ခ်စ္သူေကာင္ေလး စိတ္ေက်နပ္ေစဖို႔အတြက္ လုပ္မေပးသင့္တဲ့ အရာ (၄) မ်ိဳး

ခ်စ္သူေကာင္ေလး စိတ္ေက်နပ္ေစဖို႔အတြက္ လုပ္မေပးသင့္တဲ့ အရာ (၄) မ်ိဳး
ခ်စ္သူေကာင္ေလး စိတ္ေက်နပ္ေစဖို႔အတြက္ လုပ္မေပးသင့္တဲ့ အရာ (၄) မ်ိဳး

ခ်စ္သူေကာင္ေလး စိတ္ေက်နပ္ေစဖို႔အတြက္ လုပ္မေပးသင့္တဲ့ အရာ (၄) မ်ိဳး

ခ်စ္သူဘဝဆိုတာ အျပန္အလွန္ ဂ႐ုစိုက္မႈေတြနဲ႔ တစ္ေယာက္စိတ္ တစ္ေယာက္ ေက်နပ္ေအာင္ လုပ္ေပးရမယ့္ ဝတၱရားေတြ ရွိတယ္ဆိုတာ မွန္ပါတယ္။ဒါေပမယ့္ အၿမဲလိုလို ခ်စ္သူေကာင္ေလး မ်က္ႏွာ တစ္ခ်က္ မညိဳးေစဖို႔ လုပ္တာေတာ့ မေကာင္းပါဘူး။

တစ္ခ်ိဳ႕ မိန္းကေလးေတြ ကိုယ့္ခ်စ္သူ ကိုယ့္အေပၚ အၿမဲ စိတ္ရွိေနဖို႔ ခ်စ္ေနဖို႔ ဆိုၿပီး သူ႔အႀကိဳက္ အလိုက္ေဆာင္ၿပီး အၿမဲ ေနေပးေလ့ ရွိၾကပါတယ္။ဒါက ကိုယ့္ကိုယ္ကိုပါ ညာၿပီး ခ်စ္တာနဲ႔ တူေနပါတယ္။ တကယ္ေတာ့ ခ်စ္သူေကာင္ေလး စိတ္ေက်နပ္ေအာင္ဆိုၿပီး ဒီအခ်က္ေတြကိုေတာ့ မလုပ္သင့္ပါဘူးေနာ္

(၁) ကိုယ့္အသြင္အျပင္ကို ေျပာင္းလဲပစ္တာ

အရွိအရွိအတိုင္းကို လက္ခံႏိုင္တာက အခ်စ္စစ္ရဲ႕ သေကၤတ တစ္ခု ျဖစ္ပါတယ္။ လူတိုင္းမွာ သူ႔ျဖစ္တည္မႈနဲ႔သူ ရွိပါတယ္။

သင္က သင့္ခ်စ္သူက မိတ္ကပ္မလိမ္းတဲ့ ေကာင္မေလးကို ႀကိဳက္တယ္ဆိုတာနဲ႔ မိတ္ကပ္ မလိမ္းေတာ့ဘဲ ေနတာ၊ ဆံပင္အရွည္ထားတဲ့ ေကာင္မေလးကို ႀကိဳက္တယ္ဆိုရင္ အရွည္ထားေပးလိုက္တာမ်ိဳးက သင္က သင့္ကိုယ္သင္ မခ်စ္ဘဲ သင့္ခ်စ္သူ အလိုကို ျဖည့္ဖို႔ ႀကိဳးစားေနတာ ျဖစ္ပါတယ္။

ဒီအခ်က္က သင္က ဟန္ေဆာင္ ဖန္တီးထားတာ ျဖစ္လို႔ သင့္ခ်စ္သူက သင့္ရဲ႕ ပုံစံအမွန္ကိုေရာ မခ်စ္ဘူးလားလို႔ ေတြးစရာ ျဖစ္ေနႏိုင္ပါတယ္။

