ဆီးခ်ိဳေၾကာင့္ အနာရင္းေနရင္ ကိုယ္ေတြ႕ေပ်ာက္တဲ့ ေဆးနည္း

ဆီးခ်ိဳေၾကာင့္ အနာရင္းေနရင္ ကိုယ္ေတြ႕ေပ်ာက္တဲ့ ေဆးနည္း
ဆီးခ်ိဳေၾကာင့္ အနာရင္းေနရင္ ကိုယ္ေတြ႕ေပ်ာက္တဲ့ ေဆးနည္း

ဆီးခ်ိဳေၾကာင့္ အနာရင္းေနရင္ ကိုယ္ေတြ႕ေပ်ာက္တဲ့ ေဆးနည္း

ဆီးခ်ိဳေဝဒနာရွင္တို႔ ထိခိုက္မႈ မရွိေအာင္ အေတာ္ သတိထားေနရပါသည္။ ထိခိုက္ပြန္းပဲ့ ဒဏ္ရာ သည္ ဆီးခ်ိဳ ေရာဂါ မွ သၾကားဓာတ္ အခ်ိဳ႕ ေၾကာင့္ အနာ ေျခာက္ေသြ႕ေပ်ာက္ကင္းမႈ မရွိဘဲ မလိုလားေသာ ပိုးမႊားမ်ားဝင္ေရာက္၍ အသက္အႏၲရာယ္ ထိခိုက္သည္အထိ ျဖစ္တတ္ေသာ ေၾကာင့္ျဖစ္ပါ သည္။

မိတ္ေဆြ ရဲတပ္ၾကပ္ႀကီးတစ္ဦး ဆီးခ်ိဳ ေရာဂါ ကို အသက္(၅၀)ေက်ာ္တြင္ ျဖစ္ခဲ့သည္။တစ္ေန႔စစ္ဆင္ေရးတာဝန္ထမ္းေဆာင္ရင္းဆူး ေျငာင့္ႀကီးစူးရာမွ ဖေနာင့္တြင္

အနာတရ ျဖစ္ခဲ့သည္။ ဆီးခ်ိဳေရာဂါအခံ ရွိ၍ လခ်ီေသာ္လည္း အနာမေပ်ာက္ပါ။တျဖည္းျဖည္း အနာလႈိက္စားသြားကာ လက္ညႇိဳးတစ္ဆစ္ ႏွစ္ဆစ္ အထိ တြင္းနက္ႀကီး ျဖစ္သြားခဲ့သည္။ ထိုအနာေခါင္းအား ယူေဇာပတ္တီးစ ထိုးသြင္းၿပီး လမ္းေလွ်ာက္ရသည္။

သုံးႏွစ္ခန႔္ ၾကာေသာ္လည္း ထိုအနာသည္ မေပ်ာက္ဘဲ ေနာက္ဆုံး ယင္းအနာႏွင့္ပင္ အသက္ဆုံးရႈံးခဲ့ရသည္။ ဆီးခ်ိဳအနာ ေပ်ာက္ကင္းေစရန္ နည္းလမ္းႏွစ္သြယ္

(၁) ခ်ဥ္ေပါင္႐ြက္ လက္တစ္ဆုပ္ခန႔္ကို ခူးယူ ေရစင္ေအာင္ေဆးၿပီး ထမင္းျဖဴခဲႏွင့္ ပတ္စာ သားက် ေအာင္ညက္စြာႀကိတ္၍ အနာေပၚအုံေပး ကပ္ေပး ရသည္။ တစ္ေန႔ ႏွစ္ႀကိမ္ လဲကပ္ေပးပါ။ အနာက်က္ၿပီး ေပ်ာက္ကင္းေစပါသည္။

(၂) ဆိတ္ဖလူးပင္မွ အ႐ြက္ လက္တစ္ဆုပ္ခူး၍ ေရစင္ေအာင္ေဆးၿပီး မီးဖိုေခ်ာင္သုံး ႐ိုး႐ိုး ဆား အနည္းငယ္ ထည့္ႀကိတ္၍ သတၱဳရည္ ညႇစ္ယူပါ။ ထိုသတၱဳရည္ႏွင့္ ဆီးခ်ိဳရွိသူ၏ အနာမွန္သမွ် တစ္ေန႔ သုံးခါ လိမ္းေပးပါ။ အနာ အျမန္ဆုံးေပ်ာက္ ကင္းသြားပါလိမ့္မည္။

သိသူတို႔က ဆိပ္ဖလူးကို ဆိပ္ဘီးလူးဟု ေခၚေၾကာင္း၊ လူကို အႏၲရာယ္ေပးေသာ အဆိပ္ တို႔ကို ဘီးလူး သဖြယ္ စုပ္ယူတတ္ျခင္းေၾကာင့္ဟု ဆိုပါသည္။ ေဆးက်မ္းတို႔တြင္ အံၾသဖြယ္ဆိပ္ဖလူးပင္ေဆး စြမ္းအင္တို႔က မ်ား လွပါသည္။ သိမီသမွ် အသုံးလိုသူတို႔အတြက္ မွ်ေဝေပးလိုက္ပါသည္။

