ပညာရွိခင္ပြန္းကို ဇနီးကလႊမ္းမိုးတယ္… ပညာမဲ့ခင္ပြန္းက ဇနီးကိုလႊမ္းမိုးတယ္ ဆိုတာ…

ပညာရွိခင္ပြန္းကို ဇနီးကလႊမ္းမိုးတယ္... ပညာမဲ့ခင္ပြန္းက ဇနီးကိုလႊမ္းမိုးတယ္ ဆိုတာ...
ပညာရွိခင္ပြန္းကို ဇနီးကလႊမ္းမိုးတယ္... ပညာမဲ့ခင္ပြန္းက ဇနီးကိုလႊမ္းမိုးတယ္ ဆိုတာ...

ပညာရွိခင္ပြန္းကို ဇနီးက လႊမ္းမိုးတယ္… ပညာမဲ့ခင္ပြန္းက ဇနီးကို လႊမ္းမိုးတယ္ ဆိုတာ…

ပညာရွိ ခင္ပြန္းကို ဇနီးက လႊမ္းမိုးတယ္။ ပညာမဲ့ ခင္ပြန္းက ဇနီးကို လႊမ္းမိုးတယ္ ဆိုတဲ့ စာေလးေတြ႕မိ လို႔ပါ….။

သူ႔အဓိပၸါယ္ကို တိုက္႐ိုက္ ေတြးရင္ တစ္မ်ိဳးႀကီးပါ…ေယာက္်ားႏိုင္တဲ့ မိန္းမ…မိန္းမႏိုင္တဲ့ေယာက္်ား ဆိုတာ မ်ိဳးေပါ့……

စာရဲ႕အဓိပၸါယ္ အမွန္က အဲ့ထက္ ေလးနက္ပါတယ္…။ ေလးေလးနက္နက္ ေတြးရင္ အၾကင္လင္မယား ဆိုတာ တစ္ေယာက္ အေပၚ တစ္ေယာက္ ႏိုင္ဖို႔မွ မဟုတ္ဘဲ……။

ကြၽန္မရဲ႕ေဖေဖနဲ႔ ေမေမဆိုရင္ အမ်ားအျမင္မွာ ေမေမက ႏိုင္တယ္လို႔ ထင္ၾကပါတယ္…. တကယ္တမ္း ေျပာရရင္ ကြၽန္မေဖေဖက တမင္ အႏိုင္ ေပးထားတာပါ…

ေဖေဖဟာ ေမေမစိတ္မခ်မ္းသာမယ့္ ကိစၥမ်ိဳး မလုပ္သေလာက္ကို ေမေမ့အေပၚ ခ်စ္ခင္ပါတယ္…။ စကားမ်ားတာမ်ိဳး ဆိုရင္ေတာင္ ေမေမကသာ ေအာ္ခ်င္ ေအာ္လိုက္မယ္။ ေဖေဖကေတာ့ ေမေမ့အေပၚ လူအမ်ားေရွ႕ မည္သည့္ အခါမွ် မေအာ္ခဲ့ အႏိုင္မယူခဲ့ ပါဘူး…။
မလႊမ္းမိုးခဲ့ပါဘူး..

သို႔ေပမယ့္ ေဖေဖ့ရဲ႕ ဆုံးျဖတ္ခ်က္ကို သာလွ်င္ ေမေမက နာခံရတာ မ်ားပါတယ္…။ ကြၽန္မတို႔အတြက္ တစ္ခုခု ဆုံးျဖတ္ခ်က္ ခ်ရင္ ” ေဖေဖ့ကို ေမးပါ ” လို႔သာ ေမေမက ေျပာေလ့ ရွိပါတယ္….

ကြၽန္မေဖေဖဟာ ပညာရွိေယာက္်ား ပီသလြန္းပါတယ္…. ’မထီမဲ့ကင္း ‘ဆိုတဲ့ လင့္ဝတၱရား ပထမအခ်က္ကို လုံးဝလိုက္နာေသာ..ပညာရွိ ေယာက္်ားမ်ိဳးပါ..

ပညာမဲ့ ေယာက္်ားမ်ိဳး ဆိုတာကေတာ့ ေဘးလူက ‘ေဟ့ေကာင္ မင္းက မိန္းမေၾကာက္ ပါကြာ’ လို႔ ဆြလိုက္႐ုံနဲ႔ ေသြးႂကြၿပီး မိန္းမ အေပၚ အႏိုင္ယူတဲ့ သူမ်ိဳးပါ..

‘မထီမဲ့ကင္း ‘ ဆိုတဲ့ ဝတၱရား ကို ခ်ိဳးေဖာက္ၿပီး အပ္ႏွင္းဥစၥာေတာင္ မေရာက္တဲ့ မိန္းမသိပ္ႏိုင္တဲ့သူရဲေကာင္း ႀကီးေတြေပါ့….