(၂) ကိုယ္ မႀကိဳက္တာေတြကို ႀကိဳက္ခ်င္ေယာင္ ေဆာင္ေပးေနတာ

ကိုယ္နဲ႔တူတဲ့သူေတြကိုသာ လူေတြက ခ်စ္မိၾကေလ့ ရွိပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ေကာင္မေလးေတြက ခ်စ္သူက ကိုယ့္ကို ႀကိဳက္ေနေစဖို႔အတြက္ ကိုယ့္ခ်စ္သူေကာင္ေလးနဲ႔ အႀကိဳက္တူသေယာင္ေနတတ္ၾကပါတယ္။

ကိုယ္လည္း ဂိမ္းေဆာ့တာကို ႀကိဳက္သလိုမ်ိဳး၊ အားကစားကို တကယ္ပဲ ႀကိဳက္သလိုမ်ိဳး၊ လိုက္ေဆာ့ၿပီး သတင္းေတြပါ လိုက္ၾကည့္တာမ်ိဳးက အတုအေယာင္ ဖန္တီးမႈ တစ္ခု ပါပဲ။

တကယ္တမ္း ကိုယ္ မႀကိဳက္တဲ့အရာေတြကို ခ်စ္သူမ်က္ႏွာေၾကာင့္ လုပ္ႏိုင္ေနေပမယ့္လည္း ဒါက ဟန္ေဆာင္မႈဆိုတာ သင္ကိုယ္တိုင္က သိေနမွာပါ။ ဒီလိုဆို သင့္ဘဝကို သင့္စိတ္တိုင္းက် ျဖတ္သန္းမိမွာ မဟုတ္ပါဘူး။

(၃) သူငယ္ခ်င္းေတြနဲ႔ မိသားစုကိုပါ လ်စ္လ်ဴရႈထားတာ

ခ်စ္မိၿပီဆိုရင္ ကိုယ္ခ်စ္တဲ့သူနဲ႔ အခ်ိန္ျပည့္ အတူ ရွိခ်င္မိတာ သဘာဝပါပဲ။ ဒါေပမယ့္လည္း လက္ေတြ႕မွာ အဲ့လို ျဖစ္လို႔ မရပါဘူး။

လူတိုင္းကို အခ်ိန္ေတြ မွ်ေပးဖို႔ လိုပါတယ္။ တခ်ိဳ႕မိန္းကေလးေတြကေတာ့ ခ်စ္သူရတာနဲ႔ ဘယ္သူ႔ကိုမွ အခ်ိန္မေပးေတာ့ဘဲ ခ်စ္သူနဲ႔ပဲ အခ်ိန္ေတြ ေပးေနတတ္ပါတယ္။

မိသားစုနဲ႔ သူငယ္ခ်င္းေတြနဲ႔လည္း ေဝးသြားတတ္တာမို႔ ကိုယ့္ကို ခ်စ္တဲ့ တျခားေသာသူေတြက ဒီအတြက္ စိတ္မေကာင္း ျဖစ္ေနႏိုင္ပါတယ္။တကယ္ေတာ့ ေယာက်ၤားတစ္ေယာက္အတြက္ ကိုယ့္ကို တကယ္ တန္ဖိုးထားတဲ့ တျခားသူေတြကို ပစ္ထားတာ မေကာင္းတဲ့ လုပ္ရပ္တစ္ခု ျဖစ္ပါတယ္။

(၄) သူ႔အလိုအတိုင္း ျဖစ္ေစတာ

ေယာက်ၤားေကာင္းတစ္ေယာက္က အၿမဲတမ္း သူ႔အလိုတိုင္း ျပဳမူေလ့ မရွိၾကပါဘူး။ သင္ေရာ ဘယ္လိုလဲလို႔ အၿမဲ ျပန္ငဲ့ၾကည့္တတ္ၾကပါတယ္။

တကယ္လို႔ သင္က သင့္ခ်စ္သူအလိုက် အနမ္း၊ အတူအိပ္တာအျပင္ ပုခုံးဖက္တာ၊ လက္တြဲတာကအစ အၿမဲ စိတ္မပါရင္ေတာင္ လိုက္ေလ်ာေပးေနရတယ္ဆိုရင္ ဒါက သင့္ကိုယ္သင္ မေလးစားတာပဲ ျဖစ္ပါတယ္။

