က်န္းမာေရးထိခိုက္ေစတာေၾကာင့္ အိမ္မွာ မစိုက္သင့္တဲ့ အပင္ (၁၀) မ်ိဴး

အိမ္မွာ မစိုက္သင့္တဲ့ အပင္ (၁၀) မ်ိဴး
အိမ္မွာ မစိုက္သင့္တဲ့ အပင္ (၁၀) မ်ိဴး

က်န္းမာေရးထိခိုက္ေစတာေၾကာင့္ အိမ္မွာ မစိုက္သင့္တဲ့ အပင္ (၁၀) မ်ိဴး

တိုက္ခန္းေသးေသးေလးေတြမွာ ေနတဲ့လူအမ်ားစုက အိမ္ထဲမွာ ပန္းေလးေတြနဲ႔ အလွဆင္တတ္ၾကပါတယ္။ ဒီလိုအလွဆင္တဲ့အခါမွာ အခ်ိဴ႕အပင္ေတြက က်န္းမာေရးကို ထိခိုက္ေစႏိုင္လို႔ အထူးပဲ သတိထားသင့္ပါတယ္။

သစ္ပင္ေလးေတြကို အိမ္ထဲမွာ စိုက္ထားတာကလည္း အလြန္လွပါတယ္။ သင့္အတြက္ မေကာင္းတဲ့ အပင္မ်ိဳးကိုေတာ့ မစိုက္သင့္ပါဘူး။ ဒါဆိုရင္ ဘယ္လိုအပင္မ်ိဳးေတြက သင့္ကို ထိခိုက္ေစႏိုင္မလဲဆိုတာ ၾကည့္လိုက္ရေအာင္။

၁ ။ ႐ြက္လွပင္

အျပင္ပန္းမွာေတာ့ လွပတဲ့အ႐ြက္ေတြ ရွိပါတယ္။ သူဟာ မူးယစ္ေစတတ္တဲ့ အပင္မ်ိဳးႏြယ္ဝင္လဲ ျဖစ္ပါတယ္။ မေတာ္တဆ ပါးစပ္နဲ႔ထိမိတာပဲျဖစ္ျဖစ္၊ စားမိတာပဲျဖစ္ျဖစ္ ဝမ္းေလွ်ာတာ၊ ပ်ိဳ႕အန္တာေတြကို ျဖစ္ေစပါတယ္။ ဒါ့အျပင္ ပါးစပ္နဲ႔ လည္ေခ်ာင္းယားယံတာေတြကိုလည္း ျဖစ္ေစပါတယ္။

၂ ။ ဆင္စြယ္ဂမုန္းပင္

အမ်ားစုကေတာ့ ေႁမြပန္းလို႔ေခၚၾကၿပီးေတာ့ အိမ္တြင္းအလွဆင္ဖို႔အတြက္ သုံးတာမ်ားပါတယ္။ ဒီအပင္မွာ Saponin ဆိုတဲ့ ဓာတ္တစ္မ်ိဳးပါဝင္ၿပီးေတာ့ မ်ိဳခ်မိရင္ အဆိပ္ျဖစ္ေစပါတယ္။ Saponin က ပ်ိဳ႕အန္တာေတြကိုျဖစ္ေစတာေၾကာင့္ အိမ္ေမြးတိရစာၦန္ေတြနဲ႔ အေဝးမွာလည္း ထားသင့္ပါတယ္။

၃။ ေက်ာက္စိမ္းဂမုန္း

ေက်ာက္စိမ္းဂမုန္း (သို႔) ZZ လို႔ သိၾကတဲ့ပန္းမ်ိဴးစိတ္ဟာ မ်ိဴခ်မိရင္ နာက်င္တာေတြ၊ အေရျပာယားယံတာနဲ႔ ေရာင္ရမ္းတာေတြကိုျဖစ္ေစပါတယ္။ မေတာ္လို႔ ထိခဲ့မိတယ္ဆိုရင္ ေရနဲ႔အျမန္ဆုံး ေဆးခ်လိုက္လို႔ရပါတယ္။

