ဘဝရဲ႕ရည္မွန္းခ်က္ေတြ ေလထဲမွာပဲ ေပ်ာက္ဆုံးသြားတာမ်ိဳး မျဖစ္ရေလေအာင္…

ဘဝရဲ႕ရည္မွန္းခ်က္ေတြ ေလထဲမွာပဲ ေပ်ာက္ဆုံးသြားတာမ်ိဳး မျဖစ္ရေလေအာင္…
ဘဝရဲ႕ရည္မွန္းခ်က္ေတြ ေလထဲမွာပဲ ေပ်ာက္ဆုံးသြားတာမ်ိဳး မျဖစ္ရေလေအာင္…

ဘဝရဲ႕ရည္မွန္းခ်က္ေတြ ေလထဲမွာပဲ ေပ်ာက္ဆုံးသြားတာမ်ိဳး မျဖစ္ရေလေအာင္…

” ကြၽန္ေတာ္ပညာမတတ္ဘူး ”

မွန္ပါတယ္ ကြၽန္ေတာ္ပညာမတတ္ဘူး ဒါေပမဲ့ ကြၽန္ေတာ္ ပညာတတ္တယ္လို႔ မလိမ္ခဲ့ဘူး။ သူတစ္ဖက္သားအေပၚ စာနာစိတ္ထားၿပီး ေပါင္းသင္းဆက္ဆံတယ္။ သူမ်ားမေကာင္းေၾကာင္းလည္းမေျပာတတ္ဘူး။

ကြၽန္ေတာ္အေၾကာင္းပဲ ကြၽန္‌ေတာ္စိတ္ဝင္စားတယ္။ မွတ္သားသင္ယူစရာေတြမ်ားတဲ့ လူေလာကႀကီးမွာ ကြၽန္‌ေတာ္ အမွတ္မထင္ ေက်ာင္းထြက္လိုက္ရတယ္ေပါ့ဗ်ာ။ ဒါေပမဲ့လည္းကြၽန္ေတာ္ ဝမ္းမနည္းပါဘူး။

ေက်ာင္းက ဆရာ/ဆရာမေတြ သင္ေပးတာကိုေတာ့ ျပန္ၿပီး‌ေတာ့ သတိရတယ္ဗ်ာ။ အျပင္လူေလာက ေရာက္ေတာ့လည္း ကြၽန္ေတာ္အားမငယ္ဘူး ။ ဘာလို႔လည္းဆိုေတာ့ ကြၽန္ေတာ္စာဖတ္ရတာ ဝါသနာပါေတာ့ အရာအားလုံးကို စာအုပ္စာေပေတြရွိလို႔ ဖတ္လို႔ရတယ္ မွတ္လို႔ရတယ္ ကြၽန္ေတာ္ေပ်ာ္တယ္။

ဒါေပမဲ့ ကြၽန္ေတာ္ “ပညာမတတ္ပါဘူး” အားသာခ်က္ တစ္ခုေတာ့ရွိတယ္။ စာအုပ္စာေပဖတ္ရတာဆို အရမ္းပဲ ကြၽန္ေတာ္ဝါသနာပါတယ္ ။ တစ္ေန႔ေတာ့ သူငယ္ခ်င္းက ေမးတယ္ မင္းဘာလို႔ဒီေလာက္စာအုပ္ေတြအမ်ားႀကီး ဖတ္ေနရတာလည္းလို႔ ေမးတယ္။

အဲဒီေတာ့ ကြၽန္ေတာ္ ျပန္ေျပာလိုက္တယ္ ငါမင္းတို႔လို ပညာမတတ္ဘူး ။ ဒါေပမယ့္ငါသိခ်င္တဲ့အေၾကာင္းအရာေတြ ဗဟုသုတေတြ တစ္ခ်ိဳ႕ေသာ ပညာရပ္ေတြက ဒီစာအုပ္ထဲမွာ ပါတယ္ေလကြာ။ အဲဒါေၾကာင့္ ငါေလ့လာမွတ္သားေနရတာေပါ့ သူငယ္ခ်င္းရာလို႔ ေျပာလိုက္တယ္ဗ်။

