အလြယ္တကူနဲ႔ ကိုယ့္အိတ္ကပ္ထဲကို အပိုေငြ၀င္ေမယ့္္ နည္းလမ္းေကာင္း(၄)မ်ိဳး

အလြယ္တကူနဲ႔ ကိုယ့္အိတ္ကပ္ထဲကို အပိုေငြ၀င္ေမယ့္္ နည္းလမ္းေကာင္း(၄)မ်ိဳး

အလြယ္တကူနဲ႔ ကိုယ့္အိတ္ကပ္ထဲကို အပိုေငြ၀င္ေမယ့္္ နည္းလမ္းေကာင္း(၄)မ်ိဳး

ကၽြန္ေတာ္တို႔ဘဝရဲ႕ ရည္မွန္းခ်က္ေတြနဲ႔ အိမ္မက္ေတြအတြက္ ေငြဆိုတာ မရွိမျဖစ္လိုအပ္ပါတယ္။ တစ္ခါတစ္ရံ သင့္ရဲ႕ အိမ္မက္က အေကာင္းစားဖိနပ္တစ္ရံကို စီးခ်င္ေနတာလား။ဒါမွမဟုတ္ ဇိမ္ခံကားႀကီးတစ္စီးကို စီးခ်င္တာလား။

အဲဒီအရာေတြအတြက္ ဆိုရင္ေတာ့သင့္မွာ အပိုဝင္ေငြတစ္ခုရွိတာ ပိုေကာင္းလိမ့္မယ္။ ဒါ့ေၾကာင့္ businessinsider.com မွာ ေတြ႕လိုက္တဲ့ သင့္ရဲ႕အိပ္ကပ္ကို စိုေျပလာေစမယ့္ နည္းလမ္း(၄)ခုကို ေျပာျပခ်င္ပါတယ္။

 

(1)အခ်ိန္ပိုင္းအလုပ္ေတြ လုပ္ကိုင္ျခင္းက သင့္ဝင္ေငြကို ပိုမိုတိုးပြားေစပါတယ္

အခ်ိန္ပိုင္းအလုပ္ဆိုတိုင္း ေတြ႕သမၽွအခ်ိန္ပိုင္းအလုပ္ေတြကို လုပ္ခိုင္းတာမဟုတ္ပါဘူး။ ကိုယ္ကလည္း တကယ္ စိတ္ဝင္စားမယ့္ အလုပ္မ်ိဳး၊ ဒါမွမဟုတ္ ကိုယ့္ကို စိတ္လႈပ္ရွားေစတဲ့ အလုပ္မ်ိဳးကို ေျပာတာပါ။

ဘာလို႔လဲဆိုေတာ့ တစ္ေန႔လံုးဝန္ထမ္းအျဖစ္နဲ႔ အခ်ိန္ျပည့္ အလုပ္,လုပ္ေနရၿပီး အားတဲ့အခ်ိန္မွာလုပ္တဲ့ အခ်ိန္ပိုင္းအလုပ္ကလည္း အခ်ိန္ျပည့္ အလုပ္လိုမ်ိဳးဆိုရင္ေတာ့ သင္ႏွစ္ဆပိုပင္ပန္းရမွာပါ။ဒါေၾကာင့္ အခ်ိနိပိုင္းအလုပ္က ကိုယ္အေပၚ အရမ္းဖိအားမမ်ားတဲ့ အလုပ္ဆိုရင္ေတာ့ အေကာင္းဆံုးပါပဲ။

(2)ကိန္းဂဏန္းေတြကို ၾကည့္တတ္ပါေစ။

လူေတာ္ေတာ္မ်ားမ်ားက ဝင္ေငြနဲ႔ ထြက္ေငြမမၽွတဲ့ျပႆနာကို အျမဲၾကံဳရတတ္ပါတယ္။ ဥပမာ-ကိုယ့္ရဲ႕ ဝင္ေငြက ၁၀သိန္းမျပည့္ပဲ ၁၀သိန္းေက်ာ္တဲ့ဖုန္းကို ဝယ္ခ်င္ေနတာမ်ိဳးေတြ ျဖစ္တတ္ပါတယ္။ေတာ္ေတာ္မ်ားမ်ားဒီလိုအေျခအေနေရာက္ရင္ အရစ္က်ဝယ္တဲ့ ပံုစံကိုႀကိဳက္တာမ်ားပါတယ္။

