အခ်စ္ရဲ႕ ဒုကၡကို ေကာင္းေကာင္းႀကီးသိသြားခဲ့တဲ့ ဆရာမတစ္ေယာက္ရဲ႕ အျဖစ္

အခ်စ္ရဲ႕ ဒုကၡကို ေကာင္းေကာင္းႀကီးသိသြားခဲ့တဲ့ ဆရာမတစ္ေယာက္ရဲ႕ အျဖစ္
အခ်စ္ရဲ႕ ဒုကၡကို ေကာင္းေကာင္းႀကီးသိသြားခဲ့တဲ့ ဆရာမတစ္ေယာက္ရဲ႕ အျဖစ္

အခ်စ္ရဲ႕ ဒုကၡကို ေကာင္းေကာင္းႀကီးသိသြားခဲ့တဲ့ ဆရာမတစ္ေယာက္ရဲ႕ အျဖစ္

ထိုင္ဝမ္မွာ အမ်ိဳးသမီးႀကီး တစ္ဦးရွိပါတယ္။သူဟာ ေက်ာင္းဆရာမတစ္ဦး ျဖစ္ပါတယ္။အ႐ြယ္ေကာင္းတုန္းမွာပဲ ေယာက္်ားဆုံးပါးသြားပါတယ္။ငယ္႐ြယ္တဲ့ သားေလးတစ္ေယာက္ က်န္ရစ္ခဲ့ပါတယ္။

သားေလးကို ဘေထြးနဲ႔ မႀကဳံေစခ်င္လို႔ေနာင္အိမ္ေထာင္ထပ္မျပဳပဲ အေမတစ္ခုသားတစ္ခုနဲ႔ ပဲ သားေလးကို ပ်ိဳးေထာင္လာခဲ့ပါတယ္။သားေလးလည္း အလြန္လိမၼာပါတယ္။အေမ့ကိုလည္း အလြန္သိတတ္ပါတယ္။

ဒီလိုနဲ႔ ဆရာမဝင္ေငြေငြေလးနဲ႔ သားေလးကိုရွိစုမဲ့စု ပ်ိဳးေထာင္လာခဲ့ပါတယ္။သားကလည္း ထူးခြၽန္တာမို႔ အေမရိကန္ႏိုင္ငံကိုပညာေတာ္သင္ ေစလြတ္ႏိုင္ခဲ့ပါတယ္။အေမရိကမွာ သားကလည္း ထူးခြၽန္ပါတယ္။

ေက်ာင္းၿပီးလို႔ အလုပ္ေကာင္းၿပီး အေမရိကမွာပဲအိမ္ေထာင္ျပဳၿပီး ကိုယ္ပိုင္အိမ္တစ္လုံး ဝယ္ႏိုင္ခဲ့ပါတယ္။ေျမးကေလးတစ္ေယာက္ ထြန္းကားခဲ့ပါတယ္။

မိခင္ျဖစ္သူ ဆရာမကေတာ့ တာဝန္နဲ႔မို႔ဆရာမအျဖစ္ပဲ ထိုင္ဝမ္မွာ ဆက္လက္ေနထိုင္ခဲ့ပါတယ္။ဒီလိုနဲ႔ ဆရာမႀကီးဟာ ပင္စင္ယူခ်ိန္နီးလာပါေတာ့တယ္။

ပင္စင္ယူခ်ိန္နီးလာေလေလ သားနဲ႔ ေျမးေလးကိုသတိရေလေလျဖစ္ၿပီး သားေလးမိသားစုနဲ႔သြားေရာက္ေနထိုင္ဖို႔ ဆႏၵျပင္းျပလာပါတယ္။

အေမ့ျဖစ္သူရဲ႕ စိတ္ထဲမွာ သားလိမၼာႀကီးကိုသတိရၿပီး ပီတိျဖစ္ေနတတ္ပါတယ္။ေၾသာ္ လုပ္ေဖၚကိုင္ဘက္ေတြ ဒီသတင္းသိလိုက္ရင္ေတာ့ျဖင့္ဘယ္ေလာက္အားက်လိုက္မလဲဆိုတာေတြးေတာၿပီး ၿပဳံးေနတတ္ပါတယ္။