ငါ မင္းတို႔လို ဆယ္တန္းမေအာင္ဘူး။ ေျပာရမယ္ဆို ငါ ပညာမတတ္ဘူးေပါ့ကြာ။ အဲဒါေၾကာင့္ငါတတ္ႏိုင္တဲ့ စာအုပ္စာေပအေၾကာင္းကိုပဲ ငါဖတ္ျဖစ္ေနတာေပါ့ သူငယ္ခ်င္းရာ။

ငါလည္း အခုမွ ေနာင္တရေနတာ။ တကယ္ပါ ေနာင္တဆိုတာ ေနာင္မွရတယ္ ဆိုတာ မွန္တယ္ဗ်ာ။ ပညာမတတ္ရင္ လူရာမဝင္ဘူးကြာ။ ငါက‌ေတာ့အဲလို‌ေတာ့ခံယူတားတာပဲ

ဘယ္သူမွလည္း ငါ့ကိုလူရာသြင္း‌ေပးမွာမဟုတ္ဘူး။ ငါအဲဒါကို ငါ့စိတ္ထဲမွာ မွတ္ထားတယ္။ ဘာလို႔လည္းဆိုေတာ့ တစ္ေန႔ မခံခ်င္စိတ္နဲ႔ လူေတြကိုငါႀကိဳးစားျပခ်င္တာ။ ငါ့ကြယ္ရာမွာအတင္းတုပ္တဲ့သူ

ငါ့မေကာင္းေၾကာင္းေျပာတဲ့ သူေတြကို ငါႀကိဳးစားျပခ်င္လို႔ စာအုပ္စာေပေတြ ငါဝေအာင္ဖတ္ေန မွတ္ေနတာေပါ့ကြာ…..။“ငါပညာမတတ္လို႔ပါ ”

ေလာကႀကီးက မင္းထင္သလို မ႐ိုးရွင္းဘူး မင္းျဖစ္ခ်င္တာလည္းျဖစ္ခ်င္မွျဖစ္မွာ။ ဒါေပမဲ့ မင္းလြယ္လြယ္နဲ႔ေတာ့ အရႈံးမေပးလိုက္နဲ႔ မင္းအရႈံးေပးလိုက္ရင္ မင္းဘဝက ငါ့ဘဝလို အလကားလူ ျဖစ္သြားေတာ့မယ္ဆိုတာ သတိရပါ။ အရာအားလုံးေလထဲမွာတင္ ေပ်ာက္ဆုံး လြင့္ပ်ယ္သြားလိမ့္မယ္ေနာ္ အတူႀကိဳးစားစို႔ သူငယ္ခ်င္း။

Credit to original writer

Unicode

ဘဝရဲ့ရည်မှန်းချက်တွေ လေထဲမှာပဲ ပျောက်ဆုံးသွားတာမျိုး မဖြစ်ရလေအောင်…

” ကျွန်တော်ပညာမတတ်ဘူး ”

မှန်ပါတယ် ကျွန်တော်ပညာမတတ်ဘူး ဒါပေမဲ့ ကျွန်တော် ပညာတတ်တယ်လို့ မလိမ်ခဲ့ဘူး။ သူတစ်ဖက်သားအပေါ် စာနာစိတ်ထားပြီး ပေါင်းသင်းဆက်ဆံတယ်။ သူများမကောင်းကြောင်းလည်းမပြောတတ်ဘူး။

ကျွန်တော်အကြောင်းပဲ ကျွန်‌တော်စိတ်ဝင်စားတယ်။ မှတ်သားသင်ယူစရာတွေများတဲ့ လူလောကကြီးမှာ ကျွန်‌တော် အမှတ်မထင် ကျောင်းထွက်လိုက်ရတယ်ပေါ့ဗျာ။ ဒါပေမဲ့လည်းကျွန်တော် ဝမ်းမနည်းပါဘူး။

