အဆင့္အတန္း ရွိတဲ့ အမ်ိဳးသမီးျဖစ္ဖို႔ ေရာက္ေလရာမွာလိုက္နာသင့္တဲ့ အခ်က္ (၅) ခ်က္…

အဆင့္အတန္း ရွိတဲ့ အမ်ိဳးသမီးျဖစ္ဖို႔ ေ
အဆင့္အတန္း ရွိတဲ့ အမ်ိဳးသမီးျဖစ္ဖို႔ ေ

အဆင့္အတန္း ရွိတဲ့ အမ်ိဳးသမီးျဖစ္ဖို႔ ေရာက္ေလရာမွာလိုက္နာသင့္တဲ့ အခ်က္ (၅) ခ်က္…

အဆင့္အတန္း ရွိတဲ့သူတစ္ေယာက္မွန္း သိရွိႏိုင္မယ့္အခ်က္ကေတာ့ လူအမ်ားေရွ႕မွာ ဘယ္လိုျပဳမူေနထိုင္သလဲ ဆိုတာေကနပါ။ ကိုယ့္ကိုယ္ကိုတန္ဖိုးထားၿပီး လူၾကားသူ

ၾကားထဲမွာ ပစ္စလက္ခက္ မေနတဲ့သူေတြျဖစ္ပါတယ္။ သင့္ကို ေရာက္ေလရာတိုင္းမွာ လူေတြက အဆင့္အတန္း ႐ြိတဲ့ အမ်ိဳးသမီး တစ္ေယာက္လို႔ ျမင္ေစခ်င္ရင္ ဒီအခ်က္ေတြကို လိုက္နာေပးရမွာျဖစ္ပါတယ္

(၁) မိတ္ကပ္ နဲ႔ဆံပင္

လူၾကားသူၾကားထဲမွာ ေခါင္းဖီးတာေတြ- မိတ္ကပ္ဖို႔တာေတြက ေရွာင္ရွားသင့္တဲ့ အေလ့အက်င့္ေတြျဖစ္ပါတယ္။ တကယ္လို႔ ျပင္ဆင္ခ်င္တယ္ဆိုရင္ေတာင္ သန႔္စင္ခန္းထဲမွာ ျပင္ဆင္တာ အေကာင္းဆုံးျဖစ္ပါတယ္။

(၂) ႀကိဳတင္ဆက္သြယ္ပါ

တစ္ေယာက္ေယာက္ထံကို အလည္သြားေတာ့မယ္ဆိုရင္ သူ႔ကို ႀကိဳတင္ဆက္သြယ္ အေၾကာင္းၾကားထားပါ။ ေနာက္ၿပီး သင္မစားတဲ့ အစားအစာရွိရင္လည္း ႀကိဳၿပီးေျပာထားဖို႔လိုပါတယ္။ ခ်ိန္းထားတဲ့အခါမွာလည္း အရမ္းေစာၿပီး မသြားပါနဲ႔။

ေစာေစာသြားခ်င္ရင္ေတာင္ ၁၅ မိနစ္ေလာက္ေစာတာပဲေကာင္းပါတယ္။ သင့္ကို ထမင္းစားဖိတ္တယ္- လာလည္ဖို႔ဖိတ္တယ္ဆိုရင္ ျပန္ခါနီးမွာ ဖိတ္တဲ့အတြက္ ေက်းဇူးတင္ေၾကာင္းမျဖစ္မေနေျပာရပါမယ္။

(၃) ဖုန္းေျပာရင္ဆင္ျခင္ပါ

လူၾကားသူၾကားထဲမွာ ဖုန္းအၾကာႀကီးေျပာတာကေတာ့ မယဥ္ေက်းရာေရာက္ပါတယ္။ ေဟာေျပာပြဲေတြ- အစည္းအေဝးေတြနဲ႔ အေရးႀကီးတဲ့အခ်ိန္ေတြမွာ ဖုန္းအသံကိုပိတ္ထားဖို႔ မေမ့ပါနဲ႔။ ထမင္းစားေနတဲ့အခ်ိန္မွာ ဖုန္းကို စားပြဲေပၚတင္တာလည္း ေရွာင္ပါ။

(၄) အိတ္

စားေသာက္ေနတဲ့ အခ်ိန္ေတြမွာ ေသးငယ္တဲ့အိတ္ဆိုရင္ေတာ့ ကိစၥမရွိေပမယ့္ လက္ကိုင္အိတ္လိုမ်ိဳးအိတ္ေတြကိုေတာ့ ထမင္းစားစားပြဲေပၚ လုံးဝမတင္ပါနဲ႔။ ထိုင္ခုံမွာခ်ိတ္တာ ဒါမွမဟုတ္ ေပါင္ေပၚမွာပဲတင္ပါ။ ေနာက္ၿပီး ပစၥည္းရွာတဲ့အခါမွာလည္း အိတၠိဳ

ခေလာက္ၿပီးရွာတာမ်ိဳး မလုပ္ပါနဲ႔။ သင္မသိလိုက္ခင္မွာပဲ သင့္ကို အဆင့္အတန္းမရွိတဲ့အသြင္ ေပၚေစလို႔ပါ။

(၅)သင္ဝတ္တဲ့အဝတ္အစား

သင္ဝတ္တဲ့အဝတ္အစားဟာ သင္သြားမယ့္ေနရာ- သင္သြားမယ့္ ပြဲနဲ႔ကိုက္ညီေနရပါမယ္။ အလုပ္မွာအလုပ္လို ဝတ္ရမွာျဖစ္ၿပီး မဂၤလာေဆာင္ပြဲေတြမွာ