ခ်စ္သူေတြၾကားက ဆက္ဆံေရးက ႏွစ္ဦးႏွစ္ဖက္ ေပ်ာ္႐ႊင္အဆင္ေျပဖို႔အတြက္ ျဖစ္ၿပီး တစ္ဦးတည္း စိတ္ေက်နပ္ဖို႔ ဦးတည္ၿပီး လုပ္ေနတာမ်ိဳးက လုံးဝ မျဖစ္သင့္တဲ့ အရာ ျဖစ္ပါတယ္။

Crd – Kham

Unicode

ချစ်သူကောင်လေး စိတ်ကျေနပ်စေဖို့အတွက် လုပ်မပေးသင့်တဲ့ အရာ (၄) မျိုး

ချစ်သူဘဝဆိုတာ အပြန်အလှန် ဂရုစိုက်မှုတွေနဲ့ တစ်ယောက်စိတ် တစ်ယောက် ကျေနပ်အောင် လုပ်ပေးရမယ့် ဝတ္တရားတွေ ရှိတယ်ဆိုတာ မှန်ပါတယ်။ဒါပေမယ့် အမြဲလိုလို ချစ်သူကောင်လေး မျက်နှာ တစ်ချက် မညိုးစေဖို့ လုပ်တာတော့ မကောင်းပါဘူး။

တစ်ချို့ မိန်းကလေးတွေ ကိုယ့်ချစ်သူ ကိုယ့်အပေါ် အမြဲ စိတ်ရှိနေဖို့ ချစ်နေဖို့ ဆိုပြီး သူ့အကြိုက် အလိုက်ဆောင်ပြီး အမြဲ နေပေးလေ့ ရှိကြပါတယ်။ဒါက ကိုယ့်ကိုယ်ကိုပါ ညာပြီး ချစ်တာနဲ့ တူနေပါတယ်။ တကယ်တော့ ချစ်သူကောင်လေး စိတ်ကျေနပ်အောင်ဆိုပြီး ဒီအချက်တွေကိုတော့ မလုပ်သင့်ပါဘူးနော်

(၁) ကိုယ့်အသွင်အပြင်ကို ပြောင်းလဲပစ်တာ

အရှိအရှိအတိုင်းကို လက်ခံနိုင်တာက အချစ်စစ်ရဲ့ သင်္ကေတ တစ်ခု ဖြစ်ပါတယ်။ လူတိုင်းမှာ သူ့ဖြစ်တည်မှုနဲ့သူ ရှိပါတယ်။

သင်က သင့်ချစ်သူက မိတ်ကပ်မလိမ်းတဲ့ ကောင်မလေးကို ကြိုက်တယ်ဆိုတာနဲ့ မိတ်ကပ် မလိမ်းတော့ဘဲ နေတာ၊ ဆံပင်အရှည်ထားတဲ့ ကောင်မလေးကို ကြိုက်တယ်ဆိုရင် အရှည်ထားပေးလိုက်တာမျိုးက သင်က သင့်ကိုယ်သင် မချစ်ဘဲ သင့်ချစ်သူ အလိုကို ဖြည့်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

ဒီအချက်က သင်က ဟန်ဆောင် ဖန်တီးထားတာ ဖြစ်လို့ သင့်ချစ်သူက သင့်ရဲ့ ပုံစံအမှန်ကိုရော မချစ်ဘူးလားလို့ တွေးစရာ ဖြစ်နေနိုင်ပါတယ်။

(၂) ကိုယ် မကြိုက်တာတွေကို ကြိုက်ချင်ယောင် ဆောင်ပေးနေတာ

ကိုယ်နဲ့တူတဲ့သူတွေကိုသာ လူတွေက ချစ်မိကြလေ့ ရှိပါတယ်။ ဒါပေမယ့် တချို့ကောင်မလေးတွေက ချစ်သူက ကိုယ့်ကို ကြိုက်နေစေဖို့အတွက် ကိုယ့်ချစ်သူကောင်လေးနဲ့ အကြိုက်တူသယောင်နေတတ်ကြပါတယ်။

