် လိုတာလား ၊ အိမ်ဖော် လိုတာလား
ယောက်ျားတစ်ယောက်က သူ့အဝတ်သူလျှော်ဖွတ်နေတာတွေ့ရင် လူတွေက ”မင်း မိန်းမယူလိုက်ပါလား၊ ကိုယ့်ဘာသာကိုယ် မလျှော်ရတော့ဘူးပေါ့ ”လို့ပြောမယ်။ ယောက်ျားတစ်ယောက် ထမင်းဟင်းချက်နေတာမြင်ရင် လူတွေက ”မင်း မိန်းမယူလိုက်ပါလား၊ ကိုယ်တိုင် မချက်ရတော့ဘူးပေါ့”လို့ပြောမယ်။
အသက် ၃၅နှစ် အရွယ်ရှိတဲ့ယောက်ျားတစ်ယောက် သူ့အတွင်းခံသူ မလျှော်တတ်၊ သူ့ကော်ဖီသူ ဖျော်ဖို့ ရေနွေးတောင်မတည်တတ်၊ သူ့အိပ်ယာသူတောင် မပြင်တတ်၊ သူစားပြီးသား ပန်းကန်တောင် သူ့ဘာသာမဆေးတတ်တဲ့အခါ သူ့အမေက ”မင်းအခြေကျဖို့ လိုနေပြီ၊ မင်းကိုဂရုစိုက် ပြုစုဖို့ မိန်းမတစ်ယောက်ယူတော့” လို့ပြောမယ်။
ဒါဘယ်လို ဖြစ်တာလဲ ?
ဒီအဖြစ်တွေကို တခြားတဖက်က နားလည်ရရင် လူတွေရဲ့ စိတ်ထဲကနေ မသိမသာနဲ့ ” မိန်းမ ယူတာ ဒီအလုပ်တွေလုပ်ဖို့ဖြစ်တယ်” လို့ ပြောသလိုဖြစ်နေတယ်။ သန့်ရှင်းရေးလုပ်၊ ထမင်းဟင်း ချက်ပြုတ်၊ လျှော်ဖွတ်၊ ကလေးမွေးဖို့ အတွက်သာ မိန်းမယူကြပါလို့ ပြောနေသလိုဖြစ်နေတယ်။
များသောအားဖြင့် မိန်းမတွေဟာ သူတို့ချစ်တဲ့ယောက်ျား၊ သူတို့ချစ်တဲ့ သားသမီးအတွက် ဒါတွေကို လုပ်ပေးချင်ကြပါတယ်။ ဒါပေမယ့် လူတွေက အဲဒီလိုတွေပဲ မြင်နေ ပြောနေတဲ့အခါ အဲဒီလို ယောက်ျားတွေဟာ အိမ်ထောင်ဖက်ကိုလိုတာလား ? အိမ်ထောင်ဖက်အမည်ခံ အိမ်ဖော်ကို လိုတာလားလို့ ဝေခွဲမရဖြစ်လာကြတယ်။
မိန်းမတွေဟာ သူတို့ရဲ့ရှိရင်းစွဲအသက်ထက် ၃ ဆ ပိုပြီး ရုပ်ရင့်နေကြတာဟာ စိတ်ဖိစီးမှု များပြီး ပင်ပန်းကြရလို့ပါ။ ယောက်ျားက TV ကြည့်ရင်း ဖုန်းသုံးနေတဲ့အချိန်မှာ မိန်းမက အိမ်အလုပ်တွေ မနားတမ်းလုပ်နေရမယ်ဆိုရင် ဖြစ်သင့်ပါ့မလား ?
ယော က်ျားတွေ ကိုယ့်ရဲ့ပန်းကန် ကိုယ်ဆေးတာ မှားတယ်လို့ ဘယ်သူပြောလဲ ? ယောက်ျားတွေ ကိုယ့်အဝတ်ကိုယ် လျှော်တာ မှားတယ်လို့ ဘယ်သူပြောလဲ ? ယော က်ျားတွေ အိပ်ယာခင်းလဲတာ၊ စောင်ခေါက်တာတွေက မှားတယ်လို့ကော ဘယ်သူပြောလဲ ?
ကိုယ်ချစ်လို့ လက်ထပ်ယူထားတဲ့အမျိုးသမီး၊ ကိုယ်နဲ့အတူနေနေတဲ့ ချစ်သူကို ကူညီပေးဖို့ အတွက် ဘာတွေများ အများကြီးစဉ်းစားဦးမှာလဲ?
ကလေးတစ်ယောက်လို အပြုစုအယုယ ခံချင်ရင် အိမ်ထောင်ပြုဖို့အစား သူများမွေးစားတာ ခံလိုက်ဖို့သာ သင့်ပါတယ်။ ဒါပေမယ့် ကိုယ်ချစ်လို့၊ တန်ဖိုးထားလို့၊ အတူနေချင်လို့ ဒီအမျိုးသမီးနဲ့ အိမ်ထောင်ပြုချင်တယ်ဆိုရင်တော့ သူ့ကိုချစ်ပါ၊ သူ့ကိုကူညီပေးပါ။
အမျိုးသမီးတွေဟာ အချစ်ခံရဖို့၊ အကြင်နာခံရဖို့၊ တန်ဖိုးထားစောင့်ရှောက်ခံရဖို့ ဖြစ်ပါတယ်။ လိုအပ်တဲ့နေရာမှာပဲ သုံးဖို့မဟုတ်ပါဘူး။ အမျိုးသားတွေလဲ အတူတူပါပဲ။ နှစ်ဦးနှစ်ဖက် ညီညီမျှမျှ ချစ်ခင်၊ လေးစား၊ တန်ဖိုးထား၊ ကူညီ ပေးသင့်ပါတယ် ။
Crd
Leave a Reply