ခါးသီးလြန္းေပမယ့္ တစ္ခ်ိန္ခ်ိန္မွာ လက္ခံရမယ့္ အမွန္တရား (၃)ခု….

တစ္ခ်ိန္ခ်ိန္မွာ လက္ခံရမယ့္ အမွန္တရား (၃)ခု
တစ္ခ်ိန္ခ်ိန္မွာ လက္ခံရမယ့္ အမွန္တရား (၃)ခု

ခါးသီးလြန္းေပမယ့္ တစ္ခ်ိန္ခ်ိန္မွာ လက္ခံရမယ့္ အမွန္တရား (၃)ခု….

ေလာကနိယာမသေဘာတရားကိုက အမွန္တရားဆိုတာ တခါေတလ ခါးသီးလြန္းလွပါတယ္။ သင့္အတြက္ လက္ခံရခက္ခဲၿပီး သင္လက္ခံရမွာေၾကာက္ေနေပမယ့္ တခ်ိန္ခ်ိန္မွာ မျဖစ္မေန လက္ခံလာရမယ့္ အမွန္တရား(၃) ခုကိုေဝမွ် ေပးခ်င္ပါတယ္။

၁။ သင္ခ်စ္တဲ့သူအားလုံးနဲ႔ တစ္ေန႔ ခြဲရမွာျဖစ္တယ္

ဒီအမွန္တရားဟာ စာေရးသူကိုအပါအဝင္ စာဖတ္သူတို႔ကိုပါ တဒဂၤ ေငးငိုင္သြားေစမယ့္ အမွန္တရားတစ္ခုပါပဲ။ သင္ဘယ္ေလာက္ခ်စ္တယ္ပဲဆိုဆို သင္ခ်စ္တဲ့သူ သင္တန္ဖိုးထားရတဲ့သူေတြဟာ တစ္ေန႔ သင့္ကိုခြဲခြာ သြားရမွာပါ။

ကြၽန္မတို႔ေတြအားလုံးဟာ အနားမွာရွိေနတဲ့အခ်ိန္ တန္ဖိုးမထားတတ္ၾကဘဲ ခြဲခြာသြားးမွ ေနာင္တရတတ္ၾကပါတယ္။ ကိုယ္ခ်စ္တဲ့ တန္ဖိုးထားရတဲ့ မိဘ ၊ သူငယ္ခ်င္း၊ မိတ္ေဆြေတြကို ဘယ္အခ်ိန္ ဆုံးရႈံးရမယ္ဆိုတာ သင္မသိႏိုင္ပါဘူး။

ဒါ့ေၾကာင့္ ရွိေနတဲ့အခ်ိန္၊ အတူတူ ရွိေနခ်ိန္မွာ တန္ဖိုးထားပါ။ ျပည့္ျပည့္၀၀ ဂ႐ုစိုက္ပါ။ သူမရွိေတာ့ရင္လို႔ ေတြးလိုက္တာနဲ႔၊ မိဘေတြမရွိေတာ့ရင္၊ ငါ့ခ်စ္သူမရွိေတာ့ရင္ ဆိုၿပီး ေတြးလိုက္တာနဲ႔ ရင္ထဲမွာ မြန္းၾကပ္ သြားတဲ့ခံစားခ်က္ အားလုံးမွာရွိၾကမယ္ထင္ပါတယ္။

ဒါ့ေၾကာင့္ ကိုယ္ခ်စ္တဲ့သူကို ကိုယ္စိတ္ဆိုးတဲ့အခ်ိန္ သူသာမရွိေတာ့ရင္ဆိုတဲ့ စိတ္မ်ိဳးေတြးၾကည့္လိုက္ပါ။ ဘယ္အရာမွာ ထာဝရမတည္ၿမဲပါဘူး။ ဒါ့ေၾကာင့္ ကိုယ္ပိုင္ဆိုင္ထားရတဲ့အရာေတြအားလုံးကို တန္ဖိုးထားပါ။

၂။ အတိတ္ဆိုတာ ေျပာင္းလဲလို႔မရဘူး

အတိတ္မွာ ကိုယ္ဘာေတြမွားခဲ့သလဲ။ ကိုယ္ဘာေတြလုပ္မိခဲ့သလဲ။ ဒါေတြအားလုံးကို သင္ေနာက္ျပန္လွည့္ ေျပာင္းလဲပစ္လို႔မရပါဘူး။ ကိုယ္ေရးတဲ့သမိုင္းဟာ ကိုယ့္အရိပ္တစ္ခုလိုပါပဲ။

ဒါေပမယ့္ သင္အခုလက္ရွိ ဘဝကိုေတာ့ သင္အေကာင္းဆုံး ေနထိုင္လို႔ရပါတယ္။ ကြၽန္မတို႔ေတြအားလုံးဟာ တစ္ခုခုကို ေ႐ြးခ်ယ္ ၾကပါတယ္။ ဒါေပမယ့္ အဲဒီေ႐ြးခ်ယ္မႈကပဲ ကြၽန္မတို႔ရဲ႕ တန္ဖိုးကို ျပန္ၿပီးဆုံျဖတ္တိုင္းတာ ေပးသြားတာပါ။

