










မိန်းမသားတို့အတွက်

Unicode

မာနရှိပါတယ်နေရာတကာမထားခဲ့တာပါ

မာန မရှိဘူးရယ်လို့တော့ ဘယ်ဟုတ်ပါ့မလဲ ။ ရှိသင့် သလောက် မာနလဲ ရှိပါတယ်။ မလိုအပ်ဘူးထင်လို့ မဖော်ပြပဲ ထားတာပါ။ မာနတွေ ထားရင် မလိုအပ်ပဲ သူစိမ်းဆန်ကုန်မှာ စိုးလို့လေ ။

ကိုယ့်ကို အလေးထားတဲ့ လူအပေါ်လဲ ပြန်ပြီးတော့ အလေးထားတယ်။ မလိုအပ်ပဲနဲ့ မာနမထားပဲနေပါတယ် ဒါပေမယ့် ခေါင်းငုံ့နေပါတယ် လို့တော့ အထင် မရောက်နဲ့ပေါ့။

ရှိသင့်တဲ့ မာနလေးတွေတော့ ရှိပါတယ်။ ကိုယ့်ကို မခေါ်ချင်လို့ မျက်နှာလွဲသွားတဲ့ သူကို လိုက်ပြီး ခေါ်နေလောက်တဲ့ထိ ကျွန်မ တန်ဖိုးမမဲ့ဘူး။ ကိုယ့်ကို မလိုချင်တဲ့ လူအပေါ် လိုက်ပြန်တွယ်ကပ် နေရလောက်တဲ့ထိ ကျွန်မ မာနမမဲ့ဘူး ကိုယ့်ဘက်က အတတ်နိုင်ဆုံး လျှော့ထားပါတယ်။ ဒါကိုမှ တစ်ဖက်က လျှော့မရအောင် တင်းလာရင် အပျက်ပဲ ခံလိုက်တယ် ဆက်ပြီး မလျှော့တော့ဘူး။

ကိုယ့်အပေါ် မစာနာတဲ့ လူအပေါ် မာနမထားပဲ နေရင် ခေါင်းပေါ် တက်နင်းသွားလိမ့်မယ်။ ပြီးတော့ အလုပ် ထဲမှာဆို မာနမထားဘူး ဒါပေမယ့် တည်တည်တံ့တံ့ နေထိုင်တယ်။

ရောလွန်းရင် သူ့နေရာ ကိုယ့်နေရာ မေ့သွားတတ်ကြတယ်လေ။ အထိုက်အလျောက်ပေါ့ ပျော်စရာရှိတဲ့ အခါ ပျော်ပျော်ပါးပါး နေတယ်။

တည်စရာနေရာရှိတဲ့အခါ တည်တည်တံ့တံ့နေထိုင် တယ်။ ကိုယ့်ကို မသိတဲ့ လူတွေကတော့ ဒီလူ မာနကြီးလိုက်တာတဲ့ ကိုယ့်အတွေးနဲ့ ကိုယ်ပါပဲ ထင်ချင် သလို ထင်နိုင်ပါတယ်။

လိုက်ပြီး ရှင်းပြနေရလောက်တဲ့ထိ ကျွန်မ အားယားမနေဘူးလေ ။ အဓိက က ကိုယ့်အပေါ် တန်ဖိုးထား တဲ့ လူအပေါ် ပြန်ပြီး အလေးမထားဖို့ မာန မထားဖို့ပဲ လိုတာလေ။

မိဘတွေအပေါ် မာနမထားဘူး ညီအစ်ကို မောင်နှမတွေအပေါ် မာနမထားဘူး ကိုယ်ချစ်ရ ခင်ရတဲ့လူတွေအပေါ် မထားဘူး။ ရှိသင့်တဲ့ မာနလေးတော့ ရှိပါတယ်။ ဒါပေမယ့် နေရာတကာတော့ ထုတ်ထုတ် မသုံးဘူးပေါ့ ။

မိန်းမသားတို့အတွက်

Be the first to comment

Leave a Reply

Your email address will not be published.


*