ေသြးစစ္ျခင္းကေန ရင္သားကင္ဆာကို(၅)ႏွစ္ေစာၿပီး ႀကိဳတင္သိရွိႏုိင္ေတာ့မည္

ေသြးစစ္ျခင္းကေန ရင္သားကင္ဆာကို(၅)ႏွစ္ေစာၿပီး ႀကိဳတင္သိရွိႏုိင္ေတာ့မည္

ေသြးစစ္ျခင္းကေန ရင္သားကင္ဆာကို(၅)ႏွစ္ေစာၿပီး ႀကိဳတင္သိရွိႏုိင္ေတာ့မည္

ရင္သားကင္ဆာဟာ အမ်ိဴးသမီးေတြအတြက္ေတာ့ အလြန္ေၾကာက္ရ စုိးရိမ္ရတဲ့ ရန္သူေတာ္တစ္ပါး ျဖစ္ပါတယ္။ ကင္ဆာရဲ႕ထုံးစံအတုိင္း အမ်ားအားျဖင့္ ေရာဂါလကၡဏာေတြ သိသိသာသာ ျပလာတဲ့အခ်ိန္မွာ သိရတာမ်ားတဲ့အတြက္၊ တကယ္တမ္း ေဒါက္တာေတြနဲ႔တုိင္ပင္တဲ့အခါ ‘လြန္’ေနခ်ိန္ ျဖစ္ေနတတ္ပါတယ္။

အခု သတင္းကေတာ့ ေသြးစစ္႐ုံနဲ႔ ရင္သားကင္ဆာရဲ႕ ေရာဂါလကၡဏာေတြမျပခင္ (၅)ႏွစ္ေလာက္ႀကိဳၿပီး သိႏုိင္ေတာ့မယ့္အျဖစ္ပါ။ ဒါဟာ အမ်ိဳးသမီးေတြအတြက္ သတင္းေကာင္းျဖစ္ပါတယ္။ သုိ႔ေသာ္လည္း အမ်ိဳးသားတစ္ခ်ိဳ႕မွာလည္း ရင္သားကင္ဆာ ျဖစ္ေနတာမ်ိဳးေတြ ရွိပါတယ္။ အလြန္နည္းပါးတဲ့ အေရအတြက္သာ ရွိေသးတာလုိ႔ သိရပါတယ္။

ဘယ္လုိပဲျဖစ္ျဖစ္ အခု ေသြးစစ္႐ုံနဲ႔ ရင္သားကင္ဆာျဖစ္ႏုိင္မျဖစ္ႏုိင္ သိဖုိ႔နည္းကေတာ့ စမ္းသပ္ေအာင္ျမင္ေနၿပီလုိ႔ သိရပါတယ္။ မၾကာေတာ့မယ့္ (၄)ႏွစ္ေလာက္ အေတာအတြင္းမွာပဲ ဒီနည္းကို တြင္တြင္က်ယ္က်ယ္ အသုံးျပဳႏုိင္ဖုိ႔ ရွိေနပါတယ္။

ေသြးကို စစ္ျခင္းက ရင္သားကင္ဆာ ျဖစ္ႏုိင္မျဖစ္ႏုိင္သိဖုိ႔ဆုိတာ အရမ္းႀကီး မခက္ဘူးလုိ႔လည္း သိရပါတယ္။

ဆုိရရင္ ရင္သားကင္ဆာမတုိင္ခင္ ႏွစ္မ်ားစြာကတည္းက ကင္ဆာဆဲလ္ေတြဟာ အလြန္မသိသာတဲ့ ဓာတ္ပစၥည္းေတြထဲကို ေသြးစနစ္ထဲကို ထုတ္လႊတ္ေၾကာင္း၊ ဒီေသြးစနစ္ထဲကိုေရာက္လာတဲ့ ကင္ဆာဓာတ္ပစၥည္းေတြကုိ ခႏၶာကိုယ္ကေနထုတ္လႊတ္တဲ့ သဘာဝကာကြယ္ေရးစနစ္ေတြက တုိက္ဖ်က္ႏုိင္ျခင္းရွိမရွိကို ေသြးစစ္ျခင္းနဲ႔ ေျခရာခံတုိင္းတာတယ္လုိ႔ သိရပါတယ္။

ဒီလုိ ကနဦးတုိင္းတာျခင္းေတြဟာ လူတစ္ေယာက္အတြက္ သုိ႔မဟုတ္ အမ်ိဳးသမီးတစ္ေယာက္ရဲဲ႕ အသက္ရွင္သန္ေရးအတြက္လည္း အထူးအေရးပါေၾကာင္း သိရပါတယ္။