၄။ ရွားေစာင္းလက္ပတ္

ရွားေစာင္းလက္ပတ္မ်ိဴးစိတ္က ေနရာအစုံမွာ အသုံးဝင္တာကို လူတိုင္းသိပါတယ္။ ဒါဆို ရွားေစာင္းလက္ပတ္က ဘာလို႔ အႏၲရာယ္ရွိတဲ့ထဲပါရတာလဲ?။ အေျဖကေတာ့ ဝမ္းေလွ်ာေစတတ္လို႔ပါ။ ၿပီးေတာ့ ဓာတ္မတည့္တာေတြကိုလည္း ျဖစ္ေစပါတယ္။

၅။ Marigolds

Marigolds ကို မေတာ္ဘဲ စားမိခဲ့ရင္ အစာအိမ္နဲ႔ အူလမ္းေၾကာင္းမွာ ျပႆနာရွိေစႏိုင္ပါတယ္။ ၿပီးေတာ့ အေရျပားမွာလည္း အဖုအပိမ့္ေတြ ထေစႏိုင္ပါတယ္။

၆ ။ ေ႐ႊလာေငြလာႏြယ္ပင္

သူ႔မွာေတာ့ Calcium Oxalate ဆိုတဲ့ ဓာတ္တစ္မ်ိဴးပါဝင္ၿပီးေတာ့ လည္ေခ်ာင္းနာတာေတြ၊ အစားစားရခက္တာေတြကို ျဖစ္ေစႏိုင္ပါတယ္။ အ႐ြက္ေတြကလွေပမယ့္လည္း အိမ္ေမြးတိရစာၦန္ေတြရဲ႕ အေဝးမွာ ထားသင့္ပါတယ္။

၇ ။ ပိန္း႐ြက္လွ

သူကေတာ့ အသည္းပုံစံ အ႐ြက္ေတြရွိၿပီးေတာ့ အရမ္းလွပါတယ္။ လွသေလာက္လဲ အဆိပ္ျပင္းပါတယ္။ တိရစာၦန္ေတြနဲ႔ ကေလးငယ္ေတြဟာ ဒီလိုအပင္မ်ိဴးနဲ႔ ထိေတြ႕မိရင္ အသက္ရႉၾကပ္တာမ်ိဴးေတြ ျဖစ္ေစပါတယ္။

၈ ။ ေ႐ႊလာေငြလာပင္

ေ႐ႊလာေငြလာပင္မွာေတာ့ လွပတဲ့အ႐ြက္ေတြ ရွိပါတယ္။ အိမ္တြင္းအလွဆင္တဲ့ေနရာမွာ အလြန္ေၾကာ့ရွင္းတာေၾကာင့္ လူႀကိဳက္မ်ားပါတယ္။ နာမည္ကေတာ့ ထူးဆန္းပါတယ္။

သူဟာလဲ အေပၚမွာ ေဖာ္ျပခဲ့တဲ့ အပင္ေတြလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ္ပါဝင္ၿပီး ႏႈတ္ခမ္း၊ ပါးစပ္နဲ႔ လွ်ာကို နာက်င္ေစပါတယ္။

၉ ။ Euphorbia tirucalli

Euphorbia tirucalli ကေတာ့ အေရျပားနဲ႔ မ်က္လုံးကို ယားယံေစပါတယ္။ ဒါေၾကာင့္ ဒီအပင္ကို ကိုင္တြယ္ရင္ လက္အိတ္ဝတ္သင့္ပါတယ္။ တကယ္လို႔ တိုက္႐ိုက္ထိေတြ႕ခဲ့မယ္ဆိုရင္ မ်က္လုံးနီျခင္းနဲ႔ ယားယံျခင္းကိုျဖစ္ေစလို႔ အထူးဂ႐ုစိုက္သင့္ပါတယ္။

၁၀ ။ ေက်ာက္ကြဲပင္

သူကေတာ့ ဆြဲေဆာင္မႈရွိၿပီး အရမ္းလွတဲ့ပန္းမ်ိဴး ျဖစ္ပါတယ္။ ခရမ္းေရာင္အဆင္းရွိၿပီးေတာ့ အိမ္တြင္းအလွဆင္တဲ့ေနရာမွာ အသုံးမ်ားပါတယ္။ အေစ့နဲ႔ အ႐ြက္ကို စားသုံးမိရင္ လူေရာ တိရစာၦန္ပါ ေသေစႏိုင္ပါတယ္။

