












Credit

Unicode

အတွေးကောင်းတဲ့ မိန်းကလေးနှင့် မလိမ်တတ်သော ဘုန်းကြီး

လေယာဉ်ပေါ်မှာ ဘေးထိုင်ခုံမှာ ဘုန်းကြီးတပါး ပုတီးစိပ်နေတယ်။ ကောင်မလေး တယောက်ကတော့ တယောက်တည်းအလုပ်ရှုပ်နေတယ်။

လက်ကိုင်အိတ်ထဲက တစုံတရာကို ထုတ်လိုက်တယ် သေချာကြည့်တယ် ပြန်ထည့်လိုက်တယ် ပြီးရင် ပြန်ထုတ်တယ် ကြည့်တယ်။

သက်ပြင်းတချက်ကို မှုတ်ထုတ်ပြီး ပူပင်သောက ရောက်နေဟန် ဖြစ်နေတယ်။ နောက်ဆုံးမှာ ဆုံးဖြတ်ချက် တခုကို ချပြီး ဘုန်းကြီးဘက်လှည့်ပြီး စကား ပြောလိုက်တယ်။

တပည့်တော်မကို တခုလောက် အကူအညီပေးပါ ဘုရား..။ ပုတီးစိပ်နေတဲ့ ဘုန်းကြီးလည်း အံ့သြစိတ်နဲ ဇဝေဇဝါ ဖြစ်သွားပြီး ပြောပါ ဒကာမလေး။

ဘုန်းဘုန်း ကူညီနိုင်တာ ရှိရင် ကူညီပေးပါမယ်။ တပည့်တော်မ ဒီနိုင်ငံကနေ ပြန်လာတော့ အမျိုးအစားကောင်းပြီး ဈေးကြီးတဲ့ နူတ်ခမ်းဆိုးဆေး တဗူး ဝယ်လာပါတယ် ဘုရား။

လေဆိပ်မှာ အခွန်ဆောင် ရရင် အများကြီး ဆောင်ရမှာ ” အဲ့ဒါ အရှင်ဘုရားရဲ့သင်္ကန်းအောက်မှာ ဖွက်ပြီး ယူလာပေးလို့ ရမလား ဘုရား။

အင်း ! ဒီလောက်က ကူညီပေးလို့ ရပါတယ်။ ဒါပေမဲ့ ပြဿနာက ဘုန်းဘုန်း တို့က မုသာဝါဒကံကျူးလွန်လို့ မရဘူး ဒကာမလေးရဲ့။ လေဆိပ် မှာ အခွန်ဆောင်စရာ ပါသလားမေးရင် ဘုန်းဘုန်းက လိမ်ပြောလို့ မရဘူး ကွဲ့ ။

သူမ တချက်စဉ်းစားလိုက်ပြီး ဘုန်းဘုန်းနားကပ်လို့ တိုးတိုးလေး ပြောလိုက်တယ်။ ဘုန်းဘုန်းကတော့ ခေါင်းတညိမ့်ညိမ့်နဲ့ ပေါ့။ အဲဒီလိုနဲ့ လေဆိပ်ရောက်လို့ အကောက်ခွန် အရာရှိက ဘုန်းဘုန်း အခွန်ဆောင်စရာ ပစ္စည်းပါလား ဘုရား… လို့မေးတော့

ခါး အထက်ပိုင်းမှာတော့ ဘာမှ မပါဘူး ဒကာကြီး ။ အရာရှိလည်း အံ့သြသွားပြီး ဒါဆို ခါးအောက်ပိုင်းမှာ ပါလာတာလား ဘုရား။ အေးကွဲ့ ဘုန်းဘုန်းရဲ့ ခါးအောက်ပိုင်းမှာတော့ အမျိုးသမီးတွေ အတွက် ပစ္စည်းတခု ပါလာတယ်။ ဒါပေမဲ့ ဘုန်းဘုန်းတော့ တခါမှ အသုံးမပြုရသေးဘူး၊ ဒကာကြီး ကြည့်ချင်ရင် ထုတ်ပြမယ်လေ… ဒဲ့။

ရယ်မောခြင်းဖြင့် အသက်ရှည်နိုင်ကြပါစေ (သဘောကျရင် ရှဲလေးလုပ်သွားပေးအုံးနော်)

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*