
အသက်ကို ကယ်တင် ခဲ့ဖူးသော ကျေးဇူးရှင် ကို မမေ့ပဲ သူမကလေးကို ခေါ်လာပြီး မိတ်ဆက်ပေးခဲ့သော ဆင်မကြီး
အသက်ကို ကယ်တင် ခဲ့ဖူးသော ကျေးဇူးရှင် ကို မမေ့ပဲ သူမကလေးကို ခေါ်လာပြီး မိတ်ဆက်ပေးခဲ့သော ဆင်မကြီး







Unicode

မိမိကို ကယ်တင် ခဲ့ဖူးသော ကျေးဇူးရှင် ကို မမေ့ပဲ သူမကလေးကို ခေါ်လာပြီး မိတ်ဆက်ပေးခဲ့သော ဆင်မကြီး

ကင်ညာနိုင်ငံ မှ တိရစ္ဆာန် ထိန်းသိမ်း စောင့်ရှောက်ရေး စင်တာ တွင် ဝင်ရောက် လုပ်ကိုင်သော အမျိုးသား တစ်ဦးသည် တစ်ကောင်တည်း အထီးကျန် စွာ မျက်စိသူငယ် နားသူငယ် နှင့် မိဘမဲ့ဖြစ်ပြီး

ဖျားနေသော ၅လသားအရွယ် ဆင်ပေါက်လေး ကို သနားသော အားဖြင့် ငတ်မွတ် နေသော မိဘမေတ္တာကို အပြည့်အဝ ပေးကာ ပြုစု စောင့်ရှောက် ပေးခဲ့သည်။

အမျိုးသား သည် ဆင်ပေါက်လေး နှင့် အလွန် ခင်မင်ရင်းနှီး သွားခဲ့ပြီး ဆင်ကလေးလည်း တဖြည်းဖြည်း အရွယ်ရောက် လာကာ တောအုပ် ထဲသို့ သဘာဝ အတိုင်း လွတ်လပ် ပေါ့ပါးစွာ

နေထိုင်ရန် ပြန်လွှတ် ပေးခဲ့ရာ ဝမ်းနည်းခြင်းတွေနှင့် အတူ နှုတ်ဆက် ခဲ့ကြသည်။ ထို့နောက် ၈နှစ် အကြာတွင် ဆင်မကြီးသည် တစ်ချိန်က သူမ အသက်ကို

ကယ်တင် ပြီး စောင့်ရှောက် ပေးခဲ့သော ကျေးဇူးရှင် အမျိုးသားထံ ပြန်လာ ကာ သူမကလေး နှင့် နွေးထွေးကြင်နာစွာ မိတ်ဆက် ပေးခဲ့သည်။

Be the first to comment

Leave a Reply

Your email address will not be published.


*