လူခ်စ္လူခင္ေပါမ်ားေစမယ့္ အျပဳအမူမ်ား

လူခ်စ္လူခင္ေပါမ်ားေစမယ့္ အျပဳအမူမ်ား
လူခ်စ္လူခင္ေပါမ်ားေစမယ့္ အျပဳအမူမ်ား

လူခ်စ္လူခင္ေပါမ်ားေစမယ့္ အျပဳအမူမ်ား

ဒီေန႔မွာေတာ့ လုပ္ငန္းခြင္မွာပဲ ျဖစ္ျဖစ္၊ လူေနမႈဘဝမွာပဲ ျဖစ္ျဖစ္ လူမႈဆက္ဆံေရးက အရမ္းကို အေရးပါပါတယ္ေနာ္။ အဲ့ဒါေၾကာင့္ ဒီေန႔မွာေတာ့ လူအမ်ားအနဲ႔ ေျပာဆိုဆက္ဆံတဲ့ အခါမွာ ျပဳလုပ္သင့္တာေလးေတြကို ေျပာျပလိုက္ပါတယ္ေနာ္။

(၁) ေမးခြန္းေတြေမးပါ

လူအမ်ားစုဟာ တဖက္သားကစကားေျပာလာတဲ့ အခါမွာ ဘယ္လို တုံ႔ျပန္ေျပာဆိုရမလဲ ဆိုတာနဲ႔ ဘယ္လိုထိခိုက္ တဲ့စကားျဖစ္မလဲ ဆိုတာကိုပဲ အာ႐ုံစိုက္ေနတတ္ၾကတဲ့ အတြက္ စကားလုံးေတြၾကားေနေပမယ့္ အဓိပၸါယ္ကို လြဲမွားစြာ ေကာက္ယူတတ္ၾကပါတယ္။

ဒီလိုမျဖစ္ဖို႔အတြက္ ေမးခြန္းေတြ ျပန္ေမးဖို႔ လိုပါတယ္။ ေမးခြန္းေတြ ျပန္ေမးျခင္း အားျဖင့္ သင္နားေထာင္ေနေၾကာင္းေဖာ္ျပႏိုင္သလို တဖက္သူရဲ႕ေျပာစကားကို ဂ႐ုစိုက္ေၾကာင္း ျပသႏိုင္ပါတယ္။ ဒီအေလ့ အက်င့္ေၾကာင့္ တဖက္လူက သင့္ကို အသိအမွတ္ ျပဳၿပီး ေလးစားသမႈ ရွိေနမွာ ျဖစ္ပါတယ္။

(၂) ႐ိုးသားေျဖာင့္မတ္ပါ

လူခ်စ္လူခင္မ်းသူ တစ္ဦး ျဖစ္ဖို႔ ႐ိုးသားေျဖာင့္မတ္ ဖို႔လည္း လိုအပ္ပါတယ္။ ႐ိုးသားေျဖာင့္မတ္သူ ေတြကို လူေတြက ယုံၾကည္ႏွစ္သက္ေလ့ ရွိပါတယ္။

ဒါ့ေၾကာင့္ ဟိတ္ဟန္ ကင္းကင္းနဲ႔ အရွိကိုအရွိအတိုင္း ေဖာ္ျပၿပီး ႐ိုးသားေျဖာင့္မတ္စြာ ေနထိုင္ျခင္းျဖင့္ လူအမ်ားရဲ႕ စိတ္ဝင္စား ခ်စ္ခင္မႈကို ရရွိ ႏိုင္ပါတယ္။

(၃) အာ႐ုံစိုက္ခံရေအာင္ တမင္မလုပ္ပါနဲ႔

အမ်ား အာ႐ုံစိုက္ခံ ရဖို႔ တမင္ဟန္လုပ္ အားထုတ္ေနသူမ်ိဳး ကိုလည္း လူေတြက မႏွစ္သက္ ၾကပါဘူး။

႐ိုး႐ိုး သားသား ရင္းႏွီး ပ်ဴငွာမႈ ရွိၿပီး ကိုယ့္ကိုကိုယ္ ယုံၾကည္မႈရွိ႐ုံ နဲ႔တင္ လူေတြရဲ႕ စိတ္ဝင္စားမႈကို ရရွိႏိုင္ ပါတယ္။

(၄) ၿပဳံးျပပါ

လူေတြဟာ မွန္လိုပဲ ဆက္ဆံ တတ္ၾက ပါတယ္။ သင္ ကို လူေတြ ႏွစ္သက္ သေဘာက်ေစခ်င္တယ္ ဆိုရင္ေတာ့ စေတြ႕ခ်ိန္မွာပဲ ျဖစ္ျဖစ္၊ စကားေျပာေနတုန္းမွာ ပဲျဖစ္ျဖစ္ ၿပဳံးျပဖို႔ မေမ့ပါနဲ႔။