ဆရာမရဲ႕ စာေရးခ်င္တဲ့ အမူအက်င့္အတိုင္းဖုန္းခကို ေခြၽတာတတ္သူမို႔ သားဆီကို ပင္စင္ယူၿပီးရင္အတူလာေနခ်င္ေၾကာင္း ေရးသားေပးပို႔ လိုက္ပါတယ္။

သားဆီက ျပန္စာကို ေတာ္ေတာ္နဲ႔ ျပန္မရဘူး။အေမကလည္း ပင္စင္ယူဖို႔ ျပင္ဆင္ေနၿပီးသားဆီက ျပန္စာကို ေမ်ာ္ေနတာေပါ့။ပင္စင္ယူဖို႔ တစ္ပတ္ေလာက္အလိုမွာသားဆီက စာတစ္ေစာင္ေရာက္ရွိလာပါတယ္။

ေဖာက္ဖတ္ၾကည့္လိုက္ေတာ့ ေဒၚလာ သုံးေသာင္းတန္ခ်က္လက္မွတ္တစ္ေစာင္နဲ႔ စာတစ္ေစာင္ေတြ႕လိုက္ပါတယ္။စာက အဲလိုေရးထားပါတယ္။

“ခ်စ္လွစြာေသာ ေမေမ သားနဲ႔ သားဇနီး ေသေသခ်ာခ်ာ ညႇိႏိူင္းၾကည့္ၿပီးပါၿပီ။ေမေမကို မလာေစခ်င္ပါဘူး။ေမေမသားကို ေကြၽးေမြးခဲ့တာ မွန္ပါတယ္။

အဲဒီကုန္က်စားရိတ္ကို သားတို႔ ေသေသခ်ာခ်ာတြက္ခ်က္ၾကည့္ၿပီးပါၿပီ၊ ေဒၚလာ ( ၂ ) ေသာင္းေလာက္က်ပါတယ္။

အပို ( ၁ )ေသာင္းပါ ထပ္ေပါင္းလိုက္ေတာ့ စုစုေပါင္း ( ၃ )ေသာင္းေမေမ့ကို ပို႔ေပးလိုက္ပါတယ္။ေမေမ ေနာက္ဆို သားဆီကို စာမေရးပါနဲ႔ေတာ့၊သားမိန္းမက မႀကိဳက္လို႔ပါ။….”

မိခင္ျဖစ္သူမွာ စာဆုံးေအာင္ပင္ေကာင္းေကာင္း မဖတ္ႏိုင္ခဲ့ပါ။မ်က္ရည္နဲ႔ မ်က္ခြက္ျဖစ္ေနပါၿပီ။အံ့ၾသျခင္း၊ ရင္နာျခင္း၊ယူက်ဳံးမရျဖစ္ျခင္း၊

ေမ်ာ္လင့္ခ်က္တစ္ခုလုံး ေပ်ာက္ဆုံးသြားျခင္း၊စတဲ့ခံစားခ်က္ေတြနဲ႔ ခ်ဳံးပြဲခ် ငိုခ်လိုက္ပါေတာ့တယ္။

မိခင္ဆရာမျဖစ္သူကို တရားက ကယ္တင္သြားပါတယ္။တရားစခန္းဝင္တယ္။ တရားနာတယ္။ တရားထိုင္တယ္။ေတာ္ေတာ္ေလး စိတ္သက္သာရာ ရသြားပါတယ္။

ဒါနဲ႔ သူမဟာ အဲဒီေဒၚလာ ၃ ေသာင္းကိုအသုံးျပဳၿပီး ကမာၻပတ္ပါေတာ့တယ္။

ခရီးတစ္ေလွ်ာက္လုံးမွာ ရွိတဲ့ သဘာဝတရားရဲ႕လွပဆန္းက်ယ္မူကို သူမေကာင္းစြာ ခံစားမိၿပီးတစ္ခုခု အသိဝင္လိုက္သလို ခံစားလိုက္ရတယ္ ။အဲဒါနဲ႔ သူ႔မသားကို စာတစ္ေစာင္ ထပ္မံေရးသားလိုက္ပါတယ္။