ဒီစနစ္ကို စတင္စမ္းသပ္ခဲ့တဲ့ သိပၸံပညာရွင္ေတြကေတာ့ University of Nottingham တကၠသုိလ္မွ Centre of Excellence for Autoimmunity in Cancer ဌာနမွျဖစ္ၿပီး၊ ေအာင္ျမင္တဲ့ စမ္းသပ္စစ္ေဆးမႈရလဒ္ေတြကို အေကာင္အထည္ေဖာ္ႏုိင္ခဲ့ၿပီ ျဖစ္ပါတယ္။

ယင္းဌာနရဲ႕ PhD ေက်ာင္းသားတစ္ဦးျဖစ္တဲ့ Daniyah Alfattani က “ ဒီရလဒ္ေတြက ရင္သားကင္ဆာမျဖစ္ခင္ ျဖစ္တန္ေျခ အလားအလာရွိတဲ့ ေရာဂါလကၡဏာေတြကို ညႊန္ျပေနပါတယ္ … အခု ကၽြန္ေတာ္တုိ႔ ဒီစမ္းသပ္မႈကို တိက်မွန္ကန္ေအာင္ လုပ္ထားႏုိင္ပါၿပီ … ေသြးစစ္႐ုံနဲ႔ ေရာဂါမျဖစ္ခင္ အေျခအေနေတြရဲ႕ ျဖစ္တန္စြမ္းေတြကို တြက္ခ်က္ေပးတာပါ ”လုိ႔ ေျပာခဲ့ပါတယ္။

Centre of Excellence for Autoimmunity in Cancer ဌာနမွ သိပၸံပညာရွင္ေတြဟာ သူတုိ႔ရဲ႕စမ္းသပ္မႈကို ရင္သားကင္ဆာ ခံစားေနရတဲ့ အမ်ိဴးသမီး(၉၀)နဲ႔ ရင္သားကင္ဆာမျဖစ္ေသးတဲ့ အမ်ိဳးသမီးက(၉၀)ကို ကနဦးစမ္းသပ္ခဲ့တာျဖစ္ပါတယ္။

အခုဆုိရင္ အမ်ိဳးသမီး(၈၀၀)ကုိ ဆက္လက္စမ္းသပ္စစ္ေဆးေနပါတယ္။ ဒီကေန ပုိေကာင္းတဲ့ရလဒ္ေတြ ရလာမယ္လုိ႔ ေမွ်ာ္လင့္ရပါတယ္။

ေနာက္ၿပီး ၎သိပၸံပညာရွင္အဖြဲ႕ဟာ အခုလုိ ေသြးစစ္ျခင္းျဖင့္ ပန္ကရိယကင္ဆာ၊ အူမႀကီးကင္ဆာနဲ႔ အသည္းကင္ဆာ စတဲ့ေရာဂါေတြအတြက္လည္း စမ္းသပ္စစ္ေဆးမႈေတြ ျပဳလုပ္ေနပါတယ္။

ဆက္လက္ေတြ႕ရွိခ်က္ေတြကို ဂလက္စကုိမွာ က်င္းပတဲ့ National Cancer Research Institute အစည္းအေဝးမွာ ထည့္သြင္းေဆြးေႏြးခဲ့ၾကေၾကာင္း Telegraph သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္။

Credit လင္းသုတ

Unicode

သွေးစစ်ခြင်းကနေ ရင်သားကင်ဆာကို(၅)နှစ်စောပြီး ကြိုတင်သိရှိနိုင်တော့မည်

ရင်သားကင်ဆာဟာ အမျိူးသမီးတွေအတွက်တော့ အလွန်ကြောက်ရ စိုးရိမ်ရတဲ့ ရန်သူတော်တစ်ပါး ဖြစ်ပါတယ်။ ကင်ဆာရဲ့ထုံးစံအတိုင်း အများအားဖြင့် ရောဂါလက္ခဏာတွေ သိသိသာသာ ပြလာတဲ့အချိန်မှာ သိရတာများတဲ့အတွက်၊ တကယ်တမ်း ဒေါက်တာတွေနဲ့တိုင်ပင်တဲ့အခါ ‘လွန်’နေချိန် ဖြစ်နေတတ်ပါတယ်။

အခု သတင်းကတော့ သွေးစစ်ရုံနဲ့ ရင်သားကင်ဆာရဲ့ ရောဂါလက္ခဏာတွေမပြခင် (၅)နှစ်လောက်ကြိုပြီး သိနိုင်တော့မယ့်အဖြစ်ပါ။ ဒါဟာ အမျိုးသမီးတွေအတွက် သတင်းကောင်းဖြစ်ပါတယ်။ သို့သော်လည်း အမျိုးသားတစ်ချို့မှာလည်း ရင်သားကင်ဆာ ဖြစ်နေတာမျိုးတွေ ရှိပါတယ်။ အလွန်နည်းပါးတဲ့ အရေအတွက်သာ ရှိသေးတာလို့ သိရပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု သွေးစစ်ရုံနဲ့ ရင်သားကင်ဆာဖြစ်နိုင်မဖြစ်နိုင် သိဖို့နည်းကတော့ စမ်းသပ်အောင်မြင်နေပြီလို့ သိရပါတယ်။ မကြာတော့မယ့် (၄)နှစ်လောက် အတောအတွင်းမှာပဲ ဒီနည်းကို တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ဖို့ ရှိနေပါတယ်။