ကျောင်းက ဆရာ/ဆရာမတွေ သင်ပေးတာကိုတော့ ပြန်ပြီး‌တော့ သတိရတယ်ဗျာ။ အပြင်လူလောက ရောက်တော့လည်း ကျွန်တော်အားမငယ်ဘူး ။ ဘာလို့လည်းဆိုတော့ ကျွန်တော်စာဖတ်ရတာ ဝါသနာပါတော့ အရာအားလုံးကို စာအုပ်စာပေတွေရှိလို့ ဖတ်လို့ရတယ် မှတ်လို့ရတယ် ကျွန်တော်ပျော်တယ်။

ဒါပေမဲ့ ကျွန်တော် “ပညာမတတ်ပါဘူး” အားသာချက် တစ်ခုတော့ရှိတယ်။ စာအုပ်စာပေဖတ်ရတာဆို အရမ်းပဲ ကျွန်တော်ဝါသနာပါတယ် ။ တစ်နေ့တော့ သူငယ်ချင်းက မေးတယ် မင်းဘာလို့ဒီလောက်စာအုပ်တွေအများကြီး ဖတ်နေရတာလည်းလို့ မေးတယ်။

အဲဒီတော့ ကျွန်တော် ပြန်ပြောလိုက်တယ် ငါမင်းတို့လို ပညာမတတ်ဘူး ။ ဒါပေမယ့်ငါသိချင်တဲ့အကြောင်းအရာတွေ ဗဟုသုတတွေ တစ်ချို့သော ပညာရပ်တွေက ဒီစာအုပ်ထဲမှာ ပါတယ်လေကွာ။ အဲဒါကြောင့် ငါလေ့လာမှတ်သားနေရတာပေါ့ သူငယ်ချင်းရာလို့ ပြောလိုက်တယ်ဗျ။

ငါ မင်းတို့လို ဆယ်တန်းမအောင်ဘူး။ ပြောရမယ်ဆို ငါ ပညာမတတ်ဘူးပေါ့ကွာ။ အဲဒါကြောင့်ငါတတ်နိုင်တဲ့ စာအုပ်စာပေအကြောင်းကိုပဲ ငါဖတ်ဖြစ်နေတာပေါ့ သူငယ်ချင်းရာ။

ငါလည်း အခုမှ နောင်တရနေတာ။ တကယ်ပါ နောင်တဆိုတာ နောင်မှရတယ် ဆိုတာ မှန်တယ်ဗျာ။ ပညာမတတ်ရင် လူရာမဝင်ဘူးကွာ။ ငါက‌တော့အဲလို‌တော့ခံယူတားတာပဲ

ဘယ်သူမှလည်း ငါ့ကိုလူရာသွင်း‌ပေးမှာမဟုတ်ဘူး။ ငါအဲဒါကို ငါ့စိတ်ထဲမှာ မှတ်ထားတယ်။ ဘာလို့လည်းဆိုတော့ တစ်နေ့ မခံချင်စိတ်နဲ့ လူတွေကိုငါကြိုးစားပြချင်တာ။ ငါ့ကွယ်ရာမှာအတင်းတုပ်တဲ့သူ

ငါ့မကောင်းကြောင်းပြောတဲ့ သူတွေကို ငါကြိုးစားပြချင်လို့ စာအုပ်စာပေတွေ ငါဝအောင်ဖတ်နေ မှတ်နေတာပေါ့ကွာ…..။“ငါပညာမတတ်လို့ပါ ”

လောကကြီးက မင်းထင်သလို မရိုးရှင်းဘူး မင်းဖြစ်ချင်တာလည်းဖြစ်ချင်မှဖြစ်မှာ။ ဒါပေမဲ့ မင်းလွယ်လွယ်နဲ့တော့ အရှုံးမပေးလိုက်နဲ့ မင်းအရှုံးပေးလိုက်ရင် မင်းဘဝက ငါ့ဘဝလို အလကားလူ ဖြစ်သွားတော့မယ်ဆိုတာ သတိရပါ။ အရာအားလုံးလေထဲမှာတင် ပျောက်ဆုံး လွင့်ပျယ်သွားလိမ့်မယ်နော် အတူကြိုးစားစို့ သူငယ်ချင်း။

Credit to original writer

Be the first to comment

Leave a Reply

Your email address will not be published.


*