










Crd

Unicode

သင့်ဘဝလက်တွဲဖော်ကို ဒီလိုအကြောင်းအရာတွေနဲ့ ရွေးချယ်သင့်တယ်

ဘဝ လက်တွဲဖော်ဆိုတာ အပျော် ထားအပ်တဲ့ အရာ မဟုတ်လို့ ဖျော်ရည် အတူသောက်နိုင်ရုံနဲ့လည်းမရွေးချယ် သင့်ဘူး။

ဘဝလက်တွဲဖော်ဆိုတာ ယမကာတစ်ပုလင်း မဟုတ်လို့ ခဏတာယစ်မူးချင်ရုံ အတွက်နဲ့လည်း မရွေးချယ်သင့်ဘူး။ ဘဝလက် တွဲဖော်ဆိုတာ ခဏတာ အတွက် မဟုတ်လို့ တွေ့ကရာလူ ရှာမယ် စိတ်ကူးနဲ့ လည်း မရွေးချယ်သင့်ဘူး။

ဘဝလက်တွဲဖော်ဆိုတာ အာပလာလူ တစ်ယောက် မဖြစ်သင့်သလို အချစ်သာ အဓိကဆိုတဲ့ စိတ်နဲ့လည်း မရွေးချယ်သင့်ဘူး။ ဘဝ လက်တွဲဖော်ဆိုတာ ပညာတတ် ဂုဏ်ကြီးကျယ်တဲ့ ဘွဲ့လက်မှတ် ရှိရုံနဲ့လည်း မရွေးချယ်သင့်ဘူး။

ဘဝလက်တွဲဖော် ဆိုတာ ဥစ္စာကြွယ်ဝ တိုက်တာကားများ ပိုင်ဆိုင်ရုံနဲ့လည်း မရွေးချယ် သင့်ဘူး။ဘဝ လက်တွဲဖော်ဆိုတာ ကိုယ်တစ်ယောက် အတွက်သာ သေဖော်ရှင်ဖက် ဖြစ်သူ မရှိအတူ ရှိအတူ နားလည်မှု ပေးနိုင်သူသာ ရွေးချယ်ပါ။

ဘဝလက်တွဲဖော် ဆိုတာ မိမိရဲ့ ချို့ယွင်းချက် မှန်သမျှကို သိသိကြီးနဲ့ လုံးဝနောက်ဆုတ် တွေဝေသွားခြင်း ဆိုတာ မရှိဘူး ။ နောက်ဆုံး ထွက်သက်ထိ မိမိရဲ့လက်ကို ရဲဝင့်စွာ ကိုင်ဆွဲပြီး ဖြစ်ပေါ်လာသမျှ ပြသနာ ပေါင်းစုံကို အတူတူ ဖြေရှင်းပေးမဲ့ သူလေ။

ဂရုစိုက်မှု့၊ ယုံကြည်ပေးမှု့ တွေနဲ့ ပေးဆပ်ပြီး ထာဝရ ချစ်နေမဲ့သူဟာ မိမိရဲ့ဘဝလက်တွဲဖော် စစ်စစ်ပါပဲ။ ဘဝလက်တွဲဖော်ဆိုတာ ကြုံသလို ရွေးချယ်လို့ ရဘူးလေ။ ကိုယ့်ဘဝနဲ့ အံဝင်ခွင်ကျတဲ့သူ ဖြစ်ဖို့လိုတယ်။

ဘဝ ဘက်တွဲဖော်ဆိုတာ အရမ်းချမ်းသာဖို့ မလိုဘူး။ ကိုယ်နဲ့ အတူ ချမ်းသာအောင် ကြိုးစားတဲ့သူ ဖြစ်ဖို့လိုသလို ဆင်းရဲတဲ့ အခါလည်း ကြံ့ကြံ့ခံ ရင်ဆိုင်ရဲတဲ့သူ ဖြစ်ဖို့ လိုတယ်။

ဘဝ လက်တွဲဖော် ဆိုတာ ပန်းချီကား တစ်ချပ် လိုပါပဲ။ ကိုယ်တိုင် ဖန်တီးနိုင်ဖို့ထက် ခံစားနားလည် ပေးတတ်ဖို့ က ပိုအရေးကြီး ပါတယ်…။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*