ဒါ့ေၾကာင့္ အတိတ္ကို တမ္းတၿပီး ပူေဆြးေနမလား။ အနာဂတ္ကို ေျပာင္းလဲပစ္ဖို႔ အခုပဲ ဆုံးျဖတ္မလား ဆိုတာေကတာ့ သင့္အေပၚမွာပဲမူတည္ပါတယ္။

၃။ သင္ဟာ ျပည့္စုံတဲ့သူတစ္ေယာက္မဟုတ္ပါဘူး

သင္လက္မခံခ်င္လည္းလက္ခံရပါလိမ့္မယ္။ သင္ဟာ ၿပီးျပည့္စုံတဲ့သူတစ္ေယာက္မဟုတ္ပါဘူး။ ဒါ့ေၾကာင့္ သင့္ေဘးကလူေတြအားလုံးဟာလည္း မျပည့္စုံတဲ့သူေတြပါပဲ။

တစ္ေယာက္ကိုယ္တစ္ေယာက္ အျပစ္တင္ ေနမယ့္အစား အေကာင္းဆုံးဆိုတာကို အတူတူ ဖန္တီးၾကဖို႔ ဘာလို႔ ႀကိဳးစားအားထုတ္မႈမရွိတာလဲ။ သူေဌးတစ္ေယာက္ဟာလည္း ၿပီးျပည့္စုံတဲ့သူတစ္ေယာက္မဟုတ္တာသင္သတိရပါ။

လူဆိုတာ ကိုယ့္ဘဝကိုကိုယ္ ေက်နပ္ႏိုင္ရင္ ေနတတ္ရင္ ေပ်ာ္စရာဆိုတာ လူတိုင္းမွာ ရွိပါတယ္။ ကိုယ့္ရဲ႕မျပည့္စုံမႈကို ေတြးၿပီး ဝမ်းနည်းအားငယ်နေဖို႔မလိုပါဘူး။ သင္သာလွ်င္ သင့္ဘဝကို ေပ်ာ္႐ႊင္ေစတဲ့သူပါ။ သင္ဟာလွ်င္ သင့္ဘဝကို ေျပာင္းလဲႏိုင္တဲ့သူျဖစ္ပါတယ္။

ဒီအမွန္တရားေတြဟာ သင့္ကို နာက်င္ေစေပမယ့္ ပိုၿပီးရင့္က်က္တဲ့သူ၊ ပိုၿပီး သန္မာတဲ့သူ တစ္ေယာက္ျဖစ္ေစမွာ ျဖစ္ပါတယ္။ ပိုၿပီး ရင့္က်က္လိုက္ပါ။

Credit: Mystyle Myanmar

Unicode

ခါးသီးလွန်းပေမယ့် တစ်ချိန်ချိန်မှာ လက်ခံရမယ့် အမှန်တရား (၃)ခု….

လောကနိယာမသဘောတရားကိုက အမှန်တရားဆိုတာ တခါတေလ ခါးသီးလွန်းလှပါတယ်။ သင့်အတွက် လက်ခံရခက်ခဲပြီး သင်လက်ခံရမှာကြောက်နေပေမယ့် တချိန်ချိန်မှာ မဖြစ်မနေ လက်ခံလာရမယ့် အမှန်တရား(၃) ခုကိုဝေမျှ ပေးချင်ပါတယ်။

၁။ သင်ချစ်တဲ့သူအားလုံးနဲ့ တစ်နေ့ ခွဲရမှာဖြစ်တယ်

ဒီအမှန်တရားဟာ စာရေးသူကိုအပါအဝင် စာဖတ်သူတို့ကိုပါ တဒင်္ဂ ငေးငိုင်သွားစေမယ့် အမှန်တရားတစ်ခုပါပဲ။ သင်ဘယ်လောက်ချစ်တယ်ပဲဆိုဆို သင်ချစ်တဲ့သူ သင်တန်ဖိုးထားရတဲ့သူတွေဟာ တစ်နေ့ သင့်ကိုခွဲခွာ သွားရမှာပါ။

ကျွန်မတို့တွေအားလုံးဟာ အနားမှာရှိနေတဲ့အချိန် တန်ဖိုးမထားတတ်ကြဘဲ ခွဲခွာသွားးမှ နောင်တရတတ်ကြပါတယ်။ ကိုယ်ချစ်တဲ့ တန်ဖိုးထားရတဲ့ မိဘ ၊ သူငယ်ချင်း၊ မိတ်ဆွေတွေကို ဘယ်အချိန် ဆုံးရှုံးရမယ်ဆိုတာ သင်မသိနိုင်ပါဘူး။