“ခ်စ္ရတဲ့ သား….ေမေမ့ကို စာထပ္မေရးပါနဲ႔ေတာ့လို႔သားကေျပာထားေပမဲ့ ေမေမေျပာခ်င္တဲ့စကားမျပည့္စုံေသးလို႔ သားဆီကို စာထပ္ေရးလိုက္ရပါတယ္။

သားခ်က္လက္မွတ္နဲ႔ ပိုက္ဆံကိုထုတ္ၿပီးေမေမကမာၻပတ္ခရီးသြားခဲ့ပါတယ္။လည္ရင္းပတ္ရင္း စဥ္းစားရင္းဆိုပါစို႔၊အဲလိုနဲ႔ အသိတစ္ခုဝင္လာသလိုပဲ၊ ဟုတ္ပါတယ္။သားကို ေက်းဇူးတင္ရမယ္။

တကယ္လို႔ သားက ေမေမကို ျပတ္ျပတ္သားသားစိမ္းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင္ ေမေမအဲေလာက္သံေဝဂ တရား ျမန္ျမန္ရခဲ့မွာ မဟုတ္ပါဘူး။အခုေတာ့ ေမေမနားလည္အသိနဲ႔ သိသြားပါၿပီ။

ေလာကႀကီးမွာ အေသခ်ာဆုံး၊ အေရရာဆုံး အရာဟာမေသခ်ာမေရရာျခင္းျဖစ္တယ္ဆိုတာေကာင္းေကာင္းႀကီးသိသြားပါၿပီ။ေမတၱာလည္း အနိစၥတရားကို ေရွာင္ကြင္းလို႔မရဘူးဆိုတာ သိသြားပါၿပီ။

တကယ္လို႔ သားက ေမေမကို မလိုခ်င္ပဲ လာခဲ့ပါလို႔အားနာနာနဲ႔ ေခၚခဲ့မယ္ဆိုရင္ အခုေလာက္ဆိုအားလုံးစိတ္ဒုကၡ ေရာက္ေနေလာက္ပါၿပီ။ေမေမလည္း စိတ္ဆင္းရဲရပါမယ္။ အသက္တိုမယ္။

အခုေတာ့ ေမေမ့စိတ္ထဲမွာလည္းသားဆိုတဲ့ အစြဲ မရွိေတာ့ပါဘူး။သားေရာ ေျမးပါ ေမေမစိတ္ထဲမွာ လြတ္ခ်ႏိုင္ခဲ့ပါၿပီ။ကိုယ့္မွာ အခ်စ္မရွိေတာ့ အခ်စ္ျပန္မလိုေတာ့ဘူးေပါ့၊အလိုမရွိေတာ့ ဒုကၡကင္းတာေပါ့၊

ျဖစ္ေပၚခဲ့တဲ့ အေျပာင္းအလဲ အားလုံးကိုေမေမေက်ေက်နပ္နပ္ႀကီးနဲ႔ လက္ခံလိုက္ပါၿပီ။ေက်းဇူးတင္ပါတယ္ သား….”

ဇာတ္လမ္းေလးကေတာ့ ဒီေလာက္ပါပဲ။ပညာရွင္တစ္ဦးရဲ႕ စကားကို သတိရေစပါတယ္။

“ မိဘမ်ားရဲ႕ အိမ္ဟာ သားသမီးမ်ားအခ်ိန္မေ႐ြး ျပန္ႏိုင္တဲ့ အိမ္ျဖစ္ပါတယ္။သားသမီးမ်ားရဲ႕ အိမ္ဟာ မိဘမ်ားအခ်ိန္မေ႐ြး သြားေရာက္ေနထိုင္ႏိုင္တဲ့ အိမ္မဟုတ္ပါ။