ကိုယ်လည်း ဂိမ်းဆော့တာကို ကြိုက်သလိုမျိုး၊ အားကစားကို တကယ်ပဲ ကြိုက်သလိုမျိုး၊ လိုက်ဆော့ပြီး သတင်းတွေပါ လိုက်ကြည့်တာမျိုးက အတုအယောင် ဖန်တီးမှု တစ်ခု ပါပဲ။

တကယ်တမ်း ကိုယ် မကြိုက်တဲ့အရာတွေကို ချစ်သူမျက်နှာကြောင့် လုပ်နိုင်နေပေမယ့်လည်း ဒါက ဟန်ဆောင်မှုဆိုတာ သင်ကိုယ်တိုင်က သိနေမှာပါ။ ဒီလိုဆို သင့်ဘဝကို သင့်စိတ်တိုင်းကျ ဖြတ်သန်းမိမှာ မဟုတ်ပါဘူး။

(၃) သူငယ်ချင်းတွေနဲ့ မိသားစုကိုပါ လျစ်လျူရှုထားတာ

ချစ်မိပြီဆိုရင် ကိုယ်ချစ်တဲ့သူနဲ့ အချိန်ပြည့် အတူ ရှိချင်မိတာ သဘာဝပါပဲ။ ဒါပေမယ့်လည်း လက်တွေ့မှာ အဲ့လို ဖြစ်လို့ မရပါဘူး။

လူတိုင်းကို အချိန်တွေ မျှပေးဖို့ လိုပါတယ်။ တချို့မိန်းကလေးတွေကတော့ ချစ်သူရတာနဲ့ ဘယ်သူ့ကိုမှ အချိန်မပေးတော့ဘဲ ချစ်သူနဲ့ပဲ အချိန်တွေ ပေးနေတတ်ပါတယ်။

မိသားစုနဲ့ သူငယ်ချင်းတွေနဲ့လည်း ဝေးသွားတတ်တာမို့ ကိုယ့်ကို ချစ်တဲ့ တခြားသောသူတွေက ဒီအတွက် စိတ်မကောင်း ဖြစ်နေနိုင်ပါတယ်။တကယ်တော့ ယောင်္ကျားတစ်ယောက်အတွက် ကိုယ့်ကို တကယ် တန်ဖိုးထားတဲ့ တခြားသူတွေကို ပစ်ထားတာ မကောင်းတဲ့ လုပ်ရပ်တစ်ခု ဖြစ်ပါတယ်။

(၄) သူ့အလိုအတိုင်း ဖြစ်စေတာ

ယောင်္ကျားကောင်းတစ်ယောက်က အမြဲတမ်း သူ့အလိုတိုင်း ပြုမူလေ့ မရှိကြပါဘူး။ သင်ရော ဘယ်လိုလဲလို့ အမြဲ ပြန်ငဲ့ကြည့်တတ်ကြပါတယ်။

တကယ်လို့ သင်က သင့်ချစ်သူအလိုကျ အနမ်း၊ အတူအိပ်တာအပြင် ပုခုံးဖက်တာ၊ လက်တွဲတာကအစ အမြဲ စိတ်မပါရင်တောင် လိုက်လျောပေးနေရတယ်ဆိုရင် ဒါက သင့်ကိုယ်သင် မလေးစားတာပဲ ဖြစ်ပါတယ်။

ချစ်သူတွေကြားက ဆက်ဆံရေးက နှစ်ဦးနှစ်ဖက် ပျော်ရွှင်အဆင်ပြေဖို့အတွက် ဖြစ်ပြီး တစ်ဦးတည်း စိတ်ကျေနပ်ဖို့ ဦးတည်ပြီး လုပ်နေတာမျိုးက လုံးဝ မဖြစ်သင့်တဲ့ အရာ ဖြစ်ပါတယ်။

Crd – Kham

Be the first to comment

Leave a Reply

Your email address will not be published.


*