ဒါ့ကြောင့် ရှိနေတဲ့အချိန်၊ အတူတူ ရှိနေချိန်မှာ တန်ဖိုးထားပါ။ ပြည့်ပြည့်၀၀ ဂရုစိုက်ပါ။ သူမရှိတော့ရင်လို့ တွေးလိုက်တာနဲ့၊ မိဘတွေမရှိတော့ရင်၊ ငါ့ချစ်သူမရှိတော့ရင် ဆိုပြီး တွေးလိုက်တာနဲ့ ရင်ထဲမှာ မွန်းကြပ် သွားတဲ့ခံစားချက် အားလုံးမှာရှိကြမယ်ထင်ပါတယ်။

ဒါ့ကြောင့် ကိုယ်ချစ်တဲ့သူကို ကိုယ်စိတ်ဆိုးတဲ့အချိန် သူသာမရှိတော့ရင်ဆိုတဲ့ စိတ်မျိုးတွေးကြည့်လိုက်ပါ။ ဘယ်အရာမှာ ထာဝရမတည်မြဲပါဘူး။ ဒါ့ကြောင့် ကိုယ်ပိုင်ဆိုင်ထားရတဲ့အရာတွေအားလုံးကို တန်ဖိုးထားပါ။

၂။ အတိတ်ဆိုတာ ပြောင်းလဲလို့မရဘူး

အတိတ်မှာ ကိုယ်ဘာတွေမှားခဲ့သလဲ။ ကိုယ်ဘာတွေလုပ်မိခဲ့သလဲ။ ဒါတွေအားလုံးကို သင်နောက်ပြန်လှည့် ပြောင်းလဲပစ်လို့မရပါဘူး။ ကိုယ်ရေးတဲ့သမိုင်းဟာ ကိုယ့်အရိပ်တစ်ခုလိုပါပဲ။

ဒါပေမယ့် သင်အခုလက်ရှိ ဘဝကိုတော့ သင်အကောင်းဆုံး နေထိုင်လို့ရပါတယ်။ ကျွန်မတို့တွေအားလုံးဟာ တစ်ခုခုကို ရွေးချယ် ကြပါတယ်။ ဒါပေမယ့် အဲဒီရွေးချယ်မှုကပဲ ကျွန်မတို့ရဲ့ တန်ဖိုးကို ပြန်ပြီးဆုံဖြတ်တိုင်းတာ ပေးသွားတာပါ။

ဒါ့ကြောင့် အတိတ်ကို တမ်းတပြီး ပူဆွေးနေမလား။ အနာဂတ်ကို ပြောင်းလဲပစ်ဖို့ အခုပဲ ဆုံးဖြတ်မလား ဆိုတာကေတာ့ သင့်အပေါ်မှာပဲမူတည်ပါတယ်။

၃။ သင်ဟာ ပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး

သင်လက်မခံချင်လည်းလက်ခံရပါလိမ့်မယ်။ သင်ဟာ ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်ပါဘူး။ ဒါ့ကြောင့် သင့်ဘေးကလူတွေအားလုံးဟာလည်း မပြည့်စုံတဲ့သူတွေပါပဲ။

တစ်ယောက်ကိုယ်တစ်ယောက် အပြစ်တင် နေမယ့်အစား အကောင်းဆုံးဆိုတာကို အတူတူ ဖန်တီးကြဖို့ ဘာလို့ ကြိုးစားအားထုတ်မှုမရှိတာလဲ။ သူဌေးတစ်ယောက်ဟာလည်း ပြီးပြည့်စုံတဲ့သူတစ်ယောက်မဟုတ်တာသင်သတိရပါ။

လူဆိုတာ ကိုယ့်ဘဝကိုကိုယ် ကျေနပ်နိုင်ရင် နေတတ်ရင် ပျော်စရာဆိုတာ လူတိုင်းမှာ ရှိပါတယ်။ ကိုယ့်ရဲ့မပြည့်စုံမှုကို တွေးပြီး ဝမျးနညျးအားငယျနဖေို့မလိုပါဘူး။ သင်သာလျှင် သင့်ဘဝကို ပျော်ရွှင်စေတဲ့သူပါ။ သင်ဟာလျှင် သင့်ဘဝကို ပြောင်းလဲနိုင်တဲ့သူဖြစ်ပါတယ်။

ဒီအမှန်တရားတွေဟာ သင့်ကို နာကျင်စေပေမယ့် ပိုပြီးရင့်ကျက်တဲ့သူ၊ ပိုပြီး သန်မာတဲ့သူ တစ်ယောက်ဖြစ်စေမှာ ဖြစ်ပါတယ်။ ပိုပြီး ရင့်ကျက်လိုက်ပါ။Credit

Credit: Mystyle Myanmar

 

Be the first to comment

Leave a Reply

Your email address will not be published.


*