အဆိပ္ျဖစ္ေစတဲ့အတြက္ အိမ္ထဲမွာ မစိုက္သင့္ပါဘူး။ တကယ္လို႔ စိုက္ထားတယ္ဆိုရင္လည္း သင့္ရဲ႕ အိမ္ေမြးတိရစာၦန္ေလးေတြနဲ႔ ေဝးေဝးမွာပဲထားပါ။ ကိုင္တြယ္ရင္လည္း လက္အိတ္ဝတ္သင့္ပါတယ္။

credit – မူရင္း

Unicode

ကျန်းမာရေးထိခိုက်စေတာကြောင့် အိမ်မှာ မစိုက်သင့်တဲ့ အပင် (၁၀) မျိူး

တိုက်ခန်းသေးသေးလေးတွေမှာ နေတဲ့လူအများစုက အိမ်ထဲမှာ ပန်းလေးတွေနဲ့ အလှဆင်တတ်ကြပါတယ်။ ဒီလိုအလှဆင်တဲ့အခါမှာ အချိူ့အပင်တွေက ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ အထူးပဲ သတိထားသင့်ပါတယ်။

သစ်ပင်လေးတွေကို အိမ်ထဲမှာ စိုက်ထားတာကလည်း အလွန်လှပါတယ်။ သင့်အတွက် မကောင်းတဲ့ အပင်မျိုးကိုတော့ မစိုက်သင့်ပါဘူး။ ဒါဆိုရင် ဘယ်လိုအပင်မျိုးတွေက သင့်ကို ထိခိုက်စေနိုင်မလဲဆိုတာ ကြည့်လိုက်ရအောင်။

၁ ။ ရွက်လှပင်

အပြင်ပန်းမှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ သူဟာ မူးယစ်စေတတ်တဲ့ အပင်မျိုးနွယ်ဝင်လဲ ဖြစ်ပါတယ်။ မတော်တဆ ပါးစပ်နဲ့ထိမိတာပဲဖြစ်ဖြစ်၊ စားမိတာပဲဖြစ်ဖြစ် ဝမ်းလျှောတာ၊ ပျို့အန်တာတွေကို ဖြစ်စေပါတယ်။ ဒါ့အပြင် ပါးစပ်နဲ့ လည်ချောင်းယားယံတာတွေကိုလည်း ဖြစ်စေပါတယ်။

၂ ။ ဆင်စွယ်ဂမုန်းပင်

အများစုကတော့ မြွေပန်းလို့ခေါ်ကြပြီးတော့ အိမ်တွင်းအလှဆင်ဖို့အတွက် သုံးတာများပါတယ်။ ဒီအပင်မှာ Saponin ဆိုတဲ့ ဓာတ်တစ်မျိုးပါဝင်ပြီးတော့ မျိုချမိရင် အဆိပ်ဖြစ်စေပါတယ်။ Saponin က ပျို့အန်တာတွေကိုဖြစ်စေတာကြောင့် အိမ်မွေးတိရစ္ဆာန်တွေနဲ့ အဝေးမှာလည်း ထားသင့်ပါတယ်။

၃။ ကျောက်စိမ်းဂမုန်း

ကျောက်စိမ်းဂမုန်း (သို့) ZZ လို့ သိကြတဲ့ပန်းမျိူးစိတ်ဟာ မျိူချမိရင် နာကျင်တာတွေ၊ အရေပြာယားယံတာနဲ့ ရောင်ရမ်းတာတွေကိုဖြစ်စေပါတယ်။ မတော်လို့ ထိခဲ့မိတယ်ဆိုရင် ရေနဲ့အမြန်ဆုံး ဆေးချလိုက်လို့ရပါတယ်။