ကေလးကို ေမြးဖြားျခင္းဟာ တာဝန္၊ပ်ိဳးေထာင္ျခင္းဟာ ဝတၱရား ျဖစ္ခဲ့မယ္ဆိုရင္အားကိုးလိုစိတ္ေမြးျမဴ ခဲ့ရင္ မဟာအမွားျဖစ္သြားပါလိမ့္မယ္။

အိုလာရင္ ကိုယ့္က်န္းမာေရးကို အတတ္ႏိုင္ဆုံး ဂ႐ုစိုက္ပါ။အိုစာနာစာအၿမဲခ်န္ထားပါ။အိုဖို႔ အတြက္ မအိုခင္မွာကတည္းက ႀကိဳတင္ျပင္ဆင္ထားပါ။အားလုံးက်န္းမာခ်မ္းသာၾကပါေစ…။

Credit – Ei Ei Khin / ဓမၼေရခ်မ္းစင္

Unicode

အချစ်ရဲ့ ဒုက္ခကို ကောင်းကောင်းကြီးသိသွားခဲ့တဲ့ ဆရာမတစ်ယောက်ရဲ့ အဖြစ်

ထိုင်ဝမ်မှာ အမျိုးသမီးကြီး တစ်ဦးရှိပါတယ်။သူဟာ ကျောင်းဆရာမတစ်ဦး ဖြစ်ပါတယ်။အရွယ်ကောင်းတုန်းမှာပဲ ယောက်ျားဆုံးပါးသွားပါတယ်။ငယ်ရွယ်တဲ့ သားလေးတစ်ယောက် ကျန်ရစ်ခဲ့ပါတယ်။

သားလေးကို ဘထွေးနဲ့ မကြုံစေချင်လို့နောင်အိမ်ထောင်ထပ်မပြုပဲ အမေတစ်ခုသားတစ်ခုနဲ့ ပဲ သားလေးကို ပျိုးထောင်လာခဲ့ပါတယ်။သားလေးလည်း အလွန်လိမ္မာပါတယ်။အမေ့ကိုလည်း အလွန်သိတတ်ပါတယ်။

ဒီလိုနဲ့ ဆရာမဝင်ငွေငွေလေးနဲ့ သားလေးကိုရှိစုမဲ့စု ပျိုးထောင်လာခဲ့ပါတယ်။သားကလည်း ထူးချွန်တာမို့ အမေရိကန်နိုင်ငံကိုပညာတော်သင် စေလွတ်နိုင်ခဲ့ပါတယ်။အမေရိကမှာ သားကလည်း ထူးချွန်ပါတယ်။

ကျောင်းပြီးလို့ အလုပ်ကောင်းပြီး အမေရိကမှာပဲအိမ်ထောင်ပြုပြီး ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်နိုင်ခဲ့ပါတယ်။မြေးကလေးတစ်ယောက် ထွန်းကားခဲ့ပါတယ်။

မိခင်ဖြစ်သူ ဆရာမကတော့ တာဝန်နဲ့မို့ဆရာမအဖြစ်ပဲ ထိုင်ဝမ်မှာ ဆက်လက်နေထိုင်ခဲ့ပါတယ်။ဒီလိုနဲ့ ဆရာမကြီးဟာ ပင်စင်ယူချိန်နီးလာပါတော့တယ်။

ပင်စင်ယူချိန်နီးလာလေလေ သားနဲ့ မြေးလေးကိုသတိရလေလေဖြစ်ပြီး သားလေးမိသားစုနဲ့သွားရောက်နေထိုင်ဖို့ ဆန္ဒပြင်းပြလာပါတယ်။

အမေ့ဖြစ်သူရဲ့ စိတ်ထဲမှာ သားလိမ္မာကြီးကိုသတိရပြီး ပီတိဖြစ်နေတတ်ပါတယ်။သြော် လုပ်ဖေါ်ကိုင်ဘက်တွေ ဒီသတင်းသိလိုက်ရင်တော့ဖြင့်ဘယ်လောက်အားကျလိုက်မလဲဆိုတာတွေးတောပြီး ပြုံးနေတတ်ပါတယ်။

