စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကေန႔ခ်င္းညခ်င္း ဝုန္းကနဲ လုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး

စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကေန႔ခ်င္းညခ်င္း ဝုန္းကနဲ လုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး
စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကေန႔ခ်င္းညခ်င္း ဝုန္းကနဲ လုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး

စစ္မွန္တဲ့ ေအာင္ျမင္မႈဆိုတာကေန႔ခ်င္းညခ်င္း ဝုန္းကနဲ လုပ္လို႔ရတဲ့ အရာမဟုတ္ပါဘူး

ငါ့မွာ ပိုက္ဆံ သိန္းသုံးရာရွိရင္ သိန္းႏွစ္ရာပဲ ထုတ္ရင္းတယ္။ တစ္ရာက မေတာ္တဆ ရႈံးသြားခဲ့ရင္ ျပန္ရင္းဖို႔ အရင္းအႏွီးအေနနဲ႔ ခ်န္ထားတယ္။

ငါ့ဂိုေဒါင္က ကုန္ခ်ိန္ ေျခာက္ေသာင္း ဆန႔္ရင္ ေလးေသာင္းပဲ ထည့္တယ္။ ႏွစ္ေသာင္း က ႀကိဳက္ေဈးရရင္ ထပ္ထည့္ဖို႔ ခ်န္ထားတယ္။

ဘာေၾကာင့္လဲ ဆိုေတာ့ ငါက ဆင္းရဲသားဘဝကေန တက္လာတာ ငါ့မွာ ရွိသမွ် ပုံေအာၿပီး လုပ္လိုက္လို႔

မေတာ္တဆ ရႈံးသြား ခဲ့ရင္ ဆင္းရဲတဲ့ ဘဝကို ငါ ျပန္ေရာက္သြားမွာ ေၾကာက္တယ္တဲ့။ သူေျပာတဲ့စကားနဲ႔ က်ေနာ့အေဖေျပာတဲ့ စကားနဲ႔သြားတူေနတယ္။

ငါ့သား အလုပ္ လုပ္ရင္ ေရကာတာ စီမံကိန္းနဲ႔ လုပ္ရ တယ္ကြ။ ေရကာတာ စီမံကိန္းဆိုတာက

ကုန္ထမ္းသမား တစ္ေယာက္ဟာ အခ်ိန္ သုံးဆယ္ကို ထမ္းႏိုင္တဲ့ အားရွိရင္ အခ်ိန္ ႏွစ္ဆယ္ပဲ ထမ္းသင့္တယ္။

ဘာေၾကာင့္လဲဆိုေတာ့ မေတာ္တဆ ေျခေခ်ာ္လဲရင္ ကိုယ့္ကိုယ္ကို ျပန္ေထာက္ ႏိုင္ဖို႔ အားက်န္ေနေသးတယ္။

အခ်ိန္ သုံးဆယ္ ႏိုင္တဲ့လူက အခ်ိန္ သုံးဆယ္ ဝိတ္ႀကီးကို ထမ္းထားလို႔ မေတာ္တဆ ေခ်ာ္လဲလို႔ကေတာ့ သြားၿပီ ျပန္ထႏိုင္ဖို႔ မလြယ္ေတာ့ဘူး။ က်ေနာ္ ျမင္ရသေလာက္လဲ

အလုပ္ လုပ္ရင္ ပရမ္းပတာ သူေဌးျဖစ္ေခြးျဖစ္ ရွိသမွ် ပုံေအာၿပီး လုပ္တဲ့လူေတြ ျပဳတ္သြားၾကတာမ်ားတယ္။

ေစ့ေစ့စပ္စပ္နဲ႔ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ လုပ္တဲ့ လူေတြပဲ ေအာင္ျမင္ သြားၾကတာ မ်ားတယ္။ အရမ္းႀကီး မေအာင္ျမင္ရင္ ေတာင္မွ အမွား နည္းတယ္ေပါ့ဗ်ာ။

စစ္မွန္တဲ့ ေအာင္ျမင္မႈ ဆိုတာက ေန႔ခ်င္းညခ်င္း ဝုန္းကနဲ လုပ္လို႔ ရတဲ့ အရာ မဟုတ္ပါဘူး။

တစ္ဆင့္ခ်င္းတစ္ဆင့္ ျဖည္းျဖည္းခ်င္း တည္ေဆာက္ယူရတဲ့ အရာပါ။ ဘာေၾကာင့္ ဒီစကားေျပာရလဲဆိုေတာ့

က်ေနာ္တို႔လို လူငယ္တြ ေတာ္ေတာ္မ်ားမ်ားက အရမ္းေအာင္ျမင္ခ်င္ၾကတယ္။ အဲ့မွာ ဆႏၵေတြေစာ ေလာဘေတြႀကီးၿပီး အမွားေတြကို လုပ္မိေတာ့တာပါပဲ။ အမွန္က ေခါင္းေအးေအးထားၿပီး