၄။ ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်မျိူးစိတ်က နေရာအစုံမှာ အသုံးဝင်တာကို လူတိုင်းသိပါတယ်။ ဒါဆို ရှားစောင်းလက်ပတ်က ဘာလို့ အန္တရာယ်ရှိတဲ့ထဲပါရတာလဲ?။ အဖြေကတော့ ဝမ်းလျှောစေတတ်လို့ပါ။ ပြီးတော့ ဓာတ်မတည့်တာတွေကိုလည်း ဖြစ်စေပါတယ်။

၅။ Marigolds

Marigolds ကို မတော်ဘဲ စားမိခဲ့ရင် အစာအိမ်နဲ့ အူလမ်းကြောင်းမှာ ပြဿနာရှိစေနိုင်ပါတယ်။ ပြီးတော့ အရေပြားမှာလည်း အဖုအပိမ့်တွေ ထစေနိုင်ပါတယ်။

၆ ။ ရွှေလာငွေလာနွယ်ပင်

သူ့မှာတော့ Calcium Oxalate ဆိုတဲ့ ဓာတ်တစ်မျိူးပါဝင်ပြီးတော့ လည်ချောင်းနာတာတွေ၊ အစားစားရခက်တာတွေကို ဖြစ်စေနိုင်ပါတယ်။ အရွက်တွေကလှပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေရဲ့ အဝေးမှာ ထားသင့်ပါတယ်။

၇ ။ ပိန်းရွက်လှ

သူကတော့ အသည်းပုံစံ အရွက်တွေရှိပြီးတော့ အရမ်းလှပါတယ်။ လှသလောက်လဲ အဆိပ်ပြင်းပါတယ်။ တိရစ္ဆာန်တွေနဲ့ ကလေးငယ်တွေဟာ ဒီလိုအပင်မျိူးနဲ့ ထိတွေ့မိရင် အသက်ရှူကြပ်တာမျိူးတွေ ဖြစ်စေပါတယ်။

၈ ။ ရွှေလာငွေလာပင်

ရွှေလာငွေလာပင်မှာတော့ လှပတဲ့အရွက်တွေ ရှိပါတယ်။ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အလွန်ကြော့ရှင်းတာကြောင့် လူကြိုက်များပါတယ်။ နာမည်ကတော့ ထူးဆန်းပါတယ်။

သူဟာလဲ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပင်တွေလိုပဲ Calcium Oxalate ဆိုတဲ့ဓာတ်ပါဝင်ပြီး နှုတ်ခမ်း၊ ပါးစပ်နဲ့ လျှာကို နာကျင်စေပါတယ်။

၉ ။ Euphorbia tirucalli

Euphorbia tirucalli ကတော့ အရေပြားနဲ့ မျက်လုံးကို ယားယံစေပါတယ်။ ဒါကြောင့် ဒီအပင်ကို ကိုင်တွယ်ရင် လက်အိတ်ဝတ်သင့်ပါတယ်။ တကယ်လို့ တိုက်ရိုက်ထိတွေ့ခဲ့မယ်ဆိုရင် မျက်လုံးနီခြင်းနဲ့ ယားယံခြင်းကိုဖြစ်စေလို့ အထူးဂရုစိုက်သင့်ပါတယ်။

၁၀ ။ ကျောက်ကွဲပင်

သူကတော့ ဆွဲဆောင်မှုရှိပြီး အရမ်းလှတဲ့ပန်းမျိူး ဖြစ်ပါတယ်။ ခရမ်းရောင်အဆင်းရှိပြီးတော့ အိမ်တွင်းအလှဆင်တဲ့နေရာမှာ အသုံးများပါတယ်။ အစေ့နဲ့ အရွက်ကို စားသုံးမိရင် လူရော တိရစ္ဆာန်ပါ သေစေနိုင်ပါတယ်။

အဆိပ်ဖြစ်စေတဲ့အတွက် အိမ်ထဲမှာ မစိုက်သင့်ပါဘူး။ တကယ်လို့ စိုက်ထားတယ်ဆိုရင်လည်း သင့်ရဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေနဲ့ ဝေးဝေးမှာပဲထားပါ။ ကိုင်တွယ်ရင်လည်း လက်အိတ်ဝတ်သင့်ပါတယ်။

credit – မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*