ဆရာမရဲ့ စာရေးချင်တဲ့ အမူအကျင့်အတိုင်းဖုန်းခကို ချွေတာတတ်သူမို့ သားဆီကို ပင်စင်ယူပြီးရင်အတူလာနေချင်ကြောင်း ရေးသားပေးပို့ လိုက်ပါတယ်။

သားဆီက ပြန်စာကို တော်တော်နဲ့ ပြန်မရဘူး။အမေကလည်း ပင်စင်ယူဖို့ ပြင်ဆင်နေပြီးသားဆီက ပြန်စာကို မျော်နေတာပေါ့။ပင်စင်ယူဖို့ တစ်ပတ်လောက်အလိုမှာသားဆီက စာတစ်စောင်ရောက်ရှိလာပါတယ်။

ဖောက်ဖတ်ကြည့်လိုက်တော့ ဒေါ်လာ သုံးသောင်းတန်ချက်လက်မှတ်တစ်စောင်နဲ့ စာတစ်စောင်တွေ့လိုက်ပါတယ်။စာက အဲလိုရေးထားပါတယ်။

“ချစ်လှစွာသော မေမေ သားနဲ့ သားဇနီး သေသေချာချာ ညှိနိူင်းကြည့်ပြီးပါပြီ။မေမေကို မလာစေချင်ပါဘူး။မေမေသားကို ကျွေးမွေးခဲ့တာ မှန်ပါတယ်။

အဲဒီကုန်ကျစားရိတ်ကို သားတို့ သေသေချာချာတွက်ချက်ကြည့်ပြီးပါပြီ၊ ဒေါ်လာ ( ၂ ) သောင်းလောက်ကျပါတယ်။

အပို ( ၁ )သောင်းပါ ထပ်ပေါင်းလိုက်တော့ စုစုပေါင်း ( ၃ )သောင်းမေမေ့ကို ပို့ပေးလိုက်ပါတယ်။မေမေ နောက်ဆို သားဆီကို စာမရေးပါနဲ့တော့၊သားမိန်းမက မကြိုက်လို့ပါ။….”

မိခင်ဖြစ်သူမှာ စာဆုံးအောင်ပင်ကောင်းကောင်း မဖတ်နိုင်ခဲ့ပါ။မျက်ရည်နဲ့ မျက်ခွက်ဖြစ်နေပါပြီ။အံ့သြခြင်း၊ ရင်နာခြင်း၊ယူကျုံးမရဖြစ်ခြင်း၊

မျော်လင့်ချက်တစ်ခုလုံး ပျောက်ဆုံးသွားခြင်း၊စတဲ့ခံစားချက်တွေနဲ့ ချုံးပွဲချ ငိုချလိုက်ပါတော့တယ်။

မိခင်ဆရာမဖြစ်သူကို တရားက ကယ်တင်သွားပါတယ်။တရားစခန်းဝင်တယ်။ တရားနာတယ်။ တရားထိုင်တယ်။တော်တော်လေး စိတ်သက်သာရာ ရသွားပါတယ်။

ဒါနဲ့ သူမဟာ အဲဒီဒေါ်လာ ၃ သောင်းကိုအသုံးပြုပြီး ကမ္ဘာပတ်ပါတော့တယ်။

ခရီးတစ်လျှောက်လုံးမှာ ရှိတဲ့ သဘာဝတရားရဲ့လှပဆန်းကျယ်မူကို သူမကောင်းစွာ ခံစားမိပြီးတစ်ခုခု အသိဝင်လိုက်သလို ခံစားလိုက်ရတယ် ။အဲဒါနဲ့ သူ့မသားကို စာတစ်စောင် ထပ်မံရေးသားလိုက်ပါတယ်။

“ချစ်ရတဲ့ သား….မေမေ့ကို စာထပ်မရေးပါနဲ့တော့လို့သားကပြောထားပေမဲ့ မေမေပြောချင်တဲ့စကားမပြည့်စုံသေးလို့ သားဆီကို စာထပ်ရေးလိုက်ရပါတယ်။

