Unicode
သင့်ရဲ့ ချက် ပုံစံကိုကြည့်ခြင်းအားဖြင့် သင့်အကြောင်းကိုသိနိုင်မယ့်အချက်တွေ..
သင့်ရဲ့ ချက် ပုံစံကိုကြည့်ခြင်းအားဖြင့် သင့်အကြောင်းကိုသိနိုင်မယ့်အချက်လေးတွေကို တင်ပြပေးချင်ပါတယ်။
(1) Protruding navel (ချက်ပြူး)
ယခုလိုချက်က အပြင်ကိုပြူးထွက်နေတဲ့ ချက်ပုံစံကို ပိုင်ဆိုင်ထားသူတွေဟာ အလွန်ခေါင်းမာတဲ့ သဘောထားရှိ သူတွေ ဖြစ်ကြပြီး စိတ်ဓါတ်လည်း အလွန်ကြံ့ခိုင်ကြပါတယ်။
အချစ်ရေးနဲ့ပတ်သတ်ပြီး အာရုံစိုက် ခံရဖို့အတွက် ရှာဖွေနေတတ်ပြီး အချစ်ရဲ့စွမ်းအားကို အမွှန်းတင်ဖို့ အသင့်ရှိနေသူတွေပါ။ ဒါပေမယ့် လက်တွဲဖော်အစစ်အမှန်ကို ရှာဖွေဖို့ အတွက် ကတော့ အခြားသူတွေထက် ပိုခက်ခဲ နိုင်ပါတယ်။
၂ ။ Large and deep navel ( ကြီးပြီး နက်တဲ့ ချက် )
ဖော်ပြပါချက်ပုံစံမျိုး ပိုင်ဆိုင်ထားသူတွေဟာ သဘောထားကြီးပြီး အပေးအကမ်း ရက်ရောသူတွေ ဖြစ်ကြပါတယ်။ သူတို့တွေဟာ ကိုယ်ပိုင်အတွေ့ အကြုံတွေအပေါ် အခြေခံပြီး ကြင်နာတဲ့နှလုံးသား ရှိသူတွေဖြစ်ကြပါတယ်။
သို့သော်လည်း သူတို့ဟာ လူ့အဖွဲ့အစည်းရဲ့ အလိုကျ ကိုယ့်ကိုယ်ကို ပြောင်းလဲမှာ မဟုတ်သလို ကိုယ်ပိုင်ဘဝမှာပဲ အသက်ရှင်ရပ်တည် တတ်ကြပါတယ်။
၃ ။ Small and shallow navel ( သေးပြီး တိမ်တဲ့ ချက် )
အထက်ပါချက်အမျိုးအစားကို ပိုင်ဆိုင် ထားရင်တော့ ကိုယ့်ရဲ့ ခြေလှမ်းတိုင်းကို အရမ်း သတိထားရမယ် လို့ ဆိုလို ပါတယ်။
အဆိုပါ ချက်ပိုင်ရှင်တွေရဲ့ ပတ်ဝန်းကျင်မှာ သဘောထား အတုအယောင်နဲ့ လူတွေ ပေါများနေပြီး ကံကောင်းတာ တစ်ခုက လူတွေရဲ့စိတ်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အရည်အချင်းရှိနေပါတယ်။ အထူးသဖြင့် ကိုယ်နဲ့အရင်းနှီးဆုံးလူတွေကိုပဲ ယုံကြည်တာအကောင်းဆုံးပါ။
၄ ။ Downward navel ( အောက်ဖက် ရောက်နေတဲ့ ချက် )
ပုံပါ ချက်ပုံစံကို ပိုင်ဆိုင်ထားရင်တော့ ကိုယ့်ရဲ့ ပတ်ဝန်းကျင်မှာ ရှိတဲ့ ပစ္စည်းဥစ္စာတွေအပေါ် စိတ်ဝင်စားမှုနည်းပြီး အနည်းငယ် ပျင်းတဲ့စရိုက် ရှိကြပါတယ်။
ဒါပေမယ့် သင့်ရဲ့ပျင်းရိမှုကပဲ ဘယ်လို အလုပ်မျိုးကိုမဆို စမတ်ကျကျလုပ်နိုင်ပြီး လွယ်ကူစေတဲ့နည်းလမ်းတွေကို ရှာဖွေပေးပါလိမ့်မယ်။
၅ ။ Ovel navel shape ( ဘဲဥပုံ ချက် )
ဤချက်ပိုင်ရှင်တွေဟာ များပြားတဲ့ အရာတွေ အပေါ်မှာ အရမ်းကို အလေးအနက်ထားလွန်းသူတွေဖြစ်ကြပြီး လက်တွေမကျတဲ့ အမူအကျင့်တွေကြောင့် စိတ်မချမ်းမသာဖြစ်ရတဲ့ အခိုက်အတန့် တွေများပါတယ်။
ဒါပေမယ့် ကောင်းတာတစ်ခုက အလုပ်အပေါ် စိတ်ရောကိုယ်ပါမြှပ်နှံထားသူတွေ ဖြစ်ကြပြီး အရမ်းကိုတက်ကြွသူတွေ ဖြစ်ကြပါတယ် ဒါပေမယ့်စိတ်တော့ သိပ်မရှည်ကြပါဘူး။
၆ ။ Wide belly button ( ကျယ်ပြန့်သော ချက် )
ယင်းချက်ပိုင်ရှင်တွေ ဟာ ဘယ်လိုလူနဲ့ပဲ တွေ့ဆုံပါစေ၊ အလွန်သတိထားပြီး ဆက်ဆံ တတ်တဲ့စရိုက်ရှိနေပြီး သူစိမ်းတစ်ယောက် ကိုတွေ့တဲ့အခါတိုင်း အလွန်အမင်း အကဲခတ်တတ်ကြပါတယ်။ သူတို့နဲ့အရမ်းရင်းနှီးပြီး စိတ်ချရတဲ့သူတွေကိုသာ ယုံကြည်တတ်ကြပါတယ်။
Be the first to comment
Leave a Reply
Your email address will not be published.
*