ေသခ်ာစဥ္းစားၾကည့္ရင္ အရစ္က်ဝယ္တယ္ဆိုတာ လိုခ်င္တဲ့ဖုန္းရဲ႕ ပမာဏထက္ ၃၅%ေလာက္ပိုေပးေနရတာ သတိမထားမိက်ဘူး။အေကာင္းဆံုးကေတာ့ ကိုယ့္လစာထဲက တစ္လကို ၁သိန္းဒါမွမဟုတ္ရင္ ၂သိန္းမ်ိဳးနဲ႔ စုသြားရင္အေကာင္းဆံုးပါ။

အဲလိုအခ်ိန္မ်ိဳးၾကရင္ေတာ့ ကိုယ့္ရဲ႕ ဝင္ေငြထြက္ေငြကို ေသခ်ာၾကည့္ရမွာပါ။မနက္တိုင္းေသာက္မယ့္ ေကာ္ဖီဖိုးကအစ ေဆးဆိုင္မွာဝယ္မယ့္ေဆးဖိုးအဆံုး ေသခ်ာစာရင္းလုပ္ၿပီး မိမိရဲ႕ ဝင္ေငြနဲ႔ ထြက္ေငြမၽွမမၽွကို ေသခ်ာေစာင့္ၾကည့္ရမွာပါ။

(3)အသံုးမလိုတဲ့ ပစၥည္းေတြကို ေရာင္းပစ္ပါ

ကိုယ့္အတြက္ အသံုးမလိုပင္မယ့္လဲ အျမဲသိမ္းဆည္းထားတတ္တာလဲ လူေတြရဲ႕အက်င့္တစ္ခုပါ။ တစ္ခ်ိန္ခ်ိန္က်ရင္ ျပန္အသံုးဝင္ႏိုင္ယ္ဆိုတဲ့ ေခါင္းစဥ္တစ္ခုေအာက္မွာ ပိတ္မိေနရင္း အသံုးမျပဳတဲ့ပစၥည္းေတြက ပိုပိုမ်ားလာပါတယ္။

ဒါေပမယ့္ သင့္အိပ္မက္ေတြနဲ႔ အျမန္ဆံုးနီးစပ္ခ်င္တယ္ဆိုရင္ေတာ့ ထုတ္ေရာင္းလိုက္တာအေကာင္းဆံုးပါပဲ။ ဒါေၾကာင့္ သင္မဝတ္ေတာ့တဲ့ အဝတ္အစားေတြ၊ မစီးေတာ့မယ့္ ဖိနပ္ေဟာင္းေတြ၊ တိုလီမုတ္စ ပစၥည္းေတြကို အခုပဲထုတ္ေရာင္းလိုက္ပါ။

(4)ကိုယ့္ရဲ႕ဝါသနာကို ဝင္ေငြအျဖစ္ေျပာင္းလဲပါ။

ကိုယ့္ရဲ႕ဝါသနာကေနလဲ ဝင္ေငြရရွိႏိုင္ပါတယ္။ အကယ္၍ သင္ဟာ PUBGလို ဂိမ္းမ်ိဳးကို ႀကိဳက္တဲ့သူဆိုရင္ေတာင္မွ Livestreamပစ္ႏိုင္ေအာင္ႀကိဳးစားပါ။Streamerတစ္ေယာက္ရဲ႕ တစ္လဝင္ေငြက အနည္းဆံုး USD 10,000 ကေန USD 10,000,000 ၾကားရွိပါတယ္။