သွေးကို စစ်ခြင်းက ရင်သားကင်ဆာ ဖြစ်နိုင်မဖြစ်နိုင်သိဖို့ဆိုတာ အရမ်းကြီး မခက်ဘူးလို့လည်း သိရပါတယ်။

ဆိုရရင် ရင်သားကင်ဆာမတိုင်ခင် နှစ်များစွာကတည်းက ကင်ဆာဆဲလ်တွေဟာ အလွန်မသိသာတဲ့ ဓာတ်ပစ္စည်းတွေထဲကို သွေးစနစ်ထဲကို ထုတ်လွှတ်ကြောင်း၊ ဒီသွေးစနစ်ထဲကိုရောက်လာတဲ့ ကင်ဆာဓာတ်ပစ္စည်းတွေကို ခန္ဓာကိုယ်ကနေထုတ်လွှတ်တဲ့ သဘာဝကာကွယ်ရေးစနစ်တွေက တိုက်ဖျက်နိုင်ခြင်းရှိမရှိကို သွေးစစ်ခြင်းနဲ့ ခြေရာခံတိုင်းတာတယ်လို့ သိရပါတယ်။

ဒီလို ကနဦးတိုင်းတာခြင်းတွေဟာ လူတစ်ယောက်အတွက် သို့မဟုတ် အမျိုးသမီးတစ်ယောက်ရဲ့ အသက်ရှင်သန်ရေးအတွက်လည်း အထူးအရေးပါကြောင်း သိရပါတယ်။

ဒီစနစ်ကို စတင်စမ်းသပ်ခဲ့တဲ့ သိပ္ပံပညာရှင်တွေကတော့ University of Nottingham တက္ကသိုလ်မှ Centre of Excellence for Autoimmunity in Cancer ဌာနမှဖြစ်ပြီး၊ အောင်မြင်တဲ့ စမ်းသပ်စစ်ဆေးမှုရလဒ်တွေကို အကောင်အထည်ဖော်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ယင်းဌာနရဲ့ PhD ကျောင်းသားတစ်ဦးဖြစ်တဲ့ Daniyah Alfattani က “ ဒီရလဒ်တွေက ရင်သားကင်ဆာမဖြစ်ခင် ဖြစ်တန်ခြေ အလားအလာရှိတဲ့ ရောဂါလက္ခဏာတွေကို ညွှန်ပြနေပါတယ် … အခု ကျွန်တော်တို့ ဒီစမ်းသပ်မှုကို တိကျမှန်ကန်အောင် လုပ်ထားနိုင်ပါပြီ … သွေးစစ်ရုံနဲ့ ရောဂါမဖြစ်ခင် အခြေအနေတွေရဲ့ ဖြစ်တန်စွမ်းတွေကို တွက်ချက်ပေးတာပါ ”လို့ ပြောခဲ့ပါတယ်။

Centre of Excellence for Autoimmunity in Cancer ဌာနမှ သိပ္ပံပညာရှင်တွေဟာ သူတို့ရဲ့စမ်းသပ်မှုကို ရင်သားကင်ဆာ ခံစားနေရတဲ့ အမျိူးသမီး(၉၀)နဲ့ ရင်သားကင်ဆာမဖြစ်သေးတဲ့ အမျိုးသမီးက(၉၀)ကို ကနဦးစမ်းသပ်ခဲ့တာဖြစ်ပါတယ်။

အခုဆိုရင် အမျိုးသမီး(၈၀၀)ကို ဆက်လက်စမ်းသပ်စစ်ဆေးနေပါတယ်။ ဒီကနေ ပိုကောင်းတဲ့ရလဒ်တွေ ရလာမယ်လို့ မျှော်လင့်ရပါတယ်။

နောက်ပြီး ၎င်းသိပ္ပံပညာရှင်အဖွဲ့ဟာ အခုလို သွေးစစ်ခြင်းဖြင့် ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အသည်းကင်ဆာ စတဲ့ရောဂါတွေအတွက်လည်း စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။

ဆက်လက်တွေ့ရှိချက်တွေကို ဂလက်စကိုမှာ ကျင်းပတဲ့ National Cancer Research Institute အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေးခဲ့ကြကြောင်း Telegraph သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Credit လင်းသုတ

Be the first to comment

Leave a Reply

Your email address will not be published.


*