






ရည်းစားများပြီ ဆိုမှတော့ ပတ်သက်ခဲ့ရတဲ့ အမျိုးသားတွေလည်း ဘဝမှာ အများကြီး ရှိခဲ့မှာပေါ့… ဒါကြောင့် အမျိုးသားတို့ကို အကဲခတ်တဲ့ စွမ်းရည်ဟာလည်း အတော်လေး တိုးတက်နေပါပြီ…






အသည်းကွဲတာလည်း အရေထူနေပြီဆိုတော့ ရည်းစားနဲ့ နောက်ထပ်ပြတ်သွားလည်းဘဲ သိပ်ခံစားရတော့မှာ မဟုတ်ပါဘူး… ဝမ်းတော့ဝမ်းနည်းမယ် ဒါပေမဲ့ အိနြေ္ဒသိက္ခာရှိရှိလေး ကြိတ် ဝမ်းနည်းနေနိုင်မှာပါ…

၎. လက်တွဲဖော်ကောင်း ရနိုင်တယ်



Credit

Unicode

ရည်းစားအများကြီး ထားခဲ့ခြင်းကြောင့် ရရှိလာနိုင်တဲ့ ဘဝသင်ခန်းစာများ

အခုလိုခေတ်ကြီးထဲမှာ ရည်းစားဆိုတာ တစ်ယောက်မက ထားဖူးခဲ့ကြမှာပါ… တစ်ခါတစ်လေ အချစ်ရေးကံ မကောင်းလို့ ရည်းစားတွေ အများကြီး ဖြစ်သွားတာမျိုးတွေလည်း ရှိကြမှာပေါ့…

ပတ်ဝန်းကျင်ကတော့ ဒီကောင်မလေး ရည်းစားများတယ်ဆိုပြီး သွားပုတ်လေလွင့် ကဲ့ရဲ့နိုင်ပေမယ်. တကယ်တမ်း ရည်းစားများခြင်းဟာ ရှေ့ဆက်လျှောက်မယ့် ကိုယ့်ဘဝခရီးလမ်းအတွက် အကျိုးရှိစေနိုင်ပါတယ်…

ဘာတွေများဖြစ်မလဲ တစ်ချက်လောက် ဆက်ဖတ်ကြည့်လိုက်ကြရအောင်နော်

၁. အမျိုးသားတွေအကြောင်း ပိုသိလာတယ်

ရည်းစားများပြီ ဆိုမှတော့ ပတ်သက်ခဲ့ရတဲ့ အမျိုးသားတွေလည်း ဘဝမှာ အများကြီး ရှိခဲ့မှာပေါ့… ဒါကြောင့် အမျိူးသားတို့ကို အကဲခတ်တဲ့ စွမ်းရည်ဟာလည်း အတော်လေး တိုးတက်နေပါပြီ…

အမျိုးသားတစ်ယောက် ကိုယ့်ကို ချဉ်းကပ်လာခဲ့ရင် သူ့ရဲ့ ပုံစံ၊ ပြောဆိုနေထိုင်မှု စတာတွေကိုကြည့်ယုံနဲ့ ဒီလူဟာ ဟန်ဆောင်နေတာလား၊ တကယ်လားဆိုတာ သိနိုင်နေမှာပါ…

၂. ရလိုက်တဲ့ သင်ခန်းစာတွေ ရည်းစားတစ်ယောက်နဲ့ ပြတ်ပြီးတိုင်း ကိုယ်မှားခဲ့တာတွေကို

သေချာပြန်စဉ်းစား ပြုပြင်ပြောင်းလဲ ပြင်ဆင်လိုက်မယ်ဆိုရင် နောက်ထပ်ပေါ်လာမယ့် အနာဂတ်ချစ်သူလေးနဲ့ ပိုမိုကောင်းမွန်တဲ့ RS တစ်ခုဖြစ်အောင် အရှေ့က သင်ခန်းစာတွေနဲ့ ဆင်ခြင်ရင်း တည်ဆောက်လို့ ရပြီပေါ့…

၃. အသည်းကွဲတဲ့ ဒဏ်ကို ခံနိုင်ရည်ရှိလာမယ်

ဘဝဆိုတာ ဘယ်အရာမှ မတည်မြဲဘဲ ဖြစ်တတ်၊ ပျက်တတ်တဲ့ သဘောတရားတွေကို အရှေ့ အရှေ့က ရည်းစားတွေနဲ့ ပြတ်ခဲ့တဲ့အတွက်ကြောင့် ကောင်းကောင်းကြီး နားလည်နေပါလိမ့်မယ်…

အသည်းကွဲတာလည်း အရေထူနေပြီဆိုတော့ ရည်းစားနဲ့ နောက်ထပ်ပြတ်သွားလည်းဘဲ သိပ်ခံစားရတော့မှာ မဟုတ်ပါဘူး… ဝမ်းတော့ဝမ်းနည်းမယ် ဒါပေမဲ့ အိန္ဒြေသိက္ခာရှိရှိလေး ကြိတ် ဝမ်းနည်းနေနိုင်မှာပါ…

၄. လက်တွဲဖော်ကောင်း ရနိုင်တယ်

ဟိုစကားပုံ ကြားဖူးကြတယ် မဟုတ်လား၊ ရည်းစားတစ်ထောင် လင်ကောင်တစ်ယောက်ဆိုတာလေ အဲဒီစကားပုံအတိုင်းပဲ ရည်းစားတွေအများကြီး တွဲကြည့်လိုက်တဲ့အခါ ဘယ်သူကတော့ ဘယ်လိုမျိုးရှိတယ်

ဘယ်သူကတော့ တကယ်ချစ်တာ ဘာညာ စသဖြင့် အကဲခတ်နိုင်ပြီး အဲဒီအထဲကမှ ကိုယ့် ဘဝအတွက် အသင်.တော်ဆုံးလူကို လက်တွဲဖော်အဖြစ် ရွေးချယ်နိုင်လေတော့ လက်တွဲဖော်ကောင်းလေး ရနိုင်တာပေါ့နော်…

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*