ဒါမွမဟုတ္သင္က စိုက္ပ်ိဳးေရးဝါႆနာပါတယ္ဆိုရင္လည္း အပင္ေလးေတြ စိုက္ၿပီး ပ်ိဳးပင္ေရာင္းတဲ့ဆိုင္ေတြမွာျပန္ေရာင္းလို႔ရပါတယ္။အားကစားနဲ႔ ပတ္သတ္တာေတြမွာထူးခၽြန္တယ္ဆိုရင္လည္း ကိုယ္ကၽြမ္းက်င္တဲ့အားကစားကို တျခားသူကိုျပန္သင္ေပးႏိုင္ေလာက္တဲ့နည္းျပျဖစ္တဲ့အထိ ထူးခၽြန္ေအာင္ႀကိဳးစားပါ။

Unicode

အလွယ်တကူနဲ့ ကိုယ့်အိတ်ကပ်ထဲကို အပိုငွေဝင်မေယ့်် နည်းလမ်းကောင်း(၄)မျိုး

ကျွန်တော်တို့ဘဝရဲ့ ရည်မှန်းချက်တွေနဲ့ အိမ်မက်တွေအတွက် ငွေဆိုတာ မရှိမဖြစ်လိုအပ်ပါတယ်။ တစ်ခါတစ်ရံ သင့်ရဲ့ အိမ်မက်က အကောင်းစားဖိနပ်တစ်ရံကို စီးချင်နေတာလား။ဒါမှမဟုတ် ဇိမ်ခံကားကြီးတစ်စီးကို စီးချင်တာလား။

အဲဒီအရာတွေအတွက် ဆိုရင်တော့သင့်မှာ အပိုဝင်ငွေတစ်ခုရှိတာ ပိုကောင်းလိမ့်မယ်။ ဒါ့ကြောင့် businessinsider.com မှာ တွေ့လိုက်တဲ့ သင့်ရဲ့အိပ်ကပ်ကို စိုပြေလာစေမယ့် နည်းလမ်း(၄)ခုကို ပြောပြချင်ပါတယ်။

(1)အချိန်ပိုင်းအလုပ်တွေ လုပ်ကိုင်ခြင်းက သင့်ဝင်ငွေကို ပိုမိုတိုးပွားစေပါတယ်

အချိန်ပိုင်းအလုပ်ဆိုတိုင်း တွေ့သမျှအချိန်ပိုင်းအလုပ်တွေကို လုပ်ခိုင်းတာမဟုတ်ပါဘူး။ ကိုယ်ကလည်း တကယ် စိတ်ဝင်စားမယ့် အလုပ်မျိုး၊ ဒါမှမဟုတ် ကိုယ့်ကို စိတ်လှုပ်ရှားစေတဲ့ အလုပ်မျိုးကို ပြောတာပါ။

ဘာလို့လဲဆိုတော့ တစ်နေ့လုံးဝန်ထမ်းအဖြစ်နဲ့ အချိန်ပြည့် အလုပ်,လုပ်နေရပြီး အားတဲ့အချိန်မှာလုပ်တဲ့ အချိန်ပိုင်းအလုပ်ကလည်း အချိန်ပြည့် အလုပ်လိုမျိုးဆိုရင်တော့ သင်နှစ်ဆပိုပင်ပန်းရမှာပါ။ဒါကြောင့် အချိနိပိုင်းအလုပ်က ကိုယ်အပေါ် အရမ်းဖိအားမများတဲ့ အလုပ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။

(2)ကိန်းဂဏန်းတွေကို ကြည့်တတ်ပါစေ။

လူတော်တော်များများက ဝင်ငွေနဲ့ ထွက်ငွေမမျှတဲ့ပြဿနာကို အမြဲကြုံရတတ်ပါတယ်။ ဥပမာ-ကိုယ့်ရဲ့ ဝင်ငွေက ၁၀သိန်းမပြည့်ပဲ ၁၀သိန်းကျော်တဲ့ဖုန်းကို ဝယ်ချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။တော်တော်များများဒီလိုအခြေအနေရောက်ရင် အရစ်ကျဝယ်တဲ့ ပုံစံကိုကြိုက်တာများပါတယ်။