သားချက်လက်မှတ်နဲ့ ပိုက်ဆံကိုထုတ်ပြီးမေမေကမ္ဘာပတ်ခရီးသွားခဲ့ပါတယ်။လည်ရင်းပတ်ရင်း စဉ်းစားရင်းဆိုပါစို့၊အဲလိုနဲ့ အသိတစ်ခုဝင်လာသလိုပဲ၊ ဟုတ်ပါတယ်။သားကို ကျေးဇူးတင်ရမယ်။

တကယ်လို့ သားက မေမေကို ပြတ်ပြတ်သားသားစိမ်းကားတဲ့ စကားမဆိုခဲ့ဘူးဆိုရင် မေမေအဲလောက်သံဝေဂ တရား မြန်မြန်ရခဲ့မှာ မဟုတ်ပါဘူး။အခုတော့ မေမေနားလည်အသိနဲ့ သိသွားပါပြီ။

လောကကြီးမှာ အသေချာဆုံး၊ အရေရာဆုံး အရာဟာမသေချာမရေရာခြင်းဖြစ်တယ်ဆိုတာကောင်းကောင်းကြီးသိသွားပါပြီ။မေတ္တာလည်း အနိစ္စတရားကို ရှောင်ကွင်းလို့မရဘူးဆိုတာ သိသွားပါပြီ။

တကယ်လို့ သားက မေမေကို မလိုချင်ပဲ လာခဲ့ပါလို့အားနာနာနဲ့ ခေါ်ခဲ့မယ်ဆိုရင် အခုလောက်ဆိုအားလုံးစိတ်ဒုက္ခ ရောက်နေလောက်ပါပြီ။မေမေလည်း စိတ်ဆင်းရဲရပါမယ်။ အသက်တိုမယ်။

အခုတော့ မေမေ့စိတ်ထဲမှာလည်းသားဆိုတဲ့ အစွဲ မရှိတော့ပါဘူး။သားရော မြေးပါ မေမေစိတ်ထဲမှာ လွတ်ချနိုင်ခဲ့ပါပြီ။ကိုယ့်မှာ အချစ်မရှိတော့ အချစ်ပြန်မလိုတော့ဘူးပေါ့၊အလိုမရှိတော့ ဒုက္ခကင်းတာပေါ့၊

ဖြစ်ပေါ်ခဲ့တဲ့ အပြောင်းအလဲ အားလုံးကိုမေမေကျေကျေနပ်နပ်ကြီးနဲ့ လက်ခံလိုက်ပါပြီ။ကျေးဇူးတင်ပါတယ် သား….”

ဇာတ်လမ်းလေးကတော့ ဒီလောက်ပါပဲ။ပညာရှင်တစ်ဦးရဲ့ စကားကို သတိရစေပါတယ်။

“ မိဘများရဲ့ အိမ်ဟာ သားသမီးများအချိန်မရွေး ပြန်နိုင်တဲ့ အိမ်ဖြစ်ပါတယ်။သားသမီးများရဲ့ အိမ်ဟာ မိဘများအချိန်မရွေး သွားရောက်နေထိုင်နိုင်တဲ့ အိမ်မဟုတ်ပါ။

ကလေးကို မွေးဖွားခြင်းဟာ တာဝန်၊ပျိုးထောင်ခြင်းဟာ ဝတ္တရား ဖြစ်ခဲ့မယ်ဆိုရင်အားကိုးလိုစိတ်မွေးမြူ ခဲ့ရင် မဟာအမှားဖြစ်သွားပါလိမ့်မယ်။

အိုလာရင် ကိုယ့်ကျန်းမာရေးကို အတတ်နိုင်ဆုံး ဂရုစိုက်ပါ။အိုစာနာစာအမြဲချန်ထားပါ။အိုဖို့ အတွက် မအိုခင်မှာကတည်းက ကြိုတင်ပြင်ဆင်ထားပါ။အားလုံးကျန်းမာချမ်းသာကြပါစေ…။

Credit – Ei Ei Khin / ဓမ္မရေချမ်းစင်

Be the first to comment

Leave a Reply

Your email address will not be published.


*