Crd
Unicode
တောက ရမ်းကု ဒေါက်တာနဲ့ မြို့က ပညာစမ်းတဲ့ မမတွေ့ကြလေသောအခါ…
နယ်မြို့သေးသေးလေးတွေမှာ… ရမ်းကုတွေ ခေတ်ကောင်းစဉ်ကပေါ့ ရမ်းကုတယောက်ကတော့ တော်တော်နာမည်ကြီးတယ်။
ကြီးရတဲ့အကြောင်းရင်းကလည်း ဘာရောဂါပဲ ဖြစ်ဖြစ် သူပေးတဲ့ ဆေးကတော့.. ဘာမီတွန်ပဲအာ့ကြောင့် နာမည်အရင်းတောင် ပျောက်ပြီး
အားလုံး သိကြတာကတော့ သူ့နာမည် ဒေါက်တာဘာမီတွန် တနေ့တော့ .. မြို့ကြီးကနေ အလည်ရောက်လာ တဲ့ မတ်မတ်တယောက်က
ဒေါက်တာဘာမီတွန်ကို ပညာစမ်းချင်လို့ သူ့သမီးလေးကို ခေါ်သွားပြီး” ဆရာ ကျွန်မသမီးလေးဖျားချင်သလိုလို ဖြစ်နေလို့ပါ ” ဆိုတော့…
ပေးလိုက်တဲ့ ဆေးက ဘာမီတွန်ပဲ အာ့နဲ့ နောက်ရက်မှာ တခါထပ်သွားတယ်” ဆရာ ကျွန်မနူံးညောင်းပြီး ခေါင်းမကြည်သလို ဖြစ်နေလို့ပါ ” ဆိုတော့…
ပေးလိုက်တဲ့ ဆေးက ဘာမီတွန်ပဲ မတ်မတ်လည်း သိပ်တော့ မကျေနပ်သေးဘူး ဒီရမ်းကု ဘာမီတွန်ဆေးပေးလို့ မရအောင်
ဘာရောဂါလို့ ပြောရမလဲ အသည်းသန် စဉ်းစားနေရတာ နှစ်ရက်သုံးရက်လောက် ကြာသွားတယ်
အဲ ! စဉ်းစားလို့ရပြီဆိုတဲ့နေ့ ကျတော့… ဒေါက်တာဘာမီတွန်ရဲ့ ဆေးခန်းထဲကို ရင်ကော့ဝင်သွားတယ်
ဒင်း ဒီတခါတော့ ဘာဆေးပေးမလဲပေါ့ ” ဆရာ ကျွန်မ ကလေး မလိုချင်လို့ သားဆက်ခြားချင်လို့ပါ “လို့လည်း ပြောလိုက်ရော
ဒီတခါတော့… ဒေါက်တာ ဘာမီတွန်လည်း ခေါင်းစား သွားတယ် ထင်တယ်…
ဖင်ကုပ်လိုက် ခေါင်းကုပ်လိုက် လုပ်နေတယ်။ မတ်မတ်ကတော့ ပျော်နေတာပေါ့ ဒင်း ဒီတခါတော့ ဘာတတ်နိုင်သေးလည်း ဆိုတဲ့ အတွေးနဲ့ ကျိတ်ပျော်နေတာပေါ့။
ဒါပေမဲ့ မတ်မတ်ရဲ့ အပျော်တွေ ကြာကြ ာမခံပါဘူး .. ဘာဖြစ်လို့လဲ ဆိုတော့ ဒေါက်တာဘာမီတွန်ပြောလိုက်တာက
” အေးဗျာ ဘာမီတွန်ပဲ ယူသွားလိုက်ပါ။ များများပေးလိုက်မယ်။ ဒါပေမဲ့ ခင်ဗျား မသောက်နဲ့ ခင်ဗျားယောက်ျား ကိုသာ တိုက်လိုက်ပါ”…တဲ့….
အဲ့ဒါလည်း ဟုတ်နေတာပဲလေ… ယောက်ျား ကို ဘာမီတွန် နေ့တိုင်း တိုက်ရင် နေ့တိုင်း အိပ်ပြီလေ… ဘားမှ မဘာနိုင်တော့ သားဆက်ခြားပြီပေါ့…။ တိန်…!!!
Crd
Be the first to comment
Leave a Reply
Your email address will not be published.
*