သေချာစဉ်းစားကြည့်ရင် အရစ်ကျဝယ်တယ်ဆိုတာ လိုချင်တဲ့ဖုန်းရဲ့ ပမာဏထက် ၃၅%လောက်ပိုပေးနေရတာ သတိမထားမိကျဘူး။အကောင်းဆုံးကတော့ ကိုယ့်လစာထဲက တစ်လကို ၁သိန်းဒါမှမဟုတ်ရင် ၂သိန်းမျိုးနဲ့ စုသွားရင်အကောင်းဆုံးပါ။

အဲလိုအချိန်မျိုးကြရင်တော့ ကိုယ့်ရဲ့ ဝင်ငွေထွက်ငွေကို သေချာကြည့်ရမှာပါ။မနက်တိုင်းသောက်မယ့် ကော်ဖီဖိုးကအစ ဆေးဆိုင်မှာဝယ်မယ့်ဆေးဖိုးအဆုံး သေချာစာရင်းလုပ်ပြီး မိမိရဲ့ ဝင်ငွေနဲ့ ထွက်ငွေမျှမမျှကို သေချာစောင့်ကြည့်ရမှာပါ။

(3)အသုံးမလိုတဲ့ ပစ္စည်းတွေကို ရောင်းပစ်ပါ

ကိုယ့်အတွက် အသုံးမလိုပင်မယ့်လဲ အမြဲသိမ်းဆည်းထားတတ်တာလဲ လူတွေရဲ့အကျင့်တစ်ခုပါ။ တစ်ချိန်ချိန်ကျရင် ပြန်အသုံးဝင်နိုင်ယ်ဆိုတဲ့ ခေါင်းစဉ်တစ်ခုအောက်မှာ ပိတ်မိနေရင်း အသုံးမပြုတဲ့ပစ္စည်းတွေက ပိုပိုများလာပါတယ်။

ဒါပေမယ့် သင့်အိပ်မက်တွေနဲ့ အမြန်ဆုံးနီးစပ်ချင်တယ်ဆိုရင်တော့ ထုတ်ရောင်းလိုက်တာအကောင်းဆုံးပါပဲ။ ဒါကြောင့် သင်မဝတ်တော့တဲ့ အဝတ်အစားတွေ၊ မစီးတော့မယ့် ဖိနပ်ဟောင်းတွေ၊ တိုလီမုတ်စ ပစ္စည်းတွေကို အခုပဲထုတ်ရောင်းလိုက်ပါ။

(4)ကိုယ့်ရဲ့ဝါသနာကို ဝင်ငွေအဖြစ်ပြောင်းလဲပါ။

ကိုယ့်ရဲ့ဝါသနာကနေလဲ ဝင်ငွေရရှိနိုင်ပါတယ်။ အကယ်၍ သင်ဟာ PUBGလို ဂိမ်းမျိုးကို ကြိုက်တဲ့သူဆိုရင်တောင်မှ Livestreamပစ်နိုင်အောင်ကြိုးစားပါ။Streamerတစ်ယောက်ရဲ့ တစ်လဝင်ငွေက အနည်းဆုံး USD 10,000 ကနေ USD 10,000,000 ကြားရှိပါတယ်။

ဒါမှမဟုတ်သင်က စိုက်ပျိုးရေးဝါဿနာပါတယ်ဆိုရင်လည်း အပင်လေးတွေ စိုက်ပြီး ပျိုးပင်ရောင်းတဲ့ဆိုင်တွေမှာပြန်ရောင်းလို့ရပါတယ်။အားကစားနဲ့ ပတ်သတ်တာတွေမှာထူးချွန်တယ်ဆိုရင်လည်း ကိုယ်ကျွမ်းကျင်တဲ့အားကစားကို တခြားသူကိုပြန်သင်ပေးနိုင်လောက်တဲ့နည်းပြဖြစ်တဲ့အထိ ထူးချွန်အောင်ကြိုးစားပါ။

 

 

Be the first to comment

Leave a Reply

Your email address will not be published.


*