တကယ္ ပညာရွိ ေယာက္်ားဆိုတာ မိန္းမအေပၚ မထီမဲ့ျမင္ မျပဳဘဲ မိခင္ကဲ့သို႔ ေလးစား ႏွမကဲ့သို႔ ေစာင့္ေရွာက္တတ္သူ မ်ိဳးပါ….လို႔…ထင္ျမ င္မိပါတယ္။ မူရင္းေရးသားသူကို ခရက္ဒစ္ေပးပါသည္။

Unicode

ပညာရှိခင်ပွန်းကို ဇနီးက လွှမ်းမိုးတယ်… ပညာမဲ့ခင်ပွန်းက ဇနီးကို လွှမ်းမိုးတယ် ဆိုတာ…

ပညာရှိ ခင်ပွန်းကို ဇနီးက လွှမ်းမိုးတယ်။ ပညာမဲ့ ခင်ပွန်းက ဇနီးကို လွှမ်းမိုးတယ် ဆိုတဲ့ စာလေးတွေ့မိ လို့ပါ….။

သူ့အဓိပ္ပါယ်ကို တိုက်ရိုက် တွေးရင် တစ်မျိုးကြီးပါ…ယောက်ျားနိုင်တဲ့ မိန်းမ…မိန်းမနိုင်တဲ့ယောက်ျား ဆိုတာ မျိုးပေါ့……

စာရဲ့အဓိပ္ပါယ် အမှန်က အဲ့ထက် လေးနက်ပါတယ်…။ လေးလေးနက်နက် တွေးရင် အကြင်လင်မယား ဆိုတာ တစ်ယောက် အပေါ် တစ်ယောက် နိုင်ဖို့မှ မဟုတ်ဘဲ……။

ကျွန်မရဲ့ဖေဖေနဲ့ မေမေဆိုရင် အများအမြင်မှာ မေမေက နိုင်တယ်လို့ ထင်ကြပါတယ်…. တကယ်တမ်း ပြောရရင် ကျွန်မဖေဖေက တမင် အနိုင် ပေးထားတာပါ…

ဖေဖေဟာ မေမေစိတ်မချမ်းသာမယ့် ကိစ္စမျိုး မလုပ်သလောက်ကို မေမေ့အပေါ် ချစ်ခင်ပါတယ်…။ စကားများတာမျိုး ဆိုရင်တောင် မေမေကသာ အော်ချင် အော်လိုက်မယ်။ ဖေဖေကတော့ မေမေ့အပေါ် လူအများရှေ့ မည်သည့် အခါမျှ မအော်ခဲ့ အနိုင်မယူခဲ့ ပါဘူး…။
မလွှမ်းမိုးခဲ့ပါဘူး..

သို့ပေမယ့် ဖေဖေ့ရဲ့ ဆုံးဖြတ်ချက်ကို သာလျှင် မေမေက နာခံရတာ များပါတယ်…။ ကျွန်မတို့အတွက် တစ်ခုခု ဆုံးဖြတ်ချက် ချရင် ” ဖေဖေ့ကို မေးပါ ” လို့သာ မေမေက ပြောလေ့ ရှိပါတယ်….

ကျွန်မဖေဖေဟာ ပညာရှိယောက်ျား ပီသလွန်းပါတယ်…. ’မထီမဲ့ကင်း ‘ဆိုတဲ့ လင့်ဝတ္တရား ပထမအချက်ကို လုံးဝလိုက်နာသော..ပညာရှိ ယောက်ျားမျိုးပါ..

ပညာမဲ့ ယောက်ျားမျိုး ဆိုတာကတော့ ဘေးလူက ‘ဟေ့ကောင် မင်းက မိန်းမကြောက် ပါကွာ’ လို့ ဆွလိုက်ရုံနဲ့ သွေးကြွပြီး မိန်းမ အပေါ် အနိုင်ယူတဲ့ သူမျိုးပါ..

‘မထီမဲ့ကင်း ‘ ဆိုတဲ့ ဝတ္တရား ကို ချိုးဖောက်ပြီး အပ်နှင်းဥစ္စာတောင် မရောက်တဲ့ မိန်းမသိပ်နိုင်တဲ့သူရဲကောင်း ကြီးတွေပေါ့….

တကယ် ပညာရှိ ယောက်ျားဆိုတာ မိန်းမအပေါ် မထီမဲ့မြင် မပြုဘဲ မိခင်ကဲ့သို့ လေးစား နှမကဲ့သို့ စောင့်ရှောက်တတ်သူ မျိုးပါ….လို့…ထင်မြ င်မိပါတယ်။ မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*