သူရဇၹမဂၢဇင္းအတြဲ(၁၇)အမွတ္(၁၀) ဆီးခ်ိဳရွိသူမ်ား အနာက်က္ျမန္ေစရန္ (နတ္ေမာက္မင္းသန႔္ႏိုင္)

Credit :ရဲမ်ိဳးသူ (ေဗာဓိၿမိဳင္)

Unicode

ဆီးချိုကြောင့် အနာရင်းနေရင် ကိုယ်တွေ့ပျောက်တဲ့ ဆေးနည်း

ဆီးချိုဝေဒနာရှင်တို့ ထိခိုက်မှု မရှိအောင် အတော် သတိထားနေရပါသည်။ ထိခိုက်ပွန်းပဲ့ ဒဏ်ရာ သည် ဆီးချို ရောဂါ မှ သကြားဓာတ် အချို့ ကြောင့် အနာ ခြောက်သွေ့ပျောက်ကင်းမှု မရှိဘဲ မလိုလားသော ပိုးမွှားများဝင်ရောက်၍ အသက်အန္တရာယ် ထိခိုက်သည်အထိ ဖြစ်တတ်သော ကြောင့်ဖြစ်ပါ သည်။

မိတ်ဆွေ ရဲတပ်ကြပ်ကြီးတစ်ဦး ဆီးချို ရောဂါ ကို အသက်(၅၀)ကျော်တွင် ဖြစ်ခဲ့သည်။တစ်နေ့စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်းဆူး ငြောင့်ကြီးစူးရာမှ ဖနောင့်တွင်

အနာတရ ဖြစ်ခဲ့သည်။ ဆီးချိုရောဂါအခံ ရှိ၍ လချီသော်လည်း အနာမပျောက်ပါ။တဖြည်းဖြည်း အနာလှိုက်စားသွားကာ လက်ညှိုးတစ်ဆစ် နှစ်ဆစ် အထိ တွင်းနက်ကြီး ဖြစ်သွားခဲ့သည်။ ထိုအနာခေါင်းအား ယူဇောပတ်တီးစ ထိုးသွင်းပြီး လမ်းလျှောက်ရသည်။

သုံးနှစ်ခန့် ကြာသော်လည်း ထိုအနာသည် မပျောက်ဘဲ နောက်ဆုံး ယင်းအနာနှင့်ပင် အသက်ဆုံးရှုံးခဲ့ရသည်။ ဆီးချိုအနာ ပျောက်ကင်းစေရန် နည်းလမ်းနှစ်သွယ်

(၁) ချဉ်ပေါင်ရွက် လက်တစ်ဆုပ်ခန့်ကို ခူးယူ ရေစင်အောင်ဆေးပြီး ထမင်းဖြူခဲနှင့် ပတ်စာ သားကျ အောင်ညက်စွာကြိတ်၍ အနာပေါ်အုံပေး ကပ်ပေး ရသည်။ တစ်နေ့ နှစ်ကြိမ် လဲကပ်ပေးပါ။ အနာကျက်ပြီး ပျောက်ကင်းစေပါသည်။

(၂) ဆိတ်ဖလူးပင်မှ အရွက် လက်တစ်ဆုပ်ခူး၍ ရေစင်အောင်ဆေးပြီး မီးဖိုချောင်သုံး ရိုးရိုး ဆား အနည်းငယ် ထည့်ကြိတ်၍ သတ္တုရည် ညှစ်ယူပါ။ ထိုသတ္တုရည်နှင့် ဆီးချိုရှိသူ၏ အနာမှန်သမျှ တစ်နေ့ သုံးခါ လိမ်းပေးပါ။ အနာ အမြန်ဆုံးပျောက် ကင်းသွားပါလိမ့်မည်။

သိသူတို့က ဆိပ်ဖလူးကို ဆိပ်ဘီးလူးဟု ခေါ်ကြောင်း၊ လူကို အန္တရာယ်ပေးသော အဆိပ် တို့ကို ဘီးလူး သဖွယ် စုပ်ယူတတ်ခြင်းကြောင့်ဟု ဆိုပါသည်။ ဆေးကျမ်းတို့တွင် အံသြဖွယ်ဆိပ်ဖလူးပင်ဆေး စွမ်းအင်တို့က များ လှပါသည်။ သိမီသမျှ အသုံးလိုသူတို့အတွက် မျှဝေပေးလိုက်ပါသည်။

သူရဇ္ဖမဂ္ဂဇင်းအတွဲ(၁၇)အမှတ်(၁၀) ဆီးချိုရှိသူများ အနာကျက်မြန်စေရန် (နတ်မောက်မင်းသန့်နိုင်)

Credit :ရဲမျိုးသူ (ဗောဓိမြိုင်)

Be the first to comment

Leave a Reply

Your email address will not be published.


*