တည္တည္ၿငိမ္ၿငိမ္ ခ်င့္ခ်င့္ခ်ိန္ခ်ိန္ေလးနဲ႔ ကိုယ့္ရည္မွန္းခ်က္ ပန္းတိုင္ကို ခ်ီတက္ရင္ ပန္းတိုင္ကို မုခ်မေသြ ေရာက္ပါတယ္။

ေလးစားလ်က္#Chan_NyeinCrd-Orginal Uploader

Unicode

စစ်မှန်တဲ့ အောင်မြင်မှုဆိုတာကနေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ရတဲ့ အရာမဟုတ်ပါဘူး

ငါ့မှာ ပိုက်ဆံ သိန်းသုံးရာရှိရင် သိန်းနှစ်ရာပဲ ထုတ်ရင်းတယ်။ တစ်ရာက မတော်တဆ ရှုံးသွားခဲ့ရင် ပြန်ရင်းဖို့ အရင်းအနှီးအနေနဲ့ ချန်ထားတယ်။

ငါ့ဂိုဒေါင်က ကုန်ချိန် ခြောက်သောင်း ဆန့်ရင် လေးသောင်းပဲ ထည့်တယ်။ နှစ်သောင်း က ကြိုက်ဈေးရရင် ထပ်ထည့်ဖို့ ချန်ထားတယ်။

ဘာကြောင့်လဲ ဆိုတော့ ငါက ဆင်းရဲသားဘဝကနေ တက်လာတာ ငါ့မှာ ရှိသမျှ ပုံအောပြီး လုပ်လိုက်လို့

မတော်တဆ ရှုံးသွား ခဲ့ရင် ဆင်းရဲတဲ့ ဘဝကို ငါ ပြန်ရောက်သွားမှာ ကြောက်တယ်တဲ့။ သူပြောတဲ့စကားနဲ့ ကျနော့အဖေပြောတဲ့ စကားနဲ့သွားတူနေတယ်။

ငါ့သား အလုပ် လုပ်ရင် ရေကာတာ စီမံကိန်းနဲ့ လုပ်ရ တယ်ကွ။ ရေကာတာ စီမံကိန်းဆိုတာက

ကုန်ထမ်းသမား တစ်ယောက်ဟာ အချိန် သုံးဆယ်ကို ထမ်းနိုင်တဲ့ အားရှိရင် အချိန် နှစ်ဆယ်ပဲ ထမ်းသင့်တယ်။

ဘာကြောင့်လဲဆိုတော့ မတော်တဆ ခြေချော်လဲရင် ကိုယ့်ကိုယ်ကို ပြန်ထောက် နိုင်ဖို့ အားကျန်နေသေးတယ်။

အချိန် သုံးဆယ် နိုင်တဲ့လူက အချိန် သုံးဆယ် ဝိတ်ကြီးကို ထမ်းထားလို့ မတော်တဆ ချော်လဲလို့ကတော့ သွားပြီ ပြန်ထနိုင်ဖို့ မလွယ်တော့ဘူး။ ကျနော် မြင်ရသလောက်လဲ

အလုပ် လုပ်ရင် ပရမ်းပတာ သူဌေးဖြစ်ခွေးဖြစ် ရှိသမျှ ပုံအောပြီး လုပ်တဲ့လူတွေ ပြုတ်သွားကြတာများတယ်။

စေ့စေ့စပ်စပ်နဲ့ ချင့်ချင့်ချိန်ချိန် လုပ်တဲ့ လူတွေပဲ အောင်မြင် သွားကြတာ များတယ်။ အရမ်းကြီး မအောင်မြင်ရင် တောင်မှ အမှား နည်းတယ်ပေါ့ဗျာ။

စစ်မှန်တဲ့ အောင်မြင်မှု ဆိုတာက နေ့ချင်းညချင်း ဝုန်းကနဲ လုပ်လို့ ရတဲ့ အရာ မဟုတ်ပါဘူး။

တစ်ဆင့်ချင်းတစ်ဆင့် ဖြည်းဖြည်းချင်း တည်ဆောက်ယူရတဲ့ အရာပါ။ ဘာကြောင့် ဒီစကားပြောရလဲဆိုတော့

ကျနော်တို့လို လူငယ်တွ တော်တော်များများက အရမ်းအောင်မြင်ချင်ကြတယ်။ အဲ့မှာ ဆန္ဒတွေစော လောဘတွေကြီးပြီး အမှားတွေကို လုပ်မိတော့တာပါပဲ။ အမှန်က ခေါင်းအေးအေးထားပြီး

တည်တည်ငြိမ်ငြိမ် ချင့်ချင့်ချိန်ချိန်လေးနဲ့ ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ချီတက်ရင် ပန်းတိုင်ကို မုချမသွေ ရောက်ပါတယ်။

လေးစားလျက်#Chan_NyeinCrd-Orginal Uploader

Be the first to comment

Leave a Reply

Your email address will not be published.


*