ဒီလိုၿပဳံးျပတဲ့ အတြက္ တဖက္ လူကို သက္ေတာင့္သက္သာ ျဖစ္ေစၿပီး တန္ျပန္ အၿပဳံးေတြကို ရရွိမွာ ျဖစ္ပါတယ္။

Unicode

လူချစ်လူခင်ပေါများစေမယ့် အပြုအမူများ

ဒီနေ့မှာတော့ လုပ်ငန်းခွင်မှာပဲ ဖြစ်ဖြစ်၊ လူနေမှုဘဝမှာပဲ ဖြစ်ဖြစ် လူမှုဆက်ဆံရေးက အရမ်းကို အရေးပါပါတယ်နော်။ အဲ့ဒါကြောင့် ဒီနေ့မှာတော့ လူအများအနဲ့ ပြောဆိုဆက်ဆံတဲ့ အခါမှာ ပြုလုပ်သင့်တာလေးတွေကို ပြောပြလိုက်ပါတယ်နော်။

(၁) မေးခွန်းတွေမေးပါ

လူအများစုဟာ တဖက်သားကစကားပြောလာတဲ့ အခါမှာ ဘယ်လို တုံ့ပြန်ပြောဆိုရမလဲ ဆိုတာနဲ့ ဘယ်လိုထိခိုက် တဲ့စကားဖြစ်မလဲ ဆိုတာကိုပဲ အာရုံစိုက်နေတတ်ကြတဲ့ အတွက် စကားလုံးတွေကြားနေပေမယ့် အဓိပ္ပါယ်ကို လွဲမှားစွာ ကောက်ယူတတ်ကြပါတယ်။

ဒီလိုမဖြစ်ဖို့အတွက် မေးခွန်းတွေ ပြန်မေးဖို့ လိုပါတယ်။ မေးခွန်းတွေ ပြန်မေးခြင်း အားဖြင့် သင်နားထောင်နေကြောင်းဖော်ပြနိုင်သလို တဖက်သူရဲ့ပြောစကားကို ဂရုစိုက်ကြောင်း ပြသနိုင်ပါတယ်။ ဒီအလေ့ အကျင့်ကြောင့် တဖက်လူက သင့်ကို အသိအမှတ် ပြုပြီး လေးစားသမှု ရှိနေမှာ ဖြစ်ပါတယ်။

(၂) ရိုးသားဖြောင့်မတ်ပါ

လူချစ်လူခင်မျးသူ တစ်ဦး ဖြစ်ဖို့ ရိုးသားဖြောင့်မတ် ဖို့လည်း လိုအပ်ပါတယ်။ ရိုးသားဖြောင့်မတ်သူ တွေကို လူတွေက ယုံကြည်နှစ်သက်လေ့ ရှိပါတယ်။

ဒါ့ကြောင့် ဟိတ်ဟန် ကင်းကင်းနဲ့ အရှိကိုအရှိအတိုင်း ဖော်ပြပြီး ရိုးသားဖြောင့်မတ်စွာ နေထိုင်ခြင်းဖြင့် လူအများရဲ့ စိတ်ဝင်စား ချစ်ခင်မှုကို ရရှိ နိုင်ပါတယ်။

(၃) အာရုံစိုက်ခံရအောင် တမင်မလုပ်ပါနဲ့

အများ အာရုံစိုက်ခံ ရဖို့ တမင်ဟန်လုပ် အားထုတ်နေသူမျိုး ကိုလည်း လူတွေက မနှစ်သက် ကြပါဘူး။

ရိုးရိုး သားသား ရင်းနှီး ပျူငှာမှု ရှိပြီး ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိရုံ နဲ့တင် လူတွေရဲ့ စိတ်ဝင်စားမှုကို ရရှိနိုင် ပါတယ်။

(၄) ပြုံးပြပါ

လူတွေဟာ မှန်လိုပဲ ဆက်ဆံ တတ်ကြ ပါတယ်။ သင် ကို လူတွေ နှစ်သက် သဘောကျစေချင်တယ် ဆိုရင်တော့ စတွေ့ချိန်မှာပဲ ဖြစ်ဖြစ်၊ စကားပြောနေတုန်းမှာ ပဲဖြစ်ဖြစ် ပြုံးပြဖို့ မမေ့ပါနဲ့။

ဒီလိုပြုံးပြတဲ့ အတွက် တဖက် လူကို သက်တောင့်သက်သာ ဖြစ်စေပြီး တန်ပြန် အပြုံးတွေကို ရရှိမှာ ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*