က်က္သေရရွိရွိဝတ္ရမွာျဖစ္သလို အတိုအျပတ္ ရင္ဟိုက္ေတြကိုေတာ့ ပါတီသြားမွ ဝတ္တ အေကာင္းဆုံးပါ။ ေနရာအလိုက္ဝတ္စားဆင္ယင္တတ္ျခင္းဟာလည္း အဆင့္အတန္းျမင့္တဲ့ လကၡဏာေတြထဲက တစ္ခုျဖစ္ပါတယ္။Credit

Unicode

အဆင့်အတန်း ရှိတဲ့ အမျိုးသမီးဖြစ်ဖို့ ရောက်လေရာမှာလိုက်နာသင့်တဲ့ အချက် (၅) ချက်…

အဆင့်အတန်း ရှိတဲ့သူတစ်ယောက်မှန်း သိရှိနိုင်မယ့်အချက်ကတော့ လူအများရှေ့မှာ ဘယ်လိုပြုမူနေထိုင်သလဲ ဆိုတာကေနပါ။ ကိုယ့်ကိုယ်ကိုတန်ဖိုးထားပြီး လူကြားသူ

ကြားထဲမှာ ပစ်စလက်ခက် မနေတဲ့သူတွေဖြစ်ပါတယ်။ သင့်ကို ရောက်လေရာတိုင်းမှာ လူတွေက အဆင့်အတန်း ရွိတဲ့ အမျိုးသမီး တစ်ယောက်လို့ မြင်စေချင်ရင် ဒီအချက်တွေကို လိုက်နာပေးရမှာဖြစ်ပါတယ်

(၁) မိတ်ကပ် နဲ့ဆံပင်

လူကြားသူကြားထဲမှာ ခေါင်းဖီးတာတွေ- မိတ်ကပ်ဖို့တာတွေက ရှောင်ရှားသင့်တဲ့ အလေ့အကျင့်တွေဖြစ်ပါတယ်။ တကယ်လို့ ပြင်ဆင်ချင်တယ်ဆိုရင်တောင် သန့်စင်ခန်းထဲမှာ ပြင်ဆင်တာ အကောင်းဆုံးဖြစ်ပါတယ်။

(၂) ကြိုတင်ဆက်သွယ်ပါ

တစ်ယောက်ယောက်ထံကို အလည်သွားတော့မယ်ဆိုရင် သူ့ကို ကြိုတင်ဆက်သွယ် အကြောင်းကြားထားပါ။ နောက်ပြီး သင်မစားတဲ့ အစားအစာရှိရင်လည်း ကြိုပြီးပြောထားဖို့လိုပါတယ်။ ချိန်းထားတဲ့အခါမှာလည်း အရမ်းစောပြီး မသွားပါနဲ့။

စောစောသွားချင်ရင်တောင် ၁၅ မိနစ်လောက်စောတာပဲကောင်းပါတယ်။ သင့်ကို ထမင်းစားဖိတ်တယ်- လာလည်ဖို့ဖိတ်တယ်ဆိုရင် ပြန်ခါနီးမှာ ဖိတ်တဲ့အတွက် ကျေးဇူးတင်ကြောင်းမဖြစ်မနေပြောရပါမယ်။

(၃) ဖုန်းပြောရင်ဆင်ခြင်ပါ

လူကြားသူကြားထဲမှာ ဖုန်းအကြာကြီးပြောတာကတော့ မယဉ်ကျေးရာရောက်ပါတယ်။ ဟောပြောပွဲတွေ- အစည်းအဝေးတွေနဲ့ အရေးကြီးတဲ့အချိန်တွေမှာ ဖုန်းအသံကိုပိတ်ထားဖို့ မမေ့ပါနဲ့။ ထမင်းစားနေတဲ့အချိန်မှာ ဖုန်းကို စားပွဲပေါ်တင်တာလည်း ရှောင်ပါ။

(၄) အိတ်

စားသောက်နေတဲ့ အချိန်တွေမှာ သေးငယ်တဲ့အိတ်ဆိုရင်တော့ ကိစ္စမရှိပေမယ့် လက်ကိုင်အိတ်လိုမျိုးအိတ်တွေကိုတော့ ထမင်းစားစားပွဲပေါ် လုံးဝမတင်ပါနဲ့။ ထိုင်ခုံမှာချိတ်တာ ဒါမှမဟုတ် ပေါင်ပေါ်မှာပဲတင်ပါ။ နောက်ပြီး ပစ္စည်းရှာတဲ့အခါမှာလည်း အိတ္ကို

ခလောက်ပြီးရှာတာမျိုး မလုပ်ပါနဲ့။ သင်မသိလိုက်ခင်မှာပဲ သင့်ကို အဆင့်အတန်းမရှိတဲ့အသွင် ပေါ်စေလို့ပါ။

(၅)သင်ဝတ်တဲ့အဝတ်အစား

သင်ဝတ်တဲ့အဝတ်အစားဟာ သင်သွားမယ့်နေရာ- သင်သွားမယ့် ပွဲနဲ့ကိုက်ညီနေရပါမယ်။ အလုပ်မှာအလုပ်လို ဝတ်ရမှာဖြစ်ပြီး မင်္ဂလာဆောင်ပွဲတွေမှာ

ကျက်သရေရှိရှိဝတ်ရမှာဖြစ်သလို အတိုအပြတ် ရင်ဟိုက်တွေကိုတော့ ပါတီသွားမှ ဝတ်တ အကောင်းဆုံးပါ။ နေရာအလိုက်ဝတ်စားဆင်ယင်တတ်ခြင်းဟာလည်း အဆင့်အတန်းမြင့်တဲ့ လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*