( ၁ ) လက်မထပ်ပါနဲ့
( ၄ )အလုပ်ကို ဦးစားပေးပါ
( ၅ )ကတိမပေးပါနဲ့
Unicode
အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့ အရာများ..
အသက် ၂၀ အရွယ်ဆိုတာ မတည်ငြိမ်သေးတဲ့ အရွယ်ပါပဲ။ ဒီလိုအချိန်မှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး အမှားအယွင်း မဖြစ်အောင် သတိထားဖို့ လိုပါတယ်
ဒါကြောင့် ပျိုမေတို့အတွက် အသက် ၂၀ အရွယ်မှာ အချစ်ရေးနဲ့ ပတ်သတ်ပြီး ရှောင်ကြဉ်သင့်တဲ့အရာတချို့ကို ပြောပြပေးလိုက်ပါတယ်။
( ၁ ) လက်မထပ်ပါနဲ့
အသက် ၂၀ အရွယ်က အရမ်းငယ်လွန်းပါတယ်။ ဘဝတက်လမ်းအတွက်လည်း ကြိုးစားလို့ကောင်းတဲ့ အချိန်ပါ။
ဒီလိုအချိန်မှာ ရူးမိုက်ပြီး လက်ထပ်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်က မတည်ငြိမ်သေးတဲ့အရွယ်မို့ လက်မထပ်သင့်ပါဘူး။
( ၂ )ပုံအောပြီး မချစ်ပါနဲ့
တစ်စုံတစ်ယောက်ကို ပုံအောချစ်ထားပြီးမှ ကွဲသွားခဲ့ရင် ကိုယ်ပဲ အလူးအလဲ ခံစားရမှာပါ။ ဒီအရွယ်မှာ မတည်မြဲနိုင်သေးတဲ့ အတွက် တစ်ခုခုဆို အရမ်း Serious မဖြစ်ပါနဲ့။
ကိုယ့်အတွက် ရှေ့ဆက်ရမယ့် အချိန်တွေ၊ တွေ့ရမယ့်လူတွေက အများကြီးရှိပါသေးတယ်။ ဘယ်သူ့ကိုမှလည်း အယုံမလွယ်ပါနဲ့
( ၃ )အတတ်ပညာကို ဦးစားပေးပါ
ရည်းစားထားပြီး အချစ်ရေးအတွက် ခံစားနေမယ့်အစား အတတ်ပညာကို များများတက်ပါ။ တစ်ခုပြီးတစ်ခု တက်ပါ။ ဒီလို အရွယ်မှာ တက်ထားမှ ကိုယ့်အတွက် တက်လမ်းရှိမှာပါ။
အသက် ၂၀ အရွယ်မှာ ပညာရေးကို သေချာတစိုက်မတ်မတ် မလုပ်ပဲ အချစ်ရေးအတွက် ပူဆွေးနေရင် အသက်ကြီးလာတဲ့အခါ ရင့်ကျက်လာတဲ့အခါမှာ နောင်တ ရပါလိမ့်မယ်။
( ၄ )အလုပ်ကို ဦးစားပေးပါ
ဘာကြောင့်အလုပ်ကိုဦးစားပေးခိုင်းလဲဆိုရင်တော့ အသက် ၂၀ အရွယ်က တော်တော်များများ အလုပ်ရှာကြတဲ့အချိန်၊ အလုပ်ဝင်ကြတဲ့အချိန်ပါ။
ဒီလိုအချိန်မှာ အလုပ်ကို ဦးစားပေးပြီး ကိုယ့်အတွက် တိုးတက်အောင် လုပ်သင့်ပါတယ်။ ငယ်ရွယ်တုန်းမှာ ကြိုးစားထားမှ ကိုယ့်ဘဝအတွက် အာမခံချက်တစ်ခု ကောင်းကောင်းရမှာပါ။
( ၅ )ကတိမပေးပါနဲ့
အသက် ၂၀ အရွယ်မှာ စိတ်ကစားတာမျိုး ဖြစ်လေ့ရှိပါတယ်။ စိတ်မတည်မြဲနိုင်သေးပါဘူး။ ဒါကြောင့် တစ်ခုခုဆို ကြိုကတိမပေးပါနဲ့။ စိတ်အလို မလိုက်ပါနဲ့။
Credit : mystylemyanmar
Be the first to comment
Leave a Reply